ကဲ……လာပြီနော်..ဗေဒင်ဟောစာတမ်း(အပျင်းလည်းပြေဘို ့)

ဦး ဂ်စ္July 25, 20121min34021

“နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို

ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား

အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ

အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို

ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို

အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်

သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့်

ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။

အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့်

အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်

အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။

“ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊

ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်

တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြင့်

ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ်

ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ

ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို

ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။

ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း

တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။

အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့

အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု

သက်စေ့ကြွေးကြော်ပါ။

ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ

အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့်

အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု

အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ

အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင်

ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန်

ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ

ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည်။

နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊

ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြင့်

ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။

ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း

မဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ

ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက်

အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ

ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ

လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော

အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက

တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။

မူယာမာယာများတတ်သောကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား

ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြင့်

ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင်

ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။

ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊

ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြင့် ဘုရားတရားလုပ်ချိန်တန်ပြီဟု

ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြင့်

ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး

ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို

မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင်

“ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။

သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။

အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။

အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်

သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း

သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့်

ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက

“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန်

ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ – တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ

သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု သက်စေ့ရေရွတ်ပါ။

* *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်

ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြင့် သတိရှိစေချင်သည်။

နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။

နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ

နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ

နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ

ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း

ထပ်ရရန်ရှိနေသဖြင့် အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ

ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းပါ။

အပျော်လေးပါ..အွန်လိုင်းအပျော်ဖတ်လေးပါ

ပျော်စေရန်ရေးသူအမည်မဲ ့ကူးတင်ပါတယ်… လို့ဆိုတဲ့ ..

ဇော်ထက်အောင်

(ရွှေအိမ်စည်၏ပျံသန်းခြင်းအနူပညာ) မှ ….

ရေးကူးတင်ပြီးသား ဖြစ်ပါကလည်း သည်းခံ ခွင့်လွှတ်တော်မူကြပါကုန် …။

ခင်တဲ့
Gipsyloyal

21 comments

  • ဒုတ်ထိုး

    July 25, 2012 at 1:18 am

    အမ်မလေးဗျာ ရစရာကိုမရှိတော့လောက်အောင် ၊ ရက်စက်ပါပေ့ ၊

    • Gipsy

      July 25, 2012 at 1:40 am

      နောက်ပြောင် ကျီစယ် လိုတဲ့ သဘောနဲ့ ကူးတင်လိုက်ပေမဲ့
      လွန်ကဲသလို ဖြစ်သွားတာမို့ အမိုက်အမဲလေးကျနော့်အား
      ထပ်၍ တဖန် သည်းခံ ခွင့်လွှတ်ပေးကြစေလိုပါတယ်ခင်ဗျား …။

    • မမ အညာသူ

      July 25, 2012 at 9:23 am

      ဂလို ဂလို ဂလိုလား

  • မောင်ပေ

    July 25, 2012 at 1:24 am

    သောကြသားတွေ
    သောက်တာများရင်
    အောက်ပါခါးလတ္တံ

  • Gipsy

    July 25, 2012 at 1:25 am

    နားမလည်လို့ပါ ကိုပေရာ …
    အောက်ပါက ဘယ့်နှယ်ခါးရတာတုန်းဗျ…

    • သန်းထွဋ်ဦး

      July 25, 2012 at 8:22 pm

      ခါးတယ်ဆိုမှ ဖြင့်ခါးတယ်မှတ်ပေါ့ နောက်တန်းကစားသမားကြီးရေ။
      မနာလိုလိုက်တာနော်။

      • မောင်ပေ

        July 25, 2012 at 9:01 pm

        သောက်တာများရင်
        မူးမှာပေါ့
        အရမ်းမူးနေတော့
        ဘာလုပ်နိုင်တော့မှာလဲ လို ့
        ဥမပါပြရလျှင် ထိုင်သောက်သည့်ဆိုင်မှ ထိုင်ရာမှ ထဖို ့ရာ ခက်ခဲခြင်း ၊ အိမ်ကို မပြန်နိုင်ချင်း… အစရှိသဖြင့်

  • surmi

    July 25, 2012 at 1:54 am

    ဒီလိုဆိုရင် ဆာမိတော. ကံကောင်းတာပေါ ့
    ဘာတဲ . …….ဆရာကြီး အထင်ခံရနိုင်တယ်ဆိုဘဲ ……..။

  • YE YINT HLAING

    July 25, 2012 at 5:48 am

    ကျွန်တော် အကြိုက်ဆုံးက ဟာသ ပဲ ။ ခုလည်း ဖတ်ပြီး တယောက်တည်း အားရ ပါးရ ရယ်ရတယ် ။ ခုလို တကယ် ရယ်ရမဲ့ ဟာသ မျိုးဆို ဘယ်နေရာက ရရ တင်ပါဗျ ! အားပါးတရ ရယ်ရတဲ့ အတွက် ကို ဂျစ် ကို ကျေးကျေးပါဗျာ !

