မန်းဂေဇက်ချစ်သူများစာပေဆုအစီအစဉ်

padonmarJuly 26, 20121min100679

ကိုဘလက်ချော စလိုက်တဲ့ ဇာတ်လမ်းလေးပါ။မှတ်မိကြမယ်ထင်ပါတယ်။

ဂေဇက်မှာ တစ်လတာ တင်တဲ့ ပို့စ်တွေထဲက အကြိုက်ဆုံးတစ်ပုဒ် ရွေးပြီး စာပေဆုလေးပေးကြမယ်ဆိုတဲ့ အစီအစဉ်လေးပါ။

ဂေဇက်မှာ လက်သွေးကြတဲ့ ကလောင်တွေအတွက် မြေတောင်မြှောက်(အားပေး)ချင်တဲ့ စေတနာလေးနဲ့

ကျမတို့စုပေါင်း အကောင်အထည်ဖော်ကြပါမယ်။

လောလောဆယ်မှာ အစပျိုးတဲ့ အနေနဲ့ ကျမတို့(သက်ကြီး)လူကြီးပိုင်းတွေက ကိုယ်ကြိုက်တဲ့ ပို့စ်လေးတွေ

ရွေးပေးကြပါမယ်။

အခု ဖွဲ့ထားတဲ့အဖွဲ့လေးရဲ့ အဖွဲ့ဝင်တွေကတော့

၁။ Foreign Resident
၂။ ဦးဦး ပါလေရာ
၃။ ကိုပေါက် (မန္တလေး)
၄။ ကိုကြီးမိုက်
၅။ ကိုထူးဆန်း
၆။ ကိုနိုဇိုးမိ
၇။ ကိုလင်းဝေ
၈။ ကိုအင်ဇာဂီ
၉။ ဘလက်ချော
၁၀။ အရီးခင်လတ်
၁၁။ မပဒုမ္မာ
၁၂။ မမ
၁၃။ ဝေဝေ

တို့ဖြစ်ပါတယ်။

စွယ်တော်ရွက်ကလည်း အားလပ်ရင် ကူညီပေးပါလိမ့်မယ်။စိန်ဗိုက်ဗိုက်ကလည်း လုပ်အားပေးပါမယ်။

လူကြီးပိုင်းတွေထဲမှာ အသက်ငယ်သေးတဲ့ အင်ဇာဂီ နဲ့ ဝေဝေ ကိုလည်းထည့်ထားရတာကတော့

အသက်ငယ်ပေမယ့် အသိမငယ်သူတွေဖြစ်တဲ့အတွက် လူကြီးတွေထက် ပိုအကွက်စေ့စေ့ လှုပ်ရှားနိုင်မယ့် အပြင်

ရေရှည်မှာ လက်ဆင့်ကမ်းတာဝန်ယူပေးသွားနိုင်ကြမယ့် လူငယ်တွေ ဦးစီးတဲ့ အဖွဲ့လေးဖြစ်လာဖို့ ရည်ရွယ်ပါတယ်။

အားလုံးဘဲ ကိုယ့်အသက်မွေးဝမ်းကျောင်းကိုယ်စီကြားက မအားပေမယ့် ဂေဇက်ရေးသူဖတ်သူတွေအတွက်

စာကောင်းလေးတွေ အသိအမှတ်ပြုခံရရေး၊ပိုကောင်းတဲ့ စာပေတွေ ပေါ်ထွန်းလာရေး လုပ်အားနဲ့ အချိန်တွေ

ပေးကြမှာဖြစ်ပါတယ်။

ပို့စ်ရေးသူတွေထဲမှာ Professional level တွေဖြစ်တဲ့ ဆရာမ ဝင့်ပြုံးမြင့်၊ဆရာ ကိုပေါက်(မန္တလေး)၊ဆရာ

သူရဿဝါ၊ ဆရာထက်ဝေး၊ဆရာကမ်းဝေး(marblecommet)တို့ရဲ့ စာတွေဟာ အလွန်ကောင်းပေမယ့်

ကျမတို့ရဲ့အဆင့်နဲ့ အကဲဖြတ်ရမယ့် သူတွေ မဟုတ်တာကြောင့် နာယကနေရာမှာ ထားပြီး

အရွေးချယ်ခံစာရင်းထဲမထည့်တာကို နားလည်ပေးကြစေလိုပါတယ်။

Pro အဆင့်ဆိုတာကို ပုံနှိပ်မီဒီယာပေါ် ၁ဝ ကြိမ်ရောက်ဖူးတဲ့သူလို့ ကျမတို့က သတ်မှတ်ချင်ပါတယ်။

အခု အရွေးချယ်ခံထဲက သူတွေလည်း သတင်းစာ မဂ္ဂဇင်း ဂျာနယ်တွေမှာ ၁ဝကြိမ်ပါပြီးရင်တော့

ရွေးချယ်သူစာရင်းထဲ အားဖြည့်ပေးစေလိုပါတယ်။

မနောဖြူလေး ဆိုရင် မကြာမီ အဲဒီ စာရင်းထဲ ပြောင်းပေးရတော့မယ်လို့ မျှော်လင့်ပါတယ်။

ခုလိုရွေးချယ်တာဟာ အကောင်းဆုံးဆိုတာထက် ကိုယ်အနှစ်သက်ဆုံး၊အကြိုက်ဆုံးကို ရွေးကြတာဖြစ်တဲ့

အတွက်ကြောင့် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်။

(ကျမက လက်ဖက်သုတ်ကို အကြိုက်ဆုံးရွေးပေမယ့် နောက်တစ်ဦး အမြင်မှာတော့ ဒူးရင်းသီးလေးက

ပိုကောင်းတာ၊ဘာလို့များ မရွေးပါလိမ့်လို့ မြင်ချင်မြင်မှာပေါ့နော)

ဆုရွေးချယ်ပုံ အစီအစဉ်၊

ရွေးချယ်ရေးအဖွဲ့ဝင်တွေက ဒီတစ်လအတွင်း ကိုယ်ဖတ်မိသမျှထဲက အကြိုက်ဆုံး ၃ ပုဒ်ကို ရွေးပြီး ရေးသူအမည်၊

ပို့စ်နာမည် (Link ပေးရင်ပိုကောင်းပါတယ်)(ပထမ အကြိုက်ဆုံးကို ၃ မှတ်၊ဒုတိယ အကြိုက်ဆုံးကို ၂ မှတ်၊

တတိယ အကြိုက်ဆုံးကို ၁ မှတ်ပေးပေးပါ)နောက်တစ်လရဲ့ ၅ရက်နေ့ အမှီ(ဂျူလိုင်လ အတွက်ဆိုရင် ဩဂုတ်လ

၅ရက် မတိုင်မီပါ) mr.solakoko@gmail.com ကိုပို့ပေးစေလိုပါတယ်။

(ကျမကိုယ်ပိုင်အမှတ်ပေးမယ့် စနစ်ကတော့ အကြောင်းအရာဆန်းသစ်မှု၊တင်ပြပုံအရေးအသား၊

အများအကျိုးပြုရည်ရွယ်ချက်၊သတ်ပုံမှန်ကန်မှု နဲ့ လူအများကြိုက်မှု ပေါ်မူတည်ပြီး အမှတ်ပေးပါမယ်။

အခြားသူများကလည်း သူတို့ နည်းနဲ့သူတို့ပေးပါလိမ့်မယ်)

အချင်းချင်းလည်း cc ခံပြီးပို့လိုက်ရင် အခြားသူညွှန်းတဲ့ထဲက ကိုယ်မဖတ်မိတာလေးကို ပြန်ဖတ်နိုင်ပါတယ်။

(ဆုရွေးချယ်ရေးအဖွဲ့ဝင်တွေကလည်း အလုပ်ကိုယ်စီနဲ့ မအားလပ်ကြတာဖြစ်လို့ အကယ်၍များ မျက်စိလျှမ်းပြီး

ကောင်းတဲ့ ပို့စ်လေးတွေကို လွတ်သွားမှာတော့စိုးမိပါတယ်။ဒါကြောင့် စာဖတ်သူများကလည်း ကိုယ်သိပ်ကြိုက်တဲ့

ပို့စ်လေးများ ဖတ်မိရင် ဒီ အီးမေးကို Link လေး(သို့) ပို့စ်အမည်နဲ့ ရေးသူအမည်လေး ပေးပို့ပြီး

ဆန္ဓပြုပေးစေချင်ပါတယ်)

၁ဝ ရက်နေ့မှာ ပြန် review လုပ်ပြီး အကြိုက်ဆုံးပြန်ပို့ပေးပါ။

လစဉ် ၁၅ရက်မှာ အမှတ်အများဆုံး (ကြိုက်သူအများဆုံး) ပို့စ်ကို ဒီလရဲ့ မန်းဂေဇက်ချစ်သူစာပေဆုရ အဖြစ်

ကြေငြာပေးပါမယ်။

ဆုပေးမယ့် အစီအစဉ်

တစ်လ တစ်ကြိမ် ရွေးထားတဲ့ ဆုတွေကို နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ် တနင်္ဂနွေနေ့လည်မှာ ဆိတြ်ငိမ်တဲ့

(Privacy ရှိတဲ့) စားသောက်ဆိုင်လေးတစ်ခုခုမှာ ရွာသူားများပေါင်းပြီး ဆုပေးပွဲလေး ကျင်းပကြပါမယ်။

(ရဲစည်ရဲ့ ရသ စာပေဆု နဲ့ လု၊မှော်၊ဂီ၊ထူး တို့ရဲ့ ဓာတ်ပုံဆုလေးတွေပါ တပါတည်း ပေးကြရင် ပို ကောင်းမယ်လို့

မြင်ပါတယ်၊ရဲစည် နဲ့ ဓာတ်ပုံဆရာများရဲ့ ဆန္ဒလေးလည်းသိပါရစေ)

ဆု
ဆုအတွက် အဘဖေါက တစ်လ တစ်သောင်းပေးပါမယ်တဲ့။ အဘဆွေက တစ်နှစ်တစ်သိန်းပေးပါမယ်လို့ စေတနာ

ထက်သန်စွာနဲ့ အကြောင်းကြားလာပါတယ်။

ဆုရွေးချယ်ရေးအဖွဲ့(အိတ်ဆိုက်အင်တာပရိုက်စ)ကလည်း တစ်ယောက် တစ်လ ၃၀၀ဝစီ ပါဝင်ကြပါမယ်။

သဂျီးတို့ကလည်း အမှတ်တရအဖြစ် မန်းဂေဇက် လိုဂို နဲ့ Certificate တစ်စောင်စီ ပို့ပေးပါလိမ့်မယ်။

တစ်နှစ်လုံးရွေးထားသမျှထဲက သဂျီး အကြိုက်ဆုံးတစ်ပုဒ်ကို ရတနာပုံ ပုံနှိပ်သတင်းစာမှာ ဖော်ပြပေးပါလိမ့်မယ်။

စာမူခကတော့ သဂျီးသဘောပေါ့နော။

ဆုပစ္စည်းလေးကို မှတ်မှတ်ရရဖြစ်စေဖို့လည်းစဉ်းစားနေကြပါတယ်။( ကျောက်ပန်းချီ လုပ်ပါ အကြံပေးတဲ့သူ၊

ပန်းပုလုပ်ပါအကြံပေးတဲ့သူ၊

Printing on melamime plate ပန်းကန်ပြား၊ကြွေခွက်ပေါ်မှာ ဓာတ်ပုံ နဲ့ လိုဂို ပုံနှိပ်ဖို့

အကြံပေးတဲ့သူလည်းရှိပါတယ်။နောက်ထပ် အကြံရရင်လည်း ပေးကြစေလိုပါတယ်)

ဒီ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရွာသူားများရဲ့ အမြင်နဲ့အကြံလေးတွေလည်း ရယူချင်ပါတယ်။

79 comments

  • အဲလိုလေးတွေမြင်တော့ စာတွေရေးချင်စိတ်ပေါက်လာတယ်
    ခက်တာက စာတွေမရေးချင်ဘူးဖြစ်နေတယ်
    ဆုတွေတော့လိုချင်တယ်
    ခက်တာက ဆုရအောင် မရေးတတ်ဘူးဖြစ်နေတယ်
    ဆုပေးပွဲလဲ တက်ချင်ပါတယ်
    ခက်တာက ဆုလဲမရဘူးဖြစ်နေလို့ပါ

    🙂

    • စိန်ဗိုက်ဗိုက်

      July 27, 2012 at 11:27 am

      ကိုရှုံးရေ
      အကို ့ကို ပေါတာဟုတ်ဘူးနော်..
      နေရာဝင်ဦးတာ…ဟီး.ဟီး..

