မန်မာ နိုင်ငံသား တစ်ဦး မလေးရှား တွင် သရုပ်ဆောင် တစ်ဦး၏ ကားဖြင့် တိုက်မိပြီး သေဆုံး

littlekaungJuly 3, 20101min1337

မြန်မာနိုင်ငံသားတစ်ဦး မလေးရှားနိုင်ငံ မြို့တော် ကွာလာလန်ပူရှိ Selayang ကုန်စိမ်းဈေး အနီးတွင် ဇွန်လ ၃ဝ ရက် ဗုဒ္ဓဟူးနေ့က ပြဇတ်နှင့် ဒရာမာ သရုပ်ဆောင် မင်းသမီးတစ်ဦး ၏ ကားဖြင့် တိုက်မိပြီး သေဆုံးခဲ့သည်ဟု သိရသည်။

အတိုက်ခံရသူသည် အသက် ၅၈နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးဖြစ်ပြီး ဇွန်လ ၃ဝ ရက်နေ့ နေ့လည်က လမ်းဖြတ်ကူးနေစဉ် အတိုက်ခံခဲ့ရခြင်း ဖြစ်သည်။

အသက် ၃၈ နှစ်အရွယ် သရုပ်ဆောင် မင်းသမီး သည် ကားကို ကွာလာလန်ပူ မြို့ထဲသို့ ဦးတည်ပြီး တစ်ဦးတည်း မောင်းနှင်လာစဉ် အဆိုပါ ယဉ်တိုက်မှု ဖြစ်ပွာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အတိုက်ခံရသူသည် အတွင်းပိုင်း ထိခိုက်ဒဏ်ရာ ပြင်းစွာရရှိပြီး အခင်းဖြစ်ပွားရာ နေရာမှာပင် ပွဲခြင်းပြီး သေဆုံးသွားကြောင်း မြို့တော် ယဉ်ထိန်း နှင့် စုံစမ်းစစ်ဆေးရေး လက်ထောက် အကြီးအကဲ Abdullah Roning က ပြောကြားပါသည်။

သေဆုံးသူ၏ အလောင်းကို လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် Hospital Kuala Lumpur သို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။

7 comments

  • snow

    July 3, 2010 at 6:35 am

    နာမည်ဘယ်လိုခေါ်လဲ
    သိချင်တယ် အရမ်းသနားဖို ့ကောင်းတယ်နော်

  • onlinezz

    July 3, 2010 at 7:49 am

    ဖြစ်မှဖြစ်ရလေ။

  • etone

    July 7, 2010 at 2:42 am

    စိတ်မကောင်းစရာပဲ မွေးတော့ဒီမှာ သေတော့ဟိုမှာဖြစ်ရတယ်လို့ ။ တိုက်သွားတဲ့ အမျိုးသမီးကိုရော အရေးမယူဘူးလား ။
    သူတို့နိုင်ငံသားအချင်းချင်းလဘ်စားပြီး မသိချင်ယောင်ဆောင်နေသလား ။

  • maypearl

    July 30, 2010 at 3:44 am

    ဟုတ်ပါ့
    နော်
    တကယ်ဆို ပြင်းပြင်းထန်ထန်အရေးယူသင့်တာပေါ့

  • morenyan

    March 22, 2011 at 6:51 am

    မြန်မာဆိုတာ မလေးမှာတော့ ခွေးသာသာ ကျွန်ဘဝ ပဲ
    မလေးမှာ တို့ရွှေတွေများသလားမမေးနဲ့ နေရာတကာ
    တရုပ်တန်းတစ်ခုလုံး မြန်မာလိုပဲပြောပြီးနေလို့ရတယ်
    ရဲတွေတောင် မြန်မာလို နည်းနည်းတတ်နေပြီ

  • OQ23

    June 28, 2011 at 1:55 pm

    ဖြစ်နေကျမဟုတ်တော့ နားလည်ပေးဖို့တော့ခက်မယ်။ ဖြစ်ပြီးမှတော့ မတတ်နိုင်တော့ ပါဘူး။
    တောင်းပန်တယ် ဆိုသောစကားကလွဲပြီးဘာများ တတ်နိုင်မှာလဲ။

  • swezin99

    October 3, 2011 at 2:41 pm

    သနားပါတယ်..သူတို့မိသားစုတွေတော့ဘယ်လိုနေမလဲမသိဘူးနော်..
    သူတို့တွေဆီကဌာနဆိုင်ရာတွေဘယ်လိုအရေးယူမလဲမသိဘူး….
    တိုးတိုးတိတ်တိတ်ပဲပြီးသွားလားမသိဘူး..

Leave a Reply