ဘစ်ဇနက်လေး ဒူးဖို့တဲ့ (အလုပ်ကြော်ငြာ)

panpanJuly 24, 20121min29328

အစ်ကိုတော်ဂီက ပြောလာတော့လည်း ဟောသည်က နှမလေးမယ်ပန်က ပိုစ့်တင်လက်တို့ပါပြီချင့်။
ဒီလိုပါ၊ အလုပ်ကြော်ငြာမို့၊ ကြော်ငြာခလည်းမရဘူး ဟင့်၊ 🙁

Local Japanese Companies တွေမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတဲ့လူတိုင်းအတွက်တဲ့
အဲ့လာ……။
Staff Service အသစ်စနေပြီတဲ့။
အသေးစိတ်ကို အဲ့မှာသွားဖတ်နိုင်ပြီတဲ့။
အဲ့…..ကိုဂီ(ခ)ဆြာဖားသက်ပြင်းကိုလည်း အားမနာ လျှာမကျိုး စပ်စပ်စုစု မေးမြန်းနိုင်ပါတယ်တဲ့။

ပြီးတော့ ကိုဂီက ဆက်ပြောသေးတယ်။
ကျနော်တို့ ၄နှစ်သက်တမ်းမှာ ၃နှစ်တိတိ recruitလုပ်ခဲ့ဖူးပါတယ် တဲ့။ (၂၀၁၁၊ ၉လပိုင်းတုန်းကတော့ နားလိုက်သေးတယ်၊ ၂၀၁၂အတွက်ခေါ်တာကိုလေ)
အဲ့သည်မှာ နှစ်တိုင်း လူ၅၀ဝကျော် (၇၀၀ဝန်းကျင်) ဝင်ဖြေပြီး (အိုင်ကျူတက်စ်ပါချင့်)၊ ၁ကြိမ်ကို ၇၀-၈ဝ ဝန်းကျင်ပဲ ခန့်တာပါ တဲ့။
အဲသည်တုန်းက မပါခဲ့တဲ့လူတွေအတွက်လည်း ခုတကြိမ်ဟာ အခွင့်အလမ်း တခုဖြစ်ပါတယ် တဲ့။
သည်နှစ် inhouse လည်း recruit လုပ်ဖို့ရှိပါတယ် တဲ့။
တခြား ၂မျိုးလောက်လည်း စမှာပါ.. သေချာရင် ပြောပါဦးမယ်ဗျာ တဲ့။

အင်းလေ…ဘာပဲပြောပြောပေ့ါ၊ အလုပ်ရှာနေတဲ့လူတွေအတွက်ပေ့ါလေ။
ဘစ်ဇနက်လေး ဒူးကြတာပေါ့လေ။
အနော်လည်း အလုပ်ပြောင်းချင်တာ ယားလို့။
ပြောင်းလို့လည်း မဖြစ်ချေဘူး။
စာချုပ်ကြီးတန်းလန်းက လမစေ့သေးဘူး။ 😛
အင်း…ဒီအလုပ်မှာစိတ်ညစ်လို့ နောက်တစ်လုပ်ပြောင်းလည်း ဘာဘူကြီးနဲ့ အရာကြီး၊ မာမွတ်ကြီးနဲ့ ရန်ကနားပါပဲ။ (ကပေ့ရန်ကနားကို ခဏငှားသည်၊ ကပေ့အား ခလက်ဒစ်)
ခုအလုပ်လည်း ကိုဂီက အပ်ကျမတ်ကျ အားလုံးကို နှိုက်နှိုက်ချွတ်ချွတ်သိထားပါတယ်။
သူ့မေးကြပါ။
အနော်က အငှားပိုစ့်တင်တာပါ။ :mrgreen:
ဒီလိုတင်တာကို အနော့်ဂျာကြီးသိရင် ထုမလားမသိ။ (သူခိုင်းတာတွေကျ ပြီးအောင်မလုပ်ရသေးလို့)
ဒါနဲ့ ကိုဂီက လူရောင်းလူဝယ်လုပ်မလို့။ (ပွဲစား၊ အီလိုက်လို့ပြောရင်ကော ရမလားမသိ၊ ပါးစပ်လေးနဲ့ ဟိုဖက်ကော ဒီဖက်ကော လုပ်လုပ်စားသွားလို့၊ ကိုဂီ ကန်တော့ :mrgreen: )
ရည်ရွယ်ချက်က အဲ့ဒါ။
သူ့ရည်ရွယ်ချက်အထမြောက်အောင် ကူညီဖေးမကြပါဦး။
ဒါပါပဲနော်။
(((((ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုဂီ ရန်ကုန်ခဏပြန်ရောက်နိုင်မလားမသိ)))))
🙂