      အကုန် ကိုယ်စီ ပြောထားတာလေးတွေ ဒေါင့်စေ့ နေတော့ ကျော့်တွက် ပေါစရာ မစိတော့ပါဘူး..
      အဟမ်း…အဟမ်း..အဟွတ်..ဘွတ်.. (ချောင်းဟန် ့ရင်း အီးထွက်သွားသံ )
      ရွေးချယ်ပေးမည့် သူများခင်ဗျား..
      ရှာကြံပေါရရင်တော့ ဆုပေးမဲ့ ကာလကို တစ်လ သို ့မဟုတ် သုံးလ တစ်ခါလောက် ပေးစေချင်ပါတယ်.
      တစ်နှစ်ထိ မစောင့်နိုင်ပါဘူး.. ( ရမှာလဲ ဟုတ်ပဲနဲ ့ ဈေးဆစ်နေတာ 🙂 )

      လူတိုင်း နှစ်ကုန်ထိ စောင့်ဖတ်၊ ဝင်ကြည့် ဖို ့ မလွယ်ဘူးလို ့ထင်လို ့ပါ..

      ဥပမာ- ကျော့်ရဲ့ ဘီအီးပို ့စ်လေး အရွေးခံရတယ်ဆိုပါဇို ့၊
      ဆုယူခါနီးမှ အမေဒီကန် အပြီးပြောင်းရမယ်ဆိုရင် ဒီဆုနဲ ့ ကျော်လွဲရပါပြီကောဗျာ.. (ဒီလိုပဲ စိတ်ကူးယဉ်ကြည့်တာပါ ဂယ်တော့ ဒလ သွားပြီး ဆိုက်ကား ထွက်နင်းချင် နင်းနေရမှာ )
      ကျော်ပဲ ဆိတ်မရှည်လို ့လားမသိဘူး..တစ်နှစ်ထိတော့ စောင့်နိုင်ဘူးဗျို ့..အဲတာလေး.အဲတာလေး..

      စာရေးသူများခင်ညား..
      အူလေးတို ့လဲ ထုံးစံအတိုင်း
      ကော်ပီ၊ ကဗျာ၊ ကာတွန်း၊ သတင်း၊ အတင်း၊ ရုတ်၁ရက် ခံစားမိတာလေးတွေ၊ ဟိုစပ်စပ် ဒီစပ်စပ်လေးတွေ ကို
      အာရုံရတဲ့အခါတိုင်းတင်သွားနိုင်ကြပါတယ်..
      ရွေးမယ့်သူကတော့ အဲဒီအထဲကမှ (ရသ၊ ဝတ္ထု၊ ဆောင်းပါး စသဖြင့် )အကောင်းဆုံးလက်ရာလေးကို ရွေးပြီး အူးလေးတို ့ကို မိတ်ဆက်ပေးပြီး စာရေးသူကိုလဲ ချီးမြှောက်၊ မြေတောင်မြှောက် ပေးမှာလို ့ယုံကျီမိပါတယ်ခင်ဗျား..
      ချီးမြှောက်တာ ခံချင်ရင်တော့ ရေးရင်းစွဲ အရေးအသားကနေ ပိုကြိုးစားပြီး ရေးကြပါခင်ဗျား..
      ကြိုးစားရင် ကုန်နိုင်ပါတယ်..အဲလေ..ကြိုးစားရင် ဘော်ဘီစော်စာလေးကိုတောင် ရနိုင်ပါတယ်ခင်ဗျား…ဂိန်..ဂိန်..
      အဲဒါမှ မဟုတ် လက်မသွေးပဲ နဂိုတိုင်းပဲ ရေးသွားကြရင်လဲ ဘူမှ ၁ရားမစွဲပါဘူးခင်ဗျား.
      ဘီအီးအမူးမပြေသေးလို ့ ဒလောက်ပဲ ပေါခွင့်ပုပါခင်ဗျား..

      အစီအစဉ်စဖြစ်ရင်တော့ ဆုံးသိတိုင်အောင် ထိန်းသိမ်း သွားဖို ့လိုသဖြင့် ရွေးချယ်ချီးမြှောက်ပေးမည့် လူဂျီးမင်းများ အနေနဲ ့လဲ
      အထူး၁လည် အကြေအလည် ဆွေးနွေးတိုင်ပင် ညှိနှိုင်း ဆင်းစား ဆုံးဖြတ်ကြပါဦးလို ့ ကျော် အူးဗိုက်မှ ၁ဒိပေးလိုက်ပါရစေခင်ဗျား.
      ကိုယ့်အားလပ်ချိန်ထဲက ဖဲ့ပြီး စောင့်ကြည့်၊ ရွေးချယ်ရမှာမို ့ မလွယ်တဲ့ ကိတ်ဆဖြစ်လို ့ အကျန်ပေးရခြင်းလဲ ဖြစ်ပါတယ်ခင်ဗျား..
      ဘာပဲ ဖစ်ဖစ် လုပ်ဖြစ်ရင်တော့ လက်ခုပ်တီး အားပေးပါကြောင်း ထပ်လောင်း ပေါကျား လိုက်ပါရစေခင်ဗျား…။

  • padonmar

    July 26, 2012 at 9:52 pm

    ရှုံးလူရေ
    ရေးချင်စိတ်ပေါ်ရင်ရေးသာရေးချလိုက်ပါ။အရင်က ရှုံးလူရေးတာတွေ အန်တီတို့ စောင့်ဖတ်ခဲ့ရတာဘဲ။

    ဟိုသီချင်းလေးလိုပေါ့
    လှလို့ချစ်တာမဟုတ် ချစ်လို့လှတာပါ ဆိုတာလို။
    ဆုရဖို့ရေးတာမဟုတ် ရေးရင်းနဲ့ ဆုရတာပါ။(ကြောင်ဝတုတ်လေ)

    …..
    ကိုဘလက်ကိုပေးထားတဲ့ ကတိအရ ပို့စ်လေးရေးတင်လိုက်ပါတယ်။
    ကျမ မအားလပ်လို့ ရွာထဲမဝင်ဖြစ်ရင် ဒီအကြောင်းဆွေးနွေးလာကြတဲ့ သူတွေကို ရွာသူားဟောင်းတွေက ကျမရဲ့ authority တောင်းမနေဘဲ
    ဝင်ဆွေးနွေးပေးပါလို့ အကူအညီတောင်းပါတယ်။

  • သန်းထွဋ်ဦး

    July 26, 2012 at 10:22 pm

    မမပဒုမ္မာရေ လက်က ရေးမထွက်ပါဘူး။ကျောက်ခဲရေညှစ်ဖြစ်နေပါ၏။

  • nature

    July 26, 2012 at 10:29 pm

    ပေးတဲ့ဆုက ပန်းကန်ပြားပေါ်မှာ မန်းဂေဇက်လိုဂိုနဲ့ ဆုရတဲ့သူပုံ ဘယ်ပိုစ့်နဲ့ရတယ်ဘယ်နှစ်ဘယ်လကရတယ် စသည်ဖြင့်ပါရင်ကောင်းမလားလို့။ ပေးတဲ့ဆုမှာ မန်းဂေဇက်သင်္ကေတ လေးတခုတော့ ထည့်ရင်ကောင်းမလားလို့။ ဆုမရပေမဲ့လည်း ဆုပေးပွဲမှာမှန်မှန်လာစားပါမယ်။ 🙂

  • pooch

    July 26, 2012 at 10:48 pm

    ရွာထဲနေတာ ၁ နှစ်ကျော်ပြီ ။ စာက ၁ဝ ပုဒ်ကျော်လားပဲ ရေးဖြစ်တယ်။
    မအားတာလည်းပါတယ်။ ပျင်းတာ၊ ဖျင်းတာ လည်း ပါတယ်။ စိတ်ထဲ ပြင်းပျတဲ့ ခံစားချက်မရှိရင် ဘယ်လိုရေးရေး ရေးမထွက်ဖူး။ စာရေးကျင့်လေး လုပ်ပါအုန်းမယ် ။

    ရေးနိုင်သူတွေအားလုံးကို အားကျတယ်။ လောလောဆယ်တော့ ကိုကမ်းကြီးရဲ့ စကားလုံး အသုံးတွေ ကို အားကျနေပါတယ်။

    ခုလုပ်တဲ့ အစီအစဉ်လေး ကောင်းပါတယ်။ လူကြီးတွေ သင့်သလို စီစဉ်ကြတာမို့ ဘာမှ ပြောစရာမရှိပါဘူး။
    ကိုယ်တိုင်စာမှန်မှန်ရေးနိုင်အောင်ပဲ ကြိုးစားပါ့မယ် ဒေါ်ဒေါ်။

    • surmi

      July 26, 2012 at 11:41 pm

      ကျနော်ဝင်ကာစမှာ ဒေါ်ပုချ် ကအလွန်ရေးဖြစ်တယ်လို.ထင်ပါတယ် ။
      မှတ်မှတ်မိမိ ကျနော်တောင်မှ ဝင်မန် ့ဘူးသေးတယ် ။
      ကျနော်လည်းပျောက်လိုက်ပေါ်လိုက်ဖြစ်နေရတာ …..ဒေါ်ပုချ်ကို သမိုင်းတွေ တွေးနွေးပွဲ
      တွေနဲ.တွဲပြီးသိနေတာ ။ ပုဂံ ဓတ်ပုံတွေတစ်ညလုံးမအိပ်ဘဲတင်သွားတာ ဒေါ်ပုချ် မဟုတ်လား

  • ဇွဲမာန်(အင်းဝ)

    July 26, 2012 at 10:50 pm

    စိတ်တော့ဝင်စားလာပြီ……..

