7Day News Journal မှ ကလေး တို့ အတွက် သတိပြုဖွယ်ရာ ဆောင်းပါး နှစ်ပုဒ်

ကထူးဆန္းJuly 25, 20122min23032

မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ်
by 7Day News Journal on Wednesday, July 25, 2012 at 5:38pm ·

ရေးသားသူ- ဝတ်ရည်အောင်

ယခုအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ကလေးငယ်များတွင် ပြင်းထန်သည့် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ဖြစ်ပွားနေပြီး ကလေးများ သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။

ဧပြီလနှောင်းပိုင်းက ကမ္ဘောဒီယားနိုင်ငံတွင်စတင်သည့် EV-71 ဟုခေါ်သော အဆိုပါဗိုင်းရပ်စ်မှာ သုံးလနှင့် ၁၁နှစ်ကြား ကလေးငယ် ၇ဝ ကျော်တွင် ဖြစ်ပွားခဲ့ပြီး ၅၂ ဦးကျော် သေဆုံးနေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနတို့က ကြေညာခဲ့ပြီး မကြာခင် ထိုင်းနိုင်ငံရှိ ကလေးများတွင်ပါ ကူးစက်ဖြစ်ပွားနေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအခါ ကူးစက်ရောဂါများသည် တစ်နိုင်ငံမှတစ်နိုင်ငံသို့ လွယ်ကူစွာကူးစက်နိုင်သော အခြေအနေများရှိသောကြောင့် မြန်မာနိုင်ငံမှ ကလေးများတွင်လည်း ကူးစက်ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတွင်းသို့ ရောဂါကူးစက်မှု မရှိစေရန် ကာကွယ်တားဆီးရေး လုပ်ငန်းများအား ဆောင်ရွက်နေပြီး ပြည်သူများဘက်မှလည်း မိမိကလေးငယ်များ ရောဂါကူးစက်မှု

မရှိစေရန် တစ်ကိုယ်ရေကျန်းမာရေးအား ပိုမိုဂရုပြုရမည့်အချိန် ဖြစ်သည်။

EV-71 ဗိုင်းရပ်စ်ကြောင့် ခြေ၊ လက်နှင့် ပါးစပ်များတွင် ဖြစ်ပွားသည့် (Hand,Foot and Mouth Disease(HFMD)) ရောဂါသည် ဖြစ်ပွားလာပါက ကလေးငယ်များမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ နုံးခြင်း ၊ လည်ချောင်းနာခြင်းများနှင့် ခြေ၊ လက်နှင့် မျက်နှာများတွင် အနာလေးများ၊ ပြည်ဖုများ၊ အနီစက်များ ဖြစ်ပေါ်ခြင်း စသည့်ရောဂါလက္ခဏများ ပြသကြောင်း ညွှန်ကြားရေးမှူး (ကူးစက်)မှ ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။

အဆိုပါ ဗိုင်းရပ်စ်သည် လွန် ခဲ့သည့် ၂၅ နှစ်ကတည်းက စတင် ဖြစ်ပေါ်ခဲ့သည့် ဗိုင်းရပ်စ်အမျိုးအ စားဖြစ်ပြီး ၂၀၁၁ ခုနှစ်အထိ နိုင်ငံ အချို့ရှိ ကလေးများတွင် ဖြစ်ပွား ခဲ့သော်လည်း အသေအပျောက် မများခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်အတွင်း ကမ္ဘောဒီယားနိုင်ငံတွင် ပြန်လည်ဖြစ်ပွားသည့်အခါတွင်မူ ဗိုင်းရပ်သည် ယခင်ဖြစ်ပွားသော အခြေအနေနှင့်မတူဘဲ ပြင်းထန်လွန်းသည့်အတွက် ကလေးများတွင် သေဆုံးမှုမြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက လက်ဖဝါး၊ ခြေဖဝါး၊ တင်ပါးတွေမှာ အနာတွေ၊ ပြည်ဖုတွေ၊ အနီစက်တွေ ဖြစ်ကြတယ်။ အဲဒါတွေကလည်း အရမ်းကိုနာတဲ့ ဝေဒနာခံစားကြရတယ်။ အရည်ကြည်ဖုတွေက အရည်တွေကနေ တခြားလူတစ်ဦးကို ထပ်ကူးစက်တယ်။ ဆေးကုသမှု စောစောမရရင် နောက်ဆက်တွဲဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါတွေနဲ့ အသက်သေဆုံးကြတယ်”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ရောဂါပိုးအား အတည်မပြုနိုင်ခင်ကလေးများ ထူးဆန်းစွာ သေဆုံးနေရခြင်းမှာ လက်နှင့်ခြေထောက်တွင် အရည်ကြည်ဖုများပေါက်၍ ပါးစပ်၌ အနာများဖြစ်တတ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်နိုင်ကြောင်း ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် EV-71 ဗိုင်းရပ်ကြောင့်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်၍ ရောဂါနှင့်ပတ်သက်သော ကာကွယ်နိုင်သည့် ဆေးဝါးများမရှိဘဲ ရောဂါကူးစက်မှုမရှိစေရန် တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေးခြင်းဖြင့်သာ ကြိုတင်ကာကွယ်ရေးနည်းလမ်းဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။

