ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို စော်ကားကြသူများ…

alinsettJuly 24, 20121min50940


လူူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့်တရား..ကောင်းခြင်း ၊ ဆိုးခြင်း … အပေါ် မူတည် ၍ အကဲဖြတ်တတ်သော ကျွန်တော်…..။

ကိုယ်တိုင်က ကိုယ်ကျင့်တရား ကောင်းမွန်အောင် စောင့်ထိန်းနေပါလျက်နှင့် ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို ထိပါး..စော်ကားခံ ရသော အခါ..

အလွန်ပင် ခံရ ခက်လှပါသည် ။

ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို…. ( သွယ်ဝိုက်သော နည်းဖြင့် ) စော်ကားလိုက်သော..ဖြစ်ရပ်တစ်ခု…

မနေ့ ့ က ဖြစ်ပျက်သွားပါသည် ။

( မနေ ့က ဘတ်စ် ကားပေါ် တွင် ကြုံတွေ ့လိုက်ရသော.. အဖြစ်သည်..ဤ စာသားများကို ချ မရေးဘဲ..မနေနိုင်လောက်အောင်..

တွန်းအားပေးခဲ့ပါသည် ။)

ဘတ်စ် ကား ၏ ပြတင်းပေါက် ဘက် တွင် ထိုင်နေသော..ကျွန်တော့် ေ ဘး ( ဘယ် ဘက် ) တွင်..

တစ်စုံတစ်ယောက် လာထိုင်တော့မည်ကို သိသော်လည်း..ထို တစ်ယောက်ယောက် နှင့်ပက်သက်၍ ကျွန်တော့် ကိုယ်ကျင့် သိက္ခာ ကို…

အထိပါး ခံရလိမ့်မည်..ဟု ကြို တင် မသိ ခဲ့ပါ ။

နှစ်ယောက် ထိုင်ရသော..ခုံတွင် ကျွန်တော့် ဘေး..တစ်နေရာစာ အလွတ် မှာ..အမျိုးသမီးတစ်ယောက် ဝင်ထိုင် ပါသည် ။

ထိုအမျိုးသမီး ၏ ဘေးမှာ..ရပ် ..လိုက်သော..ယောကျာ်းတစ်ယောက်သည်…. အဲဒီ အမျိုးသမီး၏ ရည်းစား…ဖြစ်ပါလိမ့်မည် ။

သူတို ့နှစ်ယောက် ၏ ပက်သက်မှုက ဘာပဲ..ဖြစ်နေနေ..ကျွန်တော် နှင့် မဆိုင်ပါ ။

ကျွန်တော်……. လက်ထဲမှာ…ကိုင်ထားသော..စာအုပ်ကို ဖတ် ဖို ့ပြင်လိုက် ပါသည် ။

ကျွန်တော့် မျက်မှန်က မှုန်ဝါးနေသောကြောင့်….ပုဝါ စ ဖြင့်..သုတ်လိုက်ပါသည် ။

ထို ့နောက် ..စာအုပ်ကို စတင် ဖတ် သည် ။

ကျွန်တော့် ကျေးဇူးရှင်..ဆရာ ဇော်ဇော်အောင်..ရေးသားပြုစုထားသော… ကျမ်းငယ် တစ်အုပ် ဖြစ်ပါသည် ။

ပို့စ်မော်ဒန် သီ အိုရီ အချို ့ကို..ရှင်းလင်း ထားသော…စာပေ အနုပညာဆိုင်ရာ…စာအုပ်..။

ထိုအချိန်မှာ…ပင်………………….

ကျွန်တော် ့ ဘေးမှ ..အမျိုးသမီးကို…. သူ ့ရည်းစား..( ကောင်လေးက ) မတ်တပ် ရပ်လျက်သားမှနေ၍…

ဖက်လိုက်သည် ။

ဖက်ရုံ တင်မက… ကျွန်တော် ့ ဘယ်ဘက်လက်မောင်း နှင့် ထိ ကပ်နေရသော…အမျိုးသမီး ၏ လက်မောင်းသား..ကိုပါ..သူ ့ဘက်ရောက်အောင်..

( ကျွန်တော် နှင့် မ ထိအောင် ပေါ့လေ…) .တင်းတင်း… ဆွဲကပ်နေသည်..။

သိသိသာသာ ပင်..အကဲပါပါ..ဖြစ်လာသောကြောင့် အံ့ဩ ရပါသည် ။

၍ အမျိုးသမီး..အပေါ်…တပ်မက် ၍…. သဝန်တိုသော…စိတ် သည်..ဘေးမှာ.ကပ်လျက် .ထိုင်နေရသော…ကျွန်တော့် သိက္ခာကို

လာ…ထိပါးသည် ။

သူ ့ရည်းစား ၏ အသားကို..ကျွန်တော် နှင့် ထိနေမှာ..စိုးတယ်..ပေါ့လေ..။

သူ ့ရည်းစား ၏ အသား ကို သူ မှ လွဲ ၍ အခြား မည်သူ ့ကို မျှ မထိတွေ ့စေလိုဘူး..ပေါ့လေ…။

ဒါဖြင့်…. ဘေးမှာ ကပ်လျက် ထိုင်နေရသော… ကျွန်တော်ကရော……

ထိချင် လွန်းသည့် ပုံ….. ဖြစ်နေလို ့ လား….။

ကျွန်တော့် အမူအရာက…မိန်းမ တစ်ယောက် ၏ အသား ကို ဘေးချင်း ကပ်…ထိတွေ ့ နေရ ခြင်းမှာ..

သာယာ မက်မောတတ် သော…လူတစ်ယောက် ပုံ..ပေါက်နေလို ့လား… ။

သွားစမ်းပါ…။

သူ ့ရည်းစားကို သဝန်တိုသော….ကြောင့်….

ကျွန်တော့် နှင့် မ ထိစေချင်…၊ ထို ့ကြောင့်… မထိရအောင်…ဆွဲ ခွါ..ထားလိုက်ခြင်းသည်… ကျွန်တော့် ကိုယ် ကျင့် သိက္ခာကို… သွယ်ဝိုက်၍

စော်ကားလိုက် ခြင်း ဖြစ်ပါသည် ။

ဖြစ်မှ ဖြစ်ရလေ….။

သည်လောက်…..လူတွေ..၊ မျက်လုံးတွေ..ကြားမှာ…မဆိုထားနှင့်….

