ကိုးကွယ်သူတို့၏ရွေးချယ်မှု

ကိုးကွယ်သူတို့၏ရွေးချယ်မှု

………………………………….

 

ယနေ့လူသားကမ္ဘာမှာမိမိတို့ကိုးကွယ်(မှိခိုဆည်းကပ်)ဖို့ရာဘာသာတစ်ခုကိုရွေးချယ်ကြသည်။ ထိုသို့ရွေးချယ်ကြရာဝယ်မိမိတို့မှန်ကန်သောရွေးချယ်မှုဖြစ်ရန်အလွန်အရေးကြီးလှပေသည်။ ဘာသာတရားဆိုပေမဲ့ပစ္စုပန်,သံသရာနှစ်ခုစလုံးအကျိုးစိပွားသက်ဆိုင်နေသည်မဟုတ်ပါလား
မိမိရွေးချယ်၍ကိုးကွယ်သောဘာသာသည်မိမိအတွက်တကယ်လိုအပ်သော(အကျိုးများသော)
ဘာသာတစ်ခုဖြစ်ဖို့လိုအပ်လှပေသည်။မိမိနှစ်သက်သောဘာသာဖြစ်လင့်စေကာမှု
မိမိအတွက်အကျိုးမများလျှင်ပယ်စွန့်နိုင်ရမည်။
ထို့အတူမိမိမနှစ်သက်သောဘာသာဖြစ်လင့်စေကာမှုမိမိအတွက်အကျိုးများမည်ဆိုပါက
ကိုကွယ်ဆည်းကပ်သင့်ပါသည်။
ယနေ့လူသားကမ္ဘာမှာဘာသာကြီးလေးခုရှိနေကြတယ်မဟုတ်ပါလား။
သို့ပေမဲ့သူတို့သူအတိုင်းတာနှင့်သူရှိနေ-
ကြပါသည်။ ထိုအထဲမှမိမိကိုးကွယ်ဆည်းကပ်မည့်ဘာသာဟာမိမိသူတပါးပစ္စုပန်,သံသရာနှစ်ဖြာသော
အကျိုးကိုပေးစွမ်းနိုင်ဖို့လိုပါသည်။ အများရောင်လို့လိုက်ရောင်နေရတာမျိုးမိမိတို့ရဲ့အုပ်ထိန်းသူ

မိဘ ဆရာသများတွေကရွေးချယ်ဆည်းကပ်ရတာမျိုးမဟုတ်ပဲ မိမိအသိဉာဏ်နှင့်ရွေးချယ်ဆည်းကပ်တဲ့ဘာသာ
တစ်ခုဖြစ်နေဖို့အင်မတန်လိုအပ်လှပေသည်။
မိမိရွေးချယ်လိုက်သောဘာသာတရားဟာလဲမိမိ သူတပါးအတွက်
ပစ္စုပ္ပန် သံသရာအကျိုးများစေရမည်။ ယနေ့ခေတ်တွေမှာတိုးတက်နေသောကာလဖြစ်သည့်အလျှောက်
အမျိုးမျိုးအဖုံဖုံစည်းရုန်းနေကြတာပင်၊
သို့ပေမဲ့မည်သည့်ဘာသာတရားကစည်းရုန်းသည်ဖြစ်စေ
မိမိကိုပိုင်၏ဉာဏ်ဖြင့်ဆုံးဖြတ်ကာမှန်ကန်သောဘာသာတစ်ခုရွေးချယ်ဆည်းကပ်မိဖို့ပါပဲ။ စာရေးသူမှတ်သားထားသောစာသားလေးလို
`မြှောက်တိုင်းလည်းမမြှောက်နဲ့၊ခြောက်တိုင်းလည်းမကြောက်နဲ့၊
ချော့တိုင်းလည်းမပျော့နဲ့၊`တဲ့ကောင်းလိုက်တဲ့စာသာလေးပါ၊
စာရေးသူငယ်ငယ်ကလည်းဒီစာသားလေးနဲ့ဘဲ
အကိုတစ်ယောက်ရဲ့ဆိုဆုံးမခံယူခဲ့ဘူးသည်။ ဆိိုလိုခြင်တာကဘယ်ဘာသာကပဲမြှောက်၍ဖြစ်စေ၊ခြောက်၍ဖြစ်စေ၊ချော့၍ဖြစ်စေ

