ဆန်ပြုတ်ပဲသောက်၊ ထမင်းရည်ကို အရသာခံနေရတဲ့သူတွေကို သတိမရဘဲ

အစားအသောက်ကြေးများတဲ့ ကျုပ် …

ဆံပင်ညှပ်ရောင်းပြီးမှ ဆန်ဝယ်စားနေရတဲ့သူတွေ ရှိမှန်းသိလျှက်နဲ့

အထက်တန်းစား ဆံပင်ညှပ်ခန်းမှာမှ ညှပ်ချင်တဲ့ ကျုပ် …

လုံချည်ပေါင် ဆန်ဝယ်ပြီးမှ ထမင်းဘူးထည့် အလုပ်သွားရသူတွေကို သတိမရဘဲ

ဝိုင်လို တစ်ခွက်မသောက်ရရင် အိပ်မပျော်တဲ့ ကျုပ် …

တစ်လစာ စားလို့လောက်တဲ့ ငွေကြေးကို အပြုံးမပျက် တစ်ညတည်းဖြုန်းပစ်ဖို့

ဝန်မလေးတဲ့ ကျုပ် …

ရေတစ်အိုးရဖို့ တစ်နေ့လုံးအချိန်ပေးရတဲ့ အညာသူလေးတွေကို မစာနာဘဲ

ရေဘုံပိုင်ခေါင်းတွေ အခြောက်တိုက် ဖွင့်ထားတဲ့ ကျုပ် …

ဆာလာအိတ်ခွံနဲ့ နံရံကာနေရသူတွေကို ကိုယ်ချင်းမစာဘဲ ညတိုင်း အဲယားကွန်း

ဖွင့် စောင်ခြုံအိပ်ချင်တဲ့ ကျုပ် …

အမှိုက်ပုံဘေးမှာနေ အမှိုက်ပုံမှာ ရှာစားနေရတဲ့သူတွေကို သတိမရဘဲ

စည်ပင်ကား ဖြတ်တိုင်း နှာခေါင်းပိတ်မိတဲ့ ကျုပ် …

ကျားဝတ် မဝတ်မခွဲ ကိုယ်နဲ့မတော်မတဲ့ တဲ့ လူကြီးဝတ်ကြီးတွေမခွဲ

ရှိတာဝတ်နေရတဲ့ သူတွေကိုမေ့ပြီး နာမည်ကြီးတံဆိပ် ပိတ်အမျိုးမျိုးနဲ့ ဟန်လုပ်

စတိုင်လ်ထုတ်ဖို့ ရွေးဝယ်တတ်တဲ့ ကျုပ်…

မသန့်ရှင်းတဲ့ရေကို သောက်မိလို့ ဝမ်းပျက်ဝမ်းလျှောပြီး နေ့စဉ်သေဆုံးနေတဲ့

ငါးနှစ်အောက်ကလေးငယ် (၁၂ဝဝ) ကျော်ကို လျစ်လျူရှု့ပြီး ရေသန့်သန့်လေးကိုမှ

ဖောဖောသီသီ ချိုးလောင်း သုံးဆေးချင်တဲ့ ကျုပ် …

ကျုပ် … ကျုပ်ကို ခွင့်လွှတ်ကြပါဗျာ ….

About Mg Ogga

Mg Ogga has written 33 post in this Website..

မောင်ဥဂ္ဂါ လူမူဖွံဖြိုးရေးပရဟိတ လုပ်သား ဘလော့ရေးတယ် ဗုဒ္ဓဘာသာလူငယ်ကွန်ရက် အဖွဲ့ဝင် ပုံပြောသူများ အဖွဲ့ဝင် စာရေးတယ် စာဖတ်တယ့် http://ogga.myanmapress.com့ http://storyteller.myanmarsar.org