လူသူ ကွယ်ရာ အရပ်မှာ ပင်…စိတ်မ ကူးပါ ။ သူ ့ရည်းစား..ဆိုသော..အသိ တစ်ခု ဖြင့်ပင်..ထိုမိန်းမ ကို ကျွန်တော်..စိတ်မကုူးပါ ။

သာယာစရာ..ကိစ္စ မဟုတ်တာကို… ကျျွွန်တော့် အသိ ဉာဏ်က…တိတိကျကျ သိနေပါသည် ။

ကျွန်တော်သည်..မြန်မာ ယောကျာ်းတစ်ယောက် ဖြစ်ပါသည် ။

မြန်မာ ့ ယဉ်ကျေးမှု နှင့် ယောကျာ်းတစ်ယောက် စောင့်ထိန်းအပ်သော..ကျင့်ဝတ်သိက္ခာကို… တတ်နိုင်သမျှ စောင့်ထိန်းပါသည် ။

ဒါဖြင့်….

ကျွန်တော်…ဘာလုပ်ရမလဲ…။

ထိုင် ခုံက ထ..ပေးလိုက်ရမလား….။

ကျွန်တော် နှင့် အသားခြင်း ..ထိ မှာကို တော့ သူက စိုးရိမ်နေပြီ။

အိုး….

ကျွန်တော့်မှာ.. ဤ ထိုင်ခုံမှာ..ထိုင်စီး ဖို ့…. အခွင့် ရှိပါသည် ။

ထိုင်ခံ ုမှာ..ထိုင်၍ စာအုပ် ဖတ်ကာ…..စီးနင်း လိုက်ပါ ခွင့် ရှိပါသည် ။ ဒါ..ကျွန်တော့် အခွင့် အရေးပဲ..ဖြစ်သည် ။

ဤ အခွင့်အရေးကို… အသုံးချ ပိုင်မှု အရ….

ကျွန်တော့်မှာ…အပြစ် မရှိပါ ။

သူ ့ရည်းစားကို…အသားချင်း….ထိ ကပ် ချင် စိတ်… ( တပ်မက်စိတ် ) …… မရှိသောကြောင့်…ကျွန်တော့်မှာ….

လုံး ဝ….အပြစ် မရှိပါ ။ ဒါဖြင့်…တရား လွန်တာ..ဘယ်သူလဲ…။

ရည်းစားဖြစ် သူကို….အဲဒီလောက် သဝန်တိုနေလျှင်….

လူကြပ်ကြပ် ဘတ်စ်ကားပေါ်..ခေါ် မလာသင့်တာ….. သူ မသိဘူးလား…

ဘတ်စ်ကားလို နေရာမျိုးသည်…. စိတ်ထဲက ထိချင်သည် ဖြစ်စေ..။ မထိ ချင်သည် ြုဖစ်စေ…လူတိုင်း..အသားချင်း ထိ ကပ်ပြီး..

စီးနင်းလိုက် ပါ မှ ဖြစ်မှာကို… သူူ… မသိဘူးလား…

သူ ့ရည်းစားကို.. တွန် ့တို..သဝန်တို..စိတ်ကြောင့်…ပြု မူလိုက်သည့် အပြု အမူက…

ဘေးမှာ..ထိုင်…နေရသော.. ကျွန်တော့် ကိုယ်ကျင့် သိက္ခာကို …မယုံသင်္ကာဖြင့် ထိပါး..စော်ကား သလို ဖြစ်သွားတာကို…

သူ…မသိဘူးလား….

သူ..အဲဒီ မိန်းမကို… ချစ်သော အချစ်…ကြောင့်..တပ်မက် မှု ပေါ်မှာ. မူတည် ၍ ဖြစ်ပေါ်လာသော…. ဝန်တို စိတ် ပေါ့လေ…။

အတွေ့ အထိပေါ်မှာ..အခြေခံ ၍ ချစ်သော… အချစ် ဟု…ကျွန်တော် ထင်ပါသည် ။

( သူ ့ စိတ်ဖြင့်…လုူူတိုင်းကို နှိုင်းပြီး..) အသား ချင်း… ထိခြင်းး၊ မထိခြင်း ကို….အရေးတယူ ခံစားချက် ပြင်းထန်နေသော..

သူ ့ လို အချစ်မျိုးကို…. ကျွန်တော်… အထင်မကြီး ပါ ။

ကျွန်တော်… ဖတ်မြဲ ဖြစ်သော..စာအုပ် ထဲကိုသာ..စိတ်ကို နှစ် ၍…… လိုက်ပါ လာပါသည် ။

_____________________________________–

ကျွန်တော် ဆင်း ရ မည့် မှတ်တိုင်ရောက်ပြီ…။

နေရာမှ…ထ လိုက်ပါသည် ။

ကျွန်တော် ထ လိုက်သောကြောင့် လွတ်သွားသော..နေရာမှာ… သူ..ဝင်ထိုင်မှာပေါ့လေ…။

အဲဒီ အချိန်မှာ…ပဲ………………………….

သူ ့ဘေး ကို…အဖွားအိုတစ်ယောက်….လာ ရပ် ပါတော့သည် ။

အော်….

သူ …မထိုင်ပဲ… အဖွားအိုကို… ထိုင်ဖို ့…ဦးစားပေးမယ်..ထင်ပါရဲ ့…ဟု..