 

 

 

28 comments

  • Moe Z

    July 24, 2012 at 4:27 pm

    ပန်ပန်ရေ..
    မိုးစက်ကတော့ သူများရောင်းစားတာမခံချင်လို့ ကိုယ်တိုင်ပဲရောင်းထားတယ်
    ဂျပန်ကျောင်းတက်နေတဲ့ သူငယ်ချင်းတစ်ချို့တော့ လက်တို့လိုက်ပါ့မယ်..

  • Wow

    July 24, 2012 at 4:38 pm

    သူငယ်ဂျင်းဒွေကိုလက်တို့လိုက်ပါ့မယ် ပန်ပန်ရေ…

  • pooch

    July 24, 2012 at 4:39 pm

    အကျိကိုတောင် သူရောင်းစားထားတယ် ပြောတယ် ။
    အံ့ပါရဲ့ ဟယ် ရီးစားလည်း ချမ်းသာမပေးဘူး ။ 😀

    ဂျာပွန်စာတတ်သူတချို့ကို လက်ပြန်တို့လိုက်ပါ့မယ်။

  • Solid_Sn@ke

    July 24, 2012 at 4:55 pm

    အဲ့ကိစ္စ …ကျနော် အချိန်ပေးနိုင်ရမယ်ထင်တယ်ဗျ..
    သည်မနက်ပဲ .. exhibition တခု လုပ်ဖြစ်သေးတယ်..
    😀

    တကယ်က သည်လိုဗျာ….
    အသစ်ဝင်သမျှသော ဂျပန်စီးပွားလုပ်ငန်းစုတွေအတွက်
    သူတို့ လုပ်ငန်းလိုအပ်ချက်အတိုင်း အကျအန train လုပ်ထားတဲ့
    လုပ်သားစု မရှိဘူး ဖြစ်နေတာ…
    အဲ့ဒါကို ဖြည့်ချင်တာပါပဲ …

    ဂျပန်စာတတ်ချင်တတ်မယ်ဗျာ.. IT တတ်ချင်မှတတ်မယ် ..ဒါမှမဟုတ်လည်း
    Security အကြောင်းမသိဘူး .. နောက်တမျိုးကျတော့လည်း..
    သက်ဆိုင်ရာ professionalized skill ရှိမယ် ဂျပန်စာမတတ်ဘူး ..
    သည်၂ခုကို မျှချေယူပြီး
    နည်းနည်း brush-up လုပ်လိုက်ရင် … business ဖြစ်လာမယ်
    ဆိုတဲ့အတွေးပါ…။

    လုပ်ငန်းစုတွေဘက်ကလည်း …ပုံမှန်အတိုင်း အင်တာဗျူးခေါ် အလုပ်သမားရှာတာထက်
    စာရင် ယုံကြည်စိတ်ချရတဲ့ source တခုခုဆီကနေ စာချုပ်စာတမ်းနဲ့
    အစမ်းခန့်-၃လ ..(အလုပ်က / အလုပ်ကို) မကြိုက်ရင် ရွေးချယ်နိုင်ပြောင်းလဲပေးနိုင်တဲ့
    အာမခံနိုင်တဲ့ အလုပ်ခေါ်နည်း ကို ပိုမို အလိုရှိတတ်ကြပါတယ်…

    ဆိုတော့ … အသက်အရွယ်ငယ်မယ် ကျောင်းပြီးကာစ ဖြစ်မယ် ဂျပန်စာ အခြေခံလောက်ရှိမယ်ဆိုရင်
    သင့်တော်မယ် လို့ထင်ပါတယ်…။ ဂျပန်စာက ကျနော်တို့ဆီမှာ တတိယမြောက် လူအလေ့လာဆုံး
    နိုင်ငံခြားဘာသာ ဖြစ်လေတော့ ..လူငယ်အများအပြား ရှိမယ် ယူဆပါတယ်..။

