မန်းဂေဇက်၏ရံပုံငွေ ဘောလုံးပြိုင်ပွဲ

ေမာင္ရိုးJuly 25, 20121min60175

ဂေဇက်ရွာ၏ ရံပုံငွေဘောလုံးပွဲကြီးကား စပေတော.မည် ။ယနေ့ နံနက် ဈေးသို.အသွားတွင် လမ်းဆုံလမ်းဂွ၌ မနောဖြူ၏ဒီဇိုင်းလက်ရာဖြင်. ကြော်ငြာဘုတ်ကိုတွေ ့ခဲ.ရသည် ။ မှန်းစမ်း …..ဘာပွဲများလဲ ……မောင်ဆာမိ ပြူးပြဲ၍ကြည်.သည်တွင် ……..အပြာရောင်ဝတ်စုံများဖြင်.ဟန်ရေးပြနေသည်ကား ပြာထွန်းဖြန် ့ အသင်း …။ အဝါရောင်ဝတ်စုံများဖြင်. ခန် ့ငြားနေသည်ကား …..သာထွန်းပြန် ့အသင်း …….။ ဟုတ်ပြီ …မောင်ဆာမိဂျလေဘီရောင်းရတော.မည် ။ ဤသို.ဖြင်. …ဆာမိတစ်ယောက်အပျော်ကြီးပျော်လျက် ဘောပွဲ စမည်.ရက်ကို လက်ချိုး၍စောင်.နေတော.သည် ။

MG ရွာ၏ ရန်ပုံငွေဘောလုံးပွဲဖြစ်သောကြောင်. နှစ်ဘက်အသင်းသားတို.မှာ ရွာသူားများပင်ဖြစ်လေသည် ။ သာထွန်းပြန် ့အသင်း၏ ပဲ.ကိုင်ရှင်နည်းပြချုပ်ကား ဦးနေးချား …..တိုက်ပွဲဝင်ဘောသမားများမှာ ရွာ၏ နာမည် ကျော် ဒိတ်ဒိတ်ကျဲများဖြစ်သည်. တိုက်စစ်မှုးကြောင်ကြီး ၊ ကြောင်လေး ၊ အောင်ပု ၊ မောင်ဂီ ၊ အံဇာတုံး ဂျစ်ပစီ ၊ မိုးတိမ် ၊ ဖိုးထောင် ၊ ရဲစည် ၊ အရင်.ရောင် ၊ ရွှေတိုက်စိုး ၊ မောင်ကမ်း ၊ အလင်းဆက် ၊ ကြောင်ဝတုတ် ငပ၊ွကြီး ၊ ဖရဲသီး ၊ ရာဇဝင်လူဆိုး နှင်. ကိုရင်မောင် ……တို.ဖြစ်ကြလေသည် ။ ပြိုင်ဘက် ပြာထွန်းဖြန် ့အသင်းမှ ကစားသမားများကားမည်သူတို.နည်း ………… နည်းပြချုပ် သည်ကား ယှင်နာရိရ ပင်ဖြစ်၍ ……..အသေခံကစားသမားများသည်ကား ……………….. ဉာဏကျော် ၊ လိုင်းယွန်းကင်း ၊ မောင်ဂွ ၊ မောင်မိုးပြာ ၊ မိုးချမ်းမြေ ့ ၊ ကိုပါကြီး ၊ကိုငြိမ်းအေး ၊ ကိုအောက်အော. နှင်. ဇောက်ထိုး တို့ပင်ဖြစ်လေသည် ။ ပွဲကကြည်.ကောင်းမည် ။ တိုက်ရိုက်ထုပ်လွှင်.ရန်အစီစဉ်ရှိသည်မို. ရိုက်ကူးရေးအဖွဲ.ခေါင်းဆောင် ကိုပေါက်မှာ ကင်မရာများ နေရာချရန်အတွက် စီစဉ်ရလေသည် ။ ကိုစိန်သော. ၊ ရွှေမင်းသား ၊ M လုလင် ၊ ရွှေထီး ၊ မှော်ဆရာ ၊ ပန်ချာပီဆြာအုပ် ၊ နှင်. ချစ်ရင်ထူး ၂ တို.ကလည်း ကင်မရာများနှင်.ဘောပွဲကိုရိုက်ရင်း ကောင်းနိုး ရာရာ လေးများမြင်လျှင် တယ်လီဇွန်းနှင်. ပြူးပြဲကြည်.ရန် စိတ်ကူးယဉ်နေတော.သည် ။ ဒိုင်လူကြီး ……ဒိုင်လူကြီး ……..မည်သူဖြစ်မည်နည်းဟု ကြည်.သော်………….. … ရွာသဂျီးဦးခို်င် ….။ ထိုဦးခို်င် သည် တကယ်တော.လည်း ဘောပွဲဖြစ်မြောက်ရေးစီစဉ်သူသာဖြစ်လေ၏ ။ ဘောပွဲကြေငြာ တင်ဆက်သူအဖြစ် ဗိုက်ကလေးနှင်. သာလိကာတို.မှ တာဝန်ယူမည် ။ ထိခိုက်ဒဏ်ရာကုသရန်အတွက် ရွာ၏ဆေးပညာရှင်များဖြစ်သော မပဒုမ္မာ ၊ မိုးသီတာစိုး ၊ AKKO ၊ ဆရာထက် နှင်. မောင်ဝိုင်းတို.ကလည်းကောင်း ……………အလောင်းသယ်ရန် …..အဲ ..ကန်တော. ကန်တော. မှားလို. ………………ဒဏ်ရာရသူများသယ်ဆောင်ထမ်းပိုးရန်အတွက် ကြက်ခြေနီတတ်ဖွဲ.ဝင်များအဖြစ် လျှင်မြန်ဖြတ်လပ်လှစွာသော အဘဖော ၊ ကိုဘလက်ချော ၊ ကိုကြီးမိုက် နှင်. ဦးဦးပါလေယာတို.အား ရွေးချယ်ထားသည် ။

