ဗေထိတို့ရွာမှာပေါ့ဗျာ

silver heroJuly 24, 20121min06

ဗေထိတို့ရွာလေးရဲ့အင်တာနက်အသံချက်ချက်ညံတဲ့အလေ့အထကလေးကတော့ရွာထဲမှအိမ်ကလေးများမှအဆင့်ဆင့်ကျော်ဖြတ်၍

ရွာဦးဘုန်းကြီးကျောင်ရဲ့တံခါးမကြီးဆီသို့ရိုက်ခတ်လာခဲ့လေသည်။ရွာဦး

ကျောင်းဆရာတော်ဦးကေလာသမှာသက်တော်ကြီးပြီဖြစ်၍ကျောင်းကိစ္စများကိုခန်းနေကိုတော်ကြီးဦး

ဇင်းကြီးဦးနန္ဒိယနှင့်ကပ်ပိရကြီးမောင်မောင်ဗျော့ကိုလွှဲထားရသည်။ဦးဇင်းကြီးနှင့်ကပ်ပိရကြီးမှာအသက်အရွယ်မတိမ်းမယိမ်းဖြစ်၍

ညီအကိုအရင်းပမာရှိကြသည်။ဦးဇင်းကြီးမှာငယ်ဖြူမဟုတ်၍ကပ်ပိရကြီး

မှာလည်းငယ်ငယ်ကတည်းကဘုန်းကြီးကျောင်းနေသူမဟုတ်ပေ။၎င်းတို့နှစ်ဦးစလုံးတို့တွင်အရာရာကို

သိချင်တက်ချင်သောစိတ်၊နေရာတကာတွင်ပါလေရာလုပ်ချင်သောအကျင့်နှင့်ခေတ်မှီ

ချင်သောရောဂါကိုယ်စီရှိကြသည်။အသက်မှာလည်းလေးဆယ်ဝန်းကျင်သာရှိသဖြင့်သူတို့ဝါသနာပါ

ရာကိုစူးစမ်းလေ့ရှိကြသည်။ရွာအတွင်းရှိလူငယ်လေးများဧ။်ချက်ချက်ညံသောရောဂါမှာကပ်ပိရကြီး

မောင်မောင်ဗျော့ထံသို့ဗိုင်းရပ်(စ)ပိုးကဲ့သို့အကူးခံရလေသည်။ပြည်တွင်းပြည်ပသတင်းများနားထောင်ခြင်းကိုဝါသနာပါသော

ဦးဇင်းကြီးကိုကပ်ပိရကြီးစည်းရုံးပုံမှာ“ဦးဇင်းရဲ့သတင်းဆိုတာရေဒီယိုနားထောင်

မှသိရတာနောက်ကျသလိုဖြစ်နေပြီ၊သတင်းဆိုတာအသံနားထောင်ရုံနဲ့မပြည့်စုံတော့ဘူး၊ရုပ်သေ၊ရုပ်

ရှင်ပုံတွေပါတဲ့သတင်းတွေအင်တာနက်ဆိုတာပေါ်မှာကြည့်လို့ရနေပြီ၊အချိန်နဲ့တစ်ပြေးညီတဲ့သတင်းတွေကိုဖတ်လို့ရနေပြီ၊တခေါက်လောက်တပည့်တော်တို့နှစ်ယောက်မြို့ပေါ်သွားကြည့်ရအောင်၊ခေတ်မှီသွားအောင်ပါဘုရား”၊ဦးဇင်းကြီးမှာအနည်းငယ်စဉ်းစားဟန်ဖြင့်“သွားတာတော့ဟုတ်ပါပြီ၊ဆရာတော်

ကြီးကိုဘယ်လိုပြောပြီးသွားမှာလဲ၊ဦးဇင်းကတော့လိမ်မလျှောက်ချင်ဘူး””  “ဒါကတော့လွယ်ပါတယ်၊

ဘုန်ကြီးသောက်နေကျဗမာဆေးကုန်လို့သွားဝယ်မယ်ပြောလိုက်ပေါ့၊ခါတိုင်းလဲမြို့ပေါ်တက်ဝယ်နေ

