လူူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့်တရား..ကောင်းခြင်း ၊ ဆိုးခြင်း … အပေါ် မူတည် ၍ အကဲဖြတ်တတ်သော ကျွန်တော်…..။

ကိုယ်တိုင်က ကိုယ်ကျင့်တရား ကောင်းမွန်အောင် စောင့်ထိန်းနေပါလျက်နှင့် ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို ထိပါး..စော်ကားခံ ရသော အခါ..

အလွန်ပင် ခံရ ခက်လှပါသည် ။

ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို…. ( သွယ်ဝိုက်သော နည်းဖြင့် ) စော်ကားလိုက်သော..ဖြစ်ရပ်တစ်ခု…

မနေ့ ့ က ဖြစ်ပျက်သွားပါသည် ။

( မနေ ့က ဘတ်စ် ကားပေါ် တွင် ကြုံတွေ ့လိုက်ရသော.. အဖြစ်သည်..ဤ စာသားများကို ချ မရေးဘဲ..မနေနိုင်လောက်အောင်..

တွန်းအားပေးခဲ့ပါသည် ။)

ဘတ်စ် ကား ၏ ပြတင်းပေါက် ဘက် တွင် ထိုင်နေသော..ကျွန်တော့် ေ ဘး ( ဘယ် ဘက် ) တွင်..

တစ်စုံတစ်ယောက် လာထိုင်တော့မည်ကို သိသော်လည်း..ထို တစ်ယောက်ယောက် နှင့်ပက်သက်၍ ကျွန်တော့် ကိုယ်ကျင့် သိက္ခာ ကို…

အထိပါး ခံရလိမ့်မည်..ဟု ကြို တင် မသိ ခဲ့ပါ ။

နှစ်ယောက် ထိုင်ရသော..ခုံတွင် ကျွန်တော့် ဘေး..တစ်နေရာစာ အလွတ် မှာ..အမျိုးသမီးတစ်ယောက် ဝင်ထိုင် ပါသည် ။

ထိုအမျိုးသမီး ၏ ဘေးမှာ..ရပ် ..လိုက်သော..ယောကျာ်းတစ်ယောက်သည်…. အဲဒီ အမျိုးသမီး၏ ရည်းစား…ဖြစ်ပါလိမ့်မည် ။

သူတို ့နှစ်ယောက် ၏ ပက်သက်မှုက ဘာပဲ..ဖြစ်နေနေ..ကျွန်တော် နှင့် မဆိုင်ပါ ။

ကျွန်တော်……. လက်ထဲမှာ…ကိုင်ထားသော..စာအုပ်ကို ဖတ် ဖို ့ပြင်လိုက် ပါသည် ။

ကျွန်တော့် မျက်မှန်က မှုန်ဝါးနေသောကြောင့်….ပုဝါ စ ဖြင့်..သုတ်လိုက်ပါသည် ။

ထို ့နောက် ..စာအုပ်ကို စတင် ဖတ် သည် ။

ကျွန်တော့် ကျေးဇူးရှင်..ဆရာ ဇော်ဇော်အောင်..ရေးသားပြုစုထားသော… ကျမ်းငယ် တစ်အုပ် ဖြစ်ပါသည် ။

ပို့စ်မော်ဒန် သီ အိုရီ အချို ့ကို..ရှင်းလင်း ထားသော…စာပေ အနုပညာဆိုင်ရာ…စာအုပ်..။

ထိုအချိန်မှာ…ပင်………………….

ကျွန်တော် ့ ဘေးမှ ..အမျိုးသမီးကို…. သူ ့ရည်းစား..( ကောင်လေးက ) မတ်တပ် ရပ်လျက်သားမှနေ၍…

ဖက်လိုက်သည် ။

ဖက်ရုံ တင်မက… ကျွန်တော် ့ ဘယ်ဘက်လက်မောင်း နှင့် ထိ ကပ်နေရသော…အမျိုးသမီး ၏ လက်မောင်းသား..ကိုပါ..သူ ့ဘက်ရောက်အောင်..

( ကျွန်တော် နှင့် မ ထိအောင် ပေါ့လေ…) .တင်းတင်း… ဆွဲကပ်နေသည်..။

သိသိသာသာ ပင်..အကဲပါပါ..ဖြစ်လာသောကြောင့် အံ့ဩ ရပါသည် ။

၍ အမျိုးသမီး..အပေါ်…တပ်မက် ၍…. သဝန်တိုသော…စိတ် သည်..ဘေးမှာ.ကပ်လျက် .ထိုင်နေရသော…ကျွန်တော့် သိက္ခာကို

လာ…ထိပါးသည် ။

သူ ့ရည်းစား ၏ အသားကို..ကျွန်တော် နှင့် ထိနေမှာ..စိုးတယ်..ပေါ့လေ..။

သူ ့ရည်းစား ၏ အသား ကို သူ မှ လွဲ ၍ အခြား မည်သူ ့ကို မျှ မထိတွေ ့စေလိုဘူး..ပေါ့လေ…။

ဒါဖြင့်…. ဘေးမှာ ကပ်လျက် ထိုင်နေရသော… ကျွန်တော်ကရော……

ထိချင် လွန်းသည့် ပုံ….. ဖြစ်နေလို ့ လား….။

ကျွန်တော့် အမူအရာက…မိန်းမ တစ်ယောက် ၏ အသား ကို ဘေးချင်း ကပ်…ထိတွေ ့ နေရ ခြင်းမှာ..