စည်းရုန်းစေကာမှုမိမိကမမြှောက်မိဖို့၊မကြောက်မိဖို့၊ မပျော့မိဖို့ လိုပေသည်။ မိမိကိုးကွယ်ဆည်းကပ်ရမည့်ဘာသာကိုရဲရဲဝံ့ဝံ့ဖြင့်
ကိုယ်ပိုင်ဉာဏ်သုံးကာရွေးချယ်သင့်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့အားထားရာဖြစ်သော`မြတ်စွာဘုရား၏ကာလာမအမျိုးကောင်းသားတို့ကို
မိန့်ကြားတော်မူသောစကားတွေဟာကိုးကွယ်ဆည်းကပ်သူတို့ရဲ့
ဘာသာရွေးချယ်နည်းများကို
မိန့်ကြားထားတယ်။ မြတ်စွာဘုရားဟောတော်မူသောအဂုင်္တ္ထိုရ်ပါဠိတော်
ကေသမုတ္တိသုတ်တွင် ကာလာမအမျိုးနွယ်တို့၏မေးမြန်းမှုကိုအကြောင်းပြု၍မြတ်စွာဘုရား
သမာသမတ်ကျဆုံးသောဘာသာရွေးချယ်နည်းကိုဟောကြားတော်မူခဲ့ပါသည်။ ထိုဟောတော်မူအပ်သောအခြင်းအရာကိုအလေးနက်ထားပြီး
ဘာသာအယူဝါဒဘာသာရွေးချယ်သူ(မှန်ကန်သော)မိမိကိုယ်ပိုင်ဉာဏ်ဖြင့်
ဘာသာအယူဝါဒမရှိသူအားလုံးအတွက်ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။
မြတ်စွာဘုရားဒေသစာရီလှည့်လည်တရားဟောရာကေသမုတ္တိနိဂုံးသို
့အရောက်တွင်ကာလာမအမျိုးနွယ်များကသူတို့ဒေသသို့ ဘာသာရေးခေါင်းဆောင်အမျိုးမျိုးရောက်လာပြီးသူ့အယူဝါဒကကောင်းတယ်၊ငါ့အယူဝါဒ-
ကောင်းတယ်ဟုအသီးသီးဟောကြပြောကြသဖြင့် ဘယ်အယူဝါဒကောင်းတယ်ဆိုသည်ကိုမဆုံးဖြတ်နိုင်အောင်
ဖြစ်နေပါကြောင်းလျှောက်ထားကြသဖြင့်မြတ်စွာဘုရားကမည်သူ့ဘက်မျှမလိုက်သော
အကောင်းဆုံးဘာသာရွေးချယ်နည်းကိုယခုလိုဟောကြားတော်မူခဲ့ပေသည်။ ကာလာမအနွယ်တို့………
`သင်တို့သည်တဆင့်စကားကြားရုံမျှဖြင့်လည်း အမှန်ဟုမယူဆကြနှင့်၊
ကျမ်းဂန်နှင့်ညီတယ်ဆိုရုံဖြင့်လည်း အမှန်ဟုမယူဆကြနှင့်၊
ယုံကြည်လောက်သောဆရာဖြစ်သူ၏စကားဖြစ်ရုံနှင့်လည်း အမှန်ဟုမယူဆကြနှင့်၊
မိမိအယူဆနှင့်တိုက်ဆိုင်သည်ဆိုရုံဖြင့်လည်း အမှန်ဟုမယူဆကြနှင့်၊
အယူဝါဒတစ်ခုကိုလက်တွေ့ကျင့်သုံးကြည့်၍ မကောင်းကျိုးကိုဖြစ်စေသည်၊ မိမိ သူတပါးနှစ်ဦးသားကိုဆင်းရဲစေသည်။ ပညာရှိသူတို့ ကဲ့ရဲ့အပ်သည်ဆိုလျှင်ထိုအယူဝါဒကိုစွန့်လွတ်ကြကုန်လော့´ဟုမိန့်ကြားတော်မူခဲ့လေသည်။
ကိုးကွယ်ဆည်းကပ်မည့်ဘာသာရွေးချယ်သူတို့သည်ဗုဒ္ဓ၏ညွန်ပြချက်အတိုင်း
မိမိတို့ကိုးကွယ်သောဘာသာကိုမိမိတို့ကိုယ်ပိုင်ဉာဏ်တို့ဖြင့်စစ်ဆေးသင့်ပေသည်။ သို့မှသာတကယ်မှန်မှန်ကန်ကန်သောကိုးကွယ်ဆည်းကပ်သော