ကျွန်တော်..မျှော်လင့်လိုက်ပါသည် ။

သူ ့မှာ…ရည်းစား အတွက်..တပါးသူကို…. မသင်္ကာ စိတ်တွေ..ဖြစ်ရ..၊

သဝန်တို စွာ… ပူလောင်…ရပေမယ့်…. အဖွားအိုတစ်ယောက်ကို…..ဦးစားပေးဖို ့တော့…သိ နိုင် ကောင်းပါရဲ ့….လို ့………

ကျွန်တော်….အကောင်းမြင်..တွေးပေးမိပါသည် ။

(သို ့သော်…. မထင်မှတ်ပဲ..) ..ကျွန်တော်..ထ လိုက် ၍ လွတ်သွားသော…. နေရာမှာ..သူ ဝင်ထိုင်လိုက်သည် ။

ဘုရား………………..။

ထိုင်ပြိးသည်..နှင့်………………. သူ ့ရည်းစားကို….တင်းတင်း..ဖက်ပွေ ့ထားလိုက်သည် ။

အဖွားအို ကို နေရာ….. ဦစားပေးဖို ့ထက်………..

သူ ့ရည်းစားကို… ဖက်ထားခွင့် ရဖို ့က…. ပို အရေးကြီးပုံ..ရသည် ။

စိတ်ထဲမှ… သူ ့ကို…. တဏှာ ရူး….ဟု…ခေါ်လိုက် မိသည်။

ဒါပေမယ့်….

တဏှာ ရူး ခွင့် သူ ့မှာ..ရှိကြောင်း…

သူ ့ စိတ်နှလုံး နဲ ့သူ…တဏှာ ရူးတာ…ဟာ..သူ ့အခွင့်အရေးဖြစ်ကြောင့်း….

သူ ့အခွင့်အရေးနဲ ့သူ..တဏှာ ရူးတာကို…. ကျွန်တော်တို ့..ဘေးလူများက..ဘာမျှ ဝင်ရောက် စွက်ဖက်..ပိုင်ခွင့် မရှိကြောင်း…..များ….တွေး….ကာ….

ကားပေ ါ်မှ ဆင်းလာခဲ့ရပါ သည် ။

( သူ ့ အခွင့်အရေး က..ဘေးလူ ၏ အခွင့်အရေးကိုတော့…သွယ်ဝိုက်ပြီး… ထိခိုက်နစ်နာစေခဲ့ပြီ… )

_____________________________________________________

ကျွန်တော်တို ့ ၏ ပတ်ဝန်းကျင်ထဲတွင်….ကျွန်တော်တို ့စောင့်ထိန်းသော…

ကိုယ်ကျင့် တရား ..နှင့် ဂုဏ်သိက္ခာကို…. လာရောက် ..ထိပါးစော်ကား တတ်သော..

လှိုင်းဂယက်များ…လည်း..ရှိကြောင်း…

သိလိုက်ရပါသည် ။

တစ်ခါတစ်ရံ….

ထိုလှိုင်းများ ၏ တိုက်ခိုက်မှု မှ….. အလွယ်တကူ…ရှောင်လွဲ..ရုန်းထွက် ၍ မရဘဲ………….

ခေါင်းငုံ ့ ခံ လိုက်ရခြင်း….

မကျေမနပ် ဒေါသ ထွက်…လိုက်ရခြင်း…တို ့မှ တပါး…………………………………………………..

_____________________________________________________________-

လေးစားစွာဖြင့်….

အလင်းဆက်

24 . 7 .2012 .
alinsett.art@gmail.com

40 comments

  • သန်းထွဋ်ဦး

    July 24, 2012 at 6:39 pm

    ““မြန်မာ ့ ယဉ်ကျေးမှု နှင့် ယောကျာ်းတစ်ယောက် စောင့်ထိန်းအပ်သော..ကျင့်ဝတ်သိက္ခာကို…
    တတ်နိုင်သမျှ စောင့်ထိန်းပါသည် ။””
    အကိုစိတ်နေစိတ်ထားမွန်မြတ်နေတာကို ကျနော်တို ့သိမှတ်ပြုပါ၏။အဲ့လောက်သဝန်တို အောက်တန်း
    ကျတကိုယ်ကောက်းဆန်တဲ့ အဲ့ငနဲကတော့ဗျာ နှာဘူးကျချက်က သူနဲ ့နှိုင်းနေတယ်ဗျနော့။

  • သစ် တည်

    July 24, 2012 at 7:48 pm

    ကျုပ်သာဆို နဲနဲပေးထိလိုက်မှာ
    ဒီလောက်အပြောခံရမယ်မှန်းသိရင်….
    ဟီးစတာ….ချစ်ရိူ့….ဟဲဟဲ….

  • ဇောက် ထိုး

    July 24, 2012 at 9:06 pm

    ဟေ့…. ဘယ်ကကောင်လဲကွ.. ငါ့မိတ်ဆွေရဲ့ ကိုယ်ကျင့်သိက္ခာကို စော်ကာတာ…ဟေ…
    အဲဒီကောင် ဘယ်ရောက်သွားလဲ…. ဘယ်ခွေးမှ လူထင်တဲ့ကောင်မဟုတ်ဘူးကွ…

  • San Hla Gyi

    July 24, 2012 at 9:09 pm

    ကိုအလင်းဆက်ရေ
    မြန်မာပြည်က ကားတွေက အဲဒီလိုပဲ အမြဲတမ်းလိုလို ကျပ်တယ်ဗျ။ အဲဒါက အဓိက ပြဿနာ ဖြစ်လာတာပဲ။ ဒါပေမယ့် အဲဒီငနဲကတော့ နည်းနည်း ပိုတာဖြစ်ဖို့ များပါတယ်။ အဲဒီလို ကောင်မျိုးက ရပြီးရင် လှည့်တောင် ကြည့်ပါ့မလား မသိဘူး။

  • မဟာရာဇာ အံစာတုံး

    July 24, 2012 at 9:19 pm

    ကိုအလင်းဆက်ပို့စ်ကို
    ဖတ်အပြီးမှာ
    ကျနော်အနေနဲ့ …
    အသိတရားနဲ့ မရှက်မကြောက် အခွင့်အရေးကို ရယူတတ်ခြင်း ဆိုတဲ့ အကြောင်းကို
    တွေးလိုက်မိပါတယ် …
    ပြီးတော့လည်း အနာခံမှုနဲ့ အသာစံမှု ကိုလည်း တွေးလိုက်မိသေးရဲ့ .. 🙄