  • surmi

    July 27, 2012 at 12:00 am

    အစ်မပဒုမ္မာရေ …..
    ဆုမရလည်းကျွေးမယ်မဟုတ်လား …. ကျနော်တော.လာစားဖို.ပြင်ထားပြီနော် …။
    ဒါမှ လေးစားချစ်ခင်ရတဲ. ရွာသူားတွေကို တပြိုင်နက်တွေ့ရမှာ ……….
    တစ်ခုလေးအကြံပြုချင်ပါတယ် ………ဆုရတဲ. ပို့စ်လေးတွေကို ပရင့်ထုတ်ထားပြီး ဆုပေးပွဲလာတဲ့သူတွေ
    ကိုဝေပေးရင်ကောင်းမလားလို့ …..ပို့စ်အဟောင်းတွေကပြန်ရှာရခက်ပြီး ၊ မဖတ်ရသေးတဲ.သူတွေအတွက်
    လွယ်လွယ်ဖတ်နိုင်မလားလို့လေ …………။ နောက်ပြီး ….ဆုရပို့စ်ကိုကြေငြာရင်းနဲ. စကာတင်ရွေးချယ်
    ခဲ့ကြတဲ့ ပို့စ်လေးတွေ တစ်ချို.ကိုပါကြေငြာပေးရင်ကောင်းမလားလို့ ။ဒါမှ …စကာတင်ဝင်တဲ.သူတွေလဲ
    အားတက်မယ်ပေါ ့ …။ ပြီးတော့ ….ရွေးချယ်လိုက်တဲ့ ပို့စ်ရဲ ့ ထူးထူးခြားခြား နှစ်သက်စရာအရေးအသား
    အကြောင်းအရာ လေးတွေကိုလဲ ဟိုင်းလိုက်လုပ်ပြီး ရွေးချယ်ရေးအဖွဲ ့ထဲက တစ်ယောက်ယောက်က
    ပြန်လည်ဆွေးနွေးပေးရင် ဖတ်မိတဲ.သူလဲပညာရ ၊ လိုအပ်တာတွေလည်း ပြင်ဆင်နိုင်တာပေါ ့ ။
    ဆုကတော. ဘာဖြစ်ဖြစ် ကောင်းပါတယ် ။

  • pan pan chit

    July 27, 2012 at 12:03 am

    အန်တီရေ
    အနော်ကတော့ ဆုရဖို့မမှန်းပါဘူး
    ရအောင်ရေးနိုင်တဲ့ နှလုံးသားလည်းမရှိလို့
    ဒါနဲ့ ဆုမရလည်း ဆုပေးပွဲကိုလာလို့ရလားဟင်
    အကျွေးအမွေးလေးလာစားပြီး ဆုရတဲ့လူတွေကို ဂုဏ်ပြုချင်လို့ဘာာာာ :mrgreen:

  • htoosan

    July 27, 2012 at 5:27 am

    နိုင်ငံခြား ရောက်နေသူတွေရဲ့ စာလည်း ပါတယ် မဟုတ်လား အန်တီ .. ကျွန်တော့် အတွက်တော့
    ကြိုက်တာတွေ များ နေတော့ နံကြားထောက်ရ မို့လို့ စိတ်ဆိုးကြနဲ့နော် …. 😀 😀 😀 :mrgreen:

  • YE YINT HLAING

    July 27, 2012 at 6:35 am

    ကျွန်တော် ကတော့ ဒီလ အတွက် ရတနာသိုက် ကို တရွာလုံး ဝိုင်းရှာနေတာ ကြိုက်ပါတယ် ။

  • Foreign Resident

    July 27, 2012 at 7:36 am

    မ padonmar ရေ ။

    အဘလည်း ရန်ကုန်ကို Jan လလည်လောက် လာဖို့ ချိန်ထားပါတယ် ။
    အဘ လာတဲ့အချိန်နှင့် ဆုပေးပွဲ အချိန် တိုက်ဆိုင်ရင်တော့ ၊
    ဆုပေးပွဲမှာ ရွာသူားတို့ကို ကျွေးမွေးဖို့ ကုန်ကျ စားရိတ်ရဲ့
    အနဲဆုံး တစ်ဝက် လောက်ကိုတော့ အဘ ထောက်ပံ့နိုင်ပါတယ်ကွယ် ။

    ဟဲဟဲ ၊ တစ်ဝက် လို့ပြောရတာက ၊
    တော်ကြာ ကုသိုလ်တွေကို အဘ တစ်ယောက်ထဲ ၊
    မောင်ပိုင်စီးသွားတယ်လို့ ဝေဖန်ခံရမှာ စိုးလို့ပါ ။
    အပြည့်ကျခံပေးရမယ် ဆိုရင်လည်း ၊ ရပါတယ်ကွယ် ။

    ပြီးခဲ့တဲ့ November အခေါက် ပွဲတုန်းကလိုပဲ ၊
    ဟိုတယ်မှာပဲ နေ့လည်စာ ဘူဖေး ကျွေးရင် ကောင်းမလား ။
    တိုင်ပင်ကြည့်တာပါ ။ စဉ်းစားကြတာပေါ့ ။

    • manawphyulay

      July 27, 2012 at 3:11 pm

      ဟီး ကောင်းတယ် အဘဖော အရင်တစ်ခါလိုပဲ ကျွေးလေနော်… အဝတီးလို့ စားကောင်းတယ်… ပြန်တောင် သတိရလာမိပြီ။

      အန်တီပဒုမ္မာနော် … မီးမီးက ခုမှ စရေးဖို့ ပြင်နေတာ ဘယ်စာရင်းထဲ ထည့်တော့မလို့လဲ… ဟင့် ဟင့်… ဘာရေးရမှန်းတောင်မသိဘူး။ ရေးတတ်ပါဘူးဆို…

  • Solid_Sn@ke

    July 27, 2012 at 8:23 am

    ဟုတ်… အန်ကယ်ဒုံ ရေ … ကျနော်ဟိုဘက်ပိုစ့်တခုမှာ မေးဖြစ်တာလေး ရယ်
    တခြား စိတ်ထဲ မရှင်းတာလေးရယ်…ပြန်မေးချင်သေးရဲ့ …
    (လျှာရှည်တယ်ဆိုပီး ခေါင်းခေါက်ချင်မှာ သိပေမယ့် …ဟီး..)

    ၁။
    သည်လိုပါ ..ကိုယ်ဘာကိုရွေးတယ် ဆိုတာကို .. (ထားပါတော့ ကိုယ်နှစ်သက်တဲ့
    ပိုစ့်အောက်မှာ …ကျုပ်တော့ ဒါကို ရွေးလိုက်တယ်ဗျာလို့ ရေးခွင့်ပြောခွင့် ရှိမရှိ)
    ဆိုတာလေးပါ.. ။ သည်လူအချင်းချင်းကြားမှာပဲ သိခွင့် ပြောခွင့်ရှိမလား …။
    ဒါမှမဟုတ်.. အဲ့လို public လုပ်ခွင့်ရှိမလား ..ဆိုတာလေး တိုင်ပင် ဆုံးဖြတ်စေချင်ပါတယ်…။

    ၂။
    သည် ရွေးချယ်ရေး အဖွဲ့က လူတွေ ရေးတဲ့ ရေးမယ့် စာတွေကိုရော ထည့်ရွေး မရွေး
    ဆိုတာလေးလည်း မရှင်းဘူး ဖြစ်နေပါတယ်…။ ကျနော့်သဘောကတော့ …
    အန်ကယ်ဒုံ ဆိုခဲ့တဲ့ ပရို မပရို ဆိုတာလေးနဲ့ ပါတ်သတ်ပြီး နည်းနည်း ဆွေးနွေးချင်ပါတယ်..
    ဟိုတလောက မစိတ်ဖွေးလေး ရေးတဲ့ စာလေး အတော်ကောင်းပါတယ်… အဲ့သည့်လ
    အကောင်းဆုံးတောင် ဖြစ်ချင်ဖြစ်မှာပါ. … ပရိုတန်း ဆိုပြီး ..မရွေးဘဲ ..သူ့လောက်မကောင်းတဲ့
    စာတစ်ပုဒ်ကို ရွေးကြမလား … ။ ဟိုတလောကပဲ ကိုသာ ဆိုတဲ့ (စာရေးတာ ကြာမကြာ ကလောင်သစ်ဟုတ်မဟုတ် မသိပေမယ့်) ရွာသားသစ် တစ်ယောက်ရေးတဲ့ စာ အတော်
    ကောင်းပြန်တာတွေ့ရပြန်ပါတယ်..အနှီကာလအတွင်း အခြား ပရို တွေတင်တဲ့ စာတွေထက် …
    သာကောင်း သာမှာဖြစ်ပါတယ်… နောက်ထပ် မမေ့စကောင်းတာကတော့ ကိုဆန်းလှကြီး ပါ..
    စာရေးဆရာ တယောက်လား ..ပုံနှိပ်ဖော်ပြဖူးခံ ဘယ်လောက်ရှိသလဲ မသိပေမယ့် …
    သူအထူးပြုတဲ့ ဘာသာရပ်ဘက်မှာ ပရိုတယောက်ဖြစ်ချင်ရင် ဖြစ်နိုင်တဲ့ အဆင့် လက်လို့
    မြင်ပါတယ်.. ပရိုမဟုတ်ဘူး ဆိုချင်ဆို …ဖက်တီးကတ် တို့ ကိုကြောင်လေး တို့ ရဲ့ လက်ဆ
    ကိုလည်း တွက်မိမယ် ထင်ပါတယ်…။ သည်တော့ …ပြောချင်တာက ပရို မပရို မခွဲစေလိုတာပါပဲ …။
    ဘယ်သူပဲရေးရေး … မန်းဂေဇက်ရဲ့ အကောင်းဆုံးသော ပိုစ့် ဆိုတာကို ရွေးချယ်မိချင်ပါတယ်.
    သည်ရွေးချယ်ရေးအဖွဲ့ထဲမှာလည်း … သဒ္ဒါဖောက်လိုက် စာရေးနည်း ဖောက်လိုက်…
    ကပျက်ကချော်ပြောလိုက် လုပ်နေတဲ့ ကျနော် တယောက်ကလွဲရင် ကျန်သူတွေအားလုံးဟာ
    စာအရေးကောင်းသူတွေမို့ …သည်လူတွေရေးတဲ့ ရေးမယ့် စာတွေကိုလည်း ထည့်ရွေးချင်ပါတယ်
    အထက်မှာပြောခဲ့သလိုပါ … တကယ်ကောင်းတဲ့ ပိုစ့်ကို နံပါတ်၁စွဲစေချင်တဲ့ စိတ်သက်သက်ပါ..
    ဘယ်သူရေးတယ်ဆိုတဲ့ အစွဲချွတ်လို့ပေါ့ …။ ရွာ့ စာပေအဆင့်အတန်း ..ရွာ့ စာရေးသူတွေရဲ့
    လက်အဆင့်အတန်းဟာ ..လက်ရှိPro Best Seller ရွာထဲ လာဝင်ရေးရင်တောင် …လတိုင်းတော့
    ၁မစွဲလောက်ပါဘူးလေ …ဆိုတဲ့အနေအထားလောက်မှာ ရှိတယ်ဆိုတာ ပြောရဲပါတယ်…။
    ဟိုတလောကတင် အပေါ်က အဘဖော ရေးတဲ့ အလွန်အောင်မြင်တဲ့ ပိုစ့်တခု ရွာမှာ မွေးဖွားခဲ့
    သေးတယ်မဟုတ်လား ..။ သည်တော့ .. ပြောဆက်ဆွဲရရင် … ပရိုတွေ ပါလာမယ်ဆိုရင်…
    သည်ရွေးချယ်ရေး အဖွဲ့ ဆိုတာက နည်းနည်း ပြောစရာ ဖြစ်လာပါပြီ…။ဆိုလိုချင်တာ ..
    ပရိုတွေပိုပြီး ရွေးချယ်ရေးထဲ ပါစေချင်… ပူးပေါင်းစေချင်မိတာပါပဲ…။

    ၃။
    သည်တော့ … ရွေးချယ်ရေးအဖွဲ့ ဆိုတာကို ပြန်သုံးသပ်ရရင် ..လူကြီးတွေ ကောင်းမယ်
    သင့်တော်မယ် ထင်လို့ လုပ်ထားတာဖြစ်လို့ ..ကျနော် စောဒကတက်စရာ မရှိပေမယ့်
    ဟိုလူ ပါသင့်တယ် ..သည်လူ မပါသင့်ဘူး စောဒက တက်တဲ့/ တက်မယ့် လူ ရှိနေ/ ရှိနိုင်မှာက
    တကြောင်း… နံပါတ်၂ရဲ့ အဆုံးသတ်မှာ ရေးထားသလို ပရိုတွေ ပိုပါစေချင်မိ..(သို့သော်…
    ဖတ်ပေးနိုင်မလား ..လုပ်ပေးနိုင်မလားဆိုတဲ့ သူတို့ဘက်က အနေအထား ကို မသိသေး)
    အဆိုပါအကြောင်းကြောင်းတွေကြောင့် … သည်အဖွဲ့ကို ရွာသူား အပေါင်းဆီမှာ သဘောထား
    ပြန်လည်ခံယူပြီး ရွေးချယ်တင်မြှောက်စေလိုတာပါပဲ …။ (ဒီမို လည်းပိုကျသွားသပေါ့ဗျာ..)