သာယာ မက်မောတတ် သော…လူတစ်ယောက် ပုံ..ပေါက်နေလို ့လား… ။

သွားစမ်းပါ…။

သူ ့ရည်းစားကို သဝန်တိုသော….ကြောင့်….

ကျွန်တော့် နှင့် မ ထိစေချင်…၊ ထို ့ကြောင့်… မထိရအောင်…ဆွဲ ခွါ..ထားလိုက်ခြင်းသည်… ကျွန်တော့် ကိုယ် ကျင့် သိက္ခာကို… သွယ်ဝိုက်၍

စော်ကားလိုက် ခြင်း ဖြစ်ပါသည် ။

ဖြစ်မှ ဖြစ်ရလေ….။

သည်လောက်…..လူတွေ..၊ မျက်လုံးတွေ..ကြားမှာ…မဆိုထားနှင့်….

လူသူ ကွယ်ရာ အရပ်မှာ ပင်…စိတ်မ ကူးပါ ။ သူ ့ရည်းစား..ဆိုသော..အသိ တစ်ခု ဖြင့်ပင်..ထိုမိန်းမ ကို ကျွန်တော်..စိတ်မကုူးပါ ။

သာယာစရာ..ကိစ္စ မဟုတ်တာကို… ကျျွွန်တော့် အသိ ဉာဏ်က…တိတိကျကျ သိနေပါသည် ။

ကျွန်တော်သည်..မြန်မာ ယောကျာ်းတစ်ယောက် ဖြစ်ပါသည် ။

မြန်မာ ့ ယဉ်ကျေးမှု နှင့် ယောကျာ်းတစ်ယောက် စောင့်ထိန်းအပ်သော..ကျင့်ဝတ်သိက္ခာကို… တတ်နိုင်သမျှ စောင့်ထိန်းပါသည် ။

ဒါဖြင့်….

ကျွန်တော်…ဘာလုပ်ရမလဲ…။

ထိုင် ခုံက ထ..ပေးလိုက်ရမလား….။

ကျွန်တော် နှင့် အသားခြင်း ..ထိ မှာကို တော့ သူက စိုးရိမ်နေပြီ။

အိုး….

ကျွန်တော့်မှာ.. ဤ ထိုင်ခုံမှာ..ထိုင်စီး ဖို ့…. အခွင့် ရှိပါသည် ။

ထိုင်ခံ ုမှာ..ထိုင်၍ စာအုပ် ဖတ်ကာ…..စီးနင်း လိုက်ပါ ခွင့် ရှိပါသည် ။ ဒါ..ကျွန်တော့် အခွင့် အရေးပဲ..ဖြစ်သည် ။

ဤ အခွင့်အရေးကို… အသုံးချ ပိုင်မှု အရ….

ကျွန်တော့်မှာ…အပြစ် မရှိပါ ။

သူ ့ရည်းစားကို…အသားချင်း….ထိ ကပ် ချင် စိတ်… ( တပ်မက်စိတ် ) …… မရှိသောကြောင့်…ကျွန်တော့်မှာ….

လုံး ဝ….အပြစ် မရှိပါ ။ ဒါဖြင့်…တရား လွန်တာ..ဘယ်သူလဲ…။

ရည်းစားဖြစ် သူကို….အဲဒီလောက် သဝန်တိုနေလျှင်….

လူကြပ်ကြပ် ဘတ်စ်ကားပေါ်..ခေါ် မလာသင့်တာ….. သူ မသိဘူးလား…

ဘတ်စ်ကားလို နေရာမျိုးသည်…. စိတ်ထဲက ထိချင်သည် ဖြစ်စေ..။ မထိ ချင်သည် ြုဖစ်စေ…လူတိုင်း..အသားချင်း ထိ ကပ်ပြီး..

စီးနင်းလိုက် ပါ မှ ဖြစ်မှာကို… သူူ… မသိဘူးလား…

သူ ့ရည်းစားကို.. တွန် ့တို..သဝန်တို..စိတ်ကြောင့်…ပြု မူလိုက်သည့် အပြု အမူက…

ဘေးမှာ..ထိုင်…နေရသော.. ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို …မယုံသင်္ကာဖြင့် ထိပါး..စော်ကား သလို ဖြစ်သွားတာကို…

သူ…မသိဘူးလား….

သူ..အဲဒီ မိန်းမကို… ချစ်သော အချစ်…ကြောင့်..တပ်မက် မှု ပေါ်မှာ. မူတည် ၍ ဖြစ်ပေါ်လာသော…. ဝန်တို စိတ် ပေါ့လေ…။

အတွေ့ အထိပေါ်မှာ..အခြေခံ ၍ ချစ်သော… အချစ် ဟု…ကျွန်တော် ထင်ပါသည် ။

( သူ ့ စိတ်ဖြင့်…လုူူတိုင်းကို နှိုင်းပြီး..) အသား ချင်း… ထိခြင်းး၊ မထိခြင်း ကို….အရေးတယူ ခံစားချက် ပြင်းထန်နေသော..