  • MaMa

    July 24, 2012 at 9:23 pm

    အလင်းဆက်ရေ-
    ဖတ်ကြည့်ပြီး အလင်းဆက်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
    လူငယ်တွေဆိုတော့ သူ့ချစ်သူကောင်မလေးကို သူက ဂရုစိုက်ကြောင်း ပြသလိုတဲ့စိတ်၊
    သူ့ကို အားကိုးစေလိုတဲ့စိတ်တွေ များနေလေတော့ ဘေးလူကို ထည့်မစဉ်းစားမိတာလည်း ဖြစ်နိုင်ပါတယ်။
    ဒီလိုရေးလိုက်တော့ တခါတလေမှာ ကိုယ်အမှတ်တမဲ့ပြုလိုက်တာလေးက ဘေးလူကို သူတပါးကို စော်ကားသလို ဖြစ်တတ်တယ်ဆိုတာကို သင်ခန်းစာယူနိုင်ကြတာပေ့ါ။

  • မောင်ပေ

    July 24, 2012 at 9:40 pm

    စိတ်ပေါက်ပေါက်နဲ ့
    အားရပါးရ
    ဖက်နမ်းခဲ့လိုက်တာတော့ ဟုတ်ဘူး ကိုယ့်လူရယ်
    ပြီးမှ အရှူးဇါတ်ခင်းလိုက်ပေါ့
    ကားပေါ်မှာ ပါးစပ်ဆိုင်းတီးပြီး ကွေးနေအောင် ကပြီး
    အရူးဆောင်လိုက်ပေါ့
    ဟုတ်ဘူးလား..နော
    ဟီဟိ

  • TTNU

    July 24, 2012 at 10:57 pm

    ကိုအလင်းရေ…
    ဘတ်စ်ကားပုံစံကြည့်ရတာ မန ္တလေးမှာလားလို့။
    သူတို့ကိုဂရုမစိုက်တဲ့ ပုံမျိုး မျက်နှာတင်းမထားလိုက်ခဲ့ဘူးလား။
    လူကြားထဲ ပုံစံမကျတာတွေ လုပ်နေကတည်းက စိတ်ဓာတ်နိမ့်ကျသူတွေ
    နေမှာပါ။ ခံစားမနေနဲ့။

  • padonmar

    July 24, 2012 at 11:07 pm

    အလင်းဆက်ရယ်
    လမ်းမှာတွေ့တဲ့ အမှိုက်ကို အိမ်ထိမသယ်လာပါနဲ့လား။
    ဒီတိုင်းဆို သူက သဝန်တိုတာမဟုတ်လောက်ဘူး။အလင်းဆက်ကို (ဘေးက ယောကျာင်္းတစ်ယောက်ရှိတာကို) အကြောင်းပြပြီး
    သူ့မိန်းကလေးပေါ်မှာ အသာယူချင်နေတဲ့ လူပါကွာ။
    ဒီလို လူအတွက် စိတ်မထိခိုက်ချင်ပါနဲ့။မတန်ပါဘူး။

  • ko khin kha

    July 24, 2012 at 11:23 pm

    ကိုအလင်းဆက်ရေ။ ဒါမျိုးတွေလည်းကြုံရတတ်ပါတယ်၊
    ပြီးပြီရောဘဲထားလိုက်ပေါ့။ သူတို့ကလည်းချစ်ရှာလို့ဖြစ်မှာပါ။

    • ကိုရင်မောင်

      July 25, 2012 at 12:42 am

      ခြစ်တာမဟုတ်ဘူးထင်တယ်
      အဲ့ဒါ..ကုတ်တာ သူ့ဘက်ကိုကုတ်ထားတာ…
      လူတွေအများကြီးရှေ့မှာ ဒီလိုလုပ်တာလောက်အမြင်ကပ်ချင်စရာပါ..

  • pan pan chit

    July 25, 2012 at 12:43 am

    အင်းလေ
    ငယ်တဲ့လူတွေ(၂၅အောက်၊ ၂ဝ ဝန်းကျင်)မှာတော့ အများဆုံးအဲ့လိုပုံမျိုးဖြစ်မယ်ထင်ရဲ့
    (မဟုတ်ရင်လည်း) ယုံကြည်မှု၊ နားလည်မှုတွေနည်းရင်လည်း ဖြစ်တတ်မယ်ထင်ရဲ့
    အဓိကက ကိုယ့်စိတ်ကို ယုံကြည်ချက်ရှိနေတာပဲ
    ထင်ချင်သလိုထင်ပါစေ (အဲ့လိုလူမျိုးကထင်တာတော့ ဂရုစိုက်စရာမလို)

  • အရီးခင်လတ်

    July 25, 2012 at 3:14 am

    အလင်းဆက်ရေ

    ဒီလိုဇာတ်လမ်းမျိုး တွေ က ဟိုအရင် အရီးတို့ တုန်းက ဘတ်စကား စီး စဉ် ကလဲရှိပါ့တော်။

    ကောင်လေး တွေ က သူတို့ ကောင်းမလေးနား တစ်ခြား ကောင်လေး ကပ်ရင် ရန်လို တယ်။
    ကောင်မလေး တွေ ကလဲ သူတို့ ကောင်လေး နား မှာ ရပ်မိ တဲ့ ကောင်မလေး တွေ ကို မျက်စောင်းထိုးတယ်။
    သဘောကတော့ ခေတ် ဘယ်လိုပြောင်းပြောင်း ကိုယ့် သဝန်တို စိတ် က သူများကို သံသယ အမုန်း နဲ့ ကြည့်မိတာ ခြင်း တွေ က တူနေဆဲ။

    စိတ်ထဲ ဘာမှ မထား ပါနဲ့ကွယ်။ ကိုယ့် အတွက် ၂ခါနာပါတယ်။

    သူများ က သူ့ ကို အဲဒီလို ပုံစံ နဲ့ ဆက်ဆံလာခဲ့ရင် ကိုယ်က သူများကိုလဲ ဒါမျိုး မလုပ်သင့်ကြောင်း အဲဒီကောင်လေး သိသွားပါလိမ့်မယ်။

  • kai

    July 25, 2012 at 3:35 am

    မြန်မာလူငယ်တွေဟာ.. တခြားနိုင်ငံသားတွေထက်.. ပိုပြီးရန်ဖြစ်လွယ်.. ထိလွယ်ရှလွယ်တယ်လို့.. သတိထားမိတယ်..
    စတိတ်ရှိုးတွေ.. သင်္ကြန်.. ပွဲတော်တွေမှာ.. ရန်ဖြစ်ကြတာလည်း.. ခဏခဏကြားရတယ်..။
    “ဘာကြည့်တာလည်းကွ”ဆိုပြီး.. ထသတ်တာမျိုးလည်း.. ကြားဖူးတာပဲ..