    လုပ်ရမယ့်အလုပ် အကြောင်း အကြမ်းဖျဉ်းကတော့ Upper Management နဲ့ ..လုပ်သား အင်အားစု
    ကြားကစကားပြန် ဆန်မယ် reporting လည်းပါမယ်..ကုန်ထုတ်လုပ်ငန်းလား ဝန်ဆောင်မှုလား
    ဆိုတာတော့ ကိုယ်ဘယ်လို လုပ်ငန်းအမျိုးအစား ရွေးမလဲ(ရွေးချယ်ခံရမလဲ) ပေါ်မူတည်ပြီး ကွာမှာမို့..
    ကျွမ်းကျင်မှု နဲ့ အခြား သက်ဆိုင်ရာSkill ပေါ်မှာ မူတည်ပြီး လခ ကွာသွားမယ်လိုပ ပြောချင်ပါတယ်..။

    နောက်ပိုင်းမှာ အလုပ်ရှင်လောင်း ရော အလုပ်လုပ်လိုသူကပါ online သုံးပြီး အပြန်အလှန်ရှာဖွေနိုင်ဖို့
    web portal တခု လုပ်မလား စဉ်းစားနေပါတယ်…။

    In-House ကိစ္စကတော့ ၁ဝလပိုင်းလောက် မှန်းပါတယ်…။
    လက်တလောတော့ SNS ပေါ်က စမယ် လို့ ယူဆထားပါကြောင်း…။

    • pan pan chit

      July 24, 2012 at 5:00 pm

      အင်း…..လူမွေးတယ်ဆိုပါတော့
      ပြီးတော့ ရောင်းစား ခိခိ 😆

  • ဘုဂလန့်

    July 24, 2012 at 7:02 pm

    ဂျာပွန်စကားနဲ့ စာလေး ပြေးသင်လိုက်အုံးမယ်နော်

  • အရီးခင်လတ်

    July 24, 2012 at 9:11 pm

    ပန်ပန် အလုပ် နောက်တစ်ခု ပြောင်းချင်ပြီ ဆို ရင် အရီး ကို အသိပေးပါလား။
    မောင်ဂီ မမြင်စေနဲ့။ 😀

    • Solid_Sn@ke

      July 24, 2012 at 9:17 pm

      အင်….
      အဲ့ကိစ္စ …စိတ်ထိခိယက်နေတာပါဗျာ…
      မောင်ဂီ့ ရန်ကုန်မှာ နေသင့်တာ ..တကယ်က …
      :'(

      • အရီးခင်လတ်

        July 24, 2012 at 9:26 pm

        တကယ်ပြောတာလား။
        နောက်မှ လျှောချမသွားနဲ့။ 🙂

        • Solid_Sn@ke

          July 24, 2012 at 9:30 pm

          ဒဂယ်ပါဂျာ ..လင့်ခ်လည်း ပါနေတာပဲကို …
          တိုက်ဆိုင် စစ်ဆေးကြည့်ရှုလေ့လာနိုင်ကြောင်းပါ…
          မောင်ဂီ့ ….အလုပ်နဲ့ပါတ်သတ်ရင်
          အင်မတန် ရိုးသားကြိုးဇားပါဂျောင်း…
          😛

    • pan pan chit

      July 24, 2012 at 11:00 pm

      အဟဲ…
      အလုပ်ကတော့ ပြောင်းချင်တယ် အရီးရေ
      အရီးကူညီမို့လား
      တိုးတိုးတိတ်တိတ် လက်တို့လိုက်မယ်နော် 😀

  • zenn

    July 24, 2012 at 10:02 pm

    သီတင်းကောင်းပါ..ကြိုဆိုပါတယ်..
    လူငယ်တွေ အတွက်ကောင်း တာပေါ ့နော..
    ကိုယ်တိုင်လဲ Kenshu နဲ ့ပြန်လာလို ့ပြန်ထွက်ဖို ့လုပ်နေတာ..
    Corporation ကြီးတွေဝင်လာရင်တော့ မိုက်တာပေါ ့…

    • Solid_Sn@ke

      July 24, 2012 at 10:19 pm

      是非とも、
      😀

  • မောင်ပေ

    July 25, 2012 at 1:36 am

    နွေရာသီဆို ပမ်းနေလို့
    မိုးရာသီဆို လွမ်းနေလို့
    ဆောင်းရာသီဆို ချမ်းနေလို့
    အလုပ်ဝင်ကြဘာစို့

