သံမဒဂျီး ဂေါင်းအေးအေးထား စဉ်းစားဖို့ cool president

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့ သံမဒဂျီးတို့ တွေ့ဆုံတော့မယ်လို့ သတင်းထွက်နေပါဒယ်။ အေဘီအက်စ်ဒီအက်ဖ် ငှက်ကထဂျီးဟောင်း နှစ်ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့လည်း ပြည်ဝင်ခွင့်ရတော့မယ်လို့ ဆိုနေဂျတော့ ၈၈ကျောင်းသား ခေါင်းဆောင်ဟောင်းများအားလုံးကို တစုတည်းထဲ တွေ့ကောင်းတွေ့နိုင်တယ်။ အကောင်းတွေးရင် ဒီမိုကရေစီလှုပ်ရှားမှုမဏ္ဍိုင် ကျောင်းသားထု အင်အားကို အသိအမှတ်ပြုခြင်းဖြစ်ပြီး အခြားတဖက်မှကြည့်ရင်တော့ မင်းတို့ကောင်တွေ အားလုံးအတူတူပဲ၊ တဖွဲ့နဲ့တဖွဲ့ မတူပါ နောက်မှမလုပ်နဲ့၊ ပြောချင်ရင် တခါထဲပြောလို့ အဓိပ္ပါယ်ထွက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွေ့ဆုံခြင်းသည် ကောင်းသောလက္ခဏာမို့ ကြိုဆိုပါ၏။
ယဉ်ကျေးသောလူ့ဘောင် တည်ဆောက်ဖို့ဆိုရင် တောင်းပန်ခြင်း၊ အသိအမှတ်ပြုခြင်း၊ နားလည်စာနာခြင်း၊ ကြေအေးလက်ခံခြင်း ဂုဏ်အင်္ဂါရပ်များ ပြည့်စုံပါမယ်။ နိုင်ငံရေးလို အများဆက်နွယ်နေပြီး အတိမ်းအစောင်း မခံတဲ့ ကိစ္စမျိုးဆိုရင် သက်ဆိုင်သူများအကြား ကြိုတင်ညှိနှိုင်း နားလည်မှု ယူနိုင်ပါတယ်။ အငြိုးအတေး သံသယများနဲ့ ကျိုးပျက်ခဲ့ရတဲ့ နိုင်ငံတခုအတွက် ပြုခဲ့သူများဖက်က တာဝန်သိသိ တောင်းပန်ရမှာ ဖြစ်သလို ခံခဲ့ရသူများက သတ္တိရှိရှိ လက်ခံရမှာ ဖြစ်ပါတယ်။ အရေးကြီးတာ လုပ်သင့်တာ လုပ်တတ်၊ လက်ခံတတ်ဖို့ ဖြစ်ပါတယ်။
ပြောဆိုဆွေးနွေးရင် အင်္ဂုလိလို gesture ခေါ်တဲ့ အချက်ပြမှု သိပ်အရေးကြီးတယ်။ ပြောဆိုဆက်ဆံတဲ့အခါ လိုချင်သော အဓိပ္ပါယ်ပေါက်ဖို့ ခြေဟန်လက်ဟန် မျက်နှာပေး ၆၀%၊ အသံနေအသံထား ၃၀%၊ စကားလုံးက ၁၀% ဖြစ်ပါတယ်။ ဘယ်လိုစေတနာဂေါင်းရှိရှိ အပြောမတတ် ဆဲသလိုဖြစ်လို့ မြန်မာစကားမှာလည်းရှိတာ သိဂျပါလိမ့်မယ်။ သံမဒဂျီးမှာ ဘယ်လိုအကြံရှိတယ်ဆိုတာ သိဖို့ခက်ပေမဲ့ တကယ်ပြန်လည်ပေါင်းစည်းရေး လိုလားတယ်ဆိုရင်တော့ စကားလုံးများ၊ လက်ဆွဲနှုတ်ဆက်ခြင်းများနဲ့ မလုံလောက်ဘူး။ တည့်တည့်ပြောရရင် ဒီမိုကရေစီလှုပ်ရှားမှု ကျောင်းသူကျောင်းသားများအပေါ် အင်အားအလွန်အကျွံသုံး ဖိနှိပ်ချိုးဖျက်မှုများအတွက် တောင်းပန်ရမယ်၊ သို့တည်းမဟုတ် အနည်းဆုံးတော့ အသိအမှတ်ပြုပေးဖို့ လိုအပ်တယ်။