ရောဂါဖြစ်ပွားနေသည့် နိုင်ငံများတွင်လည်း မကြာခဏလက်ဆေးခြင်းဖြင့် ရောဂါကာကွယ်နိုင်ရန် နှိုးဆော်ထားပြီး ကလေးငယ်များသာမက ကလေးငယ်များအား ပြုစုထိန်းကကျောင်းနေသည့် သူများပါ လက်ဆေးသည့်အကျင့်ကို အဓိကဆောင်ရွက်ရမည်ဖြစ်ကာ ကလေးများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသပါက စောစီးစွာကုသမှုခံယူရန် ဆေးရုံများသို့ အမြန်ဆုံးလာရောက်ရမည်ဖြစ်ကြောင်း ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။

ရောဂါပိုးသည် ကိုယ်ခံအားနည်းသည့် အသက်(၃)နှစ်အောက် ကလေးများတွင် အဖြစ်များနေပြီး ကျန်းမာရေးဝန်ကြီးဌာနဘက်မှ ရန်ကုန်ကလေးဆေးရုံကြီးအပါအဝင် နိုင်ငံတွင်းရှိ ဆေးရုံတိုင်းတွင် ရောဂါဖြစ်ပွားလာပါက ကုသမှုများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရန် ကုန်းလမ်း၊ ရေလမ်းဝင်ပေါက်များနှင့် လေဆိပ်ဝင်ပေါက်များရှိ ကျန်းမာရေးအဖွဲ့များမှလည်း စစ်ဆေးမှုများအား ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နေပြီး ယခုအချိန်ထိ ပြည်တွင်းတွင် ရောဂါကူးစက်မှု မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနဲ့ ထိရောက်တဲ့ ဆေးကုသရေးလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း ယခုလ ၁၃ ရက်မှစတင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ အဝင်အထွက်နေရာများတွင် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် မူကြိုကျောင်းတစ်ခုမှ ကလေးငယ်များ၌ စတင်စမ်းသပ်တွေ့ရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ဝင်ထွက်သွားလာနေသူများအား ဇူလိုင်လ ၁၃ ရက်တွင် စစ်ဆေးခြင်းများ စတင်ဆောင်ရွက်နေပြီး ရောဂါကူးစက်မှုသည် မိုးရာသီနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်ဖြစ်၍ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အများအပြားသို့ ပျံ့နှံ့မည်ဖြစ်ကြောင်း ထိုင်းပြည်သူကျန်းမာရေးဝန်ကြီးက ပြောကြားထားကြောင်း ထိုင်းနိုင်ငံသတင်းစာများတွင် ဖော်ပြထားသည်။

ထိုဗိုင်းရပ်စ်ပိုးသည် ၁၉၉ရ ခုနှစ်ခန့်မှ စတင်ပြီး ကလေးများတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အိနိ္ဒယ၊ တရုတ်၊ စင်ကာပူ၊ ဘရူနိုင်း၊ ဗီယက်နမ်စသည့် နိုင်ငံအများအပြားတွင် ဖြစ်ပွားခဲ့ပြီး ၂၀၁ဝ ခုနှစ်တွင် တရုတ်ရှိ ကလေးအများတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်လည်း ဗီယက်နမ်ရှိ ကလေးငယ် လေးသောင်းခန့်တွင် ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်မှုမရှိခဲ့ပေ။ ၂၀၁၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် မဖြစ်ပွားမီ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားသည့်အခါ ပြင်းထန်သည့် ဗိုင်းရပ်စ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်ကလည်း ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ဆားစ်ရောဂါ၊ လူတုပ်ကွေးရောဂါများမှာလည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး အချို့နိုင်ငံများတွင် အသက်သေဆုံးမှုများထိ ဖြစ်ပေါ်ခဲ့သည်။

