ဖတ်စေချင်ပါသည်

ပုံနှိပ်မှတ်တမ်း

မျက်နှာဖုံးပန်းချီ-မင်းကိုနိုင်
ဒီဇိုင်း. -အေးဖြူအောင်
ပုံနှိပ်ခြင်း. -ပထမအကြိမ်၊၂၀၁၂၊ဇူလိုင်လ
ထုတ်ဝေသူ. -ဦးချစ်ညွန် ့(ဇင်ရတနာစာပေ)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

စာရေးသူ၏အမှာ
ဤစာအုပ်ကို လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် ၁၉၈၈ နှစ်ကုန်ပိုင်း (စစ်အာဏာသိမ်းပြီးကာလ) စတင်ရေးခဲ့ခြင်းဖြစ်ပြီး၊အကြမ်းသဘော ဦးဆုံးအကြိမ်
ချရေးကြည့်ခဲ့ခြင်းဖြစ်ပါသည်။
နောက်ဆုံးစာမျက်နှာ(မခင်အေး ရထားစီးရင်းတွေးမောခန်း)သာကျနော် ၂၀၀၄နှစ်ကုန်
ထောင်မှ လွတ်မြောက်စဉ် ရေသန် ့ဗူးယဉ်ကျေးမှုကို မိတ်ဆက်ခံ စ,မြင် ငေးမော့လျှက်
ဤဝတ္တုအဆုံးသတ်အနေဖြင့် တစ်ခန်းရပ်ပေးခြင်းဖြစ်သည်။
ယခုပြန်ဖတ်ကြည့်ရာ ပြင်ဆင်စရာတွေ များလှချည်ရဲ့ ဟုမရိုးမရွ ခံစားရပါသည်။တစ်အုပ်လုံး စဆုံးပြန်ရေးချင်စိတ်လည်း အပြင်းအထန်ဖြစ်ပေါ်မိပါသေးသည်။
ခုရေး၊ခုထုတ် စာအုပ်မျိုးမဟုတ်ဘဲ အနှစ်နှစ်ဆယ်ကျော် သိမ်းဆည်းခံခဲ့ရ၍ ယနေ ့
မျိုးဆက်များ ဖတ်မိလျှင် ရှေးဆန်ပြီးငြီးငွေ ့ဖွယ်ဖြစ်နိုင်သလို၊ကျနော်တို ့ခေတ်ပြိုင်
(ရင့်ကျက်မျက်လုံး)များအတွက်လည်း မဖွယ်မရာ မလောက်လေးမလောက်စား နိုင်
ကောင်းနိုင်ပါလိမ့်မည်။
ကျနော် ပြင်ဆင်ရန် အခါခါ စဉ်းစားပါသေးသည်။
သို ့သော် (သတ်ပုံ သတ်ညွှန်းအချို ့မှလွဲ၍)တစ်လုံး တစ်ပါဒမျှ မပြင်ဆင်တော့ပါ။
အကြောင်းမူ ဤစာအုပ်သည် ၂၆နှစ်အရွယ် ကျောင်းတက်ဆဲ လူငယ်တစ်ဦး၏ ပွဲဦး
ထွက် ကြိုးပမ်းမှုဖြစ်နေခြင်းကြောင့် ကျနော့်ငယ်လက်ရာကို နဂိုရည်ပျက်မခံတော့ပါ။
၂၆နှစ်သား၏ လက်ရာသည် ဤရွေ ့၊ဤမျှသာ ဖြစ်ကြောင်း ကျနော်ကိုယ်တိုင် လက်ခံ

နိုင်၍တစ်ကြောင်း—–

ငယ်ရုပ်၊ငယ်သွင်တို ့မည်သည် အနည်းဆုံး အလှတစ်ခုတော့ ရှိစမြဲဟု ယုံကြည်သည်
ကတစ်ကြောင်း ကျနော် မပြင်ဆင်တော့ပါ။
တစ်နည်းဆိုသော်—–
တောရိုင်း ပန်းတစ်ပွင့်၏ ပွင့်ဖတ်ပွင့်ချပ်လွှာများကို မလှဟုယူဆပြီး ကပ်ကြေးဖြင့်
ကိုက်ညှပ် ပုံသွင်းပြုပြင်ခြင်းမျိုး မကျူးလွန်ဘဲ သဘာဝအတိုင်းပင် ခူး၍ ဆက်သလိုက်
ခြင်းဟုလည်း ကျနော်ခံစားမိပါသည်။

လေးစားလျှက်
မင်းကိုနိုင်

14 comments

  • Gipsy

    July 25, 2012 at 1:30 am

    ဖတ်စေချင်သည့်အတိုင်း ဖတ်လိုက်ပါသည် ခ မျာ …..။

  • ဇောက် ထိုး

    July 25, 2012 at 7:02 am

    ကျေးဇူးပါ… ဖတ်ဖြစ်မှာပါ.. ခုလဲဖတ်သွားပါတယ်။

  • သစ် တည်

    July 25, 2012 at 8:16 am

    ဖတ်ကိုဖတ်မယ် ဝယ်ဖတ်မယ်ဗျာ………..