ခွပ်ဒေါင်း လွှတ်ကောင်း တွတ်ထောင်း ဖွတ်မောင်း။

ရာဇပလ္လင် အာဏာလုမှုအတွက် မဟုတ်ဘဲ တိုင်းပြည်နဲ့လူမျိုးအတွက် မိမိ ယုံကြည်ရာကို စွန့်လွှတ်ပေးဆပ် ရသူများ၊ ချစ်ခင်တွယ်တာသူများနဲ့ သေကွဲရှင်ကွဲ ကွဲခဲ့ရသူများ၊ ဘဝရဲ့ အတက်ကြွဆုံး အကောင်းဆုံးအချိန် မတရားအလုယူ အဖျက်ဆီးခံခဲ့ရသူများကို ဘယ်လို လျော်ကြေးပေးမှာလဲ။ အမှန်တော့ ကျောင်းသားသာမက ရဟန်းရှင်လူ ပြည်သူတရပ်လုံး သူ့အလွှာနဲ့သူ ပါဝင်ပတ်သက် ပေးဆပ်ခဲ့၊ ပေးဆပ်နေရဆဲပါ။ ၈၈အဖွဲ့နဲ့ သီးခြားတွေ့ဆုံမှုကနေ မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး အင်စတီကျူးရှင်း အဖွဲ့အစည်းနှစ်ခု (ကျောင်းသားနဲ့ စစ်သား) ရင်ကြားစေ့နိုင်ရေးအတွက် ကျောင်းသားခံစားမှုကို သီးခြားဖေါ်ပြခြင်း ဖြစ်ပါတယ်။
အစိုးရအဖွဲ့အသစ်ဆိုပေမဲ့ စစ်တပ်အမွေကို ဆက်ခံထားသူ care taker အသွင်ကူးပြောင်းကာလဂေါင်းဆောင် တယောက်အနေနဲ့ တာဝန်ယူရပါမယ်။ တောင်းပန်တယ် ဆိုတာကလည်း အနေအထား အချိန်အခါလိုက်လို့ အဆင့်အမျိုးမျိုးပါ။ အပြင်းဆုံးအနေနဲ့ လူသိရှင်ကြား ဝန်ခံတောင်းပန်ခြင်းဖြစ်ပီး အသက်အသာဆုံးအနေနဲ့ ဖြစ်ရပ်များအပေါ် အသိအမှတ်ပြု လက်ခံခြင်းဖြစ်ပါတယ်။ ယနေ့လို့ တပ်မဒေါ်ဂျီးအနေနဲ့ အသာစီးရထားစဉ် တာဝန်ရှိမှုကို လုံလောက်သော အပြုအမူတခုခုအားဖြင့် ပြသလိုက်ရင် အရှက်ရခြင်းထက် ဂုဏ်သိက္ခာတက်ပြီး အများဝိုင်းဝန်းချီးမွှမ်း ထောပနာပြုခံရပါမယ်။ ဒီလိုမဟုတ် ပြီးခဲ့တာတွေမေ့လိုက် အသစ်ပြန်စရအောင်ဆိုတာ မိမိကိုယ်တိုင် ခံခဲ့ရသူဆိုရင် လက်တွေ့ကျနိုင်ပါ့မလားလို့ ရေခဲတုံးဂျီး ဦးဂေါင်းပေါ်တင် ဂေါင်းအေးအေးထား စဉ်းစားကြည့်ပါ ချစ်ခင်လေးစား ရိုသေရပါသော ယောက္ခမလောင်း သံမဒဂျီးခင်ဗျား။