မိဘပြည်သူများအနေဖြင့် ကလေးငယ်များ၏ တစ်ကိုယ်ရေသန့်ရှင်းရေးအား အလေးထားပြီး ကလေးများတွင် အထက်ပါရောဂါလက္ခဏာ ပြသလာပါက ကျန်းမာရေးဌာနသို့ အလျင်မြန်ဆုံး ဆက်သွယ်၍ ဆေးကုသမှုခံယူရန် လိုအပ်ကြောင်းသိရသည်။

Credit to : ဝတ်ရည်အောင် 7Day News Journal
http://www.facebook.com/notes/7day-news-journal/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%84%E1%80%9A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%95%E1%80%AB-%E1%80%9E%E1%80%90%E1%80%AD%E1%80%BB%E1%80%95%E1%80%B3%E1%80%9B%E1%80%99%E1%80%8A%E1%80%B9%E1%80%B7-ev-71-%E1%80%97%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%95%E1%80%B9%E1%80%85%E1%80%B9/477864415576708

အလွယ်တွေးခဲ့ကြတဲ့ မလွယ်ရေးချ မလွယ်ပုံတစ်ခု
by 7Day News Journal on Wednesday, July 25, 2012 at 6:05pm ·

ရေးသားသူ-မောင်သာချို

(တစ်)

မိုးခပ်ဖွဲဖွဲရွာ၍နေသော နေ့ တစ်နေ့၌ တောသူတောင်သား လင်မယား နှစ်ယောက်တို့ သူ

တို့သားကလေး၏ ကြွင်းကျန်ရစ်သောအလောင်းကို ဆေးရုံ ရေခဲတိုက်ထဲ၌ထားရစ်ခဲ့ကာ ပစ္စည်း ပစ္စယမျိုးစုံကို သိမ်းဆည်းပြီး နောက် ယောက်ျားဖြစ်သူက သားငယ်ခွ၍ခွ၍ အိပ်လေ့အိပ်ထရှိသော ဖက်ခေါင်းအုံးကလေးကို ပိုက်လျက် မိန်းမဖြစ်သူက ကလေးငယ်ဆော့ကစားနေကျ မွေးပွဝက်ဝံရုပ်ကလေးကို ပွေ့ချီ လျက်မျက်ရည်တို့ကို လက်ဖမိုး ကလေးနှင့်သုတ်ကာသုတ်ကာ ကျောခိုင်းထွက်ခွာသွားကြသော မြင်ကွင်းကို ကျွန်တော့်ဘဝ၌ မေ့ ပျောက်နိုင်တော့မည်မဟုတ်ပါ။

ကလေးက အသက်သုံးနှစ် ဝန်းကျင်အရွယ် ပြေးလွှားဆော့ ကစားတတ်ခါစ၊ နှိုှုက်နှိုှုက်ချွတ် ချွတ်မေးခွန်းများကို မေးတတ် ခါစ အရွယ်ကလေးဖြစ်ပါသည်။

မိဘများက တောသူတောင်သား (သို့မဟုတ်) နယ်သူ နယ်သားများဖြစ်ဟန်တူပါရဲ့။ ရန်ကုန်မြို့နေ အသိမိတ်ဆွေတစ်ဦးဦး၏အိမ်ကို ခေတ္တတည်းခိုကာ သည်ကလေးကို ဆေးလာကုခြင်း ဟုနားလည်ရပါသည်။

ကလေး သေဆုံးသွားရခြင်း ၏ အဓိကအကြောင်းကို စာဖတ်သူတို့သိလျှင် ဘယ်လောက်များ အံ့ဩသွားကြမှာပါလိမ့်ဆိုသည်ကို ကျွန်တော်

မခန့်မှန်းတတ်နိုင်ပါ။ သို့သော် ကျွန်တော်ကတော့ အံ့ဩပါသည်။ အံ့ဩရုံမျှမက အသည်း တယားယားလည်းဖြစ်ရ၊ မချင့်မရဲလည်း ခံစားရ၊ ဒေါသ လည်းနည်းနည်းတော့ထွက်ရပါ သည်။