ကြ၊ဆရာတော်ကြီးလွှတ်မှာပါ။”ဦးဇင်းကြီးမှခဏတွေဝေသွားပြီး”ကပ်ပိရကြီးရဲ့ဆေးတွေကကုန်မှ

ှမကုန်သေးတာ” ..“ရပါတယ်ဦးဇင်းရယ်ဒါကတော့တပည့်တော်တာဝန်ထားပါ၊လက်ကျန်ဆေးတွေကိုသင့်တော်တဲ့သူကိုလှုလိုက်တာပေါ့။”၎င်းမှပိုင်နိုင်သောလေ

သံနှင့်ပြောနေသော်လည်းဦးဇင်းကြီးမှာအနည်းငယ်ကြောက်

သောအမူအရာဖြစ်နေသည်။၎င်းမှပင်ဆက်၍တပည့်တော်အားလုံးစီစဉ်ပေးရင်ဦးဇင်းလိုက်မယ်မဟုတ်

လား”ဟုမေးရာဦးဇင်းမှာကြောက်ကြောက်နှင့်ပင်ခေါင်းညှိတ်လိုက်တော့သည်။

မောင်မောင်ဗျော့အလွန်သွားချင်သောအင်တာနတ်ဆိုင်လေးကိုရောက်ပါပြီ.။ဦးဇင်းကြီးကတော့တွန့်

ဆုတ်တွန့်ဆုတ်နဲ့ပေါ့။ဆိုင်ထဲဝင်ထိုင်တော့ဆိုင်စောင့်တဲ့ကောင်လေးကမေးပါပြီ“အကိုထိုင်မှာလား”

မောင်မောင်ဗျော့မှဟန်ကိုယ့်ဖို့ဆိုသောအမူအရာဖြင့်“အေးညီလေး  တို့နှစ်ယောက်တစ်လုံးထဲအတူထိုင်မယ်ကွာ”ဆိုင်စောင့်ကောင်လေးမှ၎င်းတို့နှစ်ဦး

ကိုကြောင်ပြီကြည့်သည်တအောင့်ကြာမှနားလည်သွားဟန်ဖြင့်

“နံပါတ်နှစ်အလုံးမှာထိုင်လိုက်ပါ”ဟုပြော၍လက်ညှိုးညွှန်ပြသဖြင့်နှစ်ယောက်သားဝင်ထိုင်လိုက်ကြသည်။ဆိုင်စောင့်ကောင်လေးဖွင့်ပေးလိုက်သော်လည်းသူတို့

်နှစ်ဦးမှာဘာမှမလုပ်တက်ဘဲဖြစ်နေသည်။ဆိုင်စောင့်ကောင်လေးကြည့်လိုက်တော့လဲသူ့ခုံမှာပင်ထိုင်

လျှက်တဂျောက်ဂျောက်နှင့်စာရိုက်နေသည်ကိုတွေ့ရသည်။မောင်မောင်ဗျော့ထိုင်ရာမှထ၍ကောင်

်လေးရှိရာသို့သွား၍“ညီလေးအကိုတို့ကအခုမှစထိုင်တာကွ၊ဘာမှကိုမလုပ်တက်သေးဘူး၊နဲနဲသင်

ပေးပါကွာတို့ကချက်ချင်လို့မင်းသင်ပေးမယ်ဆိုရင်တို့ကမင်းကိုဆရာတင်မှာပါ၊ဉာဏ်ပူဇော်ခကတော့

တို့တက်နိုင်သလောက်ပေးမယ်ကွာ”ဟုပြောရာကောင်လေးကပြုံးစိစိဖြင့်မောင်မောင်ဗျော့ကိုကြည့်၍

“ရတယ်အကိုကျတော်လုပ်ပေးမယ်ကျတော့်အကောင့်တခုကိုယူသုံးလိုက်။လာအကိုကျတော်

ဖွင့်ပေးမယ်။”မောင်မောင်ဗျော့ချက်ချင်သည်ဆိုသဖြင့်ဆိုင်စောင့်ကောင်လေးမှသူဧ။်အကောင့်ဖွင့်ပေး