    ရှေးဂျပန်ခေတ်မှာ.. ဂျပန်တွေ ဆာမူရိုင်းတွေ.. အရပ်သားတွေ.. လူအချင်းချင်း.. အဆင်မပြေရင်.. စိန်ခေါ်ပြီး ဓါးနဲ့ယှဉ်ခုတ်ခဲ့ကြတာပေါ့..။ လမ်းလျှောက်ရင်.. ဓါးအိမ်ချင်းခတ်မိ..ထိမိရင်လည်း.. စိန်ခေါ်ယှဉ်ခုတ်တာပဲ..။ ရှုံးရင်.. သေပေါ့လေ..
    ဒီလိုနဲ့.. ဒီခေတ်မှာ.. လူအချင်းချင်း.. ထိခိုက်မလိုဖြစ်ရင်တောင်.. အပြန်အလှန်”Sumimasen (すみません)”လုပ်.. တောင်းပန်နေကြတဲ့.. ဂျပန်တွေမြင်ရတာဖြစ်ပါတယ်..

    ယူအက်စ်လည်း.. ဒီအတိုင်းပဲ..
    ကောင်းဘွိုင်ခောတ်.. သေနတ်.. လက်နက်တွေကိုယ်စီနဲ့.. ထစ်ဆို.. စိန်ခေါ်.. သေနတ်ချင်း..ယှဉ်ပစ်တာပဲ..
    ဒီလိုနဲ့.. ဒီခေတ်မှာ.. အခုလို.. အပြန်အလှန်ရှိန်ပြီး.. တဖက်သားဘလိုင်း… မစော်ကားရဲတဲ့.. အမေရိကန်တွေကို.. မြင်ကြရတာပါ…။

    ဆိုတော့..
    စနစ်ကြောင့်လား.. လူကြောင့်လား… ယုံကြည်ရာ.. ဓလေ့ထုံးစံကြောင့်လား… :mrgreen:

    • pan pan chit

      July 25, 2012 at 10:29 am

      ဘာမှဟုတ်ဘူး…
      တဂျီးပြောတဲ့ ကျိန်စာကြောင့် :mrgreen: ဟိ

      • နေဝန်းနီ

        July 25, 2012 at 1:55 pm

        ဒီကလေးမက ဒီ စကားလုံးကို တော်တော် ခံတွင်းတွေ့နေတယ်ထင်ပါ့….။ အော်… ကျိန်စာ ကျိန်စာ သူကြီးကလည်း စကားလုံးရွေးတတ်ပါပေ့…။

  • လူ ဟား

    July 25, 2012 at 7:08 am

    စာအရေးကောင်းတဲ့လူများကျတော့လည်း… အသားလေးထိမိတာကို အစပြုပြီး စည်ကာပတ်ကုံး ရေးတတ်ပါပေရဲ့.. တကယ်တမ်းကျတော့ ကျနော်တို့တွေဟာ အချိန်တော်တော်များမှာ ဒီလိုပဲ အစော်ကားခံနေရတာပါ.. ကိုယ်ကိုယ်တိုင်လည်း သူတပါးကို စော်ကားမိဖူးမှာပါ.. အလင်းဆက်ရဲ့ စာလေးတစ်ပုဒ်ကို နှလုံးသွင်းပြီးသကာလ နောင်ဆို ကိုယ့်ရဲ့ အပြုအမူလေးတွေကို ဆင်ခြင်ပါတော့မယ်လို့…

  • မမ အညာသူ

    July 25, 2012 at 9:42 am

    ဒီလိုပါပဲ
    ဖြစ်လေ့ဖြစ်ထရှိတက်ကျပါတယ်
    မတူတဲ့သူကိုမတုပါနှင့်
    ဥပြက္ခာပြုထားလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်

  • mamanoyar

    July 25, 2012 at 9:52 am

    ဒီနေရာမှာ ကိုအလင်းဆက်နေရာမှာ ကျွန်မတာဆိုလဲ
    ဒီလိုပဲ ဖြစ်မှာပါပဲ သူ့စိတ်နဲ့ နှိုင်း တစ်ဂုဏ်းထဲထားနေတာ

  • မွန်မွန်

    July 25, 2012 at 9:57 am

    ဟုတ်ပါ့.. ဒီလောက် အသားထိမှာ ကြောက်နေရင် တက္ကစီ နဲ့ တင်ခေါ်သွားပါလား… အဲဒါ သူလည်း တစ်ခြားကောင်မလေးတွေကို အဲဒီလိုစိတ်ရှိလို့ ဖြစ်နေတာ…

    ကိုအလင်းဆက်ရဲ့ ကိုယ်ကျင့်တရားအပေါ် ထိန်းသိမ်းတဲ့စိတ်ကို လေးစားပါတယ်…

  • amatmin

    July 25, 2012 at 10:02 am

    ကိုအလင်းဆက်ရေ..
    အသားထိတာကို ဥပမာပေးပီးရေးထားပေမဲ့..
    တခြားတပါးသော အကျင့်သိက္ခာကို ထိပါးခံရမှုတွေ..
    ဖြစ်တတ်တဲ့ လူ့သဘောတွေကို ခံစားမိပါတယ်..
    ကိုယ်စောင့်ထိန်းမှု ခိုင်မာနေဖို့က
    လိုရင်းပါပဲလို့ တွေးမိသွားပါကြောင်း..

