မန်းဂေဇက်ချစ်သူများစာပေဆုအစီအစဉ်

padonmarJuly 26, 20121min86079

ကိုဘလက်ချော စလိုက်တဲ့ ဇာတ်လမ်းလေးပါ။မှတ်မိကြမယ်ထင်ပါတယ်။

ဂေဇက်မှာ တစ်လတာ တင်တဲ့ ပို့စ်တွေထဲက အကြိုက်ဆုံးတစ်ပုဒ် ရွေးပြီး စာပေဆုလေးပေးကြမယ်ဆိုတဲ့ အစီအစဉ်လေးပါ။

ဂေဇက်မှာ လက်သွေးကြတဲ့ ကလောင်တွေအတွက် မြေတောင်မြှောက်(အားပေး)ချင်တဲ့ စေတနာလေးနဲ့

ကျမတို့စုပေါင်း အကောင်အထည်ဖော်ကြပါမယ်။

လောလောဆယ်မှာ အစပျိုးတဲ့ အနေနဲ့ ကျမတို့(သက်ကြီး)လူကြီးပိုင်းတွေက ကိုယ်ကြိုက်တဲ့ ပို့စ်လေးတွေ

ရွေးပေးကြပါမယ်။

အခု ဖွဲ့ထားတဲ့အဖွဲ့လေးရဲ့ အဖွဲ့ဝင်တွေကတော့

၁။ Foreign Resident
၂။ ဦးဦး ပါလေရာ
၃။ ကိုပေါက် (မန္တလေး)
၄။ ကိုကြီးမိုက်
၅။ ကိုထူးဆန်း
၆။ ကိုနိုဇိုးမိ
၇။ ကိုလင်းဝေ
၈။ ကိုအင်ဇာဂီ
၉။ ဘလက်ချော
၁၀။ အရီးခင်လတ်
၁၁။ မပဒုမ္မာ
၁၂။ မမ
၁၃။ ဝေဝေ

တို့ဖြစ်ပါတယ်။

စွယ်တော်ရွက်ကလည်း အားလပ်ရင် ကူညီပေးပါလိမ့်မယ်။စိန်ဗိုက်ဗိုက်ကလည်း လုပ်အားပေးပါမယ်။

လူကြီးပိုင်းတွေထဲမှာ အသက်ငယ်သေးတဲ့ အင်ဇာဂီ နဲ့ ဝေဝေ ကိုလည်းထည့်ထားရတာကတော့

အသက်ငယ်ပေမယ့် အသိမငယ်သူတွေဖြစ်တဲ့အတွက် လူကြီးတွေထက် ပိုအကွက်စေ့စေ့ လှုပ်ရှားနိုင်မယ့် အပြင်

ရေရှည်မှာ လက်ဆင့်ကမ်းတာဝန်ယူပေးသွားနိုင်ကြမယ့် လူငယ်တွေ ဦးစီးတဲ့ အဖွဲ့လေးဖြစ်လာဖို့ ရည်ရွယ်ပါတယ်။

အားလုံးဘဲ ကိုယ့်အသက်မွေးဝမ်းကျောင်းကိုယ်စီကြားက မအားပေမယ့် ဂေဇက်ရေးသူဖတ်သူတွေအတွက်

စာကောင်းလေးတွေ အသိအမှတ်ပြုခံရရေး၊ပိုကောင်းတဲ့ စာပေတွေ ပေါ်ထွန်းလာရေး လုပ်အားနဲ့ အချိန်တွေ

ပေးကြမှာဖြစ်ပါတယ်။

ပို့စ်ရေးသူတွေထဲမှာ Professional level တွေဖြစ်တဲ့ ဆရာမ ဝင့်ပြုံးမြင့်၊ဆရာ ကိုပေါက်(မန္တလေး)၊ဆရာ

သူရဿဝါ၊ ဆရာထက်ဝေး၊ဆရာကမ်းဝေး(marblecommet)တို့ရဲ့ စာတွေဟာ အလွန်ကောင်းပေမယ့်

ကျမတို့ရဲ့အဆင့်နဲ့ အကဲဖြတ်ရမယ့် သူတွေ မဟုတ်တာကြောင့် နာယကနေရာမှာ ထားပြီး

အရွေးချယ်ခံစာရင်းထဲမထည့်တာကို နားလည်ပေးကြစေလိုပါတယ်။

Pro အဆင့်ဆိုတာကို ပုံနှိပ်မီဒီယာပေါ် ၁ဝ ကြိမ်ရောက်ဖူးတဲ့သူလို့ ကျမတို့က သတ်မှတ်ချင်ပါတယ်။

အခု အရွေးချယ်ခံထဲက သူတွေလည်း သတင်းစာ မဂ္ဂဇင်း ဂျာနယ်တွေမှာ ၁ဝကြိမ်ပါပြီးရင်တော့

ရွေးချယ်သူစာရင်းထဲ အားဖြည့်ပေးစေလိုပါတယ်။

မနောဖြူလေး ဆိုရင် မကြာမီ အဲဒီ စာရင်းထဲ ပြောင်းပေးရတော့မယ်လို့ မျှော်လင့်ပါတယ်။

ခုလိုရွေးချယ်တာဟာ အကောင်းဆုံးဆိုတာထက် ကိုယ်အနှစ်သက်ဆုံး၊အကြိုက်ဆုံးကို ရွေးကြတာဖြစ်တဲ့

အတွက်ကြောင့် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်။

(ကျမက လက်ဖက်သုတ်ကို အကြိုက်ဆုံးရွေးပေမယ့် နောက်တစ်ဦး အမြင်မှာတော့ ဒူးရင်းသီးလေးက

ပိုကောင်းတာ၊ဘာလို့များ မရွေးပါလိမ့်လို့ မြင်ချင်မြင်မှာပေါ့နော)

ဆုရွေးချယ်ပုံ အစီအစဉ်၊

ရွေးချယ်ရေးအဖွဲ့ဝင်တွေက ဒီတစ်လအတွင်း ကိုယ်ဖတ်မိသမျှထဲက အကြိုက်ဆုံး ၃ ပုဒ်ကို ရွေးပြီး ရေးသူအမည်၊