    ၄။
    ကျနော့်အနေနဲ့ကတော့ ..ကိုဘလက် လှမ်းလက်တို့ကတည်းက ဟုတ်ကဲ့အစ်ကို
    ကောင်းမယ်ထင်ရင် စီစဉ်ပါ ..ကျနော် တတ်စွမ်းသရွေ့.. ပူးပေါင်းပါ့မယ် ပြောခဲ့ပါတယ်…။
    ကျနော် က ကိုယ့်ကိုကိုယ်မပိုင်တဲ့ ဘဝ ဖြစ်နေလေတော့… တချို့ ကာလတွေ ..ကျနော်
    ပျောက်ကောင်း ပျောက်နေနိုင်ပြီး … တာဝန်မကျေပြွန်နိုင်တာ ..မလုပ်နိုင်တာတွေရှိလာနိုင်ပါတယ်။
    (ခုတောင် …ကိုယ့်ကိုကိုယ် အင်တာနက်မသုံးရတဲ့ တင်းကျပ်တဲ့ ..ကျွန်းတစ်ကျွန်းကို ၆လလောက်
    ရောင်းမလိုဖြစ်ခဲ့ပြီးမှ ..နောက်မှ လူပြောင်း သွားခဲ့တာပါ ..သီသီမှ သီသီလေးရယ်…)
    ဆိုလိုချင်တာက အဖွဲ့ ရယ်လို့ ဖြစ်လာရင် …သည်အဖွဲ့ထဲက မန်ဘာတွေ ..လူမှုရေး စီးပွားရေး
    ..ကျန်းမာရေး စတဲ့ အရေး တခုခုနဲ့ …တာဝန်မယူနိုင်ရင်.. ရွာထဲမဝင်နိုင် မဖတ်နိုင် မမန့်နိုင်ရင်…
    ဘယ်လို စီစဉ်ထားတယ် ဆိုတာလေး ဆွေးနွေးချင်ပါတယ်…။ ဆိုပါတော့ ကျနော် သည်လ
    ပျောက်နေတယ်.. ကျနော် မပါဘဲ ..ကျန် ၁၂ယောက်ရဲ့ မဲနဲ့ .. သွားမှာလား ..ဒါမှမဟုတ်…
    အစားထိုး ဘယ်သူဘယ်ဝါ ရဲ့ မဲကိုဖြည့်မလား .. ဆိုတာမျိုးပါ..။ နောက်ပြီး ယခုကနေစလို့
    အသစ် အသစ် ပေါ်ထွန်းလာလတံ့သော စာအရေးကောင်းသူတွေ ..ရှိလာ ဝင်လာမှာမို့ …
    အဖွဲ့ကို ဘယ်နှစ်လ (ဝါ) ဘယ်နှနှစ် တခါ .. ပြန်လည် ရွေးချယ်မယ် ဆိုတာလေး..လည်း…
    ဆွေးနွေးကြစေချင်ပါတယ်။ ပြောရရင် ဒါဟာ ရွေးချယ်ရေးအဖွဲ့ ရဲ့ ပေါ်လစီ ပိုင်း ဖြစ်ပါတယ်…။

    ပြောချင်တာတွေကို ဖြစ်စဉ် ဖြစ်ရပ် အလိုက် …၁-၂-၃-၄ ရေးထားပေမယ့် ..တကယ်တမ်း
    လုပ်ရမှာကတော့ ၄-၃-၂-၁ ဖြစ်ပါတယ် ..။

    ၄။ မူဝါဒ
    ၃။ ဖွဲ့စည်းပုံ
    ၂။ ဘောင်
    ၁။ ထုတ်ပြန်မှု (ဝါ) ပွင့်လင်းမြင်သာမှု
    အဲ့ဒါလေး ပြန်ချိန်စေချင်ကြပါကြောင်း…။

    ခင်တဲ့…
    စနစ်တကျနဲ့ ရေရှည် တည်တံ့စေချင်တဲ့…
    ဂီ

    • အရီးခင်လတ်

      July 27, 2012 at 7:04 pm

      { ကိုဆန်းလှကြီး ပါ..}
      ကိုစံလှကြီး။ 🙂

  • blackchaw

    July 27, 2012 at 9:06 am

    ဂီဂီ ပြောသွားတာလေး တော်တော် ပြည့်ပြည့်စုံစုံ ရှိလှပါတယ်ဗျာ..။
    ရွေးချယ်ရေးအဖွဲ့မှာ ထပ်ထည့်သင့်တဲ့လူတွေကိုတော့
    အားလုံးဆန္ဒအတိုင်းပါ ခင်ဗျာ…။
    ကျွန်တော့်အနေနဲ့ကတော့ ဘယ်သူတွေပါသည်ဖြစ်ပါစေ..
    ဒီဆုရွေးချယ်ရေးလေးကို လုပ်ဖြစ်အောင် ဆက်လုပ်ကြစေချင်ပါတယ်..။
    ဖြစ်သင့်တယ် ဖြစ်ချင်တယ် ဆိုတာတွေကို
    ဒီပို့စ်မှာ တစ်ခါတည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ..။

  • mamanoyar

    July 27, 2012 at 9:15 am

    အရမ်းကိုစိတ်ဝင်စားပါတယ်
    တစ်ခါလောက်တော့ မန်းဂေဇက်ကို ဆုကို
    ရယူချင်မိပါတယ်ရှင်

  • ညလေး

    July 27, 2012 at 9:43 am

    ညလေးတို.တော့…စာ လည်းကောင်းကောင်းမွန်မွန်မရေးတတ်တော့….
    ပရိတ်သတ်ပဲလုပ်တော့မယ်………

  • ကြောင်ဝတုတ်

    July 27, 2012 at 9:44 am

    အန်တီပဒုမ္မာရေ…

    ကျွန်တော်တစ်ခုလောက်ဆွေးနွေးပါရစေနော်…
    အခု စာပေဆုကိုရွေးချယ်ရာမှာ ပါဝင်ထားတဲ့ပုဂ္ဂိုဟ်(၁၃)ယောက်အကြောင်းကို အရင်ဆုံးဆွေးနွေးပါ့မယ်နော်…
    အဲဒီ (၁၃)ယောက်က ဂေဇက်ရွာမှာစာရေးကောင်းကြသူများလို့ပြောရင်လဲမမှားသလို သူကြီးရဲ့ Editor Choice ခဏခဏရဖူးကြသူတွေပါ…
    အဲဒီတော့ အဲဒီလူတွေမပါပဲနဲ့ စာပေဆုကိုရွေးချယ်ကြမယ်ဆိုကြပြန်တော့ ပြောစရာတွေအများကြီးဖြစ်လာသလို… စာပေဆုကိုသူတို့ကိုယ်တိုင် ဝင်အရွေးခံမယ်ဆိုရင်လဲ ပြောစရာတွေအများကြီးဖြစ်လာနိုင်ပါတယ်ဗျာ…

    အဲဒီလူ (၁၃)ယောက်မပါပဲရွေးတယ်ဆိုကြပါစို့…
    လတစ်လမှာ အန်တီပဒုမ္မာရေးတဲ့ပိုစ့်အရမ်းကောင်းတယ်… လေးပေါက်ရေးတဲ့ပိုစ့်အရမ်းကောင်းတယ်ထား….
    ကျွန်တော်ကြောင်ဝတုတ်ရေးတဲ့ပိုစ့်က အဲဒီပိုစ့်နှစ်ခုကိုမမီပဲ… သူတို့နှစ်ယောက်ကရွေးချယ်ခွင့်မရှိလို့ ရွေးချယ်ခွင့်ရှိသူကျွန်တော်က ရွေးချယ်ခံရတယ်ဆိုရင်ရော… စာဖတ်သူတွေဘက်က ကျေနပ်မှုရှိနိုင်ပါ့မလား…
    နောက်တစ်ခုက အဲဒီ(၁၃)ယောက်ထဲမှာ မိမိကိုယ်ကို အကောင်းဆုံးပိုစ့်ပါဆိုပြီး တကယ်ကောင်းဆန်ဆန်မဲပေးကြမယ့်လူတွေတွေ တစ်ယောက်မှမပါဘူးလို့လဲ ကျွန်တော်ယုံကြည်ထားတယ်…
    အဲဒီအတွက် အဲဒီ(၁၃)ယောက်ကိုလဲ ပါဝင်ရွေးချယ်ခွင့်ရှိစေချင်တယ်…
    နောက်တစ်ခုက ဂေဇက်ဝင်အသစ်တွေရော… စွမ်းဆောင်မှုတစ်စုံတစ်ရာမပြုရသေးတဲ့ ဂေဇက်ဝင်ဟောင်းတွေရော
    ဒီစာပေဆုလေးက ကြိုးစားချင်စိတ်ဖော်ထုတ်တာဖြစ်သလို၊ ပိုစ့်တွေရဲ့အရည်အသွေးကို ထိန်းသိမ်းရာလဲရောက်ပါတယ်…
    အဲဒီလိုပဲ အကောင်းဆုံးပိုစ့်ပိုင်ရှင်ကိုလဲ အခြားသောသူများမှ စံပြအနေနဲ့မြင်ပြီး ကြိုးစားချင်စိတ်ကိုမြှင့်တင်စေတာပါ…
    အဲဒီတော့ကာ ကျွန်တော့အနေနဲ့ ရွေးချယ်မည့်သူ (၁၃)ယောက်ကိုလဲ ပါဝင်စေချင်ပါတယ်…
    ဒါကအကြောင်းတစ်ကြောင်းပေါ့…

    နောက်တစ်ခုက Pro လို့ပြောတဲ့ကိစ္စ… ကျွန်တော့အမြင်တော့ ပုံနှိပ်ဖော်ပြခံရတိုင်း Pro မဖြစ်နိုင်ပါဘူး…
    ရွာထဲမှာ တစ်ခါမှပုံနှိပ်အဖော်ပြမခံရပဲနဲ့ ဖော်ပြခံရသူတွေထက် လက်စောင်းထက်တဲ့လူတွေပါပါတယ်…
    အဲဒီတော့ ပြိုင်ဘက်ကောင်းရှိမှတိုးတက်မယ်လို့ဆိုရမလို… Pro တွေနဲ့ပြိုင်ရေးမှလဲ Pro လက်တန်းတွေရောက်လာနိုင်မှာဖြစ်လို့ Pro တန်းတွေကိုလဲ ချန်လှပ်မထားစေလိုပါဘူး…

