ဗီယက်နမ်ရိုးယာစားစရာ ဘွမ်းချာ (Bun Cha)

may flowersJuly 25, 20121min23523

ဝက်သားကင် ၊ အရွက်စုံနဲ့ မုန့်ဖတ်

 

ဒါကစားဖို့ အသင့်  ကိုယ်နှစ်သက်သလို ငရုတ်သီး၊ ရှာလကာရည် ၊ ကြက်သွန်ဖြူ ၊ ငရုတ်ကောင်း..စပ်ထဲ့ထားတာ

 

ကဲ………..စားဦးနော်

 

 

လမ်းဘေး ဘွမ်းချာ ( Bun cha  ) ဆိုင်လေးကို  အမှတ်တရ ရိုက်ထားတာ

 

ဗီယက်နမ်နိုင်ငံမှာ (Bun Cha  ) ဘွန်းချာကို  မြန်မာပြည်က မုန့်ဟင်းခါးဆိုင်လေးတွေလို နေရာတိုင်းမှာတွေ့ရတတ်ပါတယ်။ အဆီလုံးဝမပါပဲ

ချဉ်ချဉ်စပ်စပ် လေးကိုယ်

နှစ်သက်သလို ရောစပ်စားနိုင်တာမို့ မေဖလားဝါးအကြိုက်အစားအစာတွေထဲ ထိပ်ဆုံးကပေါ့..။

 

23 comments

  • ညလေး

    July 25, 2012 at 3:35 pm

    မမပန်းလေး…..
    ညလေးအရင်ဦးဆုံး….ဝှိက်သွားတယ်နော်…….
    ဟားးးးး……စပ်လိုက်တာ…..
    ဒါပေမယ့် စပ်စုချင်လို…ဝတ်သားပန်းကန်ထဲက အချဉ်ရည် လား……..နော်
    ဒါမှမဟုတ်ဆီတွေလား မမ

  • etone

    July 25, 2012 at 4:04 pm

    ဝက်ကင်ပန်းကန်ထဲက ဆီတွေလားဟင် … ။ အဆီဆိုလျှင်တော့ မကြိုက်ဘူး … ။
    မြင်ရတာ ကွေ့တီယိုနဲ့ ခပ်ဆင်ဆင်နော် .. အသားတုံး အကြီးသေးပဲကွာမယ်ထင်တယ် …. ။ ကြက်သွန်ဖြူကို အဲ့လို မကြေတကြေလေး ထောင်းထားပြီး ငရုပ်သီးလေး ပါးပါးလှီးထား .. သံပုရာရည်လေးညှစ်ပြီး ပဲငံပြာရည်လေး နည်းနည်း စမ်းလိုက်လျှင် .. အောင်မလေး ….. သွားရေကို ကျလို့ … ဟီးဟီး 😛

  • may flowers

    July 25, 2012 at 5:11 pm

    ညလေးရေ ဆီလုံးဝကိုမပါတာပါ..အဲဒါကသင်္ဘောသီးအစိမ်းသနပ်ထဲ့ ထားတဲ့အချဉ်ရည်ပါ။

    အိတုံရေ ဗီယက်နမ်တွေက အဆီမစားဘူးရယ်…အရွက်တွေဆိုပြုတ်စားကြတာများတယ်…ပုဇွန်ကို

    တောင် ပေါင်းပြီး အဆီလုံးဝမပါပဲ စားကြတာများတယ်။ များသောအားဖြင့် မြန်မာပါးစပ်နဲ့ သိပ်မတွေ့

    တာများတယ်။ သူတို့အစားအစာတွေက နောက်ကြုံမှ ရိုက်ပြီးတင်ပေးဦးမယ်…ခုတောင်ကင်မလာနဲ့

    ရိုက်ခဲ့တာမဟုတ်ဘူး…ကြုံတုံးလေးဖုန်းနဲ့ကစ်လာခဲ့တဲ့ပုံလေးတွေပါ..။

  • ဘဲဥ

    July 25, 2012 at 5:12 pm

    ရိုးရာ လား ရိုးယာလား မေပန်းလေးရေ့[O:]

  • အရီးခင်လတ်

    July 25, 2012 at 5:40 pm

    စားချင်စရာလေး မေဖလားဝါး ရေ။
    နေ့လည်စာ ပေါင်မုန့် စားနေရချိန် ဒီလို သွားရည်ကျစရာ ပုံလေးက မြိန်လိုက်သည့် ဖြစ်ခြင်း။
    အဲဒီ လို မုန့်ဖတ် နဲ့ အသားကို ရောစားတာ တစ်ခါမှ မတွေ့ဖူးဘူး။
    ကျေးဇူးပါ။ 🙂
    ပုံလေးတွေ ထပ်တင်ပါဦး။