ပို့စ်နာမည် (Link ပေးရင်ပိုကောင်းပါတယ်)(ပထမ အကြိုက်ဆုံးကို ၃ မှတ်၊ဒုတိယ အကြိုက်ဆုံးကို ၂ မှတ်၊

တတိယ အကြိုက်ဆုံးကို ၁ မှတ်ပေးပေးပါ)နောက်တစ်လရဲ့ ၅ရက်နေ့ အမှီ(ဂျူလိုင်လ အတွက်ဆိုရင် ဩဂုတ်လ

၅ရက် မတိုင်မီပါ) mr.solakoko@gmail.com ကိုပို့ပေးစေလိုပါတယ်။

(ကျမကိုယ်ပိုင်အမှတ်ပေးမယ့် စနစ်ကတော့ အကြောင်းအရာဆန်းသစ်မှု၊တင်ပြပုံအရေးအသား၊

အများအကျိုးပြုရည်ရွယ်ချက်၊သတ်ပုံမှန်ကန်မှု နဲ့ လူအများကြိုက်မှု ပေါ်မူတည်ပြီး အမှတ်ပေးပါမယ်။

အခြားသူများကလည်း သူတို့ နည်းနဲ့သူတို့ပေးပါလိမ့်မယ်)

အချင်းချင်းလည်း cc ခံပြီးပို့လိုက်ရင် အခြားသူညွှန်းတဲ့ထဲက ကိုယ်မဖတ်မိတာလေးကို ပြန်ဖတ်နိုင်ပါတယ်။

(ဆုရွေးချယ်ရေးအဖွဲ့ဝင်တွေကလည်း အလုပ်ကိုယ်စီနဲ့ မအားလပ်ကြတာဖြစ်လို့ အကယ်၍များ မျက်စိလျှမ်းပြီး

ကောင်းတဲ့ ပို့စ်လေးတွေကို လွတ်သွားမှာတော့စိုးမိပါတယ်။ဒါကြောင့် စာဖတ်သူများကလည်း ကိုယ်သိပ်ကြိုက်တဲ့

ပို့စ်လေးများ ဖတ်မိရင် ဒီ အီးမေးကို Link လေး(သို့) ပို့စ်အမည်နဲ့ ရေးသူအမည်လေး ပေးပို့ပြီး

ဆန္ဓပြုပေးစေချင်ပါတယ်)

၁ဝ ရက်နေ့မှာ ပြန် review လုပ်ပြီး အကြိုက်ဆုံးပြန်ပို့ပေးပါ။

လစဉ် ၁၅ရက်မှာ အမှတ်အများဆုံး (ကြိုက်သူအများဆုံး) ပို့စ်ကို ဒီလရဲ့ မန်းဂေဇက်ချစ်သူစာပေဆုရ အဖြစ်

ကြေငြာပေးပါမယ်။

ဆုပေးမယ့် အစီအစဉ်

တစ်လ တစ်ကြိမ် ရွေးထားတဲ့ ဆုတွေကို နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ် တနင်္ဂနွေနေ့လည်မှာ ဆိတြ်ငိမ်တဲ့

(Privacy ရှိတဲ့) စားသောက်ဆိုင်လေးတစ်ခုခုမှာ ရွာသူားများပေါင်းပြီး ဆုပေးပွဲလေး ကျင်းပကြပါမယ်။

(ရဲစည်ရဲ့ ရသ စာပေဆု နဲ့ လု၊မှော်၊ဂီ၊ထူး တို့ရဲ့ ဓာတ်ပုံဆုလေးတွေပါ တပါတည်း ပေးကြရင် ပို ကောင်းမယ်လို့

မြင်ပါတယ်၊ရဲစည် နဲ့ ဓာတ်ပုံဆရာများရဲ့ ဆန္ဒလေးလည်းသိပါရစေ)

ဆု
ဆုအတွက် အဘဖေါက တစ်လ တစ်သောင်းပေးပါမယ်တဲ့။ အဘဆွေက တစ်နှစ်တစ်သိန်းပေးပါမယ်လို့ စေတနာ

ထက်သန်စွာနဲ့ အကြောင်းကြားလာပါတယ်။

ဆုရွေးချယ်ရေးအဖွဲ့(အိတ်ဆိုက်အင်တာပရိုက်စ)ကလည်း တစ်ယောက် တစ်လ ၃၀၀ဝစီ ပါဝင်ကြပါမယ်။

သဂျီးတို့ကလည်း အမှတ်တရအဖြစ် မန်းဂေဇက် လိုဂို နဲ့ Certificate တစ်စောင်စီ ပို့ပေးပါလိမ့်မယ်။

တစ်နှစ်လုံးရွေးထားသမျှထဲက သဂျီး အကြိုက်ဆုံးတစ်ပုဒ်ကို ရတနာပုံ ပုံနှိပ်သတင်းစာမှာ ဖော်ပြပေးပါလိမ့်မယ်။

စာမူခကတော့ သဂျီးသဘောပေါ့နော။

ဆုပစ္စည်းလေးကို မှတ်မှတ်ရရဖြစ်စေဖို့လည်းစဉ်းစားနေကြပါတယ်။( ကျောက်ပန်းချီ လုပ်ပါ အကြံပေးတဲ့သူ၊

ပန်းပုလုပ်ပါအကြံပေးတဲ့သူ၊

Printing on melamime plate ပန်းကန်ပြား၊ကြွေခွက်ပေါ်မှာ ဓာတ်ပုံ နဲ့ လိုဂို ပုံနှိပ်ဖို့

အကြံပေးတဲ့သူလည်းရှိပါတယ်။နောက်ထပ် အကြံရရင်လည်း ပေးကြစေလိုပါတယ်)

ဒီ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရွာသူားများရဲ့ အမြင်နဲ့အကြံလေးတွေလည်း ရယူချင်ပါတယ်။

79 comments

  • ဦးဦးပါလေရာ

    July 28, 2012 at 12:49 am

    ကိုဆာမိရေ
    ပျက်တာတော့ မပျက်ပါဘူးဗျာ
    ဒီလူကြီး ဆယ့်သုံးယောက်နာမည်တပ်ပြီးမှပျက်ရရင်
    ကိုယ့်မျက်နှာ ပေါင်းတင်ပြီးရွှေသွင်းလိုက်ဖို့သာ ရှိတော့တာပဲ.. 😛 😛
    ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ ပုံစံလေးကို တည် ဘို့ကြိုးစားရင်း လိုတိုးပိုလျှော့ လုပ်ဖြစ်နေတာလို့ ယူဆပါတယ်။