  • ဆူး

    July 25, 2012 at 10:16 am

    သူများ အညှိအဟောက် ကိုယ် ယူသိမ်းမိရင် ကိုယ်ပါ နံ ကုန်မှာပေါ့..
    ကားပေါ်က ဆင်းတာနဲ့ ဒါမျိုးကို မေ့ပစ်လိုက်သင့်တယ်။
    သူ က သူ
    ကိုယ် က ကိုယ်
    ဖြစ်တဲ့ အတွက် မတူညီမှုတွေ ရှိနိုင်တာမို့ အာရုံထဲ ထားပြီး စိတ်တို မိတာကိုက ကြည်ကြည်လင်လင် ဖြစ်မဲ့ စိတ်တွေရဲ့ အချိန်တွေ အများကြီး အလကား ကုန်ဆုံး စေသလို ဖြစ်ပါတယ်။

  • ညလေး

    July 25, 2012 at 10:32 am

    အရင်ဆုံးဖတ်တဲ့သူဖြစ်ပြီး……နောက်ကျမှမန်.တဲ့သူဖြစ်ပါတယ်
    ကိုအလင်းဆက်ရယ်……
    သူတို.တွေများ.ဒီလောက်အဖြစ်သည်းနေရင်…..
    လိုင်းကားမစီးတာသူတို.အတွက်အကောင်းဆုံးဖြစ်မယ်ထင့်……အံ.ဩမိပါရဲ…..
    ကိုအလင်းဆက်ရယ်….သွားရင်းလာရင်း ခလုတ်တိုက်တယ်ဘဲမှတ်ရမပေါ့လေ……..

  • ကြောင်ကြီး

    July 25, 2012 at 10:57 am

    အဲဒီကောင်ကို ချုပ်တီးထိုးနှက် ပိတ်ကန်ပစ်ကွာ။ အေဗေး.. သူများသမီးပျိုဂလေးကို ပိုင်ဆိုးပိုင်နင်း ရည်းစားသနာ လုပ်ရတယ်လို့။ မင်းတို့ အထဲမှာနေပီး မိုးမမြင်လေမမြင် ပျော်မြူးနေဂျတော့ ငါတို့လို အဝေးရောက်နေသူတွေဂ သဂျီးကင်စားဖို့ နွားတွေလားကွ။

  • shwe kyi

    July 25, 2012 at 11:15 am

    ကောင်မလေးတွေရောပါကိုအလင်းဆက်ရေ။ မတ်တပ်ရပ်စီးနေပြီးအထုပ်အပိုးတွေများနေလို့နှစ်ယောက်ထိုင်ခုံမှာကောင်မလေးနဲ့ထိုင်
    နေတဲ့ကောင်လေးကအထုပ်ခဏယူထားပေးတာကိုမျက်စောင်းဒဏ်အကြိမ်တရာလောက်ခံခဲ့ရဘူးပါတယ်။
    နဂါးသာဆိုပြာဖြစ်လောက်ပြီ။

  • nigimi77

    July 25, 2012 at 11:38 am

    အဲသလို ငတ တွေ ကျုပ်လဲ တွေ ့ဖူးတယ် ။

    တဏှာရူးတော့ မဟုတ်ဘူး ။

    ငကြောင်တွေဗျ ။

    ပညာက မတတ် အရည်အချင်းက မရှိ စဉ်းစားတွေးခေါ်မှု နဲ တဲ့

    လူတွေပေါ့ ။ နောက်ပြီး မိန်းကလေး ဆီက လိုချင်တာ ရပြီးရင်

    ကြော်ခွသွားတတ်တာ အဲသလို ကောင်တွေက ပိုများတယ် ။

    လောလောဆယ်တော့ လိုချင်တာ မရသေးခင်မှာတော့

    ကာကွယ်ပေးသူကြီး တစ်ယောက်လို သူရဲကောင်းကြီးလို ပုံဖမ်းပြီး

    ကောင်မလေး ဆီက အမှတ်ယူနေတဲ့ ငကြောင်တွေပါ ။

    ကျုပ်ကတော့ အဲသဟာမျိုး ဆိုရင် ကောင်မလေးကို မရရအောင်ချိတ်တယ်

    :mrgreen:

    • etone

      July 25, 2012 at 2:04 pm

      သူများ ရည်းစား လိုက်ချိတ်ကောင်းလို့ …. ကွဲထားတဲ့ နှဖူးက ဒဏ်ရာလေးတောင် မပျောက်သေးဘူး …. ဗီဇက ပေါ်လာပြန်ပြီနော် …. အဟိ .. ။ 😛 😛

  • surmi

    July 25, 2012 at 11:56 am

    အဲဒီကောင်က ဆယ်ပြားလိုနေတာဟေ ့
    ကျုပ်လဲငယ်ငယ်ကဆို ကိုရင်နိဂိမိလိုဘဲ အရွဲ ့တိုက်မိမလားမဆိုနိုင်ဘူး
    ခုတော ့ ့ ့ ့။

  • နတ် ကလေး

    July 25, 2012 at 12:03 pm

    အလင်းဆက်တင်ပြရေးသား ထားတာ ဖတ်ရတော့ ခံစား တွေးခေါ်မှုရသကို ဖြစ်ပေါ်စေတာကြောင့်အနုပညာရသစာပေတစ်ခုဖန်တည်းမှုလို ့မြင်ပါတယ်။ဆရာ ကြီးဇော်ဇော်အောင် ရဲ ့ စာတွေကို ခုံမင်ကြိုက် နှစ်သက်တာကိုတွေ ့ရလို ့လည်း အလင်းဆက်ကို ကဗျာသမား စာသမား လို ့ဆိုချင်တယ်။ ကောင်း ပါတယ် ဆက်ရေးပါဦးလို ့

