ကျွန်မရဲ.ဖြစ်ပုံ သနစ် အ စုံပါ ရှင်. – အ ပိုင်း ၁ – ဗမာဏသီမယ် ၏ ကိုယ် တွေ.ဖြစ် ရပ် ပုံ ပြင် လေး ပါ

Knowledge SeekerJuly 25, 20121min25519

တစ်ရံရော အခါက ဗမာဏသီ ပြည် ကြီး ၌ မယ် ရွေး ချယ် ပွဲကြီး ခြိမ်. ခြိမ်. သဲ သဲ ကာ ဗမာဏသီမယ် ကို ရွေး ချယ် ကြသည် ဟူသတတ်။ ထို ရွေးချယ် ပွဲကြီး တွင် ဒေသနယ်ပါယ် အသီးသီး မှ အလှ ပဂေး များစွာဝင် ရောက် ယှဉ် ပြိုင်ကြလေ၏။ ပြိုင် ပွဲဝင် ပေါင်း များစွာထဲ မှ ခင်လှချင် ကို မယ် အ ဖြစ် တစ်ခဲနက် ရွေး ချယ် ခံရလေသည်။ ပျော် ရွင်ချင်း များ စွာ၊စိတ် လှုုပ်ရှား ခြင်း များ စွာ နှင်. ဆု လက္ခံရယူ ပြီး အိမ် ရောက် မှ ရေတွက် ကြည်. ရာ မယ် ဆု အတွက် ကြေငြာ ထား သည် မှာ သိန်း ၃ဝ ဖြစ် သော် လည်း အမှန် တစ်ကယ် လက္ခံ ရ ငွေ မှာ ၁၅ သိန်း သာ ရရှိကြောင်း အိမ် ရောက် မှ ရေတွက်သိ ရှိလေသည်။ နောက်တစ် နေ.တွင် လက္ခံ ရငွေ ကို ယူ ဆောင် လျှက် မိမိ၏ Model Agency မှ ဝါရင်. ဒေါ်စားပိုးနင် ကို သွား ရောက် တွေ. ဆုံပြီး အောက် ပါ အတိုင်း မေး မြန်းခဲ. လေ၏။
ခင် – မနေ.ကကျွန်မ ရ တဲ. ဗမာဏသီမယ် အတွက် ဆု ကကြေငြာထားတာ က သိန်း ၃ဝ မဟုတ်လား ဟင် မမ
နင် – ဟုတ် တယ်လေ
ခင် – ဒါပေမဲ. သမီး ၁၅ သိန်း ပဲရတယ်
နင် – အော် ဒါ လား၊ အဲ.ဒီ ကျန် ၁၅ သိန်း က နောက် မှ ပေး မယ် လေ၊ ဆု ရ ပြီး နောက် ပိုင်း သ္မီး နေ တာ ထိုင် တာ ကို စောင်. ကြည် ပြီး ၁ နှစ် နေ မှ ပေး မှာ လေ
ခင် – အဲဒီလို လား၊ ဒါ ဆို လဲ ဘာ လို. ဆု ကြေး ငွေ သိန်း ၃ဝ လို. ကြော် ငြာ တာ လဲ မမ၊ သ္မီး က ဒီ ပြိုင် ပွဲမှာ နိုင် ရင် ဆု ငွေ တစ်ခါ ထဲရမယ် လို. ထင် တာ
နင် – အို ဒါ က တော. မပေး ဘူး လို. ပြော တာ မှ မဟုတ် တာ အေ၊ ဒီ ဆု ကို ရ ပြီး လို. နောက် ရွေး ချယ် ပွဲ မ တိုင် မှီ ထိ နင် ကောင် ကောင် နေ ရင် ရ မှာ ပေါ.
ခင် – နင် ကောင် ကောင် နေ ရင် ဆို တာ ဘာ လဲ ဟင် မမ
နင် – အဲဒီ အတွင်း ရီးစား အများ ကြီး နဲ. မရှုတ် ရ ဘူး၊ ဂုဏ် သိက္ခာ ရှိ အောင် နေ ရ မယ် ဒါ ပြော တာ ပါ
ခင် – ဒါ ဆို လဲ အ စ ထဲ က ပြော ဘို. ကောင်း ဒါ ပေါ.၊ အခု တော. ရ စရာ ရှိ တဲ. ကိုယ်. ငွေ ကို ဂုဏ် သိက္ခာ ရှိ အောင် နေ ပြီး အ ကြွေး တောင်း ရ သလို ဖြစ် နေ တာ ဒေါ. မ တ ရား ဘူး ထင် ပါ တယ်
နင် – ဟဲ. နင် ကောင် ကောင် နေ ရင် ရ မှာ ပေါ. ဘယ် လို ဖြစ် နေ ဒါ လဲ
သို. နှင်. ခင်လှချင် တစ် ယောက် မကျေနပ် မှုများ ဖြင်. ပြန် လာ ခဲ. ရသည်။ တစ် ဆက် ထဲလို ပင် တွေး နေ မိ
သည်။ ရွာ ထဲ ၌ လူ အ များ က အ နုပညာသ္မား များ – modle များ celebrity များ သရျပ် ဆောင် မိန်ကလေး
များကို Sponsor ရှာ ကြသူ များ ဟု ထင် မှတ် ကြ သည်။ မုုူှိုချိုး မျစ် ချိုး ပြောကြသည်။ အခုလို အ နုု ပညာ
ကြေး ကို ကြွေး ထား တာ မျိုး နှင်. အလွန် နည်း ပါ. စွာ ရ ရှိ နေ တာ မျိုး ကို တော. သိ ရှိ ကြမည် မဟုတ် ပါ။
ပီး တော. ရှိ သေး သည် – မော် ဒယ် တွေ ကို ဘတ်စ် ကား စီး မလာ ရတဲ.။ ကိုယ်. အ နေ နဲ. လဲ ကိုယ် ပိုင်
ကားဝယ် မစီး နိုင်၊ Taxi လဲ နေ. တိုင် ငှား မစီး နိုင် ဆို တော. ကဲ ဘယ် လို လုပ် ရပါ မလဲ။ ပြီး တော. မျက်
တောင် တု တပ် လာ ရမည် တဲ.၊ ခက် ပြီ မျက် တောင် တု ကလဲ ဈေး ကြီး ပါ ဘိ သ နဲ. ကဲ ဘယ် လို လုပ် ရပါ
မလဲ။ အား လုံး သိ တဲ. အ တိုင်း အဝတ် အစား ဆို လဲ နေ. တိုင်. မထပ် အောင် ပေါ်ပင် ကို ဝယ် ဝတ် ရသေး
သည်။ ရေ မွေးှ ဆို လဲ အ နည်း ဆုံး ဒေါ်လာ 180 တန် ဆို တာ အနိမ်. ဆုံး သုံး ရ တာ မဟုတ် လား။
ရတဲ.အနု ပညာ ကြေး နဲ. ဘယ် လို လုပ် လောက် နိင် ပါ မလဲ။ အား တဲ. အ ချိန် လေး ကိုယ် တတ် တဲ. ပညာ
လေး နဲ. Station tour guide လုပ် မယ် သုံး ဘို. လေး ရအောင် ဆို တော. လဲ နယ် မသွား ရ ဘူး တဲ.၊
အသား မဲမှာ စိုး လို တဲ.။ ဒါ နဲ. ဘဲ Tour Company က အ မ ကို အ ကူ အ ညီ တောင်း ပြီး မြို. တွင်း Tour
လေး တောင်း ပြီး လို က် နေ ရ လို. တော် သေး တာ ပေါ.။ တကယ် လို. ကိုယ် လို တ ခြား သ္မာ တဲ. အ လုပ်
မရှိ တဲ. မော် ဒယ် လေး တွေ အတွက် တော. တကယ် ရင် လေး ပါ သေးတယ်။ အ သက် အ ရွယ် က သင်္ချိုင်း
ကုန်း ခြေ တစ် ဘက် လှမ်း နေ ပြီး ရာ ထူး လုပ် ပိုင် ခွင်. တွေ က နေ ငွေကို အ လွယ် တစ် ကူ ရ၊ တိုင်း ပြည်
ချစ် တယ် ဆို ပြီး တိုင် ပြည် ငွေ တွေ နဲ. သုံးချင် တိုင်း သုံး နေ တဲ. ဗမာဏသီ နေပြည် တော် က ဘုရင်. စိတ်
ကြိုက် သက်ကြား အို အ ရာရှိ ကြီး တွေ နဲ. တွေ. မှာ ကို ရင် လေး မိ ပါသေး တယ်။ တ လော က မှ ကြား လို
က် သေး တယ်။
ဆက် ပါ ဦး မည် ။ အား ပေး ဖတ် ရှု ခြင်း ကို ကျေး ဇူး တင် လျက်….

19 comments

  • မောင်ပေ

    July 25, 2012 at 9:06 pm

    အပြင်မှာ တစ်ကယ့်ဖြစ်ရပ်မှန် ဇါတ်လမ်း ကို ရေးထားတာလားဗျို ့
    စိတ်ဝင်စားစွာနဲ ့နောက်အပိုင်းကို စောင့်မျှော်နေပါတယ်နော

  • ster

    July 25, 2012 at 9:15 pm

    အပိုင်း(၂) ကိုမျှော်နေပါတယ်ဗျို.။

  • TTCG

    July 25, 2012 at 9:17 pm

    အ နည်း ဆုံး ဒေါ်လာ 180 တန် ???

    Are the models really using the perfume over 180$? They are very very rich. Even the famous perfume like Chanel N5, Giorgio Armani, CK, etc are less than 100 USD for 500-750 ml bottle.

    If it is the real story, please let me know the Perfume name.

    • Foreign Resident

      July 26, 2012 at 4:04 am

      မဟုတ်ဘူး ဆရာလေးရဲ့ Perfume မှာ Type / Concentration မျိုးစုံရှိတယ်ဗျ ။
      A list of common terms (Perfume-Classification) is as follows:
      Perfume extract, or simply perfume (Extract): 15-40%
      Esprit de Parfum (ESdP): 15-30%
      Eau de Parfum (EdP), Parfum de Toilette (PdT): 10-20% (typical ~15%)
      Eau de toilette (EdT): 5-15% (typical ~10%)
      Eau de Cologne (EdC): 3-8% (typical ~5%)
      Perfume mist: 3-8%
      Splash (EdS) and Aftershave: 1-3%

      အပေါ်ဆုံး အဆင့် Perfume extract, or simply perfume : 15-40% ကို
      နာမည်ကြီး Brand ထဲက ဆိုရင် US$ 100 အောက် မရနိုင်ဘူးဗျ ။

      အပြင်မှာ အများအားဖြင့် ရောင်းနေ သုံးနေကြတာက
      Eau de Parfum (EdP), Parfum de Toilette (PdT) Eau de toilette (EdT) တွေဗျ ။

      —http://en.wikipedia.org/wiki/Perfume—

      • TTCG

        July 26, 2012 at 2:52 pm

        Thanks for ur explanation.

        I know that there are perfumes over USD100. But I am just wondering whether they are really using it or not. As you know Chanel N5 50 ml (EDP) is only £66 in UK and it’s already good enough. Where do they buy the perfume which is over USD180 in Myanmar? MK? But I didn’t see any expensive one in MK. Are they going to BKK or SG for the shopping? Which brand are they using?

        I just want to go to the counter and trial run that perfume :D.

        • Foreign Resident

          July 26, 2012 at 3:13 pm

          အင်း မှန်ပါတယ် ။
          ကျနော်လည်း Eau de Parfum (EdP) လောက်ပဲသုံးနေတာပါ ။
          နောက်ပြီး ကျနော်က ဩဇီမှာ နေတာဆိုတော့ ၊
          အဲလောက် တန်ဖိုးရှိတဲ့ ရေမွှေး ရန်ကုန်မှာ ဘယ်မှာဝယ်ရမလဲတော့ မသိပါဘူး ။
          ( ကိုယ်ကလဲ ရေမွှေး သိပ် စိတ်မဝင်စားတော့ ၊
          အရက် အကြောင်းဆိုရင်မှ နဲနဲ နီးစပ်အုန်းမယ် )
          ရန်ကုန်က သိတဲ့လူ ရှိရင်တော့ ဖြေပေးကြပါအုန်း ။

          အင်း ၊ ဒါပေမယ့် ၊ သူတို့ကိုလဲ သိပ် အထင်မသေးရဲပါမေါင်ရာ ။
          ဟိုတစ်ခါ ရွှေစင်ဆိုတဲ့ ကလေးမက ၊
          သိန်း ၂၀ဝ တန် ဟန်းဖုန်း ကိုင်တယ်ပြောထားတော့ ။

          အခုလည်း ၊ ရေးထားပုံက ၊ တကယ့် အဖြစ် ဖြစ်ပုံရတယ် ။ 😛

  • Knowledge Seeker

    July 25, 2012 at 9:18 pm

    ဒီ နေ. မှ အသိ တစ် ရောက် က ပြော ပြ လို. သိ ရ တဲ.တစ် ကယ် အဖြစ် ပါ။ အခုတစ်လော Hot နေ တဲ. Video Clip Part 1 2 3 တွေ အကြောင်း ပြော ရင်း ပြော ဖြစ် ကြတာ ပါ။ ဖတ် ရှု အား ပေးလို.ကျေးဇူးတင် ပါတယ် ဦး ပေ

  • ကြောင်လေး

    July 25, 2012 at 9:59 pm

    သက်ကြားအိုကြီးတွေနဲ့ တွေ့တော့ ဘာဆက်သွားသလဲ သိချင်ပါအိ။
    စောင့်မျှော်နေပါအိ

  • sky moe

    July 25, 2012 at 10:23 pm

    တကယ်အဖြစ်ကိုပြောနေတာလား
    မှန်တာတွေ ဖြစ်နေတာတွေလေ …… ဆက်လက်မျှော်နေမည်။

  • may flowers

    July 25, 2012 at 10:39 pm

    ဆက်စောင့်ဖတ်နေပါ့မယ် တကယ့်ဖြစ်ရပ်မှန်လေးဆိုတော့ ပိုစိတ်ဝင်စားမိသား ..။

  • Gipsy

    July 25, 2012 at 11:08 pm

    အမ် ….
    တပိုင်းတလပ်ကြီးရယ် …
    ဖတ်ရတာလဲ တိုတောင်းလိုက်တာအေ …။

  • Foreign Resident

    July 26, 2012 at 3:37 am

    ” ဒီဆုကို ရပြီးလို. နောက်ရွေးချယ်ပွဲ မတိုင်မှီထိ နင်ကောင်ကောင် နေရင် ရမှာပေါ. ”
    နိုင်ငံတကာမှာလည်း ဒီထုံးစံ ရှိပါတယ် ။

    မေါ်ဒါယ်အလုပ်ကို တစ်ယောက်ယောက်ကများ ရိုက်ပြီးများ လုပ်ခိုင်းမိလို့လားကွယ် ။
    မကြိုက်ရင် မလုပ်နှင့်ပေါ့ကွယ် ။

    ” ဗမာဏသီ နေပြည်တော်က ဘုရင့်စိတ်ကြိုက် သက်ကြားအို အရာရှိကြီး တွေ နဲ.
    တွေ့မှာကို ရင်လေးမိပါသေးတယ် ”

    ဘာလို့ ရင်လေးတာလဲဟင် ၊ ဘာ ပြဿနာ ရှိလို့လဲ ။

    • Knowledge Seeker

      July 26, 2012 at 12:31 pm

      အဘဖော ရေ ဝါသနာကလည်း မစွန်.နိုင် ကြေကလဲရတာနဲ အထက်တန်း ကျ ကျ အသုံးအဆောင် များကလည်း ဈေကြီး ဆို တော. အမှန် ပြောရရင် SPONSOR ရှာဖို. တွန်းပို.နေသလို ဘဲလို.ဆို ချင် တာပါ၊ ပြီး တော. လဲ ဒီလောက က ဝါရင်. ကြီး တွေ ကိုယ် ၌ က တွန်းအားပေ သလို ဖြစ် နေ တာပါ၊ တစ် ချို. ကိစ္စတွေမှာ သူ တို. က ပွဲစား ပေါ.။ကိုယ်. Professionalism ကိုယ် ဝိုင်းဝန်း မထိမ်း သင်. ဘူး လား ဗျာ။ တခြား နိုင်ငံတွေမှာလို Fashion company, Make cup company, စ တာတွေက လည်း ရိုးသားတဲ. ကြော် ငြာ လို မျိုး မှာ သုံး ပြီး တက် သစ် စ လေး တွေ ကို မြေ တောင် မြောက် ပေး ရင် ကောင်း မှာ ပါ ခင်ဗျာ။ တဖြည်း ဖြည်း တော. Transparency ရှိလာ တာ နဲ. အ မျှ ကျွန်တော် တို.နိုင်ငံမှာ လည်း ဖြစ် လာ မှာ ပါလို. မျော် လင်. မိပါကြောင်း

      • Foreign Resident

        July 26, 2012 at 1:04 pm

        ” ဒီလောက က ဝါရင်. ကြီး တွေ ကိုယ် ၌ က တွန်းအားပေ သလို ဖြစ် နေ တာပါ၊
        တစ် ချို. ကိစ္စတွေမှာ သူ တို. က ပွဲစား ပေါ. ”

        ဟင် ၊ မသိလို့မေးပါရစေ ။
        ဝါရင့်ကြီးတွေ ကိုယ်၌က လူ ပွဲစားတွေ ဆိုတာ ခုမှသိတာလား ။
        ( တင်မိုးလွင် ( ကြေးကြီး ) အစ ဂျွန်လွင် ( ကြေးနည်း ) အဆုံး )
        ညံ့ပါ့ ။

        မေါ်ဒယ် ဆိုတာ သူဋ္ဌေးသမီး မဟုတ်ရင် စပွန်ဆာ ရှာတဲ့ဘဝ ရောက်မှာပဲ ။
        စပွန်ဆာ မရှိပဲ ဒီလောက် ကဲ့ရဲ့ မနာလိုကြီးတဲ့ အသိုင်းအဝိုင်းမှာ ရပ်တည်လို့ မရနိုင်ဘူး ။
        အဲဒါကို ၊ မဝင်ခင် အရင်ကတည်းက သိထားရမှာ ။
        ညံ့ပါ့ ။

        အောင်မလေး လေး ၊ စပွန်ဆာ ကောင်းကောင်းရဖို့တောင် လွယ်တယ်မှတ်လို့ ။
        စပွန်ဆာ ကောင်းကောင်း မ ရတဲ့ မေါ်ဒယ် ပေါက်စတွေများ ဒုက္ခ ရောက်လိုက်တာ ။
        ဂျာနယ် ထဲပါရင် ဘယ်ဈေး ၊ မျက်နှာဖုံးမှာပါရင် ဘယ်ဈေး နှင့် ၊
        မိတ်ကပ် အဝတ်အစား ဟန်းဖုန်း ဖိုး ကို ကောက်သင်းကောက် ရှာနေရတာ ။
        တချို့ဆို အဲလို ဂျာနယ် မဂ္ဂဇင်း ထဲပါဖို့ ၊
        အယ်ဒီတာကို ငွေလေး တစ်သိန်းလောက် မပေးနိုင်လို့ လူထိုးပေးရတာတောင် ရှိသေး ။

        မေါ်ဒါယ်လောက ၊ မင်းသမီးလောက က ၊ တခြားနိုင်ငံတွေမှာလဲ တူတူပဲ ။
        တခုပဲကွာတာက ၊ တခြားနိုင်ငံတွေမှာက တညလောက် သူဋ္ဌေး နှင့် အိပ်လို်က်ရတာကို ၊
        မြန်မာပြည်မှာလို ဝမ်းနည်း မနေဘူး ( ကြွားတောင် ကြွားနေကြတာ ) ။
        ဦးချို ရှိတဲ့သူက ဦးချို အားကိုး မှာပဲ ။ အဲလိုပဲ ။
        ခန္ဓာကိုယ် ရှိတဲ့သူကလည်း ခန္ဓာကိုယ် အားကိုးပြီး တက်ကြရတာပဲ ။

        သဗ္ဗေ သတ္တာ ၊ ကမ္မသကာ လို့သာမှတ်လိုက် ။

        • Knowledge Seeker

          July 26, 2012 at 4:51 pm

          အမှန် တော. ဘဖော ပြော တာ အ မှန် တွေ ပါ။

          ကိုယ် က ပရိတ် သတ် တစ် ယောက် အနေ နဲ. သာ သူ တို. ကို သန်. ရှင်း စင် ကြယ် စေ ချင် တာ ပါ။ ဒီ လမ်း သွား လို. ဒါ မရှိ ရင် ရင် ဒါ ဖြစ် မယ် ဆို တာ သိ ရက် နဲ. ရွေး ချယ် တာ က တော……… သဗ္ဗေ သတ္တာ ၊ ကမ္မသကာ ပဲ ပေါ.

          ဒါ ပေ မဲ. သန်. သန်. ရှင်း ရှင်း နဲ. အောင် မြင် အောင် ဆောင် ရွက် နိုင် ကြ ပါစေ လို. ဆု တောင် လို က် ပါ တယ်

  • pan pan chit

    July 26, 2012 at 10:48 am

    အိမ်ကအဒေါ်ပြောသလိုပေ့ါ
    သူတို့မို့ မော်ဒယ်လုပ်ချင်ရတယ်လို့
    လုပ်ချင်မှာတော့ အကုန်အကျများလှချည့်လို့ ညည်းနေလို့ ဘာထူးမှာလဲ
    တချို့မော်ဒယ်တွေကျတော့လည်း နာမည်ကြီးချင်တာ၊ နာမည်ကြီးရင်တော့ ငွေများများရှာနိုင်ပြီလေ
    အင်း…တချို့ကျတော့လည်း ဝါသနာပါတာကိုး….. 🙄

  • P chogyi

    July 26, 2012 at 12:22 pm

    အတော်ဘဲဗျာ ကျွန်တော်လည်းပြောချင်တာ တစ်ခုရှိတယ်
    ပို့စ်တစ်ခုသတ်သတ်ရေးရလောက်အောင်လဲအရေးမကြီးဘူးထင်လို့ မရေးဖြစ်တာ။
    မြန်မာအသံကလွှင့်နေတဲ့ နက်ပန်းခြံ အစီအစဉ်က
    ပဟေဠိမေးခွန်းတစ်ခုက ကျွန်တော့်အတွေးနဲ့တိုက်ဆိုင်ပြီး အဖြေရတာနဲ့
    နောက်တနေ့ ဆက်သွယ်ရမဲ့ဖုန်းနံပါတ်ကို ထိုင်ဆက်တာ သတ်မှတ်ချိန်ကစပြီးမအားဘူး
    တော်တော်လေးကြာတော့ မတော်တဆ ဖုန်းဝင်သွားတယ်၊ ပဟေဠိအဖြေပို့ချင်လို့ပါဆိုတော့
    ခဏကိုင်ထားပါတဲ့၊ ခဏနေတော့ တစ်ယောက်လာကိုင်ပြန်တယ် အဖြေပြောမလို့ပါပြောတော့
    ခဏနော်ဆိုပြီး ဘယ်သူမှလာမကိုင်တော့ဘဲ ဘေးချထားတယ်။ တော်တော်လဲကြာရော ဖုန်းလိုင်းကျ
    သွားပြီး။ ဘယ်လို့မှ ပြန်ခေါ်လို့မရတော့ဘူး။
    အစကတည်းက ဆုမပေးချင်ရင် မကြော်ငြာနဲ့ပေါ့ မဟုတ်ဘူးလား။

  • mamanoyar

    July 26, 2012 at 2:58 pm

    ဟောတော့ ဒါဆို ကြော်ငြာခံရတဲ့ပိုက်ဆံနဲ့
    တကယ်တန်းရတဲ့ ပို်က်ဆံနဲ့က ကွာခြားနေတယ်ပေါ့
    မကောင်းပါဘူး ဘာဆိုင်လို့လဲ ပြောရင်ပြောထားတဲ့အတိုင်းပေးပေါ့

  • မွန်မွန်

    July 26, 2012 at 3:23 pm

    အဲဒါ တရားစွဲလု့ိရတယ်မဟုတ်ဘူးလား။ ပဋိဉာဉ်ချိုးဖောက်မှုနဲ့ စွဲလို့ရတယ်လေ။ Invitation an offer နဲ့ ကြေညာတယ်။ Invitation အရ ပြိုင်ပွဲဝင်ပါမယ်ဆိုပြီး Offer ပြန်လုပ်တယ်။ အဲဒီ Offer ကို လက်ခံတဲ့အနေနဲ့ ပြိုင်ပွဲဝင်ခိုင်းပြီး ဆုပေးလိုက်မယ်။ အဲဒီ ကြေညာထားတဲ့ ဆုကြေးငွေအပြည့်မပေးဘူး။ အပြည့်မပေးပါဘူးလို့လည်း terms ထဲမှာ မပါဘူး။ အဲဒါ တရားစွဲလေ။ ရတာပဲ။

    (အဟဲ.လောလောလတ်လတ် DBL မှာသင်ထားတဲ့ Contract Law အရ ပြောကြည့်တာ။ 🙂 )

Leave a Reply