x x x x x x x x x x x x x x x x x x x

ယနေ ့ ဘောပွဲ စတော.မည် ။ ဂျလေဘီထုပ်များနှင်.ရေသန် ့ဘူးများဆွဲ၍ ပွဲကြည် ့စင်ထက်သို.ကြိုပြီးရောက် နှင့်နေသည် ။ မကြာပါ …… စင်မြင့်၏ထိတ်ဆုံးတစ်နေရာသို. သားသားနားနားဝတ်စားထားသည် ့ ဘောစိနှစ် ယောက် ရောက်လာခဲ.သည် ။ မောင်ဆာမိအချဉ်ဖမ်းရတော.မည် ……..ခတ်သွက်သွက်လေးသွား၍ ….. ဂျလေဘီဗန်းလေးထိုးပေးပြီး …………… “ဆရာဂျလေဘီ ….ဂျလေဘီဆရာ” ……………….ဟု အော်လိုက် သည်တွင် ……. “ ဘာကွ ……သေချင်လို.လား ” …………… “ငါ ့တို.ကိုများ ဂျလေဘီတဲ့ ………ဟင်း” မောင်ဆာမိပြေးထွက်လာမိသည် ………နောင်တွင်သိရသည်မှာ ထိုသူနှစ်ဦးသည် အမတ်မင်းနှင်. ကိုထူးဆန်း ဟူ၍…………..။သို.နှင်. …….ဘေးဘယ်ညာသို.ကြည် ့သော် ဘောဒိုင်ကိုပေတစ်ယောက် ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေသည်ကိုတွေ ့ရလေတော.သည် ။

…….ရွှီး ….ဟီးဟီးဟီး ………………….. ဟော…..ကြားရပြီ….။ ဒီုင်လူကြီးဦးခိုင် ဝီစီမှုတ်လေပြီ ။ ဪ …..ပန်းစီးဆက်ကြဦးမည်ပေါ ့…… နှစ်ဘက် ဘောသမားများ ကွင်းလယ်တွင်နေရာယူထားကြလေပြီ ……..ထိုစဉ် ….ရွာထဲမှ အလှမယ်လေးများသည် အဝါရောင်အုပ်စု၊ အပြာရောင်အုပ်စု ဟု နှစ်စုခွဲ၍ ပန်းစည်းလေးများကိုင်ပြီး ကွင်းထဲဝင်သွားကြလေပြီ …..။ အဝါရောင်အုပ်စုတွင် ဆူး ၊ အိတုန် ၊ ပန်ပန် ၊ ရွှေအိ ၊ ရင်ငြိမ်းနွေး ၊ နိုဗွီ ၊ မိုးZ ၊ ပုချ် ၊ နှင်. ခိုင်ခိုင် ….။ တစ်ဦးလျှင် သစ္စာပန်းခိုင် လေးတံကိုင်၍ ရွှင်ပြုံးသောအမူယာဖြင့် သာထွန်းပြန် ့ အသင်းအား ပန်းဆက် လေသည် ။

