ပိတောက်ရိပ်နယ်ချဲ့ခြင်း ……..

Khaing KhaingJuly 24, 20121min17415

 

ယနေ့မွန်းလွဲ ၃ နာရီအချိန်မှာ ဗိုလ်အောင်ကျော်လမ်း စာတိုက်ကြီးအနီး မြန်မာ့ဆက်သွယ်ရေးရုံးရှေ့မှ ပိတောက်ပင်ကြီးမိုးရွာတော့ ကျိုးကျပြီး လမ်းပေါ်တွင်ရပ်ထားသော Suzuki ကားပေါ်နှင့် အခြားကားပေါ်ပိ ကျပြီး လမ်းမပေါ်တွင် သစ်ကိုင်းကြီးကမ်းလန့်ဖြစ်နေကြောင်း သတင်းအဖြစ်တင်ပြလိုက်ပါ တယ် … ကံကောင်းထောက်မစွာ လမ်းသွားလမ်းလာလူတွေကို မထိခိုက်ခဲ့ပါဘူး ….

ပုံ (1)

ပုံ (2)

ပုံ (3)

ပုံ (4)

 

နောက်ထပ်ပုံများကို ဆက်လက်တင်ပြပါဦးမယ် ………

15 comments

  • ဘဲဥ

    July 24, 2012 at 3:32 pm

    ကားသမားတွေတော့ နေရင်းထိုင်ရင်း ကံစမ်းမဲပေါက်သွားဘီ

    • မမ အညာသူ

      July 24, 2012 at 3:54 pm

      အယ်
      ဖြစ်မှဖြစ်ရလေ
      ဘယ်အရာမှမတည်မြဲပါလားနော်

  • သူရဇော်

    July 24, 2012 at 3:32 pm

    အလိုလေး အနော်မိုးထဲလေထဲ ဆင်းရိုက်ထားတဲ့ပုံလေး မခိုင်တင်လိုက်ပါပေါ့လား ဆွေးလေပီ ၃ဝ ခုခိခုခိ

  • etone

    July 24, 2012 at 3:33 pm

    မခိုင်ရေ ..ကြောက်စရာကြီးပါလားနော် ..
    အခုနောက်ပိုင်းဘယ်လိုတွေဖြစ်နေလဲ မသိဘူး … ရာသီဥတုကလည်း … အပူးအေးလွန်ကဲပြီး.. အခုလို သဘာဝဘေးအန္တာရယ်တွေ ကြုံကြုံနေလာရတယ်… လူတွေရဲ့ သမာဓိနည်းလို့များလားပဲ … ။

    ညီမတို့ လှိုင်သာယာမှာလည်း မှန်တံခါးတွေ တဝုန်းဝုန်းနဲ့ … နာဂစ်အစဝင်တုန်းကလို မိုးရော လေပါ ဆယ့်ငါးမိနစ်လောက်တိုက်သွားတယ် .. အခုတော့ ငြိမ်သွားပါပြီ ..
    ကားပိုင်ရှင်တော့ …ရင်နာနေမယ်ထင်တယ် …. ။

    သဂျီးပြောတဲ့ .. အာမခံ … အာမခံ …. အဲ့ဒါတွေ တိုးတက်လာရင်ကောင်းမယ် … ။ 🙂

  • Rose Minn

    July 24, 2012 at 3:40 pm

    အခု တော့ စည်ပင်တွေ လာရှင်းနေကြတယ် အားရပါးရပဲ။ ပြီးတော့မယ်။ သနားစရာ အပင်အောက်က ကားလေးတွေ ကြည့်ရတာ တော့

  • စိန်ဗိုက်ဗိုက်

    July 24, 2012 at 3:45 pm

    ကုန်ပါပြီဗျာ
    ဘယ်သူ ့ကို လျော်ကြေးတောင်းရမှာလဲ

    ဒီလိုအပင်တွေ စောစောစီးစီး ခုတ်ထားသင့်တယ်..
    မိုး လေ ကြီးရင် အပင်ကြီးအောက်တွေ ၊ ဆွေးနေတဲ့ အဆောက်အဦ အောက်တွေ ရှောင်သင့်တယ်..

