ရလဒ်နဲ့အကြွင်း

ဘဝရဲ့ ကောက်ကြောင်းတွေဟာ

အပေါင်း ဖြစ်လိုက်

အနုတ်ဖြစ်လိုက်……၊

လျှောက်ခဲ့တဲ့ ခရီးတစ်ထောက်မှာလဲ

အမြှောက်နဲ့ တွေ့လိုက်

အစားနဲ့ တွေ့လိုက်….၊

ဒီလိုနဲ့….

ကိုယ့်ဘဝ ခရီးစဉ်မှာ

ရုပ်ဘဝ ရှင်သန်ဖို့

နုတ်ပစ်ခဲ့ရတဲ့ ကိုယ်ကျင့်တရားတွေ……၊

….အနုတ်တွေ အစားပြန်ရဖို့

မျှော်လင့်ချက် ရှေ့ထားလို့

မြှောက်ပင့်ပြီး ပွားခဲ့ရတဲ့ မုသားတွေ…..၊

ဒီတော့…

ပိုင်းခြေ ညီမျှဖို့အရေး

စတေးပြီး ပေးခဲ့ရတဲ့အရာတွေဟာ

ဘဝတစ်ခု အခြေပြဇယားရဲ့

ရလဒ်နဲ့ အကြွင်းမှာ

စာရင်းပြဖို့ရော ရှိနေအုံးမှာလား………။

5 comments

  • P chogyi

    July 25, 2012 at 8:50 am

    လုပ်ချလိုက်ပြန်ပြီ
    သင်ချာတွက်ရင် သင်လိုက်ချာလိုက်ဖြစ်နေလို့
    ကျောင်းမတက်ချင်ပါဘူးဆို

  • etone

    July 25, 2012 at 9:50 am

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

  • snow white

    July 25, 2012 at 6:25 pm

    -ဖြင့်+ရျ်*ပင့်စားသူကိုမပေါင်းနှင့် ။။။ဘာပြောပြောသချင်္ာသမားဖြစ်ရမယ် သချာင်္ကိုဂုဏ်ပြုပြီး ကဗျာစပ်သွားတယ်။။

  • မိုးတိမ်

    July 25, 2012 at 8:27 pm

    သိပ်ထိမိတဲ့ အတွေးလေးတွေပါ။
    စာရင်းစစ်က ကိုယ်ကိုယ်တိုင်၊ အစစ်ခံရသူကလဲ ကိုယ်ပဲလေ
    ဒီတော့ စစ်ကြည့်တော့ ?????????????????

  • မောင်ပေ

    July 26, 2012 at 8:13 pm

    စာရင်းနဲ ့အင်း
    နိုင်နင်းခဲ့လျှင်
    အရှုံးဘယ်မှာ
    ရှိလတ္တံ ့

Leave a Reply