    ဘယ်လိုပုံစံနဲ့ဖြစ်စေ အဓိကရည်ရွယ်ချက်နှစ်ရပ်ဖြစ်တဲ့
    စာကောင်းပေကောင်းလေးတွေ တိုး လာဘို့နဲ့
    ပိုစ့်ကောင်းလေးတွေကို အသိအမှတ်ပြုဖြစ်ဘို့ ကတော့ သေချာပေါက်ဖြစ်မြောက်သွားမှာပါ..။

    ပြီးတော့ ကိစ္စတခုကိုလဲ အသေအချာပြောလိုပါတယ်…။
    ဒီစာပေဆုရွေးချယ်ရေးဟာ ပြိုင်ပွဲ မဟုတ်ပါဘူး…။
    မတူတဲ့အမြင်ရှိသူအသီးသီးက သူတို့အကြိုက်အသီးသီးကို ရွေးချယ်ရင်း
    အကြိုက်ချင်းတူတဲ့ ပိုစ့်ကောင်းလေးတွေ ဖေါ်ထုတ်ဖြစ်ဘို့ပါပဲ….။
    အဲဒါဟာ ဘယ်ပိုစ့်က ဘယ်ပိုစ့်ထက်ပိုကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပဲ..
    ဘယ်ပိုစ့်ကို လူကြိုက်များကြတယ် ဆိုတဲ့အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

    အဲ့ လူကြီးဆယ့်နှစ်ယောက်နော်….
    ကျုပ်မျက်နှာပေါင်းတင်ရအောင်မလုပ်ကြနဲ့… 😀 😀

    • Foreign Resident

      July 28, 2012 at 8:54 am

      အခုလောလောဆယ်တော့ ၊
      ဆု ရွေးချယ်ရေး အဖွဲ့ကိုတော့ မဖျက်စေချင်ဘူး ။
      အဲဒီလို သတ်သတ် မှတ်မှတ် လုပ်လိုက်မှ ၊
      အဲဒီ လူတွေကို တိတိ ပပ တာဝန်ပေးသလိုဖြစ်သွားမယ် ။
      နို့မို့ရင်တော့ နောက် ၂ လ ၃ လ ကြာရင် ယောင်တောင်တောင် နှင့် ၊
      ပွဲပျက်သွားလိမ့်မယ် ။ ရံပုံငွေလည်း ရမှာမဟုတ်ဘူး ။

      ၁ ။ ဆုရွေးချယ်ရေးအဖွဲ့ဝင် အရေအတွက် လျော့ချင်ရင် လျော့လို့ ရတယ် ။
      ၂ ။ ဆုရွေးချယ်ရေးအဖွဲ့ သက်တမ်း သတ်မှတ်ချင်ရင် သတ်မှတ်လို့ရတယ် ။
      ( ဥပမာ – ၆ လ / ၁ နှစ် )
      ၃ ။ ဒါပေမယ့် အဲဒီ ဆုရွေးချယ်ရေးအဖွဲ့ဟာ ဆု ၊ ဆုချီးမြှင့်ပွဲ နှင့် အကျွေးအမွေး စသဖြင့်
      အတွက်ကို တာဝန် ယူသင့်တယ် ( ဒါကတော့ ခုရှုပ်မှ နောင်ရှင်း လေ )

      ကိုပါလေရာ အပေါ်မှာ ပြောခဲ့သလိုပဲ ။
      ” ပျက်တာတော့ မပျက်ပါဘူးဗျာ
      ဒီလူကြီး ဆယ့်သုံးယောက်နာမည်တပ်ပြီးမှပျက်ရရင်
      ကိုယ့်မျက်နှာ ပေါင်းတင်ပြီးရွှေသွင်းလိုက်ဖို့သာ ရှိတော့တာပဲ ”

      သေချာတာကတော့ ၊
      ဒီ ၁၃ ယောက်နာမည်ကြီး နှင့် ထွက်လာပြီးမှတော့ ၊
      ဒီ January အထိကတော့ ၊
      အဘ က မဖြစ်ဖြစ်အောင် လုပ်ပေးသွားမှာပါ ။

      ကိုပါလေရာ You can count on me !!!

    • Foreign Resident

      July 28, 2012 at 9:10 am

      ” စာကောင်းပေကောင်းလေးတွေ တိုး လာဘို့ ”
      နှင့် ပါတ်သက်ပြီး ပြောရရင်တော့ ၊
      အခုကိုပဲ ( July လအတွင်းမှာကိုပဲ )
      တော်တော် သိသိသာသာ ကောင်းတာတွေ တွေ့ရတယ် ။
      အရွေးမခံရတဲ့ Post တွေအတွက် ကြိုတောင် နှမျောမိတယ် ။

    • Foreign Resident

      July 28, 2012 at 9:15 am

      စကားမစပ် ၊
      မျက်နှာ ပေါင်းတင်ပြီးရွှေသွင်း တာကိုတော့ စိတ်ဝင်စားတယ် ။

      • ကိုရင်စည်သူ

        July 28, 2012 at 12:43 pm

        ဘဘဖောရေ…တားတားတို့လို့ ဝါသနာရှင်တွေလည်း အားတဲ့အခါ ပို့စ်ရေးပြီး
        တင်ချင်ပါတယ်။ ဆုရတာမရတာ အပထား ကျနော်တို့လို
        အဝေးရောက်နေတဲ့ ရွှေမြန်မာတွေအတွက် ဆုလာမယူနိုင်ရင်ကော
        ဘယ်လိုပုံစံမျိုးနဲ့ ဆုပေးမှာလည်း သိချင်ပါတယ်ခင်ည။ (ဒါမှမဟုတ် ပြည်တွင်းစာရေးသူတွေအတွက်ပဲလား?)
        ဘယ်လိုမျိုး အသိအမှတ်ပြုပေးမှာလည်း ဆိုတာ သိချင်ပါတယ်ခင်ည။
        တတ်နိုင်ရင်တော့ Popular & Formula တွေမပါပဲ
        မျှမျှတတလေးဖြစ်စေချင်ပါတယ်…ခင်ည…