  • စိန်ဗိုက်ဗိုက်

    July 25, 2012 at 12:06 pm

    အဲလောက်တောင် အကဲပိုနေတဲ့ကောင်..
    ထောက်လှမ်းရေးနဲ ့တေ့ပေးလိုက်ချင်တယ်..
    🙂

  • myanmarcitizen

    July 25, 2012 at 1:10 pm

    သေချာတာတစ်ခုကတော့ ဒီကောင့်မှာ ရှားရှားပါးပါး ဒီတစ်ယောက်ပဲရဘူးလို့ဖြစ်ရမယ်။ နောက်လဲ သူ့အရည်အချင်းနဲ့ ရှာလို့မရနိုင်တော့ဘူး ဒါကြောင့် သူများကိုသဝန်လိုက်တိုနေတာ 🙂
    ကျွန်တော်ဆိုမှာထားတယ် မင်းဘေးနားကခုန် လွတ်ရင်ငါ့ကိုအတင်းကြီးခေါ်မထိုင်ခိုင်းနဲ့… အနီးဆုံး တစ်ယောက် ထိုင်ပစေ့လေလို့ (သူငယ်ချင်းကိုပြောတာပါဗျာ) 🙂

  • Min Lwin

    July 25, 2012 at 1:11 pm

    i think this is your issues, not that couple, and i have really no ideas why you got mad on such a situation. That very normal to protect his g.f, and it’s not your business either.

  • Ma Ei

    July 25, 2012 at 1:36 pm

    အလင်းဆက်ရေ…
    အရေးသားကောင်းတဲ့ ရသစာတစ်စောင်လိုဖတ်လိုက်ရပါတယ်…
    တစ်ကယ်ခံစားရတာဆိုရင်တော့ မေ့လိုက်ပါနော်…
    မိန်းကလေးချင်း ထိုင်နေရင်းတောင်
    ဘေးကကောင်က သူ့ကောင်မလေးကို အဲ့လို
    ဆွဲဖက်ထားတာမျိုး ကြုံခဲ့ရလို့ပါ…
    ဘာဖြစ်တာလဲ ဆိုတဲ့ အကြည့် မော့ကြည့်ခဲ့ပေမဲ့
    လက်မလျော့သွားပါဘူး…
    ဖက်ချင်လို့ကို ဖက်ကြတာတွေပါ…

  • jacky tun

    July 25, 2012 at 2:06 pm

    ထိုင်ပြိးသည်..နှင့်………………. သူ ့ရည်းစားကို….တင်းတင်း..ဖက်ပွေ ့ထားလိုက်သည် ။

    အဖွားအို ကို နေရာ….. ဦစားပေးဖို ့ထက်………..

    သူ ့ရည်းစားကို… ဖက်ထားခွင့် ရဖို ့က…. ပို အရေးကြီးပုံ..ရသည် ။

    စိတ်ထဲမှ… သူ ့ကို…. တဏှာ ရူး….ဟု…ခေါ်လိုက် မိသည်။ ကိုအလင်းဆက်ရေ နောက်ဆိုစိတ်ထဲကမခေါ်နဲ့ ပါးစပ်ကဖွင့်ပြောလိုက်ပေါ့နော် ပြီးရင်တခါထဲပြေးတော့ (အဟီးးးးးးးး) စာဖတ်ပြီးကိုယ်ချင်းစာမိပါတယ်

  • etone

    July 25, 2012 at 2:15 pm

    အလင်းဆက်ရေ ….ကျွန်မလည်း အဲ့ဒါမျိုး ကြုံဖူးပါတယ် …. ။ ပိုဆိုးတာက …. မိန်းမငကြောင်က သူ့အကောင်ကို သဝန်တိုတာပါပဲ … ။ စိတ်ထဲ တဖျင်းဖျင်းနဲ့ ခံရခက်လိုက်တဲ့အဖြစ် ၊ နှုတ်ကလည်း ပြောထွက်လို့ မဖြစ်တာကြောင့် …. အတော်ဆိုးဝါးတဲ့ ခံစားမှုမျိုးဆိုတာ ကိုယ်ချင်းစာပါတယ် … ။ အခုနေ ပြန်စဉ်းစားလျှင်တောင် ဒေါသစိတ်က ရှိတုန်းပဲ … ။

    ဒီဖြစ်ရပ်မှာ ကျွန်မထင်တာတော့ .. ဟိုငကြောင်က ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလို့ပဲ ဖြစ်ရမယ် … ။ ဒါကြောင့် သဝန်လိုက်တိုနေတာ … ။သူ့ချစ်သူအပေါ်လည်း .. မယုံသင်္ကာစိတ်သိပ်များလို့ဖြစ်မယ် … ကိုယ့်မျက်စိရှေ့တင် အသားချင်းထိနေတာ … ဘာများ ကျူးလွန်နိုင်မို့လဲ ……. ။ ကိုယ့်သိက္ခာကို ထိပါးတယ်ဆိုတာထက် …သူ့ခေါင်းထဲက အတွေး ဘယ်လောက်နိမ့်ကျတယ်ဆိုတာကို …. ပြသတယ်လို့ သဘောထားလိုက်ပါ …. ။

    အမြင်ကပ်ကပ်နဲ့ရွဲ့ပြီး ကိုယ်လုံးကြီးပါ စောင်းမှီပလိုက်ရမှာ .. 😛

  • Phaung Phaung

    July 25, 2012 at 3:14 pm

    အလင်းဆက်ရဲ့ … မိမိရဲ့အတွေးသဏ္ဍန်ကို ပေါ်အောင်ရေးနိုင်တဲ့အရည်အချင်းကိုချီးကျူးမိပါတယ်…။
    အလင်းဆက်ပြောသလိုပဲ …အဲဒီကောင်လေးကို တဏှာရူးလို့ထင်မိပါတယ်… အလင်းဆက်ရေးထားတာလေး
    ကို ဖတ်ရင်းနဲ့ပြုံးမိပါတယ် …. ဒီလိုပဲ …ကားပေါ်မရှောင် ၊ လူမြင်ကွင်းမရှောင် ဖက်ပြီးသွားလာနေကြတာတွေ
    မျက်စိရှက်စရာပါ… အခုခောတ်ကြီးကိုက အနှစ်မရှိတဲ့ ရေပေါ်ဆီတွေလိုပဲ စိတ်ဓါတ်တွေလည်း ပျက်ယွင်းနေ ကြပါပြီ… သည်းခံလိုက်ပါကွယ်။

