မြန်မာပြည် မှာ ဖုန်းကဒ် တစ် ကဒ်ရဲ့ ဈေး က နိုင်ငံ တကာနဲ့ ယှဉ် ရင် များသေး တယ် လို့ ပြော နေ ကြ ပေ မယ့် လို့ ဒီတခေါက် မြန်မာ ပြည် ပြန် တော့ တော်တော်များများ ဖုန်း ကိုင် နိုင် နေကြ တာ တွေ ခဲ့ ရပါတယ်။ စီးနေ ကြ ဆိုက် ကား သမား တွေ ( အသောက် အစား ကင်းတဲ့ သူတွေ) က အစ၊ ဈေး ထဲက မုန့် ဟင်း ခါးသည် တွေ၊ ငါး သည် တွေ အလည်၊ စီး ခဲ့ သမျှ ကား တွေရဲ့ ဒရိုင်ဘာ တွေ အား လုံး ကိုယ် စီ ဖုန်းလေးတွေ နဲ့ တွေ့ ခဲ့ ရတာ တော့ ၀မ်းသာ စရာ ပါ။
တခြား သူတွေ အတွက် ဖုန်း ကို ဘယ် လို ပြောပြော ပြဿနာ မရှိပေမယ့် ယာဉ်မောင်းတွေ ကားမောင်းရင်း ဖုန်းပြော တာတော့ အလွန် ပြဿနာ ရှိပါတယ်။ လက် တဖက် က ဖုန်း ကိုင် ပြီး လက် တဖက် တည်းနဲ့ ကားကို ထိန်း ပြီးမောင်း ၊ အဲဒီ အချိန်မှာ သူ့ အာရုံ ကလည်း ကားနဲ့ လမ်း ပေါ် မှာ မရှိ တော့ ပဲ ဖုန်း ထဲ ကို ရောက် သွားမှာ ဖြစ် တဲ့ အတွက် ကားမောင်းရင်း ဖုန်းပြောတာ အန္တရာယ် အလွန် များ တယ် ဆို တာ အားလုံး သိကြ မှာပါ။ ဒါပေမယ့် ကားသမားတွေ တော်တော် များများ ကားမောင်းရင်း ဖုန်းပြော ကြ တာကို စိတ် မချမ်းသာ စွာနဲ့  ကြုံ ခဲ့ ရပါတယ်။
ကျမတို့ စီးခဲ့ တဲ့ တက္ကစီ ယာဉ်မောင်း တယောက် ဆိုရင် ဖုန်း ကို တောက်လျှောက် ကို ပြော ပါတယ်။ အ၀င် ဖုန်း လက်ခံ ပြောရုံ တင် မက ဘူး ၊ သူက ပါ ပြန် ခေါ် ပြီး ပြော နေတာပါ၊ အရး ကြီးတဲ့ ကိစ္စ တွေ လည်း မဟုတ် ပါဘူး။ မင်းတို့ နား မိုး ရွာ လား တို့ ၊ ဘယ် ဆိုင် မှာ ဆုံ ရအောင် တို့ စတဲ့ အရေးမပါတဲ့ အကြာင်း အရာတွေ ပြော နေတာပါ။ အောင်မင်္ဂလာ အဝေးပြေး ကနေ မြောက် ဒဂုံ ကို ညနေပိုင်း ကားတွေ ရှုပ်တဲ့ အချိန် ကြီး မှာ အော် ကြီး ဟစ် ကျယ် ဖုန်း ပြော ရင်း ကားမောင်း နေ တာ ၊ ကျမတို့ ကတော့ ဘုရား တ လို့ ပေါ့ ။ တခြား တက္ကစီ ယာဉ်မောင်း တွေ လည်း ပြော ကြ ပေမယ့် သူ့ လောက် တော့ မဆိုး ပါဘူး ၊ အ၀င် ဖုန်း ကိုပဲ ခဏလေး ပြော ကြပါတယ်။ ဘယ် လိုပဲ ဖြစ်ဖြစ် ကားမောင်း ရင်း ဖုန်း ကို လက် က ကိုင် ပြီး မပြော သင့် တာ တော့ အမှန်ပါ။
တက္ကစီ ယာဉ်မောင်း တင်လား ဆိုတော့ ၊မဟုတ်ပါဘူး။ ကျမတို့ ပုဂံ ကို သွားတဲ့ express ယာဉ်မောင်း လည်း ထိုနည်း လည်းကောင်း ပါပဲ။ ယာဉ် မတော် တဆ မှု များလွန်းတဲ့ အမြန် လမ်း မှာ မောင်း နေရင်း မကြာခဏ ဖုန်းပြော နေတာ ကို အသည်း တယားယားနဲ့တွေ့ ခဲ့ ရပါတယ်။ အထိ အခိုက် များတဲ့ ယာဉ် မတော် တဆ မှု တွေ က ည ဘက် တွေ အဖြစ် များတတ်တော့ အချိန် နည်း တဲ့ ကြား က အသွား ၁ ရက် အပြန် ၁ ရက် အချိန် ပုပ်ပေမယ့် ကျမ တို့  နေ့ ကားပဲ စီးပါတယ်။ ယာဉ်မောင်း နောက် တည့် တည့် ခုံ မှာ ထိုင်တာဆိုတော့ သူ ဖုန်းပြောတိုင်း တွေ့ နေ ရ တော့ ဘုရား စာပဲ ဖိ ရွတ်နေမိတော့ တယ်။ ရန်ကုန် အပြန် ယာဉ်မောင်း ကတော့ ထမင်းစား နားတဲ့ အချိန် နဲ့ ကျန်း မာရေး အတွက် လပ်းဘေး ချ ရပ် ပေးတဲ့ အချိန် မှာ ပဲ ခဏတဖြုတ် ပြော တာတွေ့ ပါတယ်။ အဲ လိုပဲ ဖြစ်ရ မှာပါ။
ကားဈေး တွေ လည်း ကျ လာတော့ ရန်ကုန် လမ်း မ တွေ ပေါ် မှာ လည်း ကားတွေ သိသိ သာသာ များ လာ သလို ၊ ကိုယ် ပိုင် ကား မောင်းနေ တဲ့ လူ တွေ လည်း တော် တော် ဖုန်း ပြော ကြတာ တွေ့ မိတယ်။ ဒါတောင် လိုင်း ကား မစီး ခဲ့ လိုက် ရလို့ လိုင်း ကား ဒရိုင်ဘာ တွေ ရော ဖုန်း ပြော ကြ သလား ဆို တာ မသိ ခဲ့ ရပါဘူး ။ ဘယ် သူ မဆို အလုပ် ချိန် တွင်း ကို ပါစင် နယ် ဖုန်း ကြာကြာ မပြော သင့် ပါဘူး ။ အန္တရာယ် များ ပြီး အသက် ပေါင်း များစွာ ကို တာဝန်ယူထားရတဲ့ အများ စီးတဲ့ ကားတွေ ရဲ့ ယာဉ်မောင်း တွေ က ပို ဆင် ခြင် ရပါမယ်။
ကားမောင်းရင်း လက်ကိုင်ဖုန်း မပြော ရ ဆိုတဲ့ ဥပဒေ မြန် မာ ပြည် မှာ ရှိပြီး သား ပါ။ အရင် တုန်း ကတော့ ကားမောင်းရင်း လက်ကိုင် ဖုန်း ပြော နိုင်တဲ့ လူတန်း စား က ပြောပလောက် အောင် မရှိ ပေမယ့် အခု ချိန် မှာတော့ ယာဉ်မောင်းတွေ တော်တော် များများ က လက် ကိုင်ဖုန်း ကိုယ် စီ နဲ့ဖြစ်လာပြီဆိုတော့ ဆိုတော့ အဲဒီ ဥပဒေ ကို ထိထိ ရောက်ရောက် အသိပေး၊ ပညာ ပေး၊ အရေးယူ ဖို့ လို အပ်နေပါပြီ။ မဖြစ် မနေ ပြော စရာ ကြုံ လာ ရင် စလုံး မှာ လို နားကြပ် နဲ့ သုံးတတ် တဲ့ အကျင့် လုပ်ရပါမယ်။ ခက် တာ က လည်း ကိုယ့် နိုင်ငံ မှာ က ဖုန်း ဆို တာလေး ကို လူတန်း စား မရွေး ကိုင် နိုင် ကြ တာ သိပ် မကြာ သေးတော့ ဖုန်း ကို အလုံး လိုက် ကလေး ကိုင် ရတာ ပို သဘော တွေ့ ကြ တယ် ထင်ပါရဲ့။ ဒါပေမယ့် ယာဉ်မောင်း တွေ အတွက် ကတော့ ကားမောင်း ရင်း ဖုန်း ပြော မယ် ဆိုရင် မဖြစ် မနေ ဖုန်း နားကြပ် လေးနဲ့ သုံးကြ ဖို့ များများ တိုက်တွန်း ကြ စေ လိုပါတယ်။

ဖုန်းတောက်လျှောက်  ပြောရင်း ကားမောင်း လာတဲ့ သူပါ။ သည်း မခံ နိုင် တဲ့ အဆုံး ဖုန်းဆက် ပြော နေ ရင် ဆင်းပြီး နောက် တစီး တား စီးတော့ မယ် ဆိုတော့ မှ ရပ်ပါတယ်။

ပုဂံ ကို သွားတဲ့ express ကားသမား ကိုလည်း ရိုက်ခဲ့ ပါတယ်၊ ဒါပေမယ့် နောက် တည့်တည့် က ရိုက် တာ နောက် ကြည့် မှန် ထဲ့ သူ့ မျက် နှာ ကြီး အပြည့် ပေါ် နေလို့ မတင် တော့ ပါဘူး။

 

 

About မိုချို

မို co has written 41 post in this Website..