    ဒါထက် အဲဒီ ဘွန်းချာတစ်ပွဲ ကို ဘယ်လောက်ပေးရလဲ။

  • may flowers

    July 25, 2012 at 5:59 pm

    ဥဥ ရေခုလိုအမှားကိုထောက်ပြပေးတဲ့အတွက် ကျေးဇူးပါ..နောင်ရေးရင်ရိုးရာလို့ ပြင်ရေးပါ့မယ်လို့..။

    အရီးခင်လတ်ရေ တစ်ပွဲကို ဆိုင်အနေအထားပေါ်မူတည်ပြီး (ဒေါ်လာနဲ့တွက်ကြည့်ရင်) ၁ဒေါ်လာ ကနေ

    ၂ ဒေါ်လာလောက်ထိပဲ ရှိတတ်ပါတယ် ခုပုံထဲမြင်ရတဲ့ ဘွန်းချာကတော့ ၁ဒေါ်လာကျော်ကျော်လေး

    ကျပါတယ်။

    • pooch

      July 25, 2012 at 9:19 pm

      ဒါဆို မြန်မာငွေ ၁ ထောင်အောက်ပဲ ဆိုတော့ မဆိုးဘူး တန်တယ် ပြောရမှာပေါ့။ ဝက်သားတွေ အများကြီးပဲ။ အဆီတွေမှတ်လို့ မေးတော့မလို့ အချဉ်ရည်ဆိုတော့ စားကောင်းတာပေါ့။
      မုန့်ဟင်းခါး ဖတ်နဲ့ ဆင်တယ်နော်။

      ဒါနဲ့ သဘောင်္သီး အစိမ်းသနပ်အချဉ်ရည်လုပ်နည်းလေး သိရင် ပြောပြပါ့လား ။ လုပ်စားချင်လို့ပါ။
      စားချင်စရာလေး ။ ဒါမှ မဟုတ် ဗီနီဂါ ရည်ထည့်ပြီး စားရင်ရော အရသာ တူမယ်ထင်လား မသိဘူး။

  • မောင်ပေ

    July 25, 2012 at 9:04 pm

    အားလားလား
    စပ်လိုက်တာကွယ်
    မေလေးရယ်
    ရှူးရှဲ ရှူးရှဲ

  • may flowers

    July 25, 2012 at 10:36 pm

    pooch ရေ မြန်မာငွေနဲ့တွက်ရင် တကယ်တန်ပါတယ်။ သဘောင်္သီး အစိမ်းသနပ် ကတော့တစ်ခါမှလုပ်မစား

    မိဘူးရယ်…။

    ဟုတ်ပါတယ် မြန်မာမုန့်ဟင်းခါးဖတ်နဲ့တူတူပါပဲ ကိုသန်းထွဋ်ဦးရေ။

    ကိုပေရေ အစပ်မကြိုက်တဲ့သူတွေတော့ ငရုတ်သီးထဲ့မစားဘူးရယ်..ကျွန်မကသာ အစပ်ကြိုက်လို့ ငရုတ်သီး

    များများထဲ့ထားတာပါ။

  • ဆူး

    July 26, 2012 at 9:28 am

    ဗီယမ်နာမ် အစာတွေ တော်တော်များများက စပါးလင်တွေ ထည့်ချက်တာလားမသိဘူး အနံ့အရသာ ပြင်းရှတယ် သိပ်မကြိုက်လှဘူး။ ပင်စိမ်းနဲ့ တူတဲ့ အရွက်တွေထည့်ချက်ထားတာ မြင်လို့ စားကြည့်တာ ပင်စိမ်းလည်း မဟုတ်ဘူး အနံလည်းတမျိုးကြီးပဲ..

    ချက်ပုံချက်နည်း ကတော့ တမျိုးပဲနော်..

  • Ma Ei

    July 26, 2012 at 9:58 am

    မေလေးရေ…
    အရွက်တွေကို အစိမ်းအတိုင်းထည့်စားရတာလား…
    ချဉ်ချဉ် စပ်စပ်လေး စားကောင်းပုံဘဲနော်…

  • Solid_Sn@ke

    July 26, 2012 at 10:11 am

    ယိုးဒယား အစားအစာ နဲ့ မလေးအစားအစာ ကတော့
    ကမာ္ဘ့ဈေးကွက်ကို ဖောက်ပီးသွားဘီ..
    ဗီယက်နမ် လည်း လိုက် ဖောက်နေပြီ
    မြန်မာ့ မုန့်ဟင်းခါးကတော့ ပြည်ပ ဖောက်ဖို့ထက်..
    တနိုင်ငံလုံး အတိုင်းအတာ ချိန်း ဘရန်ချ့်တောင် မဖြန့်ကျက်နိုင်သေးဘူး..