8 comments

  • ဦးဦးပါလေရာ

    July 25, 2012 at 10:46 am

    တချို့ကတော့လဲ “ဒီလောက်မျက်နှာသာရလာတာတောင်ကံကောင်း” … ဆိုပြီးတော့ ကြောက်ရှုံးစကား ဆိုကြပါတယ်။
    တကယ်တော့ ချိန်ခွင်လျှာပြောင်းလာတဲ့အပေါ် အခြေအနေကို အကောင်းဆုံးအသုံးချဘို့ကြိုးစားကြတာပါပဲ..။
    လတ်တလောမှာတော့ ကျောင်းသားခေါင်းဆောင်တွေရဲ့ နေရာ ကို အသိအမှတ်ပြု၊
    ကျောင်းသားတွေရဲ့အသံကိုလဲ သတိပြု နားထောင်ပေးပြီး
    သိပ်နောက်မကျခင်မှာပဲ နစ်နာ ဆုံးရှုံး စွန့်လွှတ် ခံစား ခဲ့ရတာတွေအတွက်လဲ တတ်နိုင်သမျှ ဖေးမ ဖါထေးပေးရမှာ ဖြစ်ပါတယ်။
    သမတနဲ့ တကွ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်လုပ်နေတဲ့စစ်ခေါင်းဆောင်တွေရဲ့ စိတ်စေတနာကို လေးစားပါတယ်။
    သို့သော် ပညာရှိ သတိဖြစ်ခဲ ဆိုသလို အရင်ခေတ်အဆက်ဆက် အကျင့်ပါနေတာလေးတွေ ကျန်နေမှာစိုးလို့
    မှတ်ချက်စကားလေးတခွန်းတော့ ပြောချင်ပါသေးတယ်…။

    တွေ့ဆုံတယ်ဆိုတာတော့ ကောင်းပါတယ်
    တွေ့ပြီးဘာလုပ်မှာလဲဆိုတာလဲ ရှိထားဘို့သင့်ပါတယ်။
    “မော်ဖူးစေ..ဗျား….” ဆိုရုံမျှနဲ့တော့ ကွက်စိပ်ပွဲမျှသာဖြစ်မှာဖြစ်ပါကြောင်း…..။

  • သစ် တည်

    July 25, 2012 at 11:06 am

    ရှာရာပိုဗာလေးက ဦးသိန်းစိန် သ္မီးဂို……….

  • surmi

    July 25, 2012 at 12:54 pm

    မကောင်းတတ်လို ့တွေ ့ဆုံတာဆိုရင်တော ့
    အစကတဲက တွေ ့မနေပါနဲ ့တော ့
    နှစ်ဦးနှစ်ဘက်မှာ ပလန်တော ့ရှိမှာပါ

  • မောင်ပေ

    July 25, 2012 at 3:10 pm

    သမ္မတကြီးနဲ့အစိုးရက ဘယ်လိုစီစဉ်ထားလဲဆိုတာ မသိရသေးပေမယ့်
    အူးကြောင် စဉ်းစားပေးတဲ့ လမ်းစဉ်လဲတော်တော်လေးကောင်းပါတယ်
    အကုန်လုံးတော့ မဖြစ်လောက်ဘူးနော

  • monarch

    July 25, 2012 at 5:16 pm

    (အေဘီအက်စ်ဒီအက်ဖ် ငှက်ကထဂျီးဟောင်း နှစ်ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့လည်း ပြည်ဝင်ခွင့်ရတော့မယ်လို့ ဆိုနေဂျတော့ ၈၈ကျောင်းသား ခေါင်းဆောင်ဟောင်းများအားလုံးကို တစုတည်းထဲ တွေ့ကောင်းတွေ့နိုင်တယ်)လို ့ဖတ်လိုက် ရ လို ့
    ကိုထွန်းအောင်ကျော် ဆိုတာ ဗကသ-အထက်ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကို ဆို လို တာ ဖြစ်ရင်တော့ မရှိ ရှာတော့ဘူးလေ ရှိ ဦး မယ်ဆိုရင် တော့ သူ ့ကို ဝမ်းမြောက်ဝမ်းသာကြိ ု ုဆို ချင်လိုက်ပါဘိ

  • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

    July 25, 2012 at 5:50 pm

    အော် ဪ အော်
    နိုင်ငံရေဒအကျဉ်းသား လက်ကျန်နှုံးလေး ဘယ်သူ့မှ အသိမပေးဘဲ
    ပြည်တော်ပြန်တွေကို ကြိုဆိုဦးမတဲ့
    အဟတ်ဟတ်
    ဟတ်ချိုဆိတ်ဖွား

  • cobra

    July 25, 2012 at 7:35 pm

    ဘာတွေဖြစ်လာကြဦးမလဲ..။

  • အလင်းဆက်

    July 27, 2012 at 12:19 pm

    တားတားလည်း..ခေါင်းအေးအေးထားပြိး..စဉ်းစားမိပါတယ် ။
    အောင်ကြူး…ဒေါင်ချူး…နေ..မနေ…

Leave a Reply