    အဲဒီတော့ Pro တွေကို အကဲဖြတ်ဖို့အခက်အခဲတွေရှိနိုင်သလိုပဲ… ရွေးချယ်စိစစ်ရေးမှာလဲ Pro တွေကိုပါစေချင်ပါတယ်….
    သို့ပေမယ့် သူတို့အချိန်တွေနဲ့အခြားအခက်အခဲတွေရှိနိုင်သောကြောင့် စာဖတ်သူတခြားရွာသူရွာသားတွေရဲ့ခံစားမှုလေးတွေကိုလဲ ထည့်သွင်းစဉ်းစားစေလိုပါတယ်ဗျာ… အဘယ့်ကြောင့်ဆိုရသော် ရွာထဲမှာပိုစ့်မတင်ဖြစ်ပေမယ့် စာဖတ်သူသက်သက်များရှိနေသလို… အဲဒီစာဖတ်သူသက်သက်များထဲမှာလဲ Pro အဆင့်ဆုံးဖြတ်နိုင်သူများပါဝင်နေလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းပါ…

    အပြုသဘောနဲ့ အကြံပေးခြင်းပါ အန်တီပဒုမ္မာ… လိုအပ်တဲ့အကူအညီများပေးရန်လဲ အသင့်ရှိကြောင်းပါ…
    နောက်တစ်ခုက အပေါ်မှာဂီဂီပြောခဲ့သလို စနစ်တကျနဲ့ ရေရှည်လည်းတည်တံ့စေချင်ပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ကိုဘလက်က ဒီလိုဆုပေးပွဲလုပ်မယ် ကျနော်ကို စာဖတ်ဘို့အဖွဲ့ထဲ မှာဝင်ကူညီပေးဖို့လှမ်းအသိပေးပါတယ်။
    ဖုန်းဆက်တဲ့အချိန်မနက် ဆယ်နာရီလောက် ကျနော်ဘဏ်မှာရောက်နေချိန် ဖြစ်ပါတယ်။
    ရွာအတွက်ကောင်းဘို့လုပ်တာဆိုတော့ ကူညီပေးပါမယ်လို့ပြောလိုက်ပါတယ်။
    နောက်ပြန်စဉ်းစားတော့လုပ်ရမယ့်လုပ်ငန်းစဉ်တွေအများကြီး။
    အပွင့်လင်းဆုံးပြောရင် ရွာထဲမှာ ကျနော်စာဖတ်အနည်းဆုံးဖြစ်မည်ထင်ပါတယ်။
    အင်တာနက်သုံးတဲ့အချိန်လေးမှာ စာရေး ပုံတင် ဖေစ်ဘုတ်မှာပုံတင် မိတ်ဆွေတွေ့လေပေါဆိုတော့
    မန်းလေးဂေဇက်မှ စာများသာအခါအားလျော်စွာစာဖတ်ကော်မင်းတွေပေးဖြစ်ပေမယ့်
    ကျန်တဲ့ဆိုက်တွေမှာစာလည်းဝင်မဖတ် ကော်မင်းလဲမရေးမိတာတော့အမှန်ပါဘဲ။
    ကျနော်ပြောချင်တာက ကျနော်စာသိပ်မဖတ်ဖြစ်ဘူးဆိုတာကိုပါ။
    (ဒါပေမယ့် အခုလိုစာဖတ်တဲ့အဖွဲ့ထဲပါထားတော့ အချိန်ပေးပြီးဖတ်ရမှာအသေအချာပါဘဲ။)
    သေချာတာတစ်ခုကတော့ ကျနော်အကြာကြီးမလုပ်နိုင်ဘူးဆိုတာကတော့ အစပိုင်းကတည်းကပြောထားပါတယ်.။
    ကျနော် 2012အကုန်ထိ ဖတ်ပေးရွေးပေးပါမယ်။
    အကောင်းဆုံးကတော့ကျနော်တို့စာရွေးတဲ့လူတွေ ဖတ်တဲ့အထဲက အနှစ်သက်ဆုံး (ငါး)ပုဒ်ကို
    ဇကာတင်လုပ်ပေးလိုက်ပြီးမှ အားလုံးရွေးလို့ရအောင် မန်းလေးဂေဇက်မှာvote တင်ပြီးလက်ရွေးစဉ်တပုဒ်ရွေးလိုက်ရင် အားလုံးလဲပါဝင်ခွင့်ရ တရားမျှတမူ့လဲရှိဆိုမယ်လို့ထင်ပါတယ်။
    နောက်ဒီစာရွေးတဲ့အဖွဲ့ဝင်ကိုလဲ အလှည့်ကျလုပ်ပေးရင်ကောင်းပါတယ်။

    ကျနော်ဝါသနာပါလို့ ကိုယ်သိတာလေး ကိုယ်ပြန်ပြောချင်လို့စာရေးတာပါ။
    နောက်ပြီးကျနော်ကိုယ် ကျနော်လဲ ဝါသနရှင်တစ်ယောက်ထက်ပိုခံယူမထားပါဘူး။
    ကျနော်ကတော့ ဒီဆိုက်မှာမှ မဟုတ်ပါဘူး အပြင်လောကမှာရော အင်တာနက်မှာရော ဘယ်ပြိုင်ပွဲမှ
    ဝင်ပြိုင်လေ့မရှိပါဘူး။

    အစက ဒီအကြိုက်ဆုံးစာရွေးမယ်ဆိုတာ တကယ်ဖြစ်လာမယ်လို့မထင်မိပါဘူး။.
    ကျနော်စိတ်ထဲထင်ထားက ကိုဘလက်ဖုန်းဆက်တဲ့နေ့မှာရန်ကုန်ကအဖွဲ့တွေစကားေြပြာကြရင်း ရုတ်တရက်အစီအစဉ်လေးလုပ်ဖြစ်သွားလို့ ကျနော်ဆီဖုန်းဆက်တာထင်မိတာပါ။
    ဒီမတိုင်ခင် လွန်ခဲ့သောခြောက်လခန့်က မှော်ဆရာ က ဒီလိုစာမူရွေးဘို့ ပိုစ်တင်တော့
    သူကြီးကတော့ 2012လောက်မှာလုပ်ဖြစ်မယ်လို့ပြောပြီး ကိုဘလက်ကတော့ စိတ်ဝမ်းကွဲမှာစိုးလို့မလုပ်စေချင်ဘူးဆိုတာ ကော်မင်းပေးတာ ဖတ်ဘူးပါတယ်။
    နောက်တော့ရဲစည်က ရသစာမူရွေးမယ်လုပ်တော့ သူကြီးက ပွိုင့်တိုးပေးမယ်ဆိုပြီး လုပ်ဖြစ်အောင်အကူအညီပေးပါတယ်။
    သူ့နောက်မှာမှ ကိုဘလက်ကဒီအစဉ်လုပ်မယ်ဆိုတော့ ဖြစ်လာမယ်လို့မထင်မိဘူး။
    နှစ်ခုတိုက်နေတာကိုး။
    နောက်မှ ရဲစည် ရဲ့ ရသ စာပေ က ဒီကိုဘလက်လုပ်တဲ့ ခေါင်းစဉ်အောက်ကို ပူးပေါင်းမယ်ဆိုတာကို သိလာရပါတယ်။
    နောက်ကော်မင်းတွေဖတ်ရင်း သိလာတာက ဒီလိုစာမူရွေးမယ်ဆိုတဲ့ အစီအစဉ်က ဟိုအရင်ကတည်းက
    ရှိထားတယ်ဆိုတဲ့အစီအစဉ်ပါဘဲ။
    ကျနော်တို့ကအဝေးမှာနေရသူဆိုတော့ မလုပ်ခင်မသိရဘဲလုပ်မယ်လို့ဆုံးဖြတ်ပြီးမှသာသိရပါတယ်။
    ဘယ်လိုဘဲဖြစ်ဖြစ် လုပ်မယ်ဆိုမှတော့ ပီပြင်အောင်ကူညီပေးမှာအမှန်ပါဘဲ။

  • Shar Thet Man

    July 27, 2012 at 9:48 am

    ကြိုးစားပြီးတော့ရေးကြည့်ပါမယ်…ဒါပေမဲ့ကိုယ့်နှလုံးသားထဲကလာတဲ့စာသားတွေအဖြစ်နဲ့ပါ

  • မမ အညာသူ

    July 27, 2012 at 10:05 am

    ညာကတော့စာကိုကောင်းအောင်မရေးနိုင်တော့
    အဲဆုကိုမမျော်မှန်းရဲပါဘူး
    စာဖတ်ပရိတ်သတ်တစ်ဦးအနေနှင့်အမြဲမန်းဂေဇက်ကိုအားပေးနေလျက်ပါ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 27, 2012 at 10:17 am

    ရေးတော့ ရေးချင်တယ်….
    ဒါပေမယ့် အဲ့လောက် အိုင်ကြူ မရဘူးဖြစ်နေတယ်….
    တွေးတိုင်းလည်း ရေးမရ….
    ရေးတိုင်းလည်း စကားလုံးမလှ….
    နက်နက်နဲနဲ လည်း မတွေးတတ်ဆိုတော့….
    ခက်ခဲပါတယ်………..
    မိုက်လေး တို့ကတော့ ပရိသတ်နေရာမှာပဲ….
    အားပေးနေပါ့မယ်………။

  • မွန်မွန်

    July 27, 2012 at 10:24 am

    တစ်ခုမေးချင်ပါတယ်။
    ကဗျာတွေရော ရွေးတဲ့အထဲမှာ ပါမှာလား။ မွန်မွန်ကတော့ အဲဒီလောက်မရေးတတ်ပေမယ့် တစ်ချို့ကဗျာလေးတွေ အရမ်းကောင်းလို့ပါ။

  • ကြည်ဆောင်း

    July 27, 2012 at 10:24 am

    Connection ကမကောင်းတာများတော့ ဆုရစာမူကိုဖတ်ဖြစ်လိုက်ပေမဲ့
    ဇကာတင်ရွေးထားတဲ့ စာမူတွေ မဖတ်ဖြစ်လိုက်ရင် ပြန်ဖတ်နိုင်မဲ့ Link ကလေးတစ်ခုလောက်တော့
    ရှိစေချင်ပါတယ် …
    ပြန်ရှာဖတ်ရတာ အဆင်ပြေအောင်လို့ပါ…

  • marblecommet

    July 27, 2012 at 10:25 am

    ဟိုက်…
    အန်တီခင်ဗျား
    ရွာထဲမှာ ကျနော့် အစ်ကိုတော်နောင်တော်များ
    အစ်မတော်များ
    စွယ်စုံရ တော်သူတွေ များကြီးပါခင်ဗျ
    ကိုဗိုက်တို့လို တစ်နိုင်တစ်ပိုင်လေး
    ဝင်ရောက်လုပ်အားပေး ဆိုပါက ကြိုးစားပါ့မယ်ခင်ဗျ…..
    နာယကနေရာတော့ လုပ်နဲ့ဂျာ….
    သား ငရဲကြီးနေပါ့မယ်….အင့်….
    လေးစားတဲ့…..
    မောင်ကမ်း….

