အိမ်ဝေးညများ(၁)
`အိမ်ဝေးညများ´
အိပ်မက်တွေ
အရေခွံဆုတ်ပစ်ခဲ့သမျှ
ငါ့ခန္ဓာကိုယ်မှာ
ဖွာလန်ကျဲလို့ … ။
တေးသွားတွေ
ဝိုင်းရံသွားခဲ့သမျှ
ငါ့ခန္ဓာကိုယ်မှာ
ဂစ်တာကြိုးတွေ ပြတ်ရှလို့ … ။
လေညှင်းတွေ
တိုက်ခတ်သွားသမျှ
ငါ့ရင်နှစ်ခြမ်း
အလွမ်းနှင်းတွေ
တစစ်စစ်နဲ့ဝင်ရောက်
ဂီတမူးညတွေ
လမ်းပျောက်ပေါင်းလဲမနည်းတော့ဘူး …. ။ ။
စကားလုံးတွေ
လမ်းမထက်ပျံ့ကားသွား
ကျောခင်းမြေပြင်
အညောင်းဆန့်
စိတ်ထဲဝင်ကြည့်
အကျိုးကိုမျှော်လင့်
အကြောင်းတရားသိ
ရှိတဲ့ သမာဓိ
လျော့ပါးသွား
မျှော်လင့်ခြင်းတို့များ….။
Was this answer helpful?
LikeDislikeပိုးသတ်ဆေး
အိမ်ဝေး
အလွမ်းတေး
သူရေး
Was this answer helpful?
LikeDislikeအိမ်ဝေးညများ
ပိန်ဆေးရလား
လိမ်ပြေးထသွား
ချိန်ပေးမှကား
Was this answer helpful?
LikeDislike