    ရင်ထဲ မချိ…

  • Khaing Khaing

    July 26, 2012 at 1:01 pm

    မုန့်ဖတ်က ရှမ်းခေါက်ဆွဲလိုမျိုးလား ………. မြန်မာမုန့်ဖတ်လိုပဲလား ……. တစ်ခါမှမစားဖူးသေးဘူး အခုမှကြားဖူးတယ် နိုင်ငံတစ်နိုင်ငံရဲ့ အစားအစာလေးကို ဝေမျှတာကျေးဇူးပါ ……. မမမေ

  • may flowers

    July 26, 2012 at 1:23 pm

    ဟုတ်ပါ့ ဆူးရေ ဗီယက်နမ်စာ တော်တော်များများကိုယ် လည်းသိပ်မကြိုက်ဘူးရယ်။

    မအိရေ အဲဒီအရွက်တွေကို အရည်ထဲနှစ်ပြီး အစိမ်းစားရတာပါ။

    Solid_Sn@ke ရေ မြန်မာမုန့် ဟင်းခါးနိုင်ငံတစ်ကာ ကိုထိုးဖေါက်နိုင်ဖို့က သိပ်မလွယ်လောက်သေးဘူး

    လို့ ကျွန်မထင်ပါတယ်…လူတော်တော်များများက မြန်မာမုန့်ဟင်းခါးကို မနှစ်သက်ကြဘူးရယ်။

    ဟုတ်ပါတယ် ခိုင်ခိုင်ရေ မုန့်ဖတ်ကမြန်မာမုန့်ဖတ်အတိုင်းပါပဲ..ဒါပေမဲ့သူက အချဉ်ဖောက်ထားတာမဟုတ်

    ဘူး ပိုပြီးအရသာကောင်းတယ် ထင်တာပဲ..ဈေးကလည်းမြန်မာပြည်က မုန့်ဟင်းခါးဖတ်ထက် အများကြီး

    ပိုချိုသလားလို့ ၂ ကီလိုမှ တစ်ဒေါ်လာတောင်မကျဘူးရယ်။

    • Solid_Sn@ke

      July 26, 2012 at 6:30 pm

      သဂျီးနဲ့ ဟိုဘက်မှာ ပြောခဲ့တဲ့ ..ကိုကာကိုလာ ပဲ ဆွဲမန့်ပါ့မယ်…
      အီတလီမှာ ကိုကာကိုလာ က နွယ်ပင်တမျိုး… (နာမည်မေ့နေလို့ဗျာ)
      အဲ့က ထုတ်တဲ့ အဖျော်ရည် မျိုး ထုတ်တယ်… ပြင်သစ်ရောက်တဲ့အခါ…
      စပျစ်နဲ့ ဝိုင်ပုံစံ အဖျော်ရည်မျိုးထုတ်တယ်…
      ဂျပန်ရောက်တော့ ..ဖူဂျီတောင်နားက သဘာဝစိမ့်စမ်းရေ နဲ့ ဖျော်ရည် အမည်တစ်မျိုးထုတ်တယ်..

      ပြောချင်တာ ..localized adaptation တွေ .. local brand တွေ မွေးပေးရတယ်..
      အဲ့လိုမှမဟုတ်ရင် အနှီ Geographic အရ ဈေးကွက်ကို ဆုံးရှုံးတတ်တယ်….
      သည်တော့ ခင်တဲ့ ကိုဘလက် နာမည်ဆွဲ မန့်ရရင် … ညောင်တုန်း ဦးနက်ချော …
      ဆိုပီး ထုတ်တယ် ဆိုပါစို့ …မူလ ဖော်မျူလာ ကိုလည်း Classic ညောင်တုန်း ဦးနက်ချော
      ဆိုပြီး ဆက်ထုတ်သင့်သလို … localized preference ဖြစ်မယ့် …ငြုပ်ကောင်း ကဲတာ
      အချိုကဲတာ …ဟင်းရည်ပြစ်တာ …ငါးများတာ စတဲ့ မူကွဲ (မရိုးဆန်းပင်ဖြစ်လင့်ကစား)
      ညောင်တုန်း ဦးနက်ချော Extreme တို့
      ညောင်တုန်း ဦးနက်ချော Fun တို့
      ညောင်တုန်း ဦးနက်ချော Express တို့
      ညောင်တုန်း ဦးနက်ချော Ultimate တို့
      လိုက်ထုတ်ရမှာ ..ဖြစ်တယ်..