  • ko khin kha

    July 27, 2012 at 11:04 am

    ကျွန်တော်က ရွာထဲဝင်ဖြစ်တဲ့ သက်တမ်းကသိပ်မကြာသေးပါ။
    နည်းနည်းလောက်တော့ပြောပါရစေ။ အစီအစဉ်လေးကိုဖတ်ရတာအားကျလှပါတယ်၊
    ပြိုင်ပွဲတစ်ခုဆိုတာ ပါဝင်ယှဉ်ပြိုင်သူ နဲ့ ပြိုင်ပွဲကို ပါဝင်မယှဉ်ပြိုင်လိုသူ ဟူ၍ရှိတတ်ကြပါတယ်။
    အခုဖော်ပြထားတာက ဂေဇက်မှာ တစ်လတာ တင်တဲ့ ပို့စ်တွေထဲက အကြိုက်ဆုံးတစ်ပုဒ် ရွေးပြီး စာပေဆုလေးပေးကြမယ်ဆိုတဲ့ အစီအစဉ်လေးပါ။ ဒါဆို ရွေးချယ်ရတဲ့ဘောင်က ကျယ်လွန်းလှပါလိမ့်မယ်လို့ ထင်ပါတယ်။ ဖတ်ပြီးအကဲဖြတ်ကြတဲ့ ဆရာတွေ၊ဆရာမတွေလည်း အချိန်ပိုပြီးပေးနေရလိမ့်မယ်လို့ထင်ပါတယ်၊ အဲဒီတော့ ပြိုင်ပွဲဝင် စာမူ(ပိုစ့်)မဟုတ်ဘဲ ဂေးဇတ်မှာရေးသား တင်တဲ့ အပျော်တမ်းစာများ၊ သတင်းများ၊ အမြင်ဖလှယ်မှု့များလည်းရှိကြတာမို့ စာရေးသူများ အနေနဲ့ ပြိုင်ပွဲဝင်လိုသည့် စာများမဟုတ်လျှင်သိသာအောင် မှတ်ချက်(သို့)ကွန့်မန်လေး တစ်ခုခု ပေးကြရင် ပိုပြီး ရွေးချယ်သူတွေ အတွက်ပို၍သင့်လျှော်နိုင်မည်ဟူယူဆမိပါတယ်။ ဒါမှမဟုတ်ရင် မော်ဒန်ရှိုးပြိုင်ပွဲဝင်မို့လို့ လှလှပပဝတ်ပြီး လာတာလား၊ သူ့ဖာသာ လှချင်လို့ပြင်ဆင် ဝတ်လာတာလား မကွဲပြားဘဲ အကဲဖြတ်သူများ အကုန်လုံးလိုက်အကဲဖြတ်နေရတဲ့အတွက် မူးနောက်သွားနိုင်ပါတယ်။
    ကျွန်တော်ကတော့ အရေးလည်းမကောင်းသလို၊ လ္ဘက်ရည်ကြမ်းဝိုင်းမှာ ကိုယ်သိတာကိုပြောတဲ့သဘော မျိုးရေးတာမို့ ပရိတ်သတ်ဘဲလုပ်မှာပါ၊ ထိုကြောင့် အကဲဖြတ်အဖွဲ့လူကြီးမင်းများခင်ဗျာ- ကျွန်တော့်ရေးတဲ့ ပိုစ့်အားလုံးကို ပြိုင်ပွဲအတွက် အကဲဖြတ်ဖို့ဖတ်ရန်မဟုတ်ပါကြောင်း ( Read Only , Not For Rivalry ) တင်ပြထားပါရစေ။
    အာလုံးကိုခင်တဲ့
    ကိုခင်ခ။

  • htet way

    July 27, 2012 at 11:42 am

    `နောက်တစ်ခုက Pro လို့ပြောတဲ့ကိစ္စ… ကျွန်တော့အမြင်တော့ ပုံနှိပ်ဖော်ပြခံရတိုင်း Pro မဖြစ်နိုင်ပါဘူး…
    ရွာထဲမှာ တစ်ခါမှပုံနှိပ်အဖော်ပြမခံရပဲနဲ့ ဖော်ပြခံရသူတွေထက် လက်စောင်းထက်တဲ့လူတွေပါပါတယ်…
    အဲဒီတော့ ပြိုင်ဘက်ကောင်းရှိမှတိုးတက်မယ်လို့ဆိုရမလို… Pro တွေနဲ့ပြိုင်ရေးမှလဲ Pro လက်တန်းတွေရောက်လာနိုင်မှာဖြစ်လို့ Pro တန်းတွေကိုလဲ ချန်လှပ်မထားစေလိုပါဘူး…´

    ကိုကြောင်ဝတုတ်ပြောတာကို ထောက်ခံပါတယ်။ စာရေးတယ် ဆိုတာ အပုဒ်ရေ များများ ပါတိုင်း ဖေါ်ပြခံရတိုင်း ဆရာကြီးလို့ သတ်မှတ်လို့မရပါဘူး။ တခါမှ မဖေါ်ပြခံရသူရဲ့ စာတွေဟာ ဝါရင့်
    တွေထက် သာတာကိုတွေ့ဖူးပါတယ်။စာရေးတယ် ဆိုတာ စိတ်ကူး ဉာဏ်ပဲ အရေးကြီးတာပါ
    ကျွန်တော်က ဂျာနယ်မှာ ပင်တိုင်ရေးနေတယ် ။မဂ္ဂဇင်းမှာ သတင်းစာမှာရေးနေတယ် ဒီလို လူမို့ တော်တယ်
    မဟုတ်ပါဘူး ဒါဟာ ရေအားရှိလို့ပါ ။
    နောက်တခုက ရိုးရိုးသားသား ဝန်ခံပြောရရင် ကျွန်တော့် စာတွေဟာ ဘာမှ မဟုတ်တဲ့ ခပ်ချာချာ စာတွေပါ
    ကို ဘလက်ချော ပေးတဲ့ မက်ဆေ့ ၊ အဘပြောတဲ့ စဉ်စားစရာ တခါတလေမှ စာရေးတဲ့ ဦးဦးပါလေရာ
    နောက် ရွာထဲက တစ်ချိုု့ ဥပမာ ကြောင်ဝတုတ် ၊ စွယ်တော်ရွက် မဝေဝေ တို့ရဲ့ စာတွေ က တကယ်ကောင်းတာကိုတွေ့နေရပါတယ်။
    နောက် တက်လာတဲ့ ရွာသား ရွာသူ တို့ရဲ့ စာတွေလည်း ကောင်းနေတာတွေ့ရပြန်ပါတယ်။ဒေါက်တာ ဆောင်းပါး ၊ဆရာမ (မမ)တို့ ဆောင်းပါးတွေ လောက် အတွေးမကောင်းပါးဘူး။
    ဆိုတော့ကား အပုဒ်ရေ ဂျာနယ်မှာအများကြီးဖေါ်ပြ ခံရတိုင်း ပြိုင်ပွဲ မဝင်ရ လို့ မသတ်မှတ်ချင်ပါဘူး
    သေချာတယ် တကယ်ကောင်းတဲ့ စာတွေ ပဲပေးမှာမို့ စာနယ်ဇင်း ဘက်က လူတွေ လည်း မရနိုင်ဘူး
    လို့ ထင်ပါတယ်။ရွာထဲမှာ တကယ်ကောင်းတဲ့ လူတွေ အများကြီးရှိနေပါတယ် ခင်ဗျား
    အမှားပါရင် ခွင့်လွှတ်ပါဒေါက်တာ

  • Wow

    July 27, 2012 at 11:48 am

    မမပဒုမ္မာရှင့် သများထက်တော်တဲ့သူများ ကြောင်အုပ်စုအပါအဝင် နာယကစာရင်းဝင်အားလုံးကို အရွေးချယ်ခံစာရင်းမှ ထုတ်ပေးပါချင့်…. 😀
    ဟီး.. အလဂါးချဒါ… အားပေးသွားပါ့မယ်ချင့်..

  • အလင်းဆက်

    July 27, 2012 at 11:49 am

    ကျွန်တော်လည်း..စာောကင်းကောင်းမရေးတတ်သေးတော့
    ပလိတ်သတ်ပေါ့လေ .။
    စိတ်ဝင်စားစရာ..အစီအစဉ်လေးတွေနဲ ့ မန်းဂေဇက်ပါ..ပဲ.။

  • CASPER

    July 27, 2012 at 2:07 pm

    ကျွန်တော်ကရွာသားသစ်လေးပါဗျ၊ နည်းနည်းလေးလောက်ဝင်ပါခွင့်ပြုပါ စာပေဆုခေါင်းစဉ်အောက်မှာ ရွေးချယ်ကြမယ့်လူကြီးများကို ဖတ်ကြည့်လို့သိခဲ့ပါပီ၊ ဒါပေမယ့် တစ်ခုတော့ ဘဝင်မကျသလိုပဲ ရွေးချယ်မယ့် လူတွေက သိပ်များနေသလားလို့၊ နောက်ပီး ဘယ်လိုမျိုးတွေကို စာပေဆုအဖြစ်ရွေးချယ်တင်မြှောက်ကြမလဲ၊ အဲလိုတင်မြှောက်ရင် ကျန်တဲ့ ရွာသူသားတွေရဲ့ စိတ်ဆန္ဒတွေကို ရောမေးမြန်းကြည့်ရဲ့လား၊ သဘောရောကျကြရဲ့လား၊ အထက်က ko khin kha ပြောသလို ခေါင်းစဉ်ခွဲပီဆိုကတည်းက သဘောထားတွေကွဲလွဲနေပီထင်ပါ့၊ နောက်တစ်ခုက ဘယ်လိုစာပေဆိုတာကို ဘယ်လိုခွဲကြမလဲ၊ ဘယ်လိုစာပေမျိုးကို ရွေးချယ်ကြမလဲ၊ ရွေးချယ်ပီးနောက်ဖြစ်လာမယ့် ဆိုးကျိုးတွေကိုရော တွက်ကြည့်မိကြလား၊ ကောင်းကျိုးတွေကကော ဘာတွေလဲ၊ ရွာသူသားအသစ်လေးတွေ လက်ရည်သွေးပေးတာမကျပဲ ဆက်မရေးရဲအောင် လုပ်သလိုများဖြစ်မလား၊ ဆွေးနွေးကြည့်တာပါနော်၊ တလွဲမထင်ကြဖို့လဲ ကြိုတောင်းပန်ပါတယ်၊ အားလုံးကိုလေးစားလျှက် CASPER

    • MaMa

      July 27, 2012 at 4:06 pm

      Casper ရေ-
      မန်းဂေဇက်ချစ်သူများ စာပေဆု ဆိုပြီး စတင်စဉ်းစားမိသူ ကိုဘလက်ဆိုတဲ့ တံခါးစောင့်ကြီးက ရွာထဲမှာ ပိုမိုစည်ကားစေလိုတဲ့ တိုးတက်စေလိုတဲ့စိတ်နဲ့ စုစည်း လုပ်ဆောင်ချက်လေးတစ်ခု လုပ်လိုက်တဲ့ သဘောပါပဲ။

      ရွာသူားဟောင်းဆိုတာလည်း အသစ်က လာသူတွေချည်းပါပဲ။

      အန်တီတို့ဆိုရင် စာရေးစာဖတ် ဝါသနာ ပါလှတာ မဟုတ်ပေမယ့်…
      ဒီဆိုဒ်ကို ဝင်ဖတ်ရင်းနဲ့ ကိုယ့်သဘောထားကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တင်ပြချင်လို့ ကွန်မန့်တွေ ပေးရာက ပိုးဝင်လာပြီး ကိုယ်တွေ့ကြုံရတာလေးတွေကို ပိုစ့်တင်ရင်းနဲ့ ရွာထဲမှာ အနေကြာပြီး အဟောင်းဖြစ်သွားရတာပါ။

      ဆုရွေးချယ်တယ် ဆိုကတည်းက အားလုံးသော ပိုစ့်တွေ မရနိုင်တာတော့ သေချာသွားတာပေ့ါ။
      (ဆုမရပေမယ့် ပိုစ့်တင်တယ်ဆိုကတည်းက သဂျီးကတော့ ပွိုင့်တွေ ဆုချနေတာပါ) [:)]