        လေးစားစွာဖြင့်
        ကိုရင်စည်သူ

  • surmi

    July 28, 2012 at 1:01 am

    ပြိုင်ပွဲမဟုတ်ဘူးလို. အားလုံးကနားလည်ထားပေးဖို့လိုပါတယ် ..။ဒါမှ မျှတတယ် မမျှတဘူးတို ့မဖြစ်လာမှာ
    ကျနော.အမြင် ဆုနာမည်တောင် ပြောင်းစေချင်ပါတယ် ။
    နောက်ပြီး မန်ဘာများလည်း သဘောထားကြီးပေးဖို.လိုပါတယ် ။ ကိုယ့်စိတ်ကြိုက်မဖြစ်တဲ.အခါမျိုးမှာ
    ခွင် ့လွှတ်နားလည်ပေးဖို့ပေါ ့ …။

  • htoosan

    July 28, 2012 at 7:22 am

    နောက်တစ်ခုက စာတွေ အားလုံးဖတ်ပြီး လိုက်ပြီး ဝေဖန်နေမှာ တော့ မဟုတ်ဘူး ဆိုတာလေး ။

    ကိုယ်ကြိုက်ရင်ကြိုက်တဲ့ အကြောင်းသာ ပြောပြီး မကြိုက်တဲ့ အကြောင်းကို ဝေဖန်မှု့ မပြု ကြဖို့ လို မယ်ထင်ပါတယ် ။

    အားငယ်လိုက်တာဟယ် လို့ ပြောထားသူရှိတော့ အတွေးချော်ပြီး ဒီကိစ္စ ပြောချင်တာများလားလို့ သွားစဉ်းစားမိလို့ ။ ခိုင်ခိုင်ရေ ကျွန်တော် အတွေးချော်တာဆိုရင်တော့ ခွင့်လွှတ်နော်.. :mrgreen:

  • MaMa

    July 28, 2012 at 8:30 am

    တု့ိရွာသူားတွေ သဂျီးပြောတဲ့ ငြင်းခုန်ခြင်းအနုပညာကို ဆင်နွဲနေကြတယ်လို့ မြင်မိပါတယ်။
    လွတ်လပ်ပွင့်လင်းစွာ အကြေအလည် ငြင်းခုန်ဆွေးနွေးကြပြီး သင့်တော်မှန်ကန်တဲ့အဖြေကို ရှိနိုင်မယ်လို့ ထင်မိပါတယ်။
    မန်းဂေဇက်ကျေးရွာကြီး စည်ပင်ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ တူညီတဲ့ဆန္ဒကြောင့် အကောင်းဆုံးကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ ယူဆပါတယ်။
    [:)]

    ငါးမရ ရေချိုးပြန်ဆိုသလို …………..
    ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတာပေ့ါ။
    မဖြစ်တော့လည်း ဦးပါပြောသလို မျက်နှာပေါင်းတင်ကြရုံပေ့ါ။ [:D]

  • ဒီစာမူတွေနဲ့ပါတ်သက်လို့ပြောရင်
    ပထမ စာဖတ်သူ (13)ယောက်က သူတို့ဖတ်တဲ့အထဲကနေ ငါးပုဒ်ရေးချယ်တင်လိုက်မယ်။
    အဲဒီငါးပုဒ်ကို လင့်နဲ့တကွ တင်ပေးပါမယ်။
    အဲဒီစာကို ဖတ်မိတဲ့ဂေဇက်အဖွဲ့ဝင် ရွာသူရွာသားများက ပြန်ပြီး အကြိုက်ဆုံးတစ်ပုဒ်ရွေးချယ်လိုက်ရင်
    မျှတတဲ့ ရလာဒ်တစ်ခုသေချာပေါက်ရမှာပါ။
    တစ်ခုတော့ရှိပါတယ် ရွေးချယ်ထားတဲ့ ငါးပုဒ်အတွက်ကတော့ ဘာကြောင့်ရွှေးလိုက်တယ်ဆိုတဲ့မှတ်ချက်
    သေချာပေါက် ပါမှာပါ။
    ကျန်တဲ့စာမူတွေကိုတော့ ဘာမှဝေဖန်မှာမဟုတ်ပါဘူး။
    ဘယ်သူရေးတဲ့စာဘဲဖြစ်ဖြစ် ကြိုက်ရင် ရွှေးမှာပါဘဲ။.
    ုုပြီးရင်အများဆန္ဒနဲ့ညီတဲ့တစ်ပုဒ်ပြန်ရွေးမှာပါ။

    ပြောပြီးသား 2012 အကုန်ထိကျနော်ဖတ်ပေးပါမယ် ရွေးပေးပါမယ်။
    နောင်လာမယ့်နှစ်ကတော့ လုပ်နိုင်ရင်လဲပြောမယ် မလုပ်နိုင်ဘူးဆိုရင်လဲပြောမယ်။
    ဘာလို့လဲဆိုတော့ကျနာ်အကျင့်က လုပ်ပေးမယ်ဆိုရင် ကိုယ်ဖိရင်ဖိလုပ်ပေမှာ။
    နာမယ်ခံသက်သက်နဲ့နှင်္မ်းဖြူးတာ ဝါသနာမပါလို့ပါ.

    • Foreign Resident

      July 28, 2012 at 9:20 am

      ကိုပေါက် အကြံလေး မဆိုးပါဘူး ။
      ဆု ရွေးချယ်ရေး အဖွဲ့လဲ မဖျက်ရဘူး ။
      ရွာမှာလည်း ဒီမိုကရေစီ ရှိသွားတာပေါ့ ။

  • ကြောင်ကြီး

    July 28, 2012 at 9:58 am

    ပို့စ်ရွေးပေးသူများ အနေနဲ့ ရေးသူအမည် မဖော်ပြဘဲ စာချည်းသက်သက် ဂေဇက်ရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ လိပ်မူပေးနိုင်ရင် ပိုကောင်းမယ်၊ ဘယ်သူဘယ်ဝါဆိုတဲ့ အစွဲကင်းနိုင်သမျှ ကင်းအောင်လို့ပါ။ ဆယ်တန်းစာမေးပွဲဖြေရှင် ဖြေဆိုသူနာမည် ထည့်မပေးရတဲ့ စာစစ်စနစ်လိုပေါ့ဗျာ။ တခုရှိတာ လုံးဝဖုံးကွယ်ထားလို့ မဖြစ်နိုင်တော့ သိတော့သိကြမှာပဲ သို့သော် ဘုတ်မင်န်ဘာတိုင်း စာအားလုံး ဖတ်ထားဖို့ ခဲယဉ်းပါလိမ့်မယ်။ မရှိတာထက်စာရင် စနစ်ပိုကျသွားတာပေါ့ဗျာ။

  • စိန်ဗိုက်ဗိုက်

    July 28, 2012 at 3:22 pm

    ဖတ်ရင်းမူးတွားဒယ်..
    ကျော်..ဘယ်လိုကူညီပေးရမလဲသာ စောင့်နေပါတယ်လေ..