ပြီးအပြန်အလှန်ဆက်သွယ်ပုံစာရိုက်နည်းပြ၍snowqueenဆိုသောကောင်မလေးတစ်ယောက်ဧ။်အ

ကောင့်တွင်အပ်ပေးလိုက်သည်။ဦးဇင်းကြီးမှာမောင်မောင်ဗျော့ဧ။်ဂနာမငြိမ်ဖြစ်နေသောအမူအရာကို

မနစ်ှမြို့ဟန်ဖြင့်ကြည့်နေလိုက်သည်။ဦးဇင်းကြီးကြည့်နေသည်ကိုမောင်မောင်ဗျော့သိသွားပြီးမျက်နှာချိုသွေး၍“ဦးဇင်းအရင်စမ်းရိုက်ကြည့်ပါလား”

ဟုပြော၍နောက်သို့ဆုတ်သွားလေသည်။ဦးဇင်းမှစမ်း

ကြည့်တာပေါ့ဟူသောအမူအရာဖြင့်လက်ကွက်နှိပ်ရန်ပြင်တော့သည်။

ဇင်း။    ။နေ…ကောင်း…တယ်…နော်….မိသားစု…..တွေကျန်းမာကြ…တယ်…နော်။

Snow။  ။youနောက်နေတာလား?တို့နဲ့“ချက်တင်”ထိုင် ်တာလချီနေပြီအခုထက်ထိyouကနောက်နေတုန်း၊youကိုအပြင်မှာမြင်ဘူးချင်တယ်၊youနံမည်အရင်းကိုလဲသိချင်တယ်၊ပြောပြပါလား?

ဦးဇင်းမှာတဖက်မှရိုက်လိုက်သောစာကြောင့်အခက်တွေ့နေပြီ။ဘာဆက်ပြောရမည်မသိဖြစ်နေသည်။

Snowမှပင်ဆက်၍  “ဟိတ်youနံမည်မေးနေတယ်လေ၊နာမည်အရင်းလေးတော့သိခွင့်ပေးပါကွယ်

Youနဲ့“ချက်တင်”ထိုင်ရတဲ့အချိန်တွေနာရီပေါင်းရာချီနေပြီ၊တို့ကိုခင်တယ်ဆိုရင်youနာမည်အရင်း

လေးပြောပါကွယ်။

ဦးဇင်းမှာလက်များပင်တုန်လာခဲ့ချေပြီ။ဒါကိုရိပ်မိသောမောင်ဗျော့က  “ပြန်ဖြေလိုက်လေ၊ပြန်ရေးလိုက်၊

ကိုယ်ကိုသူသိတာမှမဟုတ်တာ”  ဟုအားမလိုအားမရဟန်ဖြင့်မြှောက်ပေးလိုက်သောကြောင့်

ဇင်း။    ။တို့နာမည်ကမောင်မောင်စနေပါကွယ်။

Snow။   ။ဟင်….အဲဒါကနာမည်အရင်းလား…မနောက်နဲ့နော်။

ဇင်း။      ။တကယ်ပါကွယ်။ကိုတော်ကမုသားမပြောပါဘူး၊မုသားပြောရင်အာပတ်ဖြေရလို့ပါ။

ဦးဇင်းမှာစာရိုက်ပြီးလျှင်ချက်ချင်းထရပ်၍  “မောင်ဗျော့ကျသင့်ငွေရှင်းပေးလိုက်၊လာတို့သွား

ကြမယ်၊ဒီထက်ဆက်နေဖို့မသင့်တော်တော့ဘူး”  ဟုနဖူးမှချွေးသုတ်ရင်းဖြင့်မောင်ဗျောအား့လက်မောင်းမှဆွဲ၍ဆိုင်ထဲမှထွက်လိုက်သည်။မောင်ဗျော့မှာသူဘာမှမလုပ်ရသေးသဖြင့်ယက်ကန်ယက်ကန်နှင့်

ပါသွားလေသည်။ညနေစောင်းအချိန်ကိုပင်

ရောက်လုနီးနေပြီ။နှစ်ယောက်သားရွာအဝင်မိုးချုပ်နိုင်သည်။မြို့ပေါ်ဆေးဆိုင်မှဗမာဆေးကိုအမြန်