အပြာရောင်အုပ်စုတွင်မူ မမအညာသူ ၊ မမနိုရာ ၊ စနိုးဝှိုက် ၊ ရွှေကြည် ၊ လင်းလင်း ၊ မိုက်ကလေး ၊ ကြည်ဆောင်း ၊ မွန်မွန် ၊နှင်. မေဖလားဝါး ……………………။သူတို.၏မျက်နှာကား မရွှင်မလန်း …။ နှာခေါင်းကိုရှုံ ့ ….ခေါင်းကိုငုံ ့ပြီးလျှင် လက်ထဲမှ ပန်းကုံးအား ခတ်ခွာခွာကိုင်လျှက် …………..။ ဤသို.ဖြစ်လေသည် ။ အပြစ်တင်လိုပါက (၁၆)နှစ်သမီး မြီးကောင်ပေါက်ဖြစ်သော မမ အားဆိုရပေမည် ။ ပြာထွန်းဖြန် ့အသင်းကိုဆက်မည် ့ပန်းများကိုစီစဉ်ရန် မမ မှတာဝန်ယူထားသည် ၊။ ပွဲချိန်နီးသော် …. မူလစီစဉ်ထားသော ဒေလီယာ ပန်းများအစား ခွေးသေးပန်းများနှင့်မှား၍ ယူလာမိသောကြောင့် ပန်းကုံး များမှာခွေးသေးပန်းနံ ့ တထောင်းထောင်းဖြင့် ….။ ပြာထွန်းဖြန့်အသင်းမှ သူများသည် သဘောထားကြီး စွာဖြင် ့ ထိုခွေးသေးပန်းများကိုလက်ခံယူရလေတော.သည် ။

တစ်သင်းလျှင်ကိုးယောက်သာပါဝင်ကစားရသည်မို. ပထမ ကစားသမားများမှာ ရှေ ့တန်း – ကြောင်ကြီး ဖရဲသီး …..အလယ်တန်း – မောင်ဂီ ၊ ရဲစည် ၊နှင့် အံစာတုံး …..နောက်တန်းခံစစ်မှုးများအဖြစ် … ဂျစ်ပစီ ၊ ကြောင်ဝတုတ် နှင် ့ မောင်ကမ်း ။ ဂိုး သမားအဖြစ် ရွှေတိုက်စိုးမှ တာဝန်ယူစောင့်ရှောက်မည် ဖြစ်လေ သည် ။ ပွဲစသည်နှင် ့ ပလေးမိတ်ကာမောင်ဂီ၏ အခင်းအကျင်းကြောင်. တဖက်အသင်းမှာ အလူးအလဲ ခုခံရလေသည် ။ တောင်ပံတိုက်စစ်သို့ မောင်ကမ်းနှင်. ဂျစ်ပစီတို့မှ လိုက်ပါပံ့ပိုးသဖြင် ့ တဖက်နောက်တန်းမှာ ဆပ်ပြာသည်လင်ပျောက်သလို ဟိုပြေးဒီပြေးဖြင် ့မနားရ ။ ပွဲစ၍ (၁၅) မိနစ် ခန် ့အကြာတွင် လွတ်နေသော ကြောင်ကြီးထံသို. မောင်ဂီမှ ဖြတ်တင်ပေးလိုက်လျှင် ………. ကြောင်ကြီးမှ မြေမကျ ကန်သွင်းလိုက်ရာ ………. ညာဘက်ဂိုးတိုင်၏ အပါ်ထောင် ့မှ လှလှပပ ဂိုးဝင်သွားခဲ.လေတော.သည် ……။

“ဂိုး …………………………………ဂိုး …………………………………………….ဂိုး……………” ပရိပ်သတ်၏ ဩဘာသံသည် ဘဝဂ်သို့ တိုင် ထွင်းဖောက်လေပြီ ……….။ စိန်ဗိုက်ဗိုက်ကား ပျော် လွန်းသဖြင့် ဝတ်ထားသော ပုဆိုးကို ကမန်းကတန်းချွတ်ပြီးလျှင် လေထီးကဲ ့သို ့ အသုံးပြု၍ ဘောပွဲကြေငြာရာစင်မြင့်ထက်ဆီမှ ခုန်ချလိုက်လေတော.သည် ။ ပွဲကြည် ့ပရိပ်သပ်များမှာ မှင်တက်ငေးမောပြီးမည်သည် ့ မည်သည်ကို ကြည် ့ရမည်နည်း ………ဟူ၍…………………………………….။ သာထွန်းပြန် ့အသင်းမှာပရိပ်သတ်များရှေ.တွင် အောင်ပွဲခံနေလေသည် .။ ထိုစဉ် …………….ပြာထွန်းဖြန် ့ အသင်းမှကမန်းကတမ်း ကွင်းလယ်စည်းတွင်ဘောလုံးတည်၍ ဒိုင်သူကြီးမှ ပွဲကိုစတင်လေရာ ………. ဂိုး သမားမှတပါးတစ်ယောက်မျှမရှိသော သာထွန်းပြန် ့အသင်း၏ ဂိုးပေါက်ထဲသို. ပြာထွန်းဖြန် ့၏ တိုက်စစ်မှုး ဇောက်ထိုးမှ ချေပဂိုးသွင်းယူသွားလေတော.သည် …….။