  • R Ga

    July 28, 2012 at 4:34 pm

    ကျွန်တော်သိချင်တာက ဘယ်လိုစာပေအမျိုးစားတွေကို ရွေးချယ်ပေးမှာလဲဆိုတာ သိချင်ပါတယ်။
    ဥပမာ- ကဗျာ။ ရသစာပေ၊ဝတ္တုတို၊ သတင်း၊ အက်ဆေး စသဖြင့်ပေါ့။

    လေးစားစွာဖြင့်

    အမှားများဖြင့် နေသားကျနေသော

    အာဂ

  • အရီးခင်လတ်

    July 28, 2012 at 4:38 pm

    လာမယ် ကျော်၊ လာမယ်။ မနေ့ညက အိုလံပစ် ကိုက် သွားလို့ မဝင် ရတာပါ။ 😛

    ကကြောင် ပြောတာမျိုး ကို သဘောကျပါတယ်။

    ကျွန်မ ဒီရက် တွေးမိသွားတာလေးက
    ဒီရွာထဲမှာ စာရေးတာ ဆု ဘာညာ အတွက် ရ ဖို့ မဟုတ်ဘဲ စိတ်ထဲ ရှိရာ Post လေးတွေ ကို လွတ်လွတ်လပ်လပ် ရေးကြတာကို ကြိုက်တဲ့ သူ များ နေတာ လို့ ထင်ပါတယ်။
    သူတို့ စာတွေ ကို အကဲဖြတ်မယ် ဆိုရင် အဲဒီ လွတ်လပ်မှု လေးပျောက်သွားမယ် ဆိုပြီး စိုးရိမ်မိမှာ သေချာပါတယ်။

    နောက်ပြီး ကျွန်မ စာအားလုံး မဖတ်နိုင်ခဲ့ပါဘူး လို့ ဝန်ခံပါတယ်။
    ကိုယ်မဖတ်ဖြစ်တဲ့ ရက်၊ ကိုယ်မဖတ်ဖြစ် တဲ့ Post တွေ မှာ အလွန်ကောင်းတာတွေ ပါနိုင်ပါတယ်။
    အဲဒါကို ရွေးချယ်ရေးထဲမှာ မိန့်မိန့်ကြီးပါ ပြီး ကိုယ်ဖတ်တာတွေ ဘဲ ဝင်ရွေးလို့ကတော့ ဘယ်လိုမှမတရားပါဘူး။
    အဲဒါကိုလဲ ကျွန်မရဲ့ အစ်မ/ညီမ များကိုတော့ ပြောပြီးဖြစ်ပါတယ်။
    ဒါက ကျွန်မ ရဲ့ ခက်ခဲတဲ့ အမှုကိစ္စ ကိုပြောတာပါ။

    ကျွန်မ အခု စဉ်းစားမိတာ ကိုပြောရရင်တော့

    (၁) အခု လုပ်မဲ့ ရွေးပွဲ ရဲ့ ရည်ရွယ်ချက်
    – ဂေဇက် ရဲ့ ပုံမှန် စာရေး၊ စာဖတ်သူများ ကို ပုံမှန် ရေး/ဖတ် နေမြဲဖြစ်စေလိုပါတယ်။ မည်သူ့ ကိုမျှ မထိခိုက် စေရပါ။
    – အမှတ်တရ ပေးပွဲ တစ်ခု ရှိခြင်းဖြင့် မျက်နှာဖုံး မသုံးသူ များ အနဲဆုံး တစ်နှစ်တစ်ခါ ပျော်ပျော်ပါးပါး တွေ့နိုင်ပါမယ်။
    – ကိုယ့်လက်ရာ ကို သွေးနေချင်သူ များ အတွက် လေကျင့်ရေး ကွင်း ရပါမယ်။

    (၂) စာမူ ပေးပို့ သူများ
    – ဂေဇက် အဖွဲ့ဝင် အားလုံး ပေးပို့ နိုင်ပါသည်။

    (၃) အကဲဖြတ် သူများ
    – ဂေဇက် အဖွဲ့ ဝင် မှန်သမျှ အကဲဖြတ် နိုင်ရပါမယ်။
    – မိမိ အကဲဖြတ် တာက ကောင်းပါတယ်၊ ကြိုက်ပါတယ်၊ ခံစားရပါတယ် နဲ့ ပြီးလို့ မရပါဘူး။
    မိမိကိုယ်ကို ဒိုင်လို့ သတ်မှတ် ရင် ကိုယ်အကြိုက်ဆုံး စာမူ ကို ဘာကြောင့်ကြိုက် တယ် ဆိုတဲ့ မှတ်ချက် ကောင်းကောင်း လိုပါမယ်။
    မဟုတ် ရင် အကဲဖြတ် စရာ မလိုပါ။
    မှတ်ချက်ကောင်း နဲ့ စာမူ အတွက် အမှတ်ရပါမယ်။
    သေချာတာပါ့။ ကိုယ့်စာမူ ကို ကိုယ်ကိုယ်တိုင် လဲ မှတ်ချက် ကောင်းကောင်း ပေးပြီး အမှတ်ပေးနိုင်ပါမယ်။
    – ဒါကြောင့် အဖွဲ့ ဝင် အားလုံး (တစ်သိန်း နီးပါး ;-)) ဟာ မိမိ ဆန္ဒ နဲ့ ဒိုင်ဖြစ်သင့် ပါတယ်။
    – တာဝန် ရယ် လို့ သတ်မှတ် မထားပါဘူး။
    ဒါပေမဲ့ ကိုယ်တကယ် အကြိုက် တွေ့ရင်တော့ အမှတ် ပေးဖို့ ဝန်မလေး ကြပါနဲ့။
    ဒါဟာ စာရေးသူ အတွက် အင်အား တစ်ရပ် မို့ သူ့ ကို ကိုယ်က စိတ်ခွန်အားပေးလိုက်ခြင်း ဖြစ်ပါတယ်။