      ရှေ့က ဖောက်သွားတဲ့လူတွေက ….
      ဆီအစားနည်းတဲ့နိုင်ငံလား … အချိုကြိုက်တဲ့ အစပ်မစားနိုင်တဲ့နိုင်ငံလား ..
      အစားထိုး သုံးစရာ ingredient ဘာရှိသလဲ … သည်မြို့ရဲ့ အထှာက ဘယ်လိုလဲ
      အကုန်လေ့လာ စူးစမ်း မှတ်တမ်းတင်ပြီးမှ ..ကိုယ့် မီနျူးကို ဆွဲတာ …

      အဲ့ဒါတွေ မလုပ်နိုင်ရင်တော့ …အင်း…
      နိုင်ဂျံဂါးဖောက်ဖို့ မပြောနဲ့ …
      လိုကယ်လ်မှာတောင် (မြောက်ပိုင်းမြို့တွေမှာ)
      မုန့်ဟင်းခါးကောင်းကောင်း စားရဖို့ မမြင်…သေး..

      တော်သေးဘီဗျာ..

  • Crystalline

    July 26, 2012 at 5:39 pm

    စားကောင်းမယ့်ပုံလေးနော်..လုပ်ဖို့လည်းသိပ်ခက်လှမယ်မထင်ဘူး..နည်းလေးရရင်ကောင်းမယ်နော်.. သိခွင့်ကြုံရင်လည်းမေးပေးအုန်းနော့်

  • may flowers

    July 26, 2012 at 10:59 pm

    အင်း ကိုSolid_Sn@ke ပြောသလို စားသုံးတဲ့နိုင်ငံရဲ့အကြိုက်ကိုလိုက်ပြီး အရသာကို ပြုပြင်ပြောင်းလဲ

    နိုင်ရင်တော့ ဖြစ်နိုင်ကောင်း

    မယ် ထင်ပါရဲ့…ဒီအရသာအတိုင်းဆိုရင်တော့ မလွယ်လောက်ဘူး။

    Crystalline ရေ စိတ်ချ နောက်ကြုံရင် သေသေချာချာကြည့်ပြီးစပ်စုထားလိုက်မယ် ။

    အဲဒီတော့မှ ပြန်ပြောပြမယ်နော်။

  • Solid_Sn@ke

    July 27, 2012 at 9:03 am

    အင်း …
    ကြုံလို့ … ဆက် ပြောရရင်..
    ကျနော် မြန်မာပြည်တောင်ပိုင်း မြို့ တမြို့မှာ အနေနည်းနည်းကြာဖူးတယ်..
    (မပုတင် တောင် အဲ့မြို့ က ယူထားတာ.) ထားပါတော့..
    အဲ့သည့်မှာ ရန်ကုန်မုန့်ဟင်းခါးဆိုပြီး ..(တကယ်က ရန်ကုန်က တေ့စ်အတိုင်း ပေါ့ဗျာ)
    ဆိုင်ဖွင့်ရောင်းတယ်… ဝက်ဝက်ကွဲ အောင်မြင်တယ်ဗျို့ …
    မနက် ၈နာရီလောက် ရောက်သွားရင်ကို ထိုင်စရာ နေရာမရှိအောင်ပဲ …
    ဘယ်လိုလူတွေ အစားများသလဲဆို…. ရန်ကုန်ဘက်က ပြောင်းရွှေ့လာတဲ့
    အစိုးရဝန်ထမ်းတွေ ကန်ပနီဝန်ထမ်းတွေ များတယ်… ဒေသခံ တချို့လည်း
    စွဲစွဲလမ်းလမ်း ကို အားပေးကြရဲ့ …။
    ပြောချင်တာက … တကယ် လုပ်နိုင်ရင် လုပ်တတ်ရင် လုပ်စားလို့ ရတယ် ဆိုတာလေးပါ..။

    နိုင်ငံခြားသား ရောင်းချင်ရင်တော့ …သည်ဟင်းတပွဲမှာ kcal ဘယ်လောက်ပါတယ်..
    Protein က ဘယ်လောက် Carbohydrates က ဘယ်လောက် ဆိုတာမျိုးတွေ…
    သိဖို့ ဖော်ပြဖို့ လိုတယ် ဆိုတာလေး..။