Coffee Mix တဲ့။ ဘယ်လိုမှ ကုသလို့မရတော့လောက်အောင် ကလေး၏နှလုံးကို အပြင်းအထန် ထိုးနှက်တိုက်ခိုက်လိုက်သည်မှာ Coffee Mix ဆိုပါ့လား။

အမှတ်တံဆိပ်ကို ကျွန်တော် မပြောလိုပါ။ ယခုကိစ္စက အမှတ် တံဆိပ်ကိစ္စလည်းမဟုတ်ပါ။ မြန်မာ့ စားသောက်နေထိုင်မှုှုဘဝထဲသို့

ထိုးဖောက်ဝင်ရောက်နေရာယူလာရာက အန္တရာယ်ဖြစ်မှန်းမသိဖြစ်ဖြစ်လာရသည့် အဆင်သင့်ကော်ဖီ၏ အသက်အန္တရာယ်ထိုးနှက်ချက်တစ်ရပ်ကို ပြောလိုရင်းမျှသာဖြစ်ပါသည်။

(နှစ်)

သေဆုံးရှာသူ ကလေးငယ် က တောနယ်ဘက်က။ သူက Coffee Mix တော်တော်ကြိုက် သည်။ မိဘများကလည်း အသိ အမြင် ဗဟုသုတဆွံ့အရှားပါးသူများဖြစ်လေရာ သားက ““ကော် ကော်””ဟု အော်လိုက်သည်နှင့် ရေနွေးထဲ အထုပ်ဖောက်သည့်၊ ““ဂလောက် ဂလောက်”” ဟု တစ် ချက်နှစ်ချက် ခေါက်ကာ သားကိုတိုက်ကြစမြဲဟုဆိုပါသည်။ နောက် တော့ သည်ကလေးက Coffee Mix အမှုှုန့်၏ အရသာကိုကြိုက် လာပါသည်။ သည်တော့ အမှုှုန့် ကို လျက်ပါလေသတဲ့။ ဘယ်လောက်များ ကြိုက်လာပါသလဲ ဟုဆိုလျှင် အိပ်ရာကနိုးလာသည် နှင့် ““ကော်ကော်””၊ ဗိုက်နည်းနည်း ဆာလာသည်နှင့် ““ကော်ကော်””၊ ကစားလို့ဝသည်နှင့်““ကော်ကော်””။

သည်တော့ ဘယ်နားက ဆိုင်မှာ ပြေးဆွဲဆွဲ တိုးလိုးတန်း လန်းနှင့်ချိတ်ဆွဲထားသည့် Coffee Mix အထုပ်တွေက ငွေက လေးတစ်ရာ၊ တစ်ရာ့ငါးဆယ်ပေးရုံနှင့် ခပ်လွယ်လွယ်ရနိုင်ပေရာ ကလေးက ““ကော်ကော်”” ဟု ဆို သည်နှင့် အခုဝယ် အခုဖောက် ပန်းကန်ထဲထည့်ပေး၊ သတင်းစာ စက္ကူပေါ်ပုံပေး သားကလေးစိတ်တိုင်းကျ တစ်ဝလျက်ပေတော့။ တစ်ကြိမ်နှစ်ကြိမ်မဟုတ်။ တစ် ရက်နှစ်ရက်မဟုတ်။ တစ်လနှစ်လမဟုတ်။ နှစ်ပေါက်လေတော့ ကလေးငယ်၏ နှလုံးဖောက်ပြန်ခဲ့ပါပြီဖြစ်လေရာ သမားတို့ လက် မြှောက်ခဲ့ကြရပါလေပြီ။

ယောက်ျားက ဖက်ခေါင်း အုံးကလေးကို ပိုက်လို့။ မိန်းမက ဝက်ဝံရုပ်ကလေးကို ပွေ့လို့။ သား ရေ..တဲ့။ အော်..ဆေးရုံအ ထွက် လမ်းကလေးပေါ်မှာ။

(သုံး)

ကျွန်တော်တို့ဆီ၌ သူများ ဓလေ့ကို ကိုယ့်ဓလေ့ဖြစ်အောင် လုပ်ယူကြသည့်အရာများထဲ၌ ကော်ဖီဓလေ့သည်လည်း တစ်ခု အပါအဝင်ဖြစ်လိမ့်မည်ဟုထင်ပါသည်။ အထူးသဖြင့် ခပ်လွယ် လွယ်နှင့် ကိစ္စပြတ်သော Coffee Mix ဓလေ့။ ဟုတ်ပါသည်။ သူက ချက်ချင်း မဟုတ်လား။