  • Pann Zabal

    July 25, 2012 at 11:32 am

    သူများနိုင်ငံသွားလုပ်တော့လည်း သက်ဆိုင်ရာနိုင်ငံသုံးဘာသာစကားကို တတ်ဖို့လိုတယ်။ ကိုယ့်နိုင်ငံအတွင်းမှာ အလုပ်လုပ်မယ်ဆိုတော့လည်း သူများဘာသာစကားကို တတ်ဖို့လိုပြန်ရော။ ဒီတော့ ဂျပန်၊ တရုတ်၊ ကိုရီးယား ဘာသာစကားသင်ဦးမယ်။

    • pan pan chit

      July 25, 2012 at 11:53 am

      ဆြာဇော်ဂျီကဗျာလေး ပြန်သတိရသေးတော့…..
      “သင်သေသွားသော်”လေ
      သင်၏မျိုးသား စာစကားလည်း ဆိုတာလေး
      ရင်ထဲက ပုန်းနေတဲ့ဝေဒနာလေးတစ်ခုဆိုပါတော့ 🙁

      • Solid_Sn@ke

        July 25, 2012 at 11:57 am

        ဟိုဆြာတယောက် ပြောသွားတဲ့ ပုံပြင်လေး ပြန်ပြောမယ်နော..

        ကြွက်သားအမိ လမ်းလျောက်လာတယ်..
        ရှေ့မှာ ကြောင်ကြီး (ကိုကိုကြောင်)မဟုတ်ပါ တစ်ကောင်လာနေသတဲ့…
        ကြွက်အမေကြီးက ဦးအောင် မြင်ပြီး ..ကျောက်တုံးနောက်ပုန်းလို့
        ဝုတ် ဝုတ် လို့ အော်လိုက်သတဲ့ ..
        ကြောင်ကြီး လည်း ခွေး မှတ်လို့ ထွက်ပြေးသွားသတဲ့ကွယ်..။


        ဥပဒေသ။ နိုင်ငံခြား ဘာသာစကား ဆိုတာ တတ်ထားသင့်တယ်။

        • pan pan chit

          July 25, 2012 at 12:01 pm

          ဟုတ်ပါအိ
          ထားတော့…ထားတော့ ကိုဂီ
          ခုတောင် အနော်လည်း အဲ့လာလေးတတ်လို့ လုပ်စားရတာအဆင်ပြေနေတာဆိုတော့….

  • Khaing Khaing

    July 25, 2012 at 1:08 pm

    ချစ်ပန်ပန်လေး ……… ယောက်မလေးလိုချစ်ရသောနှမငယ် အလုပ်ကြော်ငြာရှယ်ပေးလို့ ကျေးဇူးပါနော် … လုပ်ချင်သူတွေကို မမဖြန့်ဝေပေးလိုက်ပါမယ် ….. ခေတ္တ ယောက်မ ခိုင်ခိုင်

    • pan pan chit

      July 25, 2012 at 1:17 pm

      ဟမ်မလေးတော်
      ခေတ္တယောင်းမပဲဖြစ်ရအုံးမယ် 😛
      သူ့မောင်ကို ခဏငှားတာကျနေတာပဲ
      နစ်နာနေအုံးမယ် ဟွန့် 😡

      • Solid_Sn@ke

        July 25, 2012 at 1:28 pm

        ဇဂါးမစပ် ပါ
        အကုသိုလ် များတာပြောပါတယ်အေ..
        ဘုရားဖူး ပိုစ့်က ..သူများသားသမီး အေးအေးနေတာကို
        သူ့လို တို့လို့တွဲလောင်း ဗြုတ်စဗျင်းတောင်း ဖြစ်အောင်
        မြူဆွယ်တဲ့ ပိုစ့်ကြီးကို ဖြစ်လို့ …ညှီထှာ…

        ခြစ်…. သူ့မောင်ကိုတော့ လက်မခံလေနဲ့ခြစ်…
        သူကခေါင်းမှန်မှန်မလျှော်ဝူး ဝန်ခံထားဖူးတယ်…
        သူ့မောင်ဆို ရေမှန်မှန်မချိုးလောက်ဝူး….
        :mrgreen:

        • pan pan chit

          July 25, 2012 at 2:02 pm

          အေးလေ….အေးလေ…..
          အဲ့အစ်မကြီးက သူခရီးသွားခဲ့တာပြောချင်တာနည်းနည်း
          သများတို့လို တကိုယ်ရည်သမား အလှလေးတွေကို သူ့လိုဖြစ်အောင်လုပ်ချင်တာကများများ
          မနာလိုမရှုစိမ့်တဲ့စိတ်တွေ ဘယ်လောက်သောင်းထနေလဲကြည့်
          သူ့မောင်ကိုတောင် ခဏယူဆိုပဲ
          သူတောင် အဲ့ဂလောက်ညစ်တီးညစ်ပတ်နိုင်ပြီး ပစိပစပ်များ စွာလိုက်တာလည်း ကက်ကက်လန်နေမှတော့
          သူ့မောင်လည်း ဒီမောင်နှမ ဒီလိုပဲနေမှာပေ့ါ
          သူ့သမီးလေးသာ မအေတူလို့ကတော့ သွားဘီ
          တနားထှာ….ငါ့ညီမရေး…..တူမရေး…… 😛

    • ပင်လယ် ပျော်

      July 25, 2012 at 4:52 pm

      ညီမလေး ခိုင်ခိုင် ရဲ ့ယောက်မလေးက အရမ်းတော်တယ်နော်……..

  • etone

    July 25, 2012 at 1:39 pm

    ပန်ပန်ရေ … ဂျာပွန်စာ တက်နေတဲ့ ညီမလေးတွေကို သတင်းပေးလိုက်ပါမယ် …။
    ဒါနဲ့ မြန်မာ စကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ လူတွေအတွက်ရော …… လစ်လပ်နေရာလေးများ မရှိဘူးလား ။ အဟိ 😛

    • pan pan chit

      July 25, 2012 at 1:55 pm

      အဟဲ…. 😀
      မြန်မာစကားပြောကျွမ်းကျင်ရင် တခြားပရော်ဖက်ရှင်နယ်ပညာလေးတစ်ခုရှိရင် အိုကေတယ်
      ဥပမာ-ဥပဒေအကြောင်းနားလည်ရင် ရှေ့နေလိုင်စင်ရှိရင် ရှေ့နေလိုက်ပေ့ါ ခိခိ
      ပြီးတော့ မြန်မာစာအရေးအဖတ် အတွေးအခေါ် အကွန့်အမြူး အလင်္ကာတတ်ရင်လည်း စာရေးဆြာလုပ်ပေ့ါ
      🙂

  • ကြောင်ကြီး

    July 30, 2012 at 9:00 am

    ကမာ္ဘမှာ ဂျပန်ရေချိုးနည်း သိပ်နာမည်ကြီးတယ်၊ အဲဒီမှာ ဂျီးတွန်း ဆပ်ပြာတိုက် အလုပ်လုပ်ချင်တယ်၊ အမျိုးသမီးသီးသန့် Only….. (မှတ်ချက်။ အကောင်းဆုံး ဝန်ဆောင်မှုပေးရန် လူရွေးလက်ခံသည်။ ဝင်ကြေး – ညှိနှိုင်းဈေး။ ဘိုင်ပြတ်နေလျင် အကြွေးလက်ခံသည်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိသူများ အမြန်စုံစမ်းပါ။ ကြောင်ကြီး ကျန်းမာရေး ငယ်စဉ်ကလို ဒေါင်ဒေါင်မမြည်တော့၍ လူဦးရေ ကန့်သတ်ထားသည်။

    • pan pan chit

      July 30, 2012 at 9:06 am

      အူးကြောင်ရေ့
      အနော်တို့ မြန်မာမှာတော့ မာဆတ်တွေက မိန်းခေးတွေပေ့ါ
      ဂျာပွန်မှာတော့ ယောက်ျားလေးတွေနှိပ်ပေးတယ်ဆိုလား
      အနော်လည်း သိလို့တော့ဟုတ်ပါဘူး
      ရုံးက ဂျာကြီးပြောပြလို့ပါ
      ဒီက မိန်းခေးတွေရဲ့မာဆတ်သွားပြီး နောက်နေ့ ပုခုံးတွေနာနေလို့ ရုံးမှာငြီးနေတယ် ခိခိ 😀

Leave a Reply