      ဆုဆိုတာကလည်း အမှတ်တရလေးတစ်ခုဖြစ်စေရုံမို့ ဆုမရလည်း ဝမ်းနည်းစရာတော့ မဟုတ်ဘူးထင်ပါတယ်။
      ဆိုးကျိုးရှိမယ်ဆိုရင်လည်း ရှောင်ကျဉ်နိုင်အောင် ဘာတွေဖြစ်နိုင်တယ်ဆိုတာကို ပြောပြပေးရင် ကောင်းမယ် ထင်ပါတယ်။

      နောက်ပြီး ဆုပေးပွဲဆိုတာထက် ရွာသူားများရဲ့ တစ်နှစ်တခါ တွေ့ဆုံပွဲလို သဘောမျိုးဖြစ်တာမို့ ရွာသူားများအားလုံးပါဝင်ဆင်နွဲကြစေလိုပါတယ်။

      အဘဖောရဲ့ သဒ္ဒါတရားကတော့ ဖြစ်မြောက်ရေးအတွက် အဓိက အားဆေးပါပဲ။

      နောက်တစ်ခုက ဆုရွေးချယ်တဲ့အဖွဲ့က လူများနေတယ်ဆိုတာ မှန်ပါတယ်။
      လူတိုင်းက ကိုယ့်အလုပ်နဲ့ကိုယ်မို့ အချိန်ပြည့် တာဝန်မယူနိုင်ကြတာမို့ ကိုယ်ဖတ်မိတဲ့အထဲက ကောင်းတာရွေးကြစေလိုလို့ လူများများ စုထားတဲ့သဘောပါ။

      ပိုစ့်ပိုင်ရှင် ပဒုမ္မာ မအားလို့ သူပြောချင်တာလေးတွေ ပြောပြရမယ်ဆိုရင်ဖြင့်…
      စာဖတ်သူတိုင်းက ကိုယ်ကြိုက်နှစ်သက်ရာပိုစ့်ရဲ့ လင့်ခ်ကို mr.solakoko@gmail.com မေးလ်ပို့ပေးစေလိုပါတယ်။
      မည်သူမဆို ဘယ်နှစ်ပုဒ်ဖြစ်ဖြစ် ပို့ပေးနိုင်ပါတယ်။

      မောင်စိန်ှဗိုက်ကို အကူအညီတောင်းရပါဦးမယ်။
      အဲဒီတစ်လအတွင်း ပို့သမျှ ပိုစ့်တွေကို စုစည်းပြီး ပိုစ့်တင်စေလိုပါတယ်။

      အဲဒီတင်ထားတဲ့ ပိုစ့်တွေကိုမှ စာဖတ်သူတွေက ကွန်မန့်ဖြင့် ဘယ်ပိုစ့်ကို ဘာ့ကြောင့်ကြိုက်တယ်ဆိုပြီး vote လုပ်ကြစေလိုပါတယ်။

      ပွင့်လင်းမြင်သာမှုရှိစေလိုသဖြင့် ကွန်မန့်ဖြင့်သာ Vote စေလိုတာဖြစ်ပါတယ်။

      အဲဒီကမှ လူကြိုက်အများဆုံးပိုစ့်ကို ရွေးချယ်မယ်ဆိုရင် လူတိုင်းပါဝင်ရွေးချယ်ခွင့်ရတဲ့အပြင် မှန်ကန်တဲ့ ရွေးချယ်မှုလည်း ဖြစ်စေမယ် ထင်ပါတယ်။

      စာဖတ်သူအားလုံးရဲ့ ရွေးချယ်မှုမှာ ဘာကန့်သတ်ချက် (ရွေးချယ်ရေးအဖွဲ့၊ ပရို စသဖြင့်) မပါတော့ပဲ စိတ်ကြိုက်ရွေးချယ်နိုင်ကြပါတယ်။

      အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုဆိုတာ ရေရှည်တည်တံခိုင်မြဲမှသာလျှင် တန်ဖိုးရှိပါတယ်။
      မန်းဂေဇက်ချစ်သူများ စာပေဆု တည်တံခိုင်မြဲစေလိုပါတယ်။

      _________________________
      I added cool smileys to this message… if you don’t see them go to: http://s.exps.me

      • CASPER

        July 27, 2012 at 4:23 pm

        Personal ဆန်ဆန်တွေမပါဘူးဆိုရင်ဖြင့် ဝမ်းသာစရာသီတင်းတစ်ပုဒ်လို့ပဲယူဆပါမယ်….. ကျွန်တော်မြင်မိတာလေးတစ်ခုပေါ့နော်၊ ဝက်သားကြိုက်တဲ့လူက ဝက်သားစားမယ်၊ ကြက်သားကြိုက်တဲ့သူက ကြက်သားစားမယ်၊ အသက်လွတ်စားချင်သူက အသက်လွတ်စားမယ် စသဖြင့်ပေါ်နော်၊ စာမူများအပေါ်မှာလဲ လူပေါင်းမြောက်မြားစွာရှိနေတဲ့ အပေါ် ဘယ်လိုများ ရွေးချယ် ဆုပေးသွားမလဲဆိုတာလေး
        နောက်တစ်ခု VOTE စနစ်နဲ့သွားသည်ဆိုရင်လဲ VOTE ရလဒ်ပေါ်မူတည်ပီး Pro ကျခြင်း ၊ မကျခြင်းများ ခွဲခြားကြဦးမလားဆိုတာလေးပါ၊ ဥပမာ ဓါတ်ပုံပြိုင်ပွဲလိုလေးပေါ့၊ ဘယ်သူက ဘယ်လိုရလို့ PRO မကျဘူးဆိုတာလေး၊ ဒါလေးပါ၊ ဒါလေးကိုဆိုလိုချင်တာပါ၊ မှားတာပါရင် ခွင့်လွှတ်ကြပါဗျာ၊ ဆွေးနွေးတာပါ၊ အလွတ်သဘောပါနော်၊ ရိုင်းတာပါရင်ခွင့်လွှတ်စေချင်ပါတယ် အားလုံးကိုလေးစားစွာဖြင့် CASPER

        • ကိုယ်ရေးကိုယ်တာတွေမပါအောင် ကတော့ ဂရုတစိုက်လုပ်ရမှာအမှန်ပါဘဲ.

    • ဒီလိုတစ်လတစ်ပုဒ်ကောင်းတာရွေးမယ်ဆိုတာကြောင့် ဆက်မရေးရဲအောင်လုပ်တယ်ဆိုတာက
      တော့ လုံးဝမဖြစ်နိုင်ပါဘူး။
      ရေးချင်ရေး မရေးချင်နေ အသိအမှတ်မပြုဘူးဆိုတာကနေ
      အခုလို တိတိကျကျ လေးလေးစားစား အသိအမှတ်ပြုပေးတယ်ဆိုရင် ပိုတောင်များရေးချင်စိတ်များလာမှာသေချာပါတယ်။
      ဘယ်လိုစာတွေရွေးကြမလဲဆိုတာ ပြောရမယ်ဆိုရင်
      အခုပထမစလုပ်တဲ့အချိန်မှာသေချာတာတစ်ခုကတော့ (ကဗျာ ဓါတ်ပုံ)မပါတာသေချာပါတယ်.
      ဘယ်လိုအမျုးိအစားဖြစ်ဖြစ် ဖတ်လို့ကောင်းတယ် ပြည့်စုံတယ် လူတစ်ဦးတစ်စုံတစ်ယောက်ကို
      ထိပါးထားတာမဟုတ်ဘူး ရသမြောက်မယ်(ရသကိုးပါးထဲက ဘာပါပါ)
      နောက်ရသစာပေမဟုတ်ပေမယ့်အများအတွက်အကျိုးရှိသောစာဖြစ်မယ်ဆိုရင်
      အကောင်းဆုံးအကြိုက်ဆုံးတစ်ပုဒ်ဖြစ်လာမှာပါ။
      နောက်ရွေးတဲ့သူဆယ့်သုံးယောက်လုံးက အကြိုက်မတူညီတဲ့သူတွေဖြစ်နေတော့
      စာရေးသူတိုင်းအတွက်အခွင့်အလမ်းရှိနေတာပေါ့။
      နောက်ကျနော်တို့ရွေးချယ်သူတွေကလဲ စာတစ်ပုဒ်ရွေးတဲ့ အခါ ငါကြိုက်လို့ရွေးတာလို့ပြီးစလွယ်ပြောမှာ မဟုတ်ပါဘူး။
      ဘာကြောင့်ကြိုက်ရတယ်ဆိုတဲ့မှတ်ချက်လေးနဲ့လာမှာပါ………………
      လုပ်မယ့်သူတွေက လဲကိုယ်တာဝန်ယူတဲ့အပိုင်းကိုပီပြင်အောင်လုပ်ကြမှာသေချာပါတယ်။
      ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်ဗျိုး

  • ဆူး

    July 27, 2012 at 4:02 pm

    အခုမှ ဒီပိုစ်လေး ဖတ်ဖြစ်တယ်။ စိတ်ကူးလေး ကောင်းပါတယ်။
    ဆူး ကတော့ သူများ ဆု ယူတဲ့ အခါမှာ လာပြီး လက်ခုပ်တီးပေးမယ်နော်။

  • Swal Taw Ywet

    July 27, 2012 at 5:55 pm

    Dear Ma Ma Padonma,
    Many thanks for your trying hard for BETTER Mandalay Gazette.
    Bravo.
    I will try my best to participate.
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • padonmar

    July 27, 2012 at 5:58 pm

    Idea လေးတစ်ခုတင်ပြချင်ပါတယ်။
    စာဖတ်သူတိုင်းက မိမိနှစ်သက်မိတဲ့ Post ကို ရေးသူနာမည်+Title (Link လေးပါပေးနိုင်ရင် ပိုကောင်းပါတယ်) နဲ့တကွ ဖတ်ပြီးတာနဲ့ mr.solarkoko@gmail.com ကိုပို့ပေးပါ။ အကြိမ်အကန့်အသတ် မရှိ ။
    တစ်လကုန်တဲ့အခါ စိန်ဗိုက်ဗိုက်က အဲဒီနာမည်တွေ စုပြီး Post လေးတစ်ခုတင်ပေးပါ။ ပြီးတော့ Poll လည်းတင်ပေးပါ။ သူကြီးက တစ်ပတ်ခန့် Stick လုပ်ပေးထားစေချင်ပါတယ်။
    စာဖတ်သူတွေကဘဲ အဲဒီ Poll မှာ ကိုယ်အနှစ်သက်ဆုံးကို တစ်ကြိမ် Vote လုပ်ကြပါ။ Vote လုပ်ရာမှာ Comment နှင့်တကွ လုပ်တဲ့ Vote ကိုဘဲ လက်ခံပါ။
    အဲဒီအခါ Pro တို့ Pro မဟုတ်သူတို့ ရွေးချယ်ခံ ၊ ရွေးချယ်သူ မကွာခြားတော့ဘဲ လူတိုင်းအရွေးချယ်ခံခွင့် ၊ ရွေးချယ်ခွင့်ရပါ လိမ့်မယ်။ ကျွန်မတို့လည်း ဒီစာတွေ ဘယ်လိုဖတ်ရပါ့မလဲဆိုတဲ့ ခေါင်းကိုက်မှု သက်သာသွားပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့စာကို လှမ်းအသိပေးဖို့တော့ မမေ့ကြပါနဲ့။ ပြည်တွင်းပြည်ပလည်း မခွဲခြားစေချင်ပါဘူး။