ဘာသာတစ်ခုဆီသို့ကိုးကွယ်ဆည်းကပ်နေလိမ့်မည်။အထက်က စာရေးသူပြောခဲ့သလိုအများရောင်လို့လိုက်ရောင်နေရင်တော့ မိမိဘဝအတွက်နစ်နာလှပေသည်။ လောကဓံခံရတာချင်းတူပါလျှက် သူမှာခံနိုင်ရည်ရှိ၍ ကိုယ့်မှာခံနိုင်ရည်မရှိသည်မှာမိမိအားထားဆည်းကပ်ရာသည်
မိမိကိုလုံလောက်သောစိတ်ဖြေဆည်နိုင်နည်းကိုမပေးစွမ်းနိုင်လို့ပင်။ မိမိကိုးကွယ်ဆည်းကပ်သောဘာသာ(သို့မဟုတ်)အားထားရာသည်
မိမိရှေ့မှမာမားမတ်မတ်ရပ်တည်နေမယ်ဆိုရင်အကြောက်တရားဆိုင်ရာအားလုံးကို
ထိပ်လန့်နေမည်မဟုတ်ပါ။ မိမိတစ်ယောက်ထဲမသွားရဲသောတောကြမ်းတစ်ခုထဲသို့အားကိုးထိုက်သော
အဖော်တစ်ယောက်နဲ့ဝင်မည်ဆိုကသွားရဲသည်ပင်။ မိမိနှင့်ပါသောအဖော်သည်မိမိ၏မိမိ၏ရှေ့မှမာမားမတ်မတ်ရပ်တည်၍
အားကိုရာကိုးကွယ်ရာဖြစ်သောကြောင့်မသွားရဲသောနေရာဖြစ်လင့်စေကာမူသွားရဲသကဲ့သို့၊
ထို့အတူလောကဓံခံရတာခြင်းတူစေကာမူမိမိကိုးကွယ်သောဘာသာတစ်ခုသည်
စိတ်၏ဖြေဆည်ရာနေရာကိုပေးစွမ်း၍မိမိရှေ့မှမားမားမတ်မတ်ရပ်တည်နေခဲ့သည်။
ကျွန်ုပ်တို့ပုထုဇဉ်လူသားတွေဟာကိုးကွယ်ရာတစ်ခုခုကိုရှာနေကြစမြဲပါ၊
အန္တရာယ်တစ်ခုခုနှင့်ကြုံတွေသောအခါတွေမှသာ သိသာထင်ရှားလှပေသည်။ ဘာမှမဖြစ်သေးရင်တော့ကိုးကွယ်ရာမရှိသူပမာကိုယ့်အသက်အန္တရာယ်နှင့်ကြုံတွေရပါက နတ်ကိုးကွယ်သူသည်နတ်ကိုတိုင်တည်ကြကုန်၏၊ဘုရားသခင်ကိုကိုးကွယ်သူတို့သည် ဘုရားသခင်ကိုတမ်းတတိုင်တည်ကြကုန်၏စသည် စသည်တို့ဖြင့်မိမိတို့စိတ်ထဲမှာကိုးကွယ်နေသည့်အထိုက်အလျှောက်
မိမိဘာသာတို့ကိုတိုင်တည်အတမ်းတကြကုန်သည်မဟုတ်လား။ ထိုသိုကိုးကွယ်ကြရာဝယ်မိမိဘာသာကမိမိကိုအကျိုးသက်ရောက်မှု့ပေးစွမ်းနိုင်သလဲဆိုတာ
ကိုယ်ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်ကာကိုးကွယ်တိုင်တည်ဖို့လိုအပ်လှပေသည်။
အမှန်တော့ဘယ်ဘာသာကိုပဲကိုးကွယ် ကိုးကွယ်မိမိ သူတပါးအကျုးိစီးပွားဖြစ်စေဖိုု့နှင့်၊မိမိကိုးကွယ်သည့်ဘာသာမှာ
တကယ်ကိုးကွယ်သောသူဖြစ်နေဖို့လိုပေသည်။ ဟိုဘာသာကောင်းနိုးနိုးဒီဘာသာကကောင်းနိုးနိုးနဲ့တော့ဘာအကျုးိထူးမှရလိမ့်မည်
မဟုတ်ဆိုတာကိုတော့ပြောကြားလိုပါသည်။
အမှန်တကယ်မိမိကိုယ်ပိုဉာဏ်ဖြင့်စီစစ်ဝေဖန်ဆုံးဖြတ်ကာဘာသာတစ်ခုကို ကိုးကွယ်တောမည်ဆိုလျှင်အမှန်တကယ်