    (၄) စာမူ လက်ခံခြင်း
    – မိမိစာမူ ကို အများ မှ အကဲဖြတ် စေလို ပါက အီးမေး mr.solakoko@gmail.com ထံ ပို့ပါ။
    – အဖွဲ့ ဝင် တစ်ယောက် ကို တစ်လ တစ်ပုဒ် ပို့နိုင်ပါသည်။ ???
    – မည်သူ/မည်သည့် စာမူ ပို့ သည် ကို ကျော် မှ စီးကရက် ပုံစံ ခဲထားရပါမည်။

    (၅) အကဲဖြတ် မှတ်ချက်(အမှတ်) လက်ခံခြင်း
    – အဖွဲ့ ဝင် တစ်ယောက် သည် တစ်လ ကို မိမိ စိတ်ကြိုက် စာမူ တစ်ပုဒ် ကို အင်မတန် ကောင်းမွန်သော မှတ်ချက် ဖြင့် ရွေးချယ်နိုင်ပါသည်။
    – မိမိ ရွေး သော စာမူ နှင့် မှတ်ချက် ကို အီးမေး mr.solakoko@gmail.com ထံ ပို့ပါ။
    – မည်သူ/မည်သည့် စာမူ အတွက် မှတ်ချက် ပို့ သည် ကို ကျော် မှ စီးကရက် ပုံစံ ခဲထားရပါမည်။

    (၆) အရွေးခံမည့် စာမူများ နှင့် ပွိုင့်
    အရွေး ခံ မည့် စာမူများ သည် စာမူရှင် ၏ အကောင့် နှင့် မဟုတ် ဘဲ ကျော့်မှ တင်မည်ဖြစ်၍ ထိုသူများ ရဲ့ ပုံမှန် ရသင့်သော ပွိုင့် နစ်နာမှု မရှိအောင် လဲ စဉ်းစားပေးသင့်ပါသည်။
    သဘော ကတော့ ကျော်မှ လာသမျှ စာမူ များ ကို သူ့ အကောင့် နဲ့ တင်။ ထိပ်မှာလဲ Post တစ်ခု နဲ့ စုဖတ်လို့ ရအောင် အဲဒီ Link တွေ ပေးထားပါမည်။

    ဤပုံစံ ကို လက်ခံ ပါက ကျော် ဆက်လုပ် ရ မည့် တာဝန် ကို အားလုံးမှ ဆက်လက် အကြံပြု ဆွေးနွေး ဖို့ ပန်ကြားပါသည်။
    ထိန်းသိမ်းရမည့် အချက်အလက် များ အတွက် လဲ စနစ်ကျသော ထိန်းသိမ်းမှု ကို စဉ်းစားကြပါမည်။
    ကျော့် မှာ တော့ တာဝန် နဲနဲ ပိ သွားပါမည်။
    သို့သော် လွယ်လွယ်ကူကူ ထိန်းသိမ်း နိုင်အောင် ဝိုင်းစဉ်းစားကြည့် လို့ ရပါသည်။

    ရွာသူ/သား များ ဤပုံစံ ကို သဘောမတူ ပါက လဲ ခေါင်းရှုပ် စိတ်ရှုပ် မသွားကြပါနဲ့။ 😉 ကျွန်မ ပြောတာ ကို လစ်လျုရှု တော် မူကြ ပါ ကုန်လော့။ 😀

    • အရီးခင်လတ်

      July 28, 2012 at 5:48 pm

      အော … ကျန်ခဲ့လို့။
      ကိုပါတောင် မျက်နှာ ပေါင်းတင် ဆိုင် ပြေးသွားပြီလားမသိ။ 😀

      အကယ်၍များ မည်သူမျှ ဒိုင်လုပ်ဖို့ ပူးပေါင်း မလာချိန်မှာ ပွဲ အထမြောက်ဖို့ အတွက် ထိုထိုသော သူများ မှ ခေါင်းခံ ရန် တော့ နာမည်တပ်ထားသင့်ပါသေးသည်။

      သို့သော်
      ထိုသူများ ကိုချည်း ပုံအပ်ထားမှု မရှိရလေအောင် အားလုံးမှ ပူးပေါင်းသင့်ပါကြောင်း။ 🙂

      • Wow

        July 28, 2012 at 6:03 pm

        ကဲ ဘယ်လိုလဲ ကျော် ရေလုပ်မှာလား…
        တန်းစီပြီးပို့လိုက်တော့မှာနော်… 😛

        • စိန်ဗိုက်ဗိုက်

          July 28, 2012 at 6:22 pm

          မပို ့လဲ သွားနေကြတာပဲလေ..
          သက်သက် အကြောင်း ပြနေကြဒါဘာ 🙂

          အဓိကကတော့ ဦးဆောင်ပံ့ပိုးသူ ဆယ့်သုံးဦးပါ..
          အဲဒီ လူကြီးတွေ သဘောထားတူပြီဆို ဆုံးဖြတ်ချက်ချ အကောင်ထည်ဖော်လိုက်ယုံပါပဲ။
          ရွေးချယ်ပေးမဲ့ အဖွဲ ့ထဲ အကျိုးပြုပါဝင်ကူညီကြမယ်ဆိုလဲ အားလုံးက လက်ခံကြမှာပါ..။
          အချိန်ပေးနိုင်လို ့ ရွေးချယ်ရေး အဖွဲ ့ထဲ ပါဝင် ကူညီချင်ပါတယ်ဆို ပွင့်ပွင့်လင်းလင်း ပြောပေးလိုက်ကြပါဦး..။
          တစ်ခုခုဆို နာမည်တပ်ခံထားရတဲ့ ဒီလူတွေပဲ ဖြေရှင်းပေးရမှာမို ့ ဒီဦးဆောင်သူတွေစကားပဲ စောင့်ကြည့်နေပါတယ်။
          ကောင်းတဲ့ရည်ရွယ်ချက်မိုလို ့ ပံ့ပိုးကူညီမဲ့လူတွေလဲ ရှိနေတာပဲလေ..။

        • စိန်ဗိုက်ဗိုက်

          July 28, 2012 at 6:27 pm

          ကျနော်က အချိန်ပိုင်းမှာ ဝင်ရောက် အားဖြည့်ပေးဖို ့ အကူညီတောင်းခံထားရသူ ဖြစ်ပါတယ်.
          ရွေးချယ်ပေးမဲ့သူ မဟုတ်ပါဂျောင်း..ထပ်လောင်း ပေါကြားပါရစေခင်ဗျား.