အင်္ဂလိပ်စာအလွယ်လမ်း၊ ခုနစ်ရက်နှင့်အရပ်ရှည်နည်း၊ အောင်မြင်မှုှုအတွက် ဖြတ်လမ်း များ၊ နိဗာန်မဂ်ဖိုလ်ရက်တိုတိုနှင့် ရောက်နည်း စသည်စသည်ဖြင့်နောင်ခါလာ နောင်ခါဈေး ချက် ချင်းကို သဘောကျသော လူသား တို့၏ သဘောကျ Instant Coffee Mix တွေက Instant ဆို သည့်စကားနှင့်အညီ တကယ့်ကိုချက်ချင်းဖြစ်လေရာ ကျွန်တော် တို့ဆီက လူများ သဘောကျသည် မှာ ဘာမှမဆန်းကြယ်လှပါ။

ပကာသန အဆောင်အ ယောင်များနှင့် မြို့ပြ ဧည့်ခန်း ဆောင်များသည် ချောင်းစပ် မြောင်းစပ် လယ်ကွင်းပြင်နံဘေး ကန်သင်းရိုးဘေးက မိုးတိုးမတ် တတ်တောလက်ဖက်ရည်ဆိုင်ကလေးများအထိ ကော်ဖီမစ်ကို အလွယ်တကူ သောက်၍ရပါ သည်။

အထုပ်ကို ဆွဲဖြဲ၊ ရေနွေးပူပူ ထဲလောင်းထည့်၊ ဇွန်းနဲ့ သုံးလေးချက်မွှေပြီးသည်နှင့် သောက်သုံး၍ ရပါပြီ။

သည်ဓလေ့ ကျွန်တော်တို့ဆီ မှာ ထွန်းကားလာတာ နှစ်အစိပ် လောက်ရှိပြီ။ ၁၉၈၈ အပြီးဟု ကျွန် တော်အမှတ်အသားရှိပါသည်။

(လေး)

Coffee Mix က ချက်ချင်း ပျော်ဝင်သွားစေရန်အလို့ငှာ ဓာ တုပစ္စည်းနှင့် ပေါင်းခံရပါသည်။ ထိုဓာတုပစ္စည်းက ရင်တုန်စေခြင်း ဖြစ်ပါသည်။ ကော်ဖီထဲမှာကကဖင်းဓာတ်ပါပါသည်။ ယင်းက ကတုန်ကယင်ဖြစ်စေ၊ ဂနာမငြိမ် ဖြစ်စေ၊ သွေးပေါင်ချိန်မြင့်စေပါ သည်။ ကော်ဖီမစ်ထဲရှိ သကြားပါ ဝင်မှုှုက ဆီးချိုသမားများနှင့်ဘယ်

လိုမှမဖြစ်အောင်ပါဝင်နေပါသည်။ထု့ိပြင် ကော်ဖီမစ်ထဲ၌ နို့တုပါပါသည်။

Non-Diary Creamer ခေါ်နို့တုကို စားအုန်းဆီ၊ အုန်းဆီတို့နှင့်လုပ်ရပါသည်။ ယင်းတို့က နှလုံးသွေးကြောကျဉ်းစေ၊ ဆီးချို ရောဂါကို ဖြစ်စေပါသည်။

ကော်ဖီထဲ၌ အက်ဆစ် လည်းပါဝင်ကာ ထိုအက်ဆစ်ကို ဘက်တီးရီးယားပိုးမွှားကကြိုက်၊ ထိုဘက်တီးရီးယားနှင့် ပါးစပ်ထဲ က စားကြင်းစားကျန်တို့ပေါင်း ကာဆာလဖာခေါ် ကန့်ဖြစ်၊ ထို ဆာလဖာနှင့် ပလပ်- Plaque ခေါ် အဖပ်ကလေးများပေါင်းကာ အနံ့ဆိုးဖြစ်၊ ခံတွင်းနံ့ အပုပ်အ သိုးတွေက တထောင်းထောင်း။