  • မမ အညာသူ

    July 25, 2012 at 9:33 am

    ကျေးဇူးပါ
    ဆိုင်ရောက်မှဝယ်ရမယ်……….

  • ရှင်းသန့် နွယ်

    July 25, 2012 at 10:41 am

    ခုလဲဖတ်သွားပါတယ်…..ဖတ်ဖြစ်အောင်လဲဖတ်ပါအုံးမယ်

  • ahnyartamar

    July 25, 2012 at 11:12 am

    ဖတ်မယ်၊ ဖတ်မယ်၊ မြေနီကုန်း-ဂမုန်းပွင့်က today စာအုပ်တိုက်မှာ သွားဝယ်တာ ကုန်သွားတယ်တဲ့ဗျာ။

  • lynn lynn

    July 25, 2012 at 1:03 pm

    ဟုတ်ကဲ့။ ဖတ်ဖြစ်အောင် ဖတ်ပါမယ်။

  • jacky tun

    July 25, 2012 at 1:11 pm

    ကျေးဇူးပါ အခုကဗျာလေးကိုဖတ်ရတာနဲ့တင် စာအုပ်ကိုဝယ်ဖတ်ဖို့ဆုံးဖြတ်လိုက်ပါပြီဗျာ

  • may flowers

    July 25, 2012 at 1:58 pm

    ခုလည်းဖတ်သွားပါတယ်….အဲဒီစာအုပ်လေးကိုလည်း ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ့မယ်

    ကိုသန်းထွဋ်ဦးရေ။

  • etone

    July 25, 2012 at 2:30 pm

    ဖတ်ကြည့်စေချင်လျှင် … ဆိုဒ်ထဲမှာ စာပေဒါနပြုလိုက်ပါ … ဟီးဟီး … ။ :mrgreen:
    စာအုပ်ဆိုင်လည်း မရောက်ဖြစ်သေးတာရယ် .. လက်နဲ့ စာအုပ်ကိုင်ဖတ်တဲ့ အလေ့ကျင့်ကို တက္ကသိုလ်ပြီးကတည်းက စွန့်လွှတ်ထားတာရယ်ကြောင့် …….. ebook အဖြစ်ပေါ်ထွက်လာမယ့် အချိန်ကို စောင့်နေပါကြောင့်းးးးးးးးးးးးးးးးးးးးးးးးးး

  • အလင်းဆက်

    July 25, 2012 at 7:13 pm

    ဟုတ်တယ်..ဗျို ့… ဖတ်စေချင်တယ် ။ အဲဒီ စာအုပ်ကို ။ ကျွန်တော်ကိုယ်တိုင်လည်း..ဖတ်ချင်ပါတယ် ။

  • သန်းထွဋ်ဦး

    July 25, 2012 at 7:53 pm

    ဟုတ်ပါတယ် ရွာထဲက အကိုအမ၊ဆရာသမားတို ့ခင်များ—
    ဒီစာအုပ်လေးကို ကျနော်ကိုယ်တိုင်လဲ ဖတ်လို ့မပြီးသေးပါ။
    ဒီစာအုပ်မှာ အချပ်ပိုအဖြစ်ပါထည့်ပေးထားတဲ့“နှင်းဆီနီဥဒါန်း”
    ကဗျာလေး အတော့်ကိုတာသွားပါတယ်။နောက် ထူးခြားတာက
    စာရေးသူ ကိုမင်းကိုနိုင်ကိုယ်တိုင် မျက်နှာဖုံးပန်းချီရေးဆွဲထား
    ခြင်းပါ။
    ဒီစာအုပ်လေးထဲက ကျနော့်အကြိုက်ဆုံးအပိုင်းလေးတွေကိုလဲ
    အလျဉ်းသင့်သလို တင်ဆက်ပေးချင်ပါတယ်။
    ကျေးဇူးအထူးတင်ပါတယ်ဗျ။

  • မောင်ပေ

    July 25, 2012 at 9:03 pm

    ဟိုနေ ့က နံနက်ခင်း ဂျာနယ်ထဲမှာ ထင်တယ်
    ထုတ်ဝေသူကိုယ်တိုင်ကိုယ်က ကြိုသိနေတယ်တဲ့ဗျာ
    ကဗျာကလဲ အရမ်းကောင်းတာကိုး
    နောက်ကြည့်မှန် ဟာ ကိုမင်းကိုနိုင် ရဲ ့ဘဝတစ်ဝက်စာလောက်ပါဘဲတဲ့ဗျာ

  • ဇွဲမာန်(အင်းဝ)

    July 25, 2012 at 11:18 pm

    ဟုတ်ကဲ့ပါ ဖတ်မှာပါ

Leave a Reply