    • padonmar

      July 28, 2012 at 7:34 pm

      မလတ်ရေ
      အိုလံပစ်ကိုက်ပြီး နည်းနည်းလမ်းချော်သွားပြီလားလို့။
      အခုက ဂေဇက်မှာတင်ပြီးသားထဲကဘဲရွေးဖို့လေ။
      စာမူသပ်သပ်ပို့ပြီးပြိုင်ရမှာ ရဲစည်ရဲ့ရသစာပေအတွက်ပါ။
      ကျော့်ဆီစာမူ တစ်လတစ်ပုဒ်ပို့ပါဆိုရင်ပြိုင်ပွဲလိုဖြစ်သွားမလားလို့။အရည်အတွက်လည်းနည်းမယ်။
      ပြိုင်မယ်မရည်ရွယ်ဘဲ ရေးချင်တဲ့ စိတ်တွန်းအားကြောင့်ရေးထွက်လာတဲ့ စာကောင်းလေးတွေလည်းလွတ်သွားမယ်လေ။

      အင်း…..ကျမတော့ စဉ်းစားနေတာ ဦးပါ မျက်နှာသွားပေါင်းတင်ရင် ကျမတို့လည်း အဆစ်ကလေးတောင်းပြီး ရွှေသွင်းရရင်ကောင်းမလားလို့ 😀

      • အရီးခင်လတ်

        July 28, 2012 at 7:52 pm

        ဟိဟိ။
        အိပ်ငိုက် ရင်း ရေး တယ်လို့ ထင်တယ်ပေါ့လေ။ 😀

        ကျွန်မ လဲ ဘောင်ကျဉ်း သွား အောင် စဉ်းစားကြည့်မိတာပါ။
        နောက်ပြီး စာမူ ကို အကြောင်းပြုပြီး ဂေဇက် အဖွဲ့ဝင်တွေ ပိုများ လာ စေချင်လို့ လဲ ပါပါတယ်။
        ဥပမာ – တစ်ချို့ က တစ်လ ကို ၅ပုဒ် ရေးတယ် ဆိုပါစို့။
        တစ်ပုဒ် ကို ရွေးချယ်ဖို့ အတွက် ဘဲ ပို့ မယ်။
        ကျန်တာကို သာမာန် သဘောရေးပြီး မပို့ ဘူး။
        တစ်ချို့ က တစ်လ ကို ၃ပုဒ် ရေးမယ်။
        အဲဒီ ၃ပုဒ် လုံး ကို ရွေးဖို့ ပို့မယ်။
        တစ်ချို့ က တစ်လ ကို ရပုဒ် ရေးမယ်။
        တစ်ပုဒ် မှ အရွေးခံဖို့ မပို့ ဘူး။

        သဘောက စာရေးသူ တွေ ကို သူ့တို့စာတွေ ကို အကဲဖြတ် ဖို့ စောင့်ကြည့်နေတယ် မဖြစ်ရအောင်ပါ။
        သူတို့ ဆန္ဒမရှိရင် မလုပ်ဘူး၊ သဘောတူ တဲ့ အကဲဖြတ်ခံ မဲ့ သူရဲ့ စာကိုဘဲ ရွေးတယ် ဆိုတာ ဖြစ်အောင်ပါ။
        နောက် တစ်ချက် ကတော့ အမှန်ပြောရရင် ဘယ်သူ ရေးတယ် ဆိုတာ မသိ ဘဲ ရွေး ရတာ ပိုပြီး စိတ်လွတ်ကိုယ်လွတ် ရှိမယ် လဲ ထင်မိလို့ပါ။

        ဒီလို ဆွေးနွေး ရတာ ကောင်းပါတယ် အစ်မရေ။
        အားလုံး သဘောတူပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်စေချင်လို့ပါ။

        တစ်ချို့ လဲ ရွာထဲ မှာ သိပ်ပြီး မတက်ကြွပေမဲ့ စာရေးကောင်း သူတွေ ရှိတာမို့ သူတို့ ကို လဲ ခေါ် တဲ့သဘောပါ။
        သူတို့လဲ သူတို့စာတွေ အကဲဖြတ်စေချင်ရင် ပို့ကြမှာပါ။

        ဆက်ပြီး ဆွေးနွေး ကြပါဦး။
        တစ်ခြားသူများ လဲ ပါပြီး ဆွေးနွေးပါရှင်။
        အားလုံး ပါဝင် စေချင်ပါတယ်။
        ကျွန်မ ကတော့ အများသဘော လိုက်ဖို့ အမြဲအသင့်ပါ။ 🙂

  • ko khin kha

    July 28, 2012 at 4:58 pm

    အရီးခင်လတ် write comment.
    I agree.

  • ပင်လယ် ပျော်

    July 28, 2012 at 5:56 pm

    အခုလိုပြိုင်ပွဲလေးတွေ လုပ်တာကောင်းပါတယ်..ဒါပေမဲ့ အခုဆိုရင် ဒီပြိုင်ပွဲနဲ.ပါတ်သတ်ပြီး စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်နေပါတယ်…အလှူ လုပ်တုန်းကဆိုရင် အားလုံးညီညီညွတ်ညွတ်နဲ ့ပျော်စရာအလွန်ကောင်းခဲ့ပါတယ်……. ပြိုင်ပွဲလဲ ဖြစ်မြောက် စေချပါတယ်..ဒီတော့ ပြိုင်ပွဲလည်းဖြစ်အောင် စိတ်ဝမ်းလည်းမကွဲရအောင် စည်းစည်းရုံးရုံးလုပ်စေချင်ပါတယ်….ရွာလေးသာသာယာယာဖြစ်အောင်လို ့ပေါ့…….