    ကုန်ပါပြီ..ကုန်ပါပီ

    • laypai

      July 24, 2012 at 5:00 pm

      စည်ပင် က စိုက်ထားတဲ့ သစ်ပင် လဲ တာ ဆို တော့
      ကားပိုင်ရှင် တွေကို စည်ပင် က အလျော် ပေး ပါ့ မယ်။ ဟီဟိ။

  • snow white

    July 24, 2012 at 4:04 pm

    တော်သေးတာပေါ့ အများပြည်သူဒဏ်ရာမရတာဘဲ တော်တော်လေးကံကောင်းသွားတယ်။။။

  • Foreign Resident

    July 24, 2012 at 5:05 pm

    အဘတို့ ( ဩဇီ ) အိမ်က ကားလေးသာ အဲလို သစ်ပင် ပိသွားရင် ၊
    အဘ မိန်းမ ဝမ်းသာလွန်းလို့ ထခုန်လိမ့်မယ် ။
    အာမခံ က အသစ် တစ်စီး ပြန်ပေးမှာလေ ။
    သူကလည်း အသစ်တစ်စီး ဝယ်ချင်နေတာလေ ။

    ပြီးခဲ့တဲ့ ၂၀၀၉ တုန်းကလည်း သူ့ BMW ကို ၊
    ဘီး တစ်လုံးပြုတ်ထွက်အောင် တိုက်ပြစ်လိုက်တယ်လေ ။

    မှားတာကတော့ ဟိုဘက်က ကျောက်တိုင်က မှားတယ် ထင်တာပဲ ။
    ဟုတ်တယ်လေ ကားတစ်စီးလုံး လာတာကို မရှောင်တတ်တဲ့ ကျောက်တိုင် ၊
    အတိုက်ခံရတာတောင် နဲသေး ။

    လူကတော့ ပွန်းရာ တစ်ချက်တောင် မထိပါဘူး ၊
    ကားကတော့ ဖရိန်ပါရွဲ့သွားလို့ ၊ အာမခံ ကုမ္ပဏီက Total Loss ဆိုပြီး ၊
    အသစ် တစ်စီးစာ လျှော်ပေးလိုက်တယ် ။

    တကယ် အပြစ်ရှိတာက အဘ တဲ့ ။
    အဘ ရန်ကုန်ကနေ ဖုန်းဆက်တာကို လှမ်းဖြေရင်း လမ်းကျော်သွားလို့ ၊
    အရှိန်နဲ့ ကွေ့ချလိုက်လို့ ဖြစ်ရတာ ဆိုပဲ ။

    မိန်းမတွေများ ၊ ယောက်ကျားယူကြတာ ၊ ဘာကိစ္စဖြစ်ဖြစ် ၊
    တရားခံရှာဖို့ ယူထားတာလား မသိပါဘူး ။

  • သန်းထွဋ်ဦး

    July 24, 2012 at 7:38 pm

    အဘဖောရေ အဖြစ်ကလဲ မလွယ်ပါလားဗျ။
    အပင်ပိနေတာ ချယ်ရီလေးလားမသိဘူးနော်။

  • Khaing Khaing

    July 25, 2012 at 9:40 am

    လူမထိတာ တစ်ခုက ကံကောင်းတယ်လို့ပြောရမယ် …….. Taxi ကားနဲ့ Suzuki အပြာကားကခေါင်းပြားသွားတာ ကားထဲလူမရှိတာတစ်ခုတော့ ကံကောင်းသွားပြန်တယ် ……. လမ်းသွားလမ်းလာလူရှင်းနေတာရယ် လမ်းပေါ်မှာ ကားမဖြတ်တာတွရယ် တော်တော်လေးအထိ အခိုက်နည်းသွားတယ် …… ငှက်ကလေးတကောက်ကတော့ အပင်အောက်မှာ ဖလပ်ဖလပ်ဖြစ်နေတယ် ….. ကားပိုင်ရှင်တွေအတွက်ကတော့ စိတ်မကောင်းစရာပါပဲ ……..

  • mamanoyar

    July 25, 2012 at 9:55 am

    အယ် ကံကောင်းလို့ပါလားနော်
    ကားပေါ်မှ လာကျိုးရတယ်လို့

  • ma haw

    July 25, 2012 at 12:24 pm

    ပုံတစ် မှာထောင့်နားလေးကကပ်ပါလာတဲ့ ကားကနောက်အသစ်ဝင်တဲ့ကောင်ထင်တယ်

    တော်တော်လေး လန့်ဖြတ်သွားမယ့်သဘောပဲ………ကားပိုင်ရှင်ကတော့ .

  • နေဝန်းနီ

    July 25, 2012 at 7:21 pm

    ကိုယ်ပိုင်ကား ဝယ်မစီးချင်တဲ့ အကြောင်းတွေထဲမှာ ဒါတွေလည်းပါတယ်….။ (တစ်ကယ်က ဝယ်မစီးနိုင်တာ)

  • မောင်ပေ

    July 25, 2012 at 9:08 pm

    စီဂျေ မမ
    ဓါတ်ပုံပြ
    သစ်ပင်ကြီးကမလှ
    စည်ပင်ကလာ
    လမ်းရှင်းမှ
    အားလုံးလင်းမယ်ဗျ

Leave a Reply