    နောက်ဆုံးတခုကတော့ အစားထိုး သုံးစွဲပစ္စည်းပါပဲ …
    ..မုန့်ဟင်းခါး ဆိုတာက ဝီကီပိဒိယ လိုနေရာမျိုးမှာတောင် နေရှင်နယ်လ်ဒစ်ရှ် သဘော
    ဖော်ပြခံထားရတဲ့ အရာ ဖြစ်လေတော့ ..ပိုကောင်းအောင် လုပ်ကြဖို့ ပိုထိုးဖောက်ကြဖို့
    သင့်တယ် ထင်တာပါပဲ …။ ကျုပ် အလုပ် နဲ့ ပါတ်သတ်တဲ့ ဂငယ်တွေကို မုန့်ဟင်းခါး
    အမျိုးမျိုးကျွေးဖူးရဲ့ … ၁ဝယောက်မှာ ၈ယောက် လောက် နှစ်သက်ကြပြီး …
    ပထမဆုံး ရန်ကုန် ကို လာသူတိုင်းက မုန့်ဟင်းခါး ကိုတော့ဖြင့် စားဖြစ်အောင် စားသွားကြသူ
    ချည်း …။ သည်တော့ … သူတို့ကိုရောင်းဖို့ဆိုရင်… သူတို့ဆီရှိတဲ့ ပစ္စည်းနဲ့ ..ဘယ်လို
    ထုတ်လုပ်နိုင်မလဲ ဆိုတာလေး … ခြားနားတဲ့ ..သဘာဝ ပါတ်ဝန်းကျင်က ဘယ်ရေချိုငါး..နဲ့
    ထုတ်မလဲ ..ဒါမှမဟုတ် .ဘယ်ရေငန်ငါး ပြောင်းသုံးမလဲ ဆိုတာလေး… R&D လိုတယ်ဗျို့ …
    မုန့်ဟင်းခါး အခြောက်ထုတ်တွေလည်း နိုင်ငံခြားသားရောင်းချင်ရင် ..ပိုကောင်းတဲ့ ထုတ်ပိုးမှု
    စနစ် .. အင်္ဂလိပ်စာမီနျူး(အနည်းဆုံး) လိုအပ်မယ် ဖြစ်ပါကြောင်း ….

    မက်ထရိုပိုလစ်တန် ကာလချာအရရော …
    ခုတလော မြန်မာ က ဟော့ထ် နေတာကြောင့်ရော….
    အချိန်အခါကောင်းဖြစ်ပါကြောင်း…
    လိုကယ်လ် မုန့်ဟင်းခါးစ် ဘစ်ဇနက်တွေ သိအောင်
    မောင်းတီးလိုက်ရပါတယ်ဗျို့ ….

    ပုံ
    မုန့်ဟင်းခါး တူးပွိုင့်ဇီးဒိုး ကို ဒီဖိုင်း လုပ်ချင်နေသူ
    မုန့်ဟင်းခါး ပိတ်သတ်….

  • Rose Minn

    July 27, 2012 at 11:20 am

    မမေ ရေ ပုံစံက ကချင် ရိုးရာအစားအစာ ဆာရ်ဖြေ နဲ့ တူတယ်။ ဒါပေမယ့်သူက အမဲသား ပြုတ်နဲ့ လုပ်တာ။ ကလီစာတွေလဲ ပါတယ်။ အဆိမ့်စားရတာ အီရင်တော့ မန်ကျည်း အချည်ရည်ငရုတ်သီးစိမ်းလေး လှီးထည့်။ နံနံပင်လေးအုပ် ပြီး ပူပူနွေးနွေး စားရတယ်။

    ဘွမ်ချာက ကောစားကောင်းမယ့်ပုံပဲနော်။ ချဉ်ချဉ်စပ်စပ်လေး။ ချဉ်ချဉ်စပ်စပ်ဆို သရေတွေတောင် ကျတယ်တော်။ 🙂

  • mamanoyar

    July 27, 2012 at 11:26 am

    အမလေးးးးးးးးးး
    သွားရေကျလိုက်တာနော်

  • နွယ်ပင်

    July 27, 2012 at 11:34 am

    စားချင်စရာလေးပဲ ဗိုက်ဆာနေတာနဲ့ အတော်ပဲ
    ကွေ့သယိုနဲ့ ခပ်ဆင်ဆင်လေးနော် ….

  • may flowers

    July 27, 2012 at 2:35 pm

    Rose Minn ရေ တကယ်ပဲ ကျွန်မကတော့ ချဉ်ချသ်စပ်စပ်လေးနဲ့မို့ကြိုက်ပါတယ်။

    mamanoyar ရေ သွားရေကျရင် စားသွားနော် အားမနာနဲ့…။

    နွယ်ပင်ရေ ကွေ့သယိုနဲ့တော့ အရသာသိပ်မတူလှဘူးရယ်။

Leave a Reply