ကျွန်တော် အခုလို ဆက် တိုက်ကြီး ချရေးပစ်လိုက်လေ သောအခါ တချို့က ကျွန်တော့်အ

ပေါ် အမြင်တိမ်းစောင်းနိုင်ပါ သည်။ သည်လူက သူတစ်ပါး စီး ပွားရေး သူတစ်ပါး လုပ်ငန်းပျက် စီးရာပျက်စီးကြောင်း လုပ်နေတာ လား စသည် စသည်ဖြင့်။ မဟုတ်ရလေပါ။ ကျွန်တော်ကိုယ်တိုင် လည်း Coffee Mix နှင့်မကင်းပါ။ သောက်ပါသည်။ တံဆိပ်မျိုးစုံ အောင်ကိုပင်လျှင် သောက်ဖူးပါ သည်။ သောက်နေဆဲလည်းဖြစ်ပါသည်။ သို့သော် သတိကလေးနှင့်။ အထိန်းအကွပ်ကလေးနှင့်။ တစ် ခွက်စ နှစ်ခွက်စ စသည်ဖြင့်။

သို့သော် အခါခပ်သိမ်း သောက်၊ နေရာမရွေး သောက်၊ အရွယ်မရွေး သောက်၊ အပြစ်အ နာအဆာ ဘာမှမရှိသည့် နတ်တို့ဖန်တီးသည့် ဧရာမအာဟာရ ဆေးတစ်ပါးသဖွယ် သုံးဆောင်နေ ကြခြင်းကမူ အန္တရာယ်ကြီးမားလှ ပါသည်။ နားအေးရင် ပြီးတာပဲ ဟူသည့်သဘောထားဖြင့် ကော်ဖီမစ်အထုပ်ကို ဖောက်ချကာ““လျက်ပေတော့ငါ့သား”” ဟူ၍ လျက်ဆားသဖွယ် သုံးဆောင်ခိုင်းနေသောမြင်ကွင်းကို ကျေးလက်နယ်ပယ်

ဒေသများ၌ မကြာခဏ တွေ့ရလေ့ရှိပါသည်။ သားက၊ သမီးက ကော်ဖီမစ် သိပ်ကြိုက်တာ ပဲဟူသည့် အတွေးဖြင့် ဂုဏ်ယူကာ မိန့်

မိန့်ကြီးပြုံးနေသော အသိ ဆွံ့အရှားပါးသူ မိဘများကို ကျွန် တော် အသည်းယားလှပါဘိ။

အော်…သားအလောင်း ကို ထားရစ်ခဲ့ကာ ဖခင်က ဖက် ခေါင်းအုံးကလေးကို ပိုက်၊ မိခင် က ဝက်ဝံရုပ်ကလေးကိုပွေ့ပြီး ဇနီး မောင်နှံနှစ်ယောက် မျက်ရည်ကိုယ်စီနှင့် ပြန်သွားလိုက်ကြတာ။ ကျန်နေရစ်ခဲ့တဲ့ ဝိညာဉ်မဲ့ကလေး လေးဟာ ကော်ဖီမစ်အထုပ်ပေါင်းများစွာကို ဖောက်ဖောက်ပြီးလျက်နေခဲ့ဖူးတဲ့ ကလေးလေးပေါ့။

http://www.facebook.com/notes/7day-news-journal/%E1%80%A1%E1%80%9C%E1%80%BC%E1%80%9A%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%81%BE%E1%80%80%E1%80%90%E1%80%B2%E1%80%B7-%E1%80%99%E1%80%9C%E1%80%BC%E1%80%9A%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%81%E1%80%BA-%E1%80%99%E1%80%9C%E1%80%BC%E1%80%9A%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%80%90%E1%80%85%E1%80%B9%E1%80%81%E1%80%AF/477870148909468

32 comments

  • pazflor

    July 25, 2012 at 11:19 pm

    တော်တော်ကြောက်စရာကောင်းတဲ့ ကော်ဖီမစ်ပါဘဲခင်ဗျာ။

  • may flowers

    July 25, 2012 at 11:19 pm

    ကော်ဖီမစ် ကြော်ငြာတွေမှာ ကလေးတွေသောက်သောက်ပြပြီး ကြော်ငြာနေတာကို ကမသိနားမလည်

    တဲ့ တောနေတောင်သားမိဘတွေအတွက်ရင်လေးစရာပါ…ကျွန်မလည်း နယ်တစ်