  • padonmar

    July 27, 2012 at 6:06 pm

    နောက်တစ်ခုလုပ်လို့ရတာလေးက ဂျူလိုင်တစ်လလုံးအတွက် အကြိုက်ဆုံး ဆိုပြီး တစ်လလုံး စတစ်ဖြစ်မယ့် ပို့စ်လေးတစ်ခု (စိန်ဗိုက်ဗိုက်ကိုဘဲ အကူအညီတောင်းချင်ပါတယ်)
    တင်ထားပြီး
    ကိုယ်ကြိုက်တဲ့ပို့စ်လေးတွေ ကွန်မန့်နဲ့ သွားရေးပေးကြစေချင်ပါတယ်။
    အဲဒါဆို နောက်လူအတွက် ဖတ်ထိုက်တဲ့ စာညွှန်းပေးသလို အကျိုးပိုရှိမယ်ထင်ပါတယ်။
    လကုန်ရင် အဲဒီစာရင်းအရ လူကြိုက်အများဆုံးကို ပြန်ကောက်ယူလို့ရပါတယ်။
    အမှတ်ညီနေရင်တော့ poll လုပ်ပေါ့နော်.
    ဆုရွေးဖို့ ခေါင်းမကိုက်ရမယ့်နည်းပါ။
    ဆွေးနွေးပေးကြပါအုံး။
    seminar လို့ သဘောထားပြီး လွတ်လွတ်လပ်လပ်ပြောပေးကြပါ။

  • MaMa

    July 27, 2012 at 11:00 pm

    အားလုံးအတွက် (စာဖတ်သူ၊ ဆုရွေးသူ၊ ဆုရသူများအတွက်) အကောင်းဆုံးအစီအစဉ်အနေနဲ့…….
    ဆုရွေးချယ်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်စေချင်ပါတယ်။
    ဒီမိုနည်းကျကျ (ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် အစပျိုးခြင်းတစ်ခုအနေနဲ့) စာရေးသူ၊ စာဖတ်သူ အားလုံး ပါဝင်ရွေးချယ်ပေးကြစေလိုပါတယ်။
    ိဒါမှသာလျှင် ဆုရွေးချယ်ပေးရမည့်သူများအနေနှင့်လည်း ကြီးလေးသော တာဝန်များ ပေါ့ပါးသွားစေနိုင်သလို……..
    လူအများရဲ့ စိတ်ဆန္ဒနဲ့အညီ ပွင့်လင်းမြင်သာစွာ မျှတမှန်ကန်စွာ ရွေးချယ်မှုမှ ရရှိသော ဆု က လည်း ပိုမိုကောင်းမွန်သင့်တော်တာမို့…..
    ဆုရွေးချယ်ရေးအဖွဲ့ကို ဖျက်သိမ်းပါ။

    ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့ကတော့ ကြီးလေးသော တာဝန်တွေ ပေ့ါသွားတာမို့….
    ဆုချဖို့၊ ဆုပေးပွဲ၊ ရွာသူားများ တွေ့ဆုံပွဲဖြစ်မြောက်ဖို့ အလှူငွေများ အားတက်သရော ထည့်ဝင်ပေးကြပါလို့……… [:))]

  • ဇွဲမာန်(အင်းဝ)

    July 27, 2012 at 11:13 pm

    အစီအစဉ်တွေကအားလုံးကောင်းပါတယ်၊ ကိုယ်မလုပ်နိုင်တဲ့အရာတွေဖြစ်တဲ့အတွက်လေးစားမိပါတယ်
    ကျွန်တော်အားပေးပါတယ်အားလုံးကိုလေးစားလျှက်…..

  • nature

    July 27, 2012 at 11:32 pm

    ကျွန်တော်ဆိုတချို့ပိုစ့်ကောင်းတွေ မဖတ်မိလို့ မိတ်ဆွေတွေ ပြောမှပဲပြန်ရှာရတာမျိုးရှိပါတယ်။ အကောင်းဆုံးလို့ရွေးချယ်ရာမှာ pro တွေဘာတွေခွဲမနေပဲ တန်းတူအခွင့်အရေးညီမျှစွာဖြင့် အကုန်လုံးကိုပဲ ပါဝင်ရင်ပိုကောင်းမယ်ထင်ပါတယ်။
    ပိုစ့်တခုတင်ပြီး ရွာသူားများက မိမိကြိုက်နှစ်သက်သောပိုစ့်ကို ကွန်မန့်တွင် တခါတည်း link လုပ်ပေးရင်ပိုအဆင်ပြေမယ်ထင်ပါတယ်။ ထိုပိုစ့်အတွက်သူကြီးမှပွိုင့်ပေးရန်မလိုပါ။ ဘာကြောင့်ကြိုက်တယ်ဆိုတဲ့ ခံစားချက်ရည်ရွယ်ချက် ကိုထည့်ရေးပေးကြစေလိုပါတယ်။ အဲဒီခြေစစ်ပွဲအောင်တဲ့ပိုစ်ကမှတဆင့် နောက်တဆင့် final ပိုစ့်ကိုထပ်တင်ပြီး vote ပေးကြမယ်ဆိုရင်ကော။ July မှာရေးတဲ့ပိုစ်ကို ရွေးရင် ဩဂုတ်လကုန်တောင်ပြီးပါ့မလားမသိဘူး။
    ဆုရွေးချယ်ရေးအဖွဲကတော့ ဦးဆောင်ဖို့လိုအပ်မယ်ထင်ပါတယ်။ ပါဝင်တဲ့သူတွေဟာလည်းအချိန်လည်းတော်တော်လေးပေးရပါလိမ့်မယ်။

  • ဦးဦးပါလေရာ

    July 28, 2012 at 12:05 am

    အခုလိုဆိုရင် ပုံစံသစ်တမျိုးပေါ့
    မူလရည်မှန်းထားတဲ့ပုံစံထက်ပိုပြီး အများကလက်ခံနိုင်လိမ့်မယ်ထင်ပါတယ်။
    မခင်လတ်၊ ကိုဖေါရင်း နဲ့ ဂီဂီ တို့ ဝင်ပြောပါဦး….။

  • htoosan

    July 28, 2012 at 12:17 am

    စမ်းကြည့်ပါ ။
    ဲ့ပြီးမှ ပြန် ညှိပါ ။
    စေတနာ နှင့် လုပ်ကြခြင်းဖြစ်သောကြောင့် တစ်ခါထဲနှင့် အကောင်းဆုံးဖြစ်ချင်မှ ဖြစ်မည် ဖြစ်သော်လည်း လုပ်မကြည့်လျှင်တော့ ဘာမှ ဖြစ်လာမည်မဟုတ်ပါ။
    good တယ် ထင်ရင် ဘာဖြစ်ဖြစ် do သာ do ပါဗျို့ ။

  • surmi

    July 28, 2012 at 12:21 am

    ကျနော့်အထင်ပြောရရင် ကိုဘလက်စတင်စိတ်ကူးစဉ်က ပေါ ့ပေါ ့ပါးပါး လေးလးနက်နက် နဲ.
    လုပ်ချင်ခဲ့ပုံရပါတယ် ။ ခုကြည် ့ရတာ အသေးစိတ် အနုစိတ် စနစ်တကျနဲ ့ လေးလေးနက်နက် ပုံစံ
    မျိုးဖြစ်သွားပြီထင်တယ် ။ ဒါဆိုရင်တော. ရေရှည်လုပ်နိုင်ဖို.မလွယ်ဘူး ။ နောက်ပြီး ပြိုင်ပွဲသဘောမျိုး
    နားလည်သွားကြတာလည်း သိပ်မကောင်းလှဘူးထင်တယ် ….ကိုဘလက်ပြောစဉ်က ကျနော်သဘော
    ပေါက်တာက ပုံမှန်ရေးတတ်သလိုရေး ၊ ရွေးချယ်ရေးဖွဲ ့ပြီး ကြိုက်ရင်ပေးမယ် ဆိုတဲ.သဘာ ……
    ပိုလွတ်လပ်တယ်လို့မြင်မိတယ် ။ အလွတ်သဘောပေါ ့နော် …..ကျနော်ကဒါကိုကြိုက်တယ် ၊ လွတ်လပ်
    တယ် …ပေါ ့ပါးတယ် ရေရှည်လုပ်နိုင်မယ်ပေါ ့ ။ တစ်ခုရှိတာက ဆုနံမည် … ဒီနံမည်မှာ မန်းဂေဇက်
    ဆိုတော. အားလုံးနဲ့ဆိုင်သလိုဖြစ်သွားတယ် ။ အားလုံးဆန္ဒ ခံယူရမလိုဖြစ်သွားတယ် ……အကယ်၍
    ” အနှစ်သက်ဆုံး တစ်လတာစာပေဆု ” လို. ဆိုရင် ရွေးချယ်ရေးအဖွဲ ့နဲ့သာဆိုင်တယ် ။
    ကြိုက်တာရွေးမယ် ပေါ ့နော် …။ ခုလည်း နဂိုအစီအစဉ်အတိုင်း လုပ်လို ့ရနေတာဘဲ ။ လုပ်ချင်ရင်တော.
    ပေါ ့ပါးတာကောင်းပါတယ် ။ ဒီဆုကိစ္စ ကိုဆက်လုပ်ကျရင်တော ့ ရွေးချယ်ရေးအဖွဲ ့ကို မဖျက်သိမ်း
    ပါနဲ ့ ။ ဘယ်နေရာမဆို ဦးဆောင်သူမရှိရင် မဖြစ်ပါဘူး ။ ကိုယ် ့ထမင်းကိုယ်စား ကိုယ့်အလုပ် ကိုယ်လုပ်
    ကိုယ်ပိုင်ငွေစိုက်ထုပ်ပြီး လုပ်ပေးရတာ လိပ်ပြာမသန် ့ဖြစ်စရာမရှိပါဘူး ။ သိပ်ဂရုစိုက်နေရင် သားအဖ
    နှစ်ယောက်နဲ့ မြည်းတစ်ကောင် ပုံပြင်လိုဖြစ်သွားမယ် ….. တကယ်တော. တစ်နှစ်လုံး ဘယ်သူမှ ဒိုင်ခံ
    ဖတ်ပေးဖို ့တောင်မလွယ်လှဘူး ….အဓိကရည်ရွယ်ချက်က စာကောင်းပေကောင်းထွက်ပေါ်ရေးနဲ ့
    မန်ဘာတွေ ပျော်ပျော် ပါးပါး တွေ ့ဆုံမိတ်ဖွဲ ့ရေး မဟုတ်လား ။ အကယ်၍များ ဆက်လုပ်ဖြစ်ရင်
    ပြိုင်ပွဲ ဆိုတဲ.အသုံးအနှုံးကြီး ဖျောက်ထားရင်ကောင်းမယ် …..။ အခုတောင် လေးငါးကြောင်းနဲ. ဘယ်သူ
    မှ ပို့စ်မတင်တော.ဘူး …..သေသေချာချာသပ်သပ်ရပ်ရပ် တင်နေကြပုံရပါတယ် ။ ရည်ရွယ်ချက်အောင်
    မြင်ပုံရပါတယ် …..။

  • surmi

    July 28, 2012 at 12:32 am

    ကိုဘလက် လုပ်ပါဥိး အစ်ကို့ သဘောလေး ။
    ကျနော်ပြောတာလဲစိတ်မရှိကြပါနဲ ့ ……ရေရှည်မလုပ်နိုင်မှာစိုးလို ့ပါ ။
    ခု ပုံစံ ဆို ပျက်မလိုဖြစ်နေပြီ ။

Leave a Reply