    • manawphyulay

      July 28, 2012 at 6:14 pm

      ပြိုင်ပွဲတောင် မစသေးဘူး စိတ်ဝမ်းကွဲမှုတွေ ဘယ်သူတွေက ဖြစ်နေတာပါလိမ့်။ ပင်လယ်ပျော် ပြောပုံအရပဲ။ ဘာလို့ဖြစ်စရာအကြောင်းရှိမှာလဲ အားလုံးညှိနှိုင်းပြီး ကောင်းဖို့လုပ်နေတာကိုဆိုတော့ …

    • surmi

      July 28, 2012 at 7:33 pm

      စိတ်ဝမ်းမကွဲပါဘူး ဒီလိုဘဲပုံမှန်
      ငြင်းခုံနေကြလို ့ပါ ။အောက်ကဒေါ်မနောကလည်း သိရဲ ့သားနဲ ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 28, 2012 at 9:34 pm

    အံ့ရော
    အံ့ရော
    ကျုပ်ကိုများ ဘယ်သူမှ ဆုချဘို့ အဆိုမတင်သွင်းဘူး 👿
    @#$%^&*&^$#@!&*(())+_|_(^%$#@
    ( အရဂါးနောက်ဒါ )

    • ကြက်ဖင် ( အကယ်ဒမီ )

      July 28, 2012 at 9:57 pm

      ဟုတ်တာပေါ့
      ငခြောက်ကို စုချ သင့်တယ်
      ကျုပ်အရင်ဗျားးးးးးးးးး
      ကဲကဲကဲ
      ကျုပ်နောက်က ဘယ်သူလည်း

      • ချစ်စ/ဆရာ

        July 28, 2012 at 9:59 pm

        ကျနော်လည်း တန်းစီပါတယ်ခင်ဗျား

  • aye.kk

    July 29, 2012 at 5:34 am

    ဂေဇက်မှာ…
    ကျမစာရေးတာဟာ…
    ရင်ထဲကဖြစ်ပေါ်လာတဲ့အခါ…
    စိတ်ခံစားမှုအတိုင်းလေးသာ…
    လက်တန်းချရေးနေမိတဲ့သူပါ။
    ငယ်ငယ်တုံးကအလယ်တန်းကျောင်းသူအဆင့်ကတော့..
    ဝါသနာအရမဟုတ်ဘဲ…
    ကျောင်းမှာမပြိုင်မနေရဆိုတော့ကြိုးစားပြီးရေးဖြစ်ပြီးပြိုင်ခဲ့ရပါတယ်…။
    အခုဂေဇက်လေးကမည်သူမဆိုလွတ်လပ်စွာရင်ထဲကအရှိအတိုင်းချရေးလို ့ရတဲ့..
    ပွင့်လင်းမြင်သာထင်သာရှိတဲ့နေရာလေးပါဘဲ…။
    ကျမကစာမရေးတတ်သူတစ်ဦးသာဖြစ်ကြောင်းအမှန်ဆိုတာကို…
    ဒီနေရာကနေအားလုံးကိုဖွင့်ဟဝန်ခံလိုက်ပါရစေရှင်။
    ဂေဇက်ကျေးဇူးကြောင့်သာရေးတဲ့အခွင့်လေးရ။
    ပညာတတ်သူတွေရေးထားတဲ့စာလေးတွေဖတ်ရတာ။
    ဗဟုသုတတွေများစွာရရှိခဲ့ပါတယ်။
    အသိဉာဏ်တိုးပွားခဲ့ရပါတယ်။
    ဂေဇက်ကိုတည်ထောင်ပေးတဲ့သူကြီးဦးခိုင်ရဲ ့မေတ္တာကိုလေးစားမိခဲ့ရပါတယ်။
    အားလုံးကိုလေးစားပါတယ်…။
    ကိုဘလက်ရဲ ့အစီစဉ်လေး…
    ဒေါက်တာပဒုမ္မာပြောတာလေး…
    မလတ်ရဲ ့အမြင်လေး…
    အားလုံးရဲ ့အကြံဉာဏ်ပြုချက်တွေ….
    ပညာတတ်သူတွေရဲ ့….
    အစီစဉ်လေး,အမြင်လေးတွေ,အားလုံးရဲ ့အကြံဉာဏ်ပြုချက်တွေပေါ့နော်။
    ကျမအနေနဲ ့ကတော့….
    လွန်စွာသင့်မြတ်ကောင်းမွန်လှတယ်လို ့ဘဲ
    ထင်မြင်ယူဆမိပါတယ်လို ့ပြောပြလိုက်ပါရစေရှင်…။။

  • htoosan

    July 29, 2012 at 8:02 am

    တူ ထု မဲ့ ဥက္ကဌ လိုအပ်နေတဲ့ အတွက် သူကြီး ကို ဥက္ကဌ အဖြစ်ရွေးချယ်ဖို့ အဆိုတင်သွင်းပါတယ် ခင်ဗျာ။
    မည်သို့မည်ပုံ လုပ်ကြစေ ဆိုသည်ကို ဥက္ကဌကြီး တူ ထု အမိန့် ချပေးပါခင်ဗျား ။ 😀 😀
    ဒီလို ပါတ်ပြေး နေလို့ ဘယ်ရမလဲနော့… ရွာသူားများ .. ကျွန်တော့် အဆို ထောက်ခံ ဆွေးနွေးပေးပါဦး .. ဟိ..ဟိ .. :mrgreen:

    • MaMa

      July 29, 2012 at 5:39 pm

      ဒီပိုစ့်ကိုဖတ်တာ နောက်ကျသွားလို့ ကိုထူးဆန်းကို ထောက်ခံတဲ့ ကွန်မန့်ကို မောင်စိန်ဗိုက်ပိုစ့်မှာ ရေးထားပါတယ်။
      (ခုမှပဲ ကိုယ့်လို အတွေးရှိတဲ့သူ ရှိသေးတယ်ဆိုပြီး စိတ်အေးသွားရတယ်။)

Leave a Reply