ယောက်ျားလေးများအားသတိပေးချက်(၁၀)ချက်

littlekaungJuly 3, 20101min510

၁။ အရမ်းတော်တဲ့မိန်းကလေးဆိုရင် အရမ်းမချောဘူး၊ ချောပြန်တော့လည်း မတော်ပြန်ဘူး၊

ချောလည်းချော တော်လည်းတော်ပြန်တော့ သူရဲ့အကျင့်ကသင့်ကိုစိတ်ကုန်စေတယ်။
မိန်းကလေးတွေလည်း ယောက်ျားလေးတွေလိုပါဘဲ ပြည့်စုံတဲ့သူဆိုတာ ဘယ်ရှိပါ့မလဲ။

၂။ မိန်းကလေးတွေက ယောက်ျားလေးတစ်ယောက်က ကိုယ့်ကိုချစ်တယ်မချစ်ဘူး ဆိုတာ ဘယ်သိပါ့မလဲ။

ဘယ်လိုပဲပြောပြောနတ်သမီးမဟုတ်ဘူး မိန်းကလေးကမိန်းကလေးပါပဲ ဘယ်လိုသိနိုင်မလဲ။

၃။ သူချွဲနွှဲ့ပြောရင် လျစ်လျှူရှူထားမယ်ဆိုရင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်။

၄။ သူရဲ့နူးညံ့သိမ်မွေ့တဲ့အချက်လေးတွေကို ဖော်ထုတ်ပြီး အရေးပေးပါ။

၅။ အင်္ကျီသစ်ဝတ်ချိန်မှာ၊ သင့်လျော်သလိုမြောက်ပြောပေးပါ။ မလုံ့တလုံတွေ ဝတ်ရင်လည်း
ဒါမဝတ်ရဘူးဆိုပြီး အတင်းမပြောပါနဲ့ ဒီအင်္ကျီငါ့အရှေ့မှာပဲ ဝတ်ရမယ်လို့ပြောရင် မိန်းကလေးတွေ နားလည်ပါတယ်။

၆။ မိန်းကလေးမှာလဲ မာနရှိတာမို့ ငါ့အလုပ်လာမရှုပ်နဲ့ဆိုပြီးမဟောက်ပါနဲ့။

၇။ သူတစ်ယောက်တည်းနေနေတဲ့အချိန်မှာ နင်ဘာဖြစ်နေတာလဲ ဆိုပြီးမမေးပါနဲ့ personal space လေးထားပေးပါ။

၈။ သူ့မှာလဲယောက်ကျ်ားလေးသူငယ်ချင်းရှိပါတယ်။ မိန်းကလေးတွေဟာ ချစ်ခြင်းနဲ့ ခင်မင်ခြင်းကို ပိုခွဲခြားတတ်ပါတယ်။

၉။ တစ်ယောက်တည်းအပြင်မသွားပါနဲ့ ဘယ်လောက်ပဲ ယုံကြည်ချက်ရှိတဲ့မိန်းကလေးပဲ ဖြစ်ဖြစ် စိတ်အားငယ်တတ်ပါတယ်။

၁၀။ သဝန်တိုတာဟာမိန်းကလေးရဲ့သဘာဝပါ။ ဒါပေမဲ့ သဝန်တိုတာများသွားရင် သူနာကျင်ခံစားရလိုက်မယ်။

သူ သင့်ကိုဘယ်လောက်ပဲချစ်ချစ် သင့်အနားကသူထွက်ခွါလိမ့်မည်။