ဝယ်၍နှစ်ဦးသားလမ်းတွင်စကားပင်မပြောနိုင်ဘဲမြို့နှင့်၃မိုင်ဝေးသောရွာသို့အတွေးကိုယ်စီဖြင့်သုတ်

်ခြေတင်ကုန်းကြောင်းခရီးနှင်ခဲ့ရသည်။ရွာဦးကျောင်းရောက်ခါနီးတွင်ဦးဇင်းနန္ဒိယမှစ၍စကားပြောလာသည်။“မောင်ဗျော့ဘုန်းကြီးကဘာလို့ကြာနေတာလဲမေးရင်

ဘယ်လိုပြောမလဲ”ဟုမေးရာ၊မောင်ဗျော့မှစိတ်ပူတက်ရန်ကောဟူသောအမူအရာဖြင့်“ဦးဇင်းဒါကလွယ်လွယ်လေးပါ။တပည့်တော်တို့ဆေးဆိုင်

မှာဆေးဝယ်နေတုန်းမြို့ပေါ်ကလူတွေပြောတာကြားတယ်မဟုတ်လား၊ဘုရင့်နောင်နောင်ရိုးတိုက်ပွဲကတပည့်တော်တို့မြို့နယ်မှာဖြစ်ခဲ့တယ်လို့သမိုင်းပညာရှင်တွေကအသိအမှတ်ပြုပြီး၊အတည်ပြုလိုက်ပြီတဲ့နိုင်ငံတကာစံချိန်မှီဘုရင့်နောင်ရုပ်ထုဆောက်လုပ်ပြီးသမိုင်းအတွက်မှတ်တိုင်ထူမယ်ဒါပေမယ့်ဒီ

နယ်တဝိုက်မှာဘယ်နေရာဆိုတာအတိအကျမသတ်မှတ်ရသေးဘူး။သမိုင်းအထောက်အထားတွေ

ဆက်ရှာနေကြတုန်းလို့ပြောသံကြားတယ်။တပည့်တော်တို့နေတဲ့ရွာလည်းဖြစ်နိုင်တာဘဲ။ဒါကြောင့်

ဘုရင့်နောင်ကိစ္စကရွာမှာဖြစ်နိုင်လား။တပည့်တော်တို့ရွာကနောင်ရိုးတိုက်ပွဲဖြစ်ခဲ့တဲ့နေရာဆိုရင်ရွာ

မှာဘုရင့်နောင်ရုပ်ထုလာဆောက်မှာရွာအတွက်ဂုဏ်ရှိတာပေါ့။မေးမြန်းစပ်စုရင်းကြာသွားတယ်ပေါ့

၎င်းပြောပြတော့လည်းဟုတ်သလိုလိုပင်၊ခုမှတော့မထူးတော့ဘူးမီးစင်ကြည့်ကရတော့မှာပေါ့ဟုတွေး

လျှက်ဆက်လျှောက်ခဲ့တော့သည်။ကျောင်းပေါ်ရောက်လျှင်ဆရာတော်ကြီးမှဦးဇင်းနှင့်ကပ်ပိရကြီးအ

ပြန်နောက်ကျသဖြင့်အကျိုးအကြောင်းမေးရန်ခေါ်လိုက်သည်။  “ဦးဇင်းကြီးနဲ့ကပ်ပိရကြီးအပြန်နောက်ကျတဲ့အကြောင်းပြောပါဦး”  ဦးဇင်းနန္ဒိယမှဆရာတော်ကြီးအ

မေးကိုဖြေရန်နှုတ်ကမထွက်ဖြစ်နေစဉ်မောင်ဗျော့မှလမ်းတွင်ဇာတ်လမ်းထွင်ခဲ့သည့်အတိုင်းဆရာ

တော်အားလျှောက်တင်လေသည်။၎င်းပြောနေစဉ်ဆရာတော်ကြီးမှာခေါင်းတညှိတ်ညှိတ်ဖြင့်နား

ထောင်လိုက်မောင်ဗျော့နှင့်ဦးဇင်းကြီးမျက်နှာကိုကြည့်လိုက်ဖြင့်အကဲခတ်နေသည်။မောင်ဗျော့စကားဆုံးသောအခါမောသွားဟန်ဖြင့်လက်အုပ်ချီလျှက်ခဏနားပြီးတအောင့်ကြာမှ “တပည့်တော်တို့ရွာမှာ

