လူ…
ပူပူ…..ချမ်းချမ်း
ကြမ်းကြမ်း …. နုနု
ထုထု …. ထောင်းထောင်း
ကံကို မောင်းနှင်
သတိတင်လျက်
ဆင်ခြင်တတ်စွ
မဇ္ဇျိမ ၌
အမြိုက် ကိုယူ
အမှိုက်ပူ စွန် ့
ဉာဏ်မြူးကွန် ့ကာ
သစ္စာ အမှန်
စံပေတံ ဖြင့်
ကံကို ပိုင်းဖြတ်
အမြတ်ထွက် သူ
လူထဲက လူ
တလူလူ………၊

လူ…
ထူထူ  ပိန်းပိန်း
ယိမ်းယိမ်း  ယိုင်ယိုင်
နိုင်နိုင် ရှုံးရှုံး
ဘာဖြစ်တုန်းကွာ
ငါ့ဟာ ငါစား
ငါ့သား ငါ့သမီး
ငါ၏ အတ္တ
အဓ္ဓမ ဖြင့်
ကိုယ်ကျင့် ခြစား
စီးပွားဥစ္စာ
ယုတ်မာ နည်းလမ်း
အောက်တန်းကျလျက်
အမြတ်ထုတ် သူ
လူထဲက လူ
အူ …အူ..အူ

အူသူလည်း အူ
ဖြူသူလည်း ဖြူ
သူ ့မူနှင့် သူ
မတူ ..မတူ..မတူ

ဪ ….လူလူလူ
ဖြူဖြူ  မဲမဲ
ကွဲကွဲ လုံးလုံး
တုံးတုံး ချွန်ချွန်
ဒုက္ခ နွံနစ်
ကိုယ်ဖြစ် ကိုယ်ခံ
ဒါ ပေတံပဲ
မှန်လေသည်စွ…မှန်ပေစွ ..။။။။

About maung khinmin

maung khinmin has written 85 post in this Website..