  • snow white

    July 25, 2012 at 6:05 pm

    တို့အစ်ကိုရဲ့စိတ်ဓာတ်ကို သဘောကျသွားပြီ တကယ့်ကောင်းတဲ့စိတ်ထားနဲ့ ကားစီးတာဘဲ တော်ပါပေတယ်။။
    အဲ့နှာဘူးကောင်ကတော့ တနေ့သူလည်းဝဋ်လည်မယ် အဲ့နှာဘူးကောင်က လူကောင်းနဲ့တွေ့လို့ အဲ့လိုသဝန်တိုနေတာ သူလိုမျိုး နှာဘူးနှာဘူး ကောင်ခြင်းတွေ့မှ သူကောင်မလေးကိုသဝန်မတိုတော့မှာ ။။

    • စိန်ဗိုက်ဗိုက်

      July 25, 2012 at 6:08 pm

      ဟုတ်တယ်..ဟုတ်တယ်..
      🙂

  • cobra

    July 25, 2012 at 6:29 pm

    ကားစီးရင်ဖြစ်နေကျတွေပါ။
    တစ်ချို့မိန်းကလေးတွေဆိုလည်းအရမ်းဒေါသထွက်ဖို့ကောင်းတယ်ဗျ။
    ကားကကြပ်ညပ်နေတာကိုသူတို့ကိုထိရင်မကြိုက်ဘူး။
    တောက် ခေါက်တဲ့အထိပါကြုံဘူးတယ်။
    တစ်ချို့ကောင်လေးတွေကျပြန်တော့လည်း သူတို့ကောင်မလေးအတွက်ကာပေးနေတာ
    ဘေးလူကိုတစ်ဒေါင်နဲ့ထိုးနေတာလည်းသူတို့မသိဘူး။
    တစ်ကိုယ်ကောင်းစိတ်တွေများနေကြတာ……။

  • အလင်းဆက်

    July 25, 2012 at 6:59 pm

    အဲ………… တားတား… ရဲ ့ပိုစ့်ကို ဖတ်ပြီး… ဘယ်လိုတွေ..မန့်ကြမလဲ..ဆိုတာ..စိုးရိမ်နေတာ ။
    ဘာလို့လဲ..ဆိုတော့ တားတားက…. ခံစားချက်ကို အဆ… များစွာ…ချဲ ့ကား..ကြည့်ပြီး..ခံစား..ရေးဖွဲ ့လိုက်တာကိုး..။

    ခဲတံချွန်စက်ကိူ…မီးရထားစက်ခေါင်းတွဲ.ဖြစ်အောင်..ရေးထားသလို..ဖြစ်နေတော့လေ..။
    အဟိ ။ အခုတော့..တားတား ဘက်က … ကိုယ်ချင်းစာ.. ခံစားပေးကြလို ့..အားလုံးကို ကျေးဇူးပါ ။
    __________________
    ကျွန်တော့်ရဲ ချစ်သော..စာ ချစ်သူ များ.
    .( ရွာသူ ရွာသား..ညီ ၊ ကို ၊ မောင် နှမ များ.).အားလုံးလိုလို…လာဖတ်ကြ..၊ ခံစားလိုက်ကြတော့..
    ပျော် လိုက်တာ ။

    ဒီတော့ တစ်ယောက် ချင်းစီကို… ကျေးဇူးပါ…လို ့ပြောတယ်..မှတ်ပေးပါနော် ။
    ______________
    hi…. ko min lwin…

    yes , this is my issues,

    This problem is very easy for you .

    But this is really difficult…. for me .

    Because …. this is my own experience .

    Thank ….. for your comment .
    ______________________________
    အဲ… တတ်လည်း..မတတ်ပဲ.နဲ ့ ပြောမိပြန်ပြီ။
    အင်္ဂလိပ်စကားကို..ကြောက်ပေမယ့်… ပြော ကြည့်တာပါ ။ အဟိ ။
    _____________________________
    တီတီနု ရေ.. ဘတ်စ်ကားက မန္တလေး..က … ပုံ..ဖြစ်နေတာလား။ ကျွန်တော်လည်း..မသိပါဘူး။
    အင်တာနက်ပေါ်က ပဲ..ဘတ်စ်ကားတစ်စီးပုံ.. ဆွဲ ယူလိုက်တာပါ ။ တားတားကတော့..ရန်ကုန်မှာပါ.ဂျ။ ။အဟိ ။
    ___________________
    သူကြီး..မှ စ၍……………….. မန် ့ကြသူများ..ထဲတွင် …
    အရေးအသားကောင်းတယ်..လို ့ ပြောကြသူတွေ..ကိုရော…
    ကျွန်တော့် အရေးအသားကို..ခံစားချက် မိမိရရ..ခံစားသွားသူတွေကိုရော..
    အားလုံးကို ကျေးဇူးတင်တယ်..နော် ။
    ကျွန်တော်က…. အဲဒီ အဖြစ်ကို… တကယ် ကြုံ.ရတဲ ့ အချိန်ကတော့….
    ဘယ်သူ ့ ့ကို ဒေါသ ထွက်ရ မှန်းမသိ..ပေမယ့်..
    အခုတော့လည်း..
    စာတစ်ပုဒ် ချရေးဖြစ်လောက်အောင်…. တွန်းအားပေးခဲ့တဲ ့..
    အဖြစ်အပျက် တစ်ခု..ရှိခဲ့တယ်..ဆိုတဲ ့အနေအထားမှာပဲ .ထားခဲ့လိုက်ပါပြီ။

    စာရေး ချင်သူ..ဆိုတာကလည်း… ဘာလေးပဲ ကြုံ.ကြုံ… ရေးမယ်..တကဲ.ကဲ…လေ. ။

    သီးခံပြီး… ဖတ်ရှု..ခံစားပေးကြပါ…ချစ်စွာသော..စာချစ်သူ…မိတ်ဆွေတို ့ရယ်…နော် ။

    လေးစားစွာ..ခင်မင်…
    ကျေးဇူးတင်လျက်….
    alinsett.art@gmail.com

Leave a Reply