ကိုးကွယ်သူဖြစ်ကြောင်းအထူးလိုအပ်လှပေသည်။ ယီးတိယားတားလုပ်နေလျှင်ဖြင့်ဘာမှအထူးအကျုးိစိပွားဖြစ်လာလိမ့်မည်မဟုတ်ဆိုတာ
ထက်ဆင့်စကားပြောကြားလိုပါသည်။ ဒါကြောင့်ယနေ့အချိန်မှစ၍အမှန်တကယ်ကိုယ်ပိုင်ဉာဏ်ဖြင့်
စီစစ်ဝေဖန်ဆုံးဖြတ်ကာကောင်းမှန်သောဘာသာတစ်ခုမိမိ သူတပါးအကျုးိစိပွားဖြစ်ထွန်းစေနိုင်သောဘာသာတစ်ခုဆီသို့
တကယ့်ကိုးကွယ်သူအဖြစ်ရပ်တည်နိုင်သူဖြစ်ပါစေကြောင်း
ဆုတောင်းပတ္ထနာပြုရေးသားလိုက်ရပါသည်….။ ။

4 comments

  • ဇောက် ထိုး

    July 25, 2012 at 7:25 am

    ဝင်ရောက်ဖတ်ရှုသွားပါသည်။ ပုံဇောက်ထိုး…

  • နေ ့သစ်/ ဘဝသစ်

    July 25, 2012 at 8:44 am

    ကောင်းပါသည် ။ အားပေးပါ၏။

  • Gipsy

    July 25, 2012 at 10:35 am

    ရှင်တော်မြတ်ဘုရား ဆုံးမပုံက –
    ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ
    ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
    မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
    တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊
    ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
    ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
    မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
    သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ လို့ မှာကြားတော်မူခဲ့ပါတယ် ။

    ပြီးတော့ ..
    တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

  • မိုးတိမ်

    July 25, 2012 at 11:01 am

    သာဓု၊သာဓု၊သာဓု ပါဗျာ။

Leave a Reply