  • ဇောက် ထိုး

    July 25, 2012 at 7:30 am

    ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • P chogyi

    July 25, 2012 at 8:33 am

    တစ်ချို့က ရ ရက်မဟုတ်ဘူး
    ၈ ရက်ဆိုပြီး ရာဟုပါထည့်တွက်တယ်။
    ရာဟုအတွက်ပါရေးပေးပါဦး။

  • ရှင်းသန့် နွယ်

    July 25, 2012 at 9:37 am

    မှန်လိုက်တာ………………ဒေါက်

  • ဒုတ်ထိုး

    July 25, 2012 at 9:44 am

    ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူးဟေ့ 😛
    ဘယ့်နှယ်ဗျာ သက်သက်ညှာညှာ တခုမှ မမြင်ရဘူး
    ကဲဟာ ဖေါင်း ခွပ် ဝုန်း ဒုိုင်း 😛

  • mamanoyar

    July 25, 2012 at 10:40 am

    ဝေးးးးးးးးးးးးးးးးးးးး ခုနှစ်ရက်သားသမီး
    တစ်ခုမှမကောင်းတာမပါဘူး ဟီးးးးးးးးးးးးးးးးး

  • Gipsy

    July 25, 2012 at 10:41 am

    ဟိုက် … ဆော်ပဟ …
    ညှာညှာတာတာလေး လုပ်ပါကွယ့် ကိုရင် ဒုတ်ထိုးရဲ့….
    ကိုရင်ဒုတ်ထိုး လက်ချက်နဲ့ ဆရာလေး မောင်သန်းထွဋ်ဦး ကိုခေါ်နေရပါဦးမယ်…

  • pan pan chit

    July 25, 2012 at 10:43 am

    ကဲပါလေ
    ဘိန်းဖြူရောင်းမလို့
    လောလောဆယ်တော့ ဖြဲမဆီကပဲ ဆေးခြောက်အော်ဒါမှာလိုက်တော့မယ်နော 😛

  • E.T

    July 25, 2012 at 12:01 pm

    ဒါကြောင့်ခုတလော ဖဲရိုက်ရင်နိုင်နေတာကိုး 😛

  • etone

    July 25, 2012 at 1:36 pm

    ပြောင်ချော်ချော်မလုပ်ပဲ… ဖဲသွားရိုက်ဦးမှ…. 😛

  • မဟာရာဇာ အံစာတုံး

    July 25, 2012 at 1:43 pm

    ဟီဟိ …
    ဆွဲကြိုးချပြီး သတ်သေတာတောင်
    ဇက်မကျိုးဘဲနဲ့ လှလှပပ အသက်ထွက်နိုင် ဆိုပဲဟ …
    ဒီလို ဇာတာအနေအထားမှာ ချစ်ခွန်းတော်လေး ဖွင့်လိုက်ရင်
    ပါးရိုက်ခံရမယ်တော့ မထင် …. 😀

  • Gipsy

    July 25, 2012 at 1:59 pm

    အလိုလေး .. မလွယ်တဲ့ ကို ၆မျက်နှာပဲဗျာ …
    ဒီဇာတာနဲ့ ချစ်ခွန်းတော် ဖွင့်ဦးမတဲ့ …. အဟိ ..

  • ခပ်မိုက်မိုက် ကောင်မလေး

    July 25, 2012 at 2:38 pm

    အိုးးးးးးးးးးကြောက်စရာပါလား…
    ရှောင်ရန် ဆောင်ရန်တွေ…
    ထူးခြားတယ်နော်….
    ဒီလို ယကြာမျိုးခုမှတွေ့ဖူးတာ….
    မှတ်ထားလိုက်ဦးမှ….။

Leave a Reply