သူ ့ လို အချစ်မျိုးကို…. ကျွန်တော်… အထင်မကြီး ပါ ။

ကျွန်တော်… ဖတ်မြဲ ဖြစ်သော..စာအုပ် ထဲကိုသာ..စိတ်ကို နှစ် ၍…… လိုက်ပါ လာပါသည် ။

_____________________________________–

ကျွန်တော် ဆင်း ရ မည့် မှတ်တိုင်ရောက်ပြီ…။

နေရာမှ…ထ လိုက်ပါသည် ။

ကျွန်တော် ထ လိုက်သောကြောင့် လွတ်သွားသော..နေရာမှာ… သူ..ဝင်ထိုင်မှာပေါ့လေ…။

အဲဒီ အချိန်မှာ…ပဲ………………………….

သူ ့ဘေး ကို…အဖွားအိုတစ်ယောက်….လာ ရပ် ပါတော့သည် ။

အော်….

သူ …မထိုင်ပဲ… အဖွားအိုကို… ထိုင်ဖို ့…ဦးစားပေးမယ်..ထင်ပါရဲ ့…ဟု..

ကျွန်တော်..မျှော်လင့်လိုက်ပါသည် ။

သူ ့မှာ…ရည်းစား အတွက်..တပါးသူကို…. မသင်္ကာ စိတ်တွေ..ဖြစ်ရ..၊

သဝန်တို စွာ… ပူလောင်…ရပေမယ့်…. အဖွားအိုတစ်ယောက်ကို…..ဦးစားပေးဖို ့တော့…သိ နိုင် ကောင်းပါရဲ ့….လို ့………

ကျွန်တော်….အကောင်းမြင်..တွေးပေးမိပါသည် ။

(သို ့သော်…. မထင်မှတ်ပဲ..) ..ကျွန်တော်..ထ လိုက် ၍ လွတ်သွားသော…. နေရာမှာ..သူ ဝင်ထိုင်လိုက်သည် ။

ဘုရား………………..။

ထိုင်ပြိးသည်..နှင့်………………. သူ ့ရည်းစားကို….တင်းတင်း..ဖက်ပွေ ့ထားလိုက်သည် ။

အဖွားအို ကို နေရာ….. ဦစားပေးဖို ့ထက်………..

သူ ့ရည်းစားကို… ဖက်ထားခွင့် ရဖို ့က…. ပို အရေးကြီးပုံ..ရသည် ။

စိတ်ထဲမှ… သူ ့ကို…. တဏှာ ရူး….ဟု…ခေါ်လိုက် မိသည်။

ဒါပေမယ့်….

တဏှာ ရူး ခွင့် သူ ့မှာ..ရှိကြောင်း…

သူ ့ စိတ်နှလုံး နဲ ့သူ…တဏှာ ရူးတာ…ဟာ..သူ ့အခွင့်အရေးဖြစ်ကြောင့်း….

သူ ့အခွင့်အရေးနဲ ့သူ..တဏှာ ရူးတာကို…. ကျွန်တော်တို ့..ဘေးလူများက..ဘာမျှ ဝင်ရောက် စွက်ဖက်..ပိုင်ခွင့် မရှိကြောင်း…..များ….တွေး….ကာ….

ကားပေ ါ်မှ ဆင်းလာခဲ့ရပါ သည် ။

( သူ ့ အခွင့်အရေး က..ဘေးလူ ၏ အခွင့်အရေးကိုတော့…သွယ်ဝိုက်ပြီး… ထိခိုက်နစ်နာစေခဲ့ပြီ… )

_____________________________________________________

ကျွန်တော်တို ့ ၏ ပတ်ဝန်းကျင်ထဲတွင်….ကျွန်တော်တို ့စောင့်ထိန်းသော…

ကိုယ်ကျင့် တရား ..နှင့် ဂုဏ်သိက္ခာကို…. လာရောက် ..ထိပါးစော်ကား တတ်သော..

လှိုင်းဂယက်များ…လည်း..ရှိကြောင်း…

သိလိုက်ရပါသည် ။

တစ်ခါတစ်ရံ….

ထိုလှိုင်းများ ၏ တိုက်ခိုက်မှု မှ….. အလွယ်တကူ…ရှောင်လွဲ..ရုန်းထွက် ၍ မရဘဲ………….

ခေါင်းငုံ ့ ခံ လိုက်ရခြင်း….

မကျေမနပ် ဒေါသ ထွက်…လိုက်ရခြင်း…တို ့မှ တပါး…………………………………………………..

_____________________________________________________________-

လေးစားစွာဖြင့်….

အလင်းဆက်

24 . 7 .2012 .
alinsett.art@gmail.com

About alinsett

alinsett has written 615 post in this Website..

. . .