နောင်ရိုးတိုက်ပွဲဖြစ်တာသေချာလို့ကတော့တပည့်တော်တို့ပါနာမည်တွေပြောင်းပြစ်လိုက်မှာ”၎င်းမှပင်

တပည့်တော်က“နောင်နောင်ဗျော့”ဦးဇင်းကြီးက“နောင်နန္ဒိယ”ဆရာတော်ကြီးကတော့“နောင်ကေလာသ”လို့ပြောင်းကြမယ်လေဘုရား”ဟုအရွှန်းဖောက်ပြောနေချိန်တွင်ကျောင်းတံခါးဝမှခေါ်သံကြားသ

ဖြင့်ဆရာတော်မှအထဲဝင်ရန်ခေါ်လိုက်ရာရွာထဲမှဒေါ်ဘုမဖြစ်နေသည်။အချိန်မတော်ဘာကိစ္စရှိလို့လဲ

ဟုဆရာတော်မှမေးသောအခါ  “တပည့်တော်မဆရာတော်ဘုရားကိုကျေးဇူးတင်စကားပြောချင်လို့ပါ”

ဆရာတော်ကြီးမှအံဩဟန်ဖြင့်“ဟေ..ဘာကြောင့်ကျေးဇူးတင်ရတာလဲ”   “ဆရာတော်ဘုရားကပ်ပိယ

မောင်မောင်ဗျော့နဲ့ဗမာဆေးတွေပြန်စွန့်ပေးတာတပည့်တော်မနဲ့အဆင်ပြေတဲ့ဆေးတွေဖြစ်နေတယ်၊

ဆေးတွေကလည်းများတော့ဆရာတော်ကိုအားလည်းနာကျေးဇူးလဲတင်မိလို့ကျေးဇူးတင်စကားလာ

ပြောတာပါဘုရား”ဒေါ်ဘုမစကားဆုံးသွားသောအခါဆရာတော်မှာဦးဇင်းကြီးနှင့်မောင်မောင်ဗျော့အား

ကြည့်လိုက်ရာ၎င်းတို့နှစ်ဦးစလုံးခေါင်းငုံ့ထားကြသည်။ဆရာတော်မှာအခြေအနေကိုရိပ်မိပြီဖြစ်၍ဝုန်း

ကနဲထရပ်၍လက်ကကျောင်းတိုင်တွင်နှစ်ပေါင်းများစွာအသုံးမပြုဘဲချိတ်သိမ်းထားသောကြိမ်လုံးဆီကိုအလိုလိုကိုင်မိလျှက်သားဖြစ်သွားသည်။“မောင်ဗျော့ပြောနေကတည်းကကျွန်ုပ်ရိပ်မိပါတယ်။ပြောတဲ့စကားတွေကအစီအစဉ်မကျတောင်ရောက်မြောက်ရောက်နဲ့၊မောင်မင်းတို့နှစ်ယောက်ကကျွန်ုပ်အ

သက်ကြီးပြီဆိုပြီးလှည့်စားချင်ကြတယ်ပေါ့ဟုတ်လား၊ကျွန်ုပ်ကလည်းအသက်ကြီးပေမဲ့မပျက်စီးသေး

ကြောင်းငယ်လက်ရာပြရတာပေါ့၊တိုင်တစ်ယောက်တစ်လုံးစီဖက်ထားကြ”ဆရာတော်စကားဆုံးသောအခါဦးဇင်းကြီးနှင့်မောင်ဗျော့တို့မှာကြောက်လန့်တုန်ရီစွာဖြင့်မတ်တပ်ရပ်၍တိုင်ဖက်ထားကြလေ

သည်။ကျေးဇူးစကားပြောချင်သောဒေါ်ဘုမမှာကျောင်းတံခါးဝအနားရောက်နေပြီဖြစ်သည်ှ“ဘုရင့်

နောင်ကိုဂုဏ်ပြုုပြီးနာမည်ပြောင်းချင်တဲ့ကောင်ဘာတဲ့နောင်နောင်ဗျော့ဟုတ်လား” ဆရာတော်ကြီးမှမေးပြီးကြိမ်လုံးဖြင့်တအားလွှဲရိုက်လိုက်ရာ  “ရွှမ်း……..ရွှမ်း…….ရွှမ်း”    “အင့်…..အား………အောင်မလေးဗျာ”

”သူများပြောတိုင်းလိုက်လုပ်ယောင်တောင်တောင်ကိုယ်တော်ကြီး၊အသက်ကြီးမှကြိမ်တောင်းတဲ့ကိုယ်

တော်ဘာတဲ့နောင်နန္ဒိယဟုတ်လား….လာထား”  “ရွှမ်း……ရွှမ်း…..ရွှမ်း”   “အု…….အအ…….အောင်

မလေးဘုရား”

ဗေထိတို့ရွာလေးတွင်နောင်ရိုးတိုက်ပွဲဖြစ်၊မဖြစ်တော့မသိပါ။ရွာဦးဘုန်းကြီးကျောင်းတွင်တော့ဘုရင့်

နောင်သူရဲကောင်းရွေးပွဲအထိမ်းအမှတ်ပွဲလေးကိုဦးဇင်းကြီးနောင်နန္ဒိယနဲ့နောင်နောင်ဗျော့တို့ကအင်

တာနက်ကောင်းမှုလေးနဲ့ကျင်းပလိုက်ကြသည်။နောင်နန္ဒိယနဲ့နောင်နောင်ဗျော့တို့ကတော့ဗေထိတို့

ရွာလေးရဲ့  “ကျောပြင်အရှိုးရာပါသူရဲကောင်း”အဖြစ်နဲ့ပြောစမှတ်တွင်သွားလေတော့သည်။

About silver hero

silver hero has written 19 post in this Website..

6 comments

  • သန်းထွဋ်ဦး

    July 24, 2012 at 6:46 pm

    အရှိုးရာသောသောနဲ ့ပုံပြင်လေး အားပေးသွားပါ၏။ကိုယ်တွေ ့ဇာတ်လမ်း
    လားဗျာ။

    • silver hero

      July 24, 2012 at 8:48 pm

      ကိုတွေ့တော့မဟုတ်ပါဘူး။ ear say ကြားပြီးရေးရတာပါ။ဝင်ရောက်ဖတ်ရှုအားပေးတဲ့ဆရာသန်းကိုကျေးဇူတင်ပါတယ်။ရင်းရင်းနှီးနှီး
      ရှိအောင်ဆရာသန်းလို့ခေါ်တာစိတ်မဆိုးပါနဲ့ခင်ဗျာ။

    • silver hero

      July 24, 2012 at 8:54 pm

      ကိုတွေ့တော့မဟုတ်ပါဘူး။ ear say ကြားပြီးရေးရတာပါ။ဝင်ရောက်ဖတ်ရှုအားပေးတဲ့ဆရာသန်းကိုကျေးဇူတင်ပါတယ်။ရင်းရင်းနှီးနှီး
      ရှိအောင်ဆရာသန်းလို့ခေါ်တာစိတ်မဆိုးပါနဲ့ခင်ဗျာ။ရေးတာတွေလိုအပ်ရင်အကြံပြုရေးသားပေးပါခင်ဗျ။

  • မောင်ပေ

    July 24, 2012 at 9:45 pm

    ဖတ်အပြီးမှာ
    ပြုံးရွှင်မိပါတယ်
    နောက်ထပ် ဇါတ်လမ်းလေးတွေလဲ
    ထပ်ရေးတင်ပေးပါဦးနော

  • ဇောက် ထိုး

    July 24, 2012 at 9:50 pm

    ဝင်ရောက်အားပေးသွားပါဂျောင်း

  • မမ အညာသူ

    July 25, 2012 at 11:49 am

    ဖတ်ရှု.အားပေးသွားပါတယ်ရှင်

Leave a Reply

%d bloggers like this: