အိမ်ဝေးညများ(၁)

`အိမ်ဝေးညများ´

အိပ်မက်တွေ

အရေခွံဆုတ်ပစ်ခဲ့သမျှ

ငါ့ခန္ဓာကိုယ်မှာ

ဖွာလန်ကျဲလို့ … ။

တေးသွားတွေ

ဝိုင်းရံသွားခဲ့သမျှ

ငါ့ခန္ဓာကိုယ်မှာ

ဂစ်တာကြိုးတွေ ပြတ်ရှလို့ … ။

လေညှင်းတွေ

တိုက်ခတ်သွားသမျှ

ငါ့ရင်နှစ်ခြမ်း

အလွမ်းနှင်းတွေ

တစစ်စစ်နဲ့ဝင်ရောက်

ဂီတမူးညတွေ

လမ်းပျောက်ပေါင်းလဲမနည်းတော့ဘူး …. ။     ။

3 comments

  • Gipsy

    July 25, 2012 at 8:16 pm

    စကားလုံးတွေ
    လမ်းမထက်ပျံ့ကားသွား
    ကျောခင်းမြေပြင်
    အညောင်းဆန့်
    စိတ်ထဲဝင်ကြည့်
    အကျိုးကိုမျှော်လင့်
    အကြောင်းတရားသိ
    ရှိတဲ့ သမာဓိ
    လျော့ပါးသွား
    မျှော်လင့်ခြင်းတို့များ….။

  • မောင်ပေ

    July 25, 2012 at 8:45 pm

    အိမ်ဝေးညများ
    ပိန်ဆေးရလား
    လိမ်ပြေးထသွား
    ချိန်ပေးမှကား

Leave a Reply