တစ်သင်းလုံး ကန် ့ကွက်ကြသည် ….။ ပရိပ်သတ်များမှလည်းကန် ့ကွက်ကြသည် …..။သို.သော် ………….. ဘောပွဲတို.၏ ထုံစံသည် ကွင်းလယ်ဒိုင်၏သဘောသာဖြစ်လေသဖြင် ့ သာထွန်းပြန် ့ အသင်းဂိုးပေးလိုက်ရ လေတော.သည် ။ ဂိုးသမားရွှေတိုက်စိုးမှာ မြေကြီးကိုကုန်း၍ု ကုန်း၍ ထိုးလေသည် (လက်သီးဖြင် ့ ) ကြောင်ကြီးကား ……တခွီး ခွီးဖြင် ့ဒေါသထွက်၏ ။ အောင်ပုမှာ ဆိုဖွယ်မရှိတော.ပြီ ။ ဤသို့ဖြင်. ပွဲစလေရာ ဖရဲမမှာ တဖက်အသင်းမှ မောင်ဂွနှင်.အတွေ. ……မည်ကဲ.သို. ဖြစ်သည်မသိ ၊ ခွေလဲ၍သွားလေတော.သည်။ ကိုဘလက်နှင်. ကိုကြီးမိုက်တို.သွားထမ်းလာခဲ.ရသည် ။ ဆေးကျောင်းသား မောင်သန်းထွဋ်မှာ ဖရဲမခြေ ထောက်ကျိုးသည်ကို မဆီမဆိုင် ရင်ဘတ်ကိုနားကျပ်ဖြင် ့ထောက်သဖြင်. ရီရအခက် …..ငိုရအခက် ……။

ဖရဲမနေရာတွင် အလင်းဆက ်ဝင်ကစားသည် ။ သွက်သည်…..ပြေးအားကောင်းသည် …..ထို့ကြောင်. …. တဖက်အသင်း၏ မျက်စိနောက်ခြင်းခံရသည် ။ မကြာပါ ……ဦးဦးပါလေရာနှင်. အဘဖောတို. ပြေးကောက် ရပြန်သည် ။ ကြောင်လေးကို ကြောင်ကြီးနှင်.တွဲပေးလိုက်သည် …….ပွဲမှာ ပို၍ကြမ်းလာလေသည် ။ သာထွန်းပြန် ့အသင်းမှာ မကြခဏဆိုသလိုပင် ဖေါင်းဘောများပေးရလေသည် ။ အဝါကဒ်များလည်း မကြာခဏရလေသည် …….မောင်ကမ်းနှင်.ရဲစည် တို.အဝါကဒ်ထိသွားသဖြင် ့ ကိုနေးချားမှာ အမြန်ပင် လူလဲဖို.ပြင်ဆင်ရလေတော.၏ ……..။

မောင်ကမ်းနေရာတွင် သံမဏိဗိုက်ဖိုးထောင်မှလည်းကောင်း ၊ ရဲစည်နေရာတွင် အရင်.ရောင် မှလည်းကောင်း လူစားဝင်ကြသည် . …..မကြာပါ …..ပြာထွန်းဖြန် ့၏ ကွင်းလယ်လူ မောင်မိုးပြာ ကန်တင်လိုက်သော ပြစ်ဒဏ် ဘောကို တိုက်စစ်မှုး ကိုအောက်အော့ မှခေါင်းဖြင်.တိုက်၍ ဦးဆောင်ဂိုးသွင်းလိုက်လေသည် ။ တကွင်းလုံးအသံ တိတ်သွားသည် ……။ ဒီုင်သူကြီးကား ကြိတ်၍ပျော်လေပြီ ။ လူမသိ သူမသိ ပြာထွန်းဖြန် ့ အသင်းဖက်မှ တစ်ဦးတည်း လောင်းကြေးများဒိုင်ခံစားခဲ.သည်မို. ဒီညတော. ကိုဘေးနွားကြီးကင်စားရတော.မည်……… ဟု။ ဘောပွဲမှာတဖက်သပ် ဖြစ်လာသည် …..အဝါကဒ်များ တွင်တွင်ပြနေသဖြင် ့ သာထွန်းပြန် ့အသင်းမှာ ကစား၍မရတော. …….။ပွဲပြီးရန်ပင် နိးကပ်လာလေပြီ ။ ဂုရုကြီးဦးနေးချားမှာ သူ၏ဝှက်ဖဲဖြစ်လေသော အောင်ပုနားသို.သွား၍ ခတ်တိုးတိုး ပြောလိုက်လေရာ …………အောင်ပုမှာ လေ၏အလျှင်ကဲ.သို.ကွင်း ထဲပြေးဝင်၍ ကြောင်လေး၏နေရာတွင် လူစားဝင်လိုက်လေသည် ။ ပရိပ်သတ်များ ၊ ဘောပွဲတင်ဆက်သူများနှင် ့ သာထွန်းပြန့်အသင်းမှာ ပျော်ရွှင်လွန်းသည်မှာ ဆိုဖွယ် မရှိတော ့ပြီ ….။ လက်ခုပ်သံတို့ပွက်ပွက်ညံသွားသည် …။

“အောင်ပု….. အောင်ပု ………အောင်ပု …” ဟူသော ကြွေးကြော်သံတို.မှာ စည်းချက်ကျကျ ထွက်ပေါ်လာခဲ.လေတော.သည် ။ ကွင်းထဲသို.ရောက်သည်နှင် ့ အောင်ပုမှာ ဒိုင်လူကြီးအား ဘောလုံးဖြင် ့တေ့၍ကန်သည် ။ ဒိုင်လူကြီး ဦးခိုင်မှာ သုံးကြီမ်မြောက် အကန်ခံရပြီးချိန်တွင် သဘောပေါက်သွားလေတော.သည် ……။ထိုအချိန်မှ စ၍ သာထွန်းပြန့်အသင်းကို အားပါးတရပြခဲ.သော အဝါကဒ်များကို အပြီးအပိုင်သိမ်းဆည်းလိုက်လေ တော.သတည်း…………..။(သာဓု …သာဓု ……သာဓု )

သာထွန်းပြန် ့တို့ အလှည် ့ရောက်လေပြီ ။ အခင်းအကျင်းကောင်းသော ပလေးမိတ်ကာမောင်ဂီနှင် ့ အဖြတ်အတောက် အဖျက်ကောင်းသော အောင်ပုတို.၏ ကစားကွက်အောက်တွင် ပြာထွန်းဖြန် ့ အသင်းမှာ လည်စင်း၍ခံနေရတော.သည် ။ ကောင်းလေစွ …..ပွဲမှာသာထွန်းပြန့်တို. အသာစီး ရနေသည် ။ ဂိုး ……………………………………….ဂိုး ………………………………………..ဂိုး ………………… ချေပဂိုးကို ကြောင်ကြီးမှသွင်းလိုက်ပါပြီ ။ အရင် ့ရောင်မှထိုးပေးလိုက်သောဘောလုံးကို အောင်ပုမှ ခွကျော်ပေးလိုက်ရာ …..မတ်ကင်လွတ်နေသော ကြောင်ကြီးမှ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်း သွားခြင်းဖြစ်ပေတော.သည် ။ နှစ်ဂိုးစီ သရေကျနေသည် ….။လောင်းကြေးမှာ ကြိုက်တဲ.ဘက်နေ ၊ သရေကျ ပြန်ခွာ ဖြစ်သဖြင် ့ ဘယ်သူမှမရှုံးသေး ။ သို.သော် …….ပြာထွန်းဖြန် ့တို ့အခြေအနေမကောင်း ……မကြာခင် နောက်တစ်ဂိုး အသွင်းခံရတော.မည် ။ ဒိုင်သူကြီးမှာ ဟိုဒီကြည် ့၍ ပွဲပြီးရန် (၅) မိနစ်ကျော်လိုသေးသော နာရီအား လှည် ့လိုက်သည် ။ ပွဲမြန်မြန်ပြီးမှဖြစ်မည် …..မဟုတ်ရင် …လျော်ရမှာဖြင် ့ ………………..။

ပွဲကား …..အထွဋ်အထိတ် သို.ရောက်နေလေပြီ …..။ ဂိုးဧရိယာထဲသို ့ဆွဲပြေးလာသော အောင်ပုကို မည်သူမျှမတားရဲ ……ဂိုးသမားနှင့်ရင်ဆိုင်တွေ ့သည်တွင် လွတ်နေသော ကြောင်ကြီးထံသို. ပေးလိုက် ပြန်သည် …ကြောင်ကြီးကန်တော ့မည် ………..။ ဒိုင်လူကြီးမှာ ဘာတွေညာတွေ မစဉ်းစားအား …….. မျက်စိများပျာဝေလျက် တအားမှုတ်လိုက်လေတော.သည် ……………။ ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အရှုံးအနိုင်မရှိ ။ တစ်ဘက်နှစ်ဂိုးစီသရေကျသည် ။ ဘောဒိုင်မောင်ပေမှာ မှင်ကုန် ၊ စာရွက်ဆုံး ၊ ဖုန်းဖိုးရှုံးလေပြီ

ဂိုး သွင်းခွင် ့မရလိုက်သဖြင် ့ အောင်ပုမှာ တောက် …..ဟူ၍ အံကြိတ်ပြီး….. အနိုင်ဂိုးမသွင်းလိုက်ရရှာသော ကြောင်ကြီးမှာ …….ခွီး ကနဲ ဒေါသထွက်လျက် …..

တောက် ……ခွီးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ………………………………….။

75 comments

  • Gipsy

    July 25, 2012 at 8:30 pm

    အလိုတော် ညည်းကို ဘယ်သူဂ ကန်တတ်ဖူးရယ်လို့ ဖွလိုက်သလဲအေ့ …
    သများက ကန်လဲကန်တတ်တယ် …
    ရှေ့တန်းကနေ ဂိုးလဲ သွင်းတတ်တယ် …
    ဘောလဲကောက်တတ်တယ်ဟဲ့ … သိပလား … :mrgreen:

  • သန်းထွဋ်ဦး

    July 25, 2012 at 8:40 pm

    အယ်. မဟုတ်တာတွေပြောရော့မယ် တခါမှမမြင်ဖူးဘူး ဒီအသက်အရွယ်ထိ။
    ပြန်ရောက်ရင် ကန်ပြပါ။ကြည့်ရသေးသပေါ့။

  • nature

    July 25, 2012 at 9:02 pm

    ရေးလဲရေးတတ်ပါပေ့ဆာမိရယ်။ ဖတ်ပြီးရယ်ရတာပါးစပ်တောင်မစေ့နိုင်ဘူး။ 🙂
    ပြောင်မြောက်တဲ့အရေးအသားများကိုဖတ်ပြီး တကယ့်ရသမြောက်ဘောလုံးပွဲတပွဲကိုကြည့်နေသလိုခံစားမိပါကြောင်း။

  • kyeemite

    July 25, 2012 at 9:34 pm

    …ဒဏ်ရာရသူများသယ်ဆောင်ထမ်းပိုးရန်အတွက် ကြက်ခြေနီတတ်ဖွဲ.ဝင်များအဖြစ် လျှင်မြန်ဖြတ်လပ်လှစွာသော အဘဖော ၊ ကိုဘလက်ချော ၊ ကိုကြီးမိုက် နှင်. ဦးဦးပါလေယာတို.အား ရွေးချယ်ထားသည် ။..ဒွတ်ခ..ဒွတ်ခ..ဒွတ်ခ..
    ကိုဆာမိအားကိုးတကြီးရွေးထားသူ ကိုဘလက်နှင့် ကြီးမိုက်မှာ သောက်ပီးမှောက်နေလေပြီ..
    အဘဖေါကား သူ့မဟေသီ ဖုန်းနှင့် ကလော်တုတ်၍ လစ်သွားလေပြီ…
    ဦးပါလေရာတစ်ယောက်သာ ယောင်ချာချာဖြင့် ထမ်းစင်ကိုင်လျှက်ငိုင်နေလေ၏..

  • surmi

    July 25, 2012 at 11:59 pm

    ပွဲဖြစ်မြောက်ရေးအတွက် အထူး သရုပ်ဆောင်ပေးကြသော သူကြီးဦးခိုင်နှင့်တကွ
    ခင်မင်ရပါသောရွာသူရွာသားအပေါင်းကိုလည်းကောင်း ၊ ကွန်မန့်များဖြင် ့ ချီးမြှင့်ပေးသော
    အစ်မပဒုမ္မာ ၊ အရီးလတ် ၊ ဦးခိုင် ၊ မောင်ဂီ ၊ အဘဖော ၊ ကိုထူးဆန်း ၊ မိုး Z ၊ ဆူး ၊ ဒုတ်ထိုး
    မွန်မွန် ၊ မနိုရာ ၊ ဘရားသား ၊ အမတ်မင်း ၊ မမအညာသူ ၊ ဦးဦးပါလေယာ ၊ ကိုဂျစ်ပစီ ၊ ပန်ပန်
    ရို.စ်မင်း ၊ ရွှေကြည် ၊ ဦးကြောင် ၊ မိုးတိမ် ၊ ဒေါ်ပုချ် ၊ ကိုပေ ၊ မအိတုန် ၊ ကိုကြီးပေါက် ၊ အရင့်ရောင်
    မနိုဗွီ ၊ စီန်ဗိုက်ဗိုက် ၊ အံစာတုံး ၊ ခိုင်ခိုင် ၊ ကြည်ဆောင်း ၊ အန်တီမမ ၊ ရွှေအိ ၊ ရွှေတိုက်စိုး ၊ ညလေး
    ကိုနိုဇိုမိ ၊ ကိုကြီးဘလက်ချော ၊ မေဖလားဝါး ၊ ကိုသန်းထွဋ်ဦး ၊ ကိုနေချား ၊ ကိုကြီး ကိုမိုက် တို.အား
    အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မအားလပ်သည် ့ကြားမှ လာရောက်အားပေးဖတ်ရှုကြသဖြင် ့
    အထူးပင် ဝမ်းမြောက်မိပါကြောင်း ……။

    လေးစားခင်မင်လျက်
    ဆာမိ

    • MaMa

      July 26, 2012 at 6:25 pm

      ပြောဖို့ကျန်သွားလို့။
      အသက်ကို ပြောင်းပြန်လုပ်ပေးလိုက်လို့လည်း ကျေးဇူးးးးးးးးးးးးးးးး 😀

  • နှင်းဆီ ငုံ

    July 26, 2012 at 9:50 am

    ရွာသူရွာသား စုံစုံလင်လင်တွေ့ရလို့ ဝမ်းသာပါတယ်
    ဖတ်ရှုပြီး ရယ်မောအားပေးသွားတယ်နော်

  • တေလေ

    July 26, 2012 at 9:52 am

    ဒါနဲ့ ကိုဆာမိ စားသောက်ဆိုင်ဖွင့်ဆဲပဲလား ဟင်
    ဟိုကောင်တွေ လာနှောင့်ယှက်သေးသလား ဟင်

  • ကိုရင်မောင်

    July 26, 2012 at 10:40 am

    ငါနဲ့နော် အသင်းထဲပါပြီး မကန်လိုက်ရတာ နာသကွာ…

  • surmi

    July 26, 2012 at 7:55 pm

    ှနှင်းဆီငုံ ကိုရင်မောင် ကိုတေလေ ကျေးဇူးပါ
    ကိုတေလေ လူမှားနေမယ်ထင်တယ်နော်
    စိတ်ချကိုရင်မောင်နောက်တစ်ပွဲလာဦးမှာပါ
    အန်တီမမကိုတော ့ ဓတ်ပုံထဲကအသက်အတိုင်း ထဲ ့ရေးလိုက်တာလေ ဟဲ ဟဲ

  • ko win

    July 26, 2012 at 8:49 pm

    ကိုဆာမိကို မဝါ့တစ်ဝါဖြစ်တဲ့ လိမ္မော်ကဒ်ပြပါတယ်။ နောက်လုပ်မယ့်ပွဲတွေမှာ စည်းကြပ်ဒိုင်တွေထည့်ပေးပါ။
    ဒါဘဲ။ ရထား…ရထား..။ ရထားဖြစ်ရင် ပြန်ပေါက်ပါ။ ဒါဘဲ။

  • surmi

    July 26, 2012 at 9:12 pm

    ရထား ရထား လော်ကယ်ရထား အမြန်ရထား အသံကြားတယ်ဒါဘဲ

    • ko win

      July 26, 2012 at 9:29 pm

      အမြန်ရထားတော့ မသိဘူး။ ကြံရထားတော့ထွက်သွားပြီ။ ဒါဘဲ။
      သုံးငါး မလုပ်နဲ့တော့။ သာတီတူးရိုက်ဖို့ ထန်းခွဲလို်က်ပြီ။ ဒါဘဲ။

  • manawphyulay

    July 27, 2012 at 9:30 am

    ဖျားနေလို့ ဘောလုံးပွဲမလာတော့ဘူးနော်….

    • surmi

      July 27, 2012 at 9:57 am

      ကြော်ငြာဘုတ်ဒီဇိုင်းဆွဲပေးထားတာဘဲ ကျေးဇူးတင်လှပါပြီ။
      နောက်တစ်ကြိမ်အတွက်လည်း ဒီဇိုင်းအပ်ဦးမယ်နော

  • marblecommet

    July 27, 2012 at 10:40 am

    အနော်က
    နောက်တန်း ခံစစ်မှူးဒဲ့
    ကိုဖက်ကက်နဲ့ တွဲပြီး ကျော်တို့အသင်းကို
    တံဒိုင်းဂျီးကာပေးရမဒဲ့
    ကိုတိုက်က ဂိုလီဘာ ဒဲ့
    ဟေဟေ..
    လာလေရော့…..
    ဒင်းဒို့ဘက်က တိုက်စစ်သမားဒွေ
    ခြေသလုံး စမုတ်တံနဲ့ အကုန်လုံး
    ရိုက်ချိုးပလိုက်မယ်…..
    ရောဘတ်တိုကားလို့စ်ကမ်း…..
    ……..
    ကိုဆာ့ စာကိုဖတ်ရတာ
    ဆရာသော်တာတွေတို့
    ဆရာမင်းလူ တို့ရဲ့ စာတွေကို
    လွမ်းမိသွားပါရဲ့…..

  • Wow

    July 27, 2012 at 11:08 am

    အမလေး ကောင်းလိုက်တဲ့ ဘောပွဲ…
    နောက်ကျပြီးမှ မန့်ပေမဲ့ ဘရာကျော်ပါ… လက်မတစ်ချောင်းထောင်သွားပါဒယ်… 😛
    နောက်နောင် ကဗိုက်ကို ဒီ့ထက်အားရပါးရ အားပေးဘာလို့.. 😀

  • surmi

    July 27, 2012 at 11:30 am

    ကိုကမ်းရေဖြည်းဖြည်းလုပ်
    ဗိုက်ကလေးလိုလုပ်ချင်စိတ်ပေါက်သွားလို ့ မနဲထိန်းနေရတယ်ဗျိ်ု ့

    @Wowရေ
    ဘောပွဲမှီလိ်ုက်ပါတယ်ဗျ နောက်မကျသေးပါဘူး ဟဲဟဲ

  • padonmar

    August 14, 2012 at 7:03 pm

    ဒေါက်ဒေါက်ဒေါက်

    ကိုဆာမိရေ
    ဘောလုံးပွဲကအပြန် ငါးပိဝင်ထောင်းပေးပါ။
    တလက်စထဲ ဖိတ်စာပါ ယူသွားပေးပါ။
    ကိုဆာမိက လူရင်းဆိုတော့ ပွဲကို ဖိတ်စာမပါလည်းရောက်ခဲ့ပြီနော်။

    http://myanmargazette.net/143974

    http://myanmargazette.net/143981

    • surmi

      August 15, 2012 at 9:09 am

      အစ်မရေ
      ဖိတ်စာမပါလဲ လာပါ ့မယ်ဗျာစိတ်ချ
      နောက်ပြီး အကျွေးအမွေးလေးလဲပါဦးမယ်ဆိုတော ့ ဟဲဟဲ

  • padonmar

    February 3, 2014 at 12:18 am

    ကဆာမိ
    တူးဆွသွားပါတယ်။
    သိတယ်နော် ၊လိုက်ခဲ့။
    ဒါထက်..အဲဒီတုံးကလက်ရာမျိုး ပြန်မဖတ်ရတော့ဘူးလား။

  • ခင်ဇော်

    April 14, 2015 at 3:54 pm

    အေးလေ။
    ဒါမိုးလေး ပြန်ရေးပါအူးလားးး
    ဟိ။ ရှဲဒိုးချည်းရေးမနေနဲ့လေ။

    :mrgreen:

  • uncle gyi

    April 15, 2015 at 2:30 pm

    ရွာဘောပွဲကြီးပွဲကောင်းလွတ်သွားသဟေ့

  • naywoon ni

    April 15, 2015 at 6:06 pm

    ရွာထဲကလူ​တွေ ​ပျောက်​တဲ့သူ​တွေက​ပျောက်​ ရှိတဲ့သူ​လေး​တွေကလည်​း ဝင်​တစ်​ခါ ထွက်​နှစ်​ချက်​နဲ့ ပို့စ်​​ဟောင်​း​လေး​တွေပြန်​ဖတ်​ရ​တော့လည်​း ဘာဂလိုတိုတို လွမ်​းသလိုလို​တော့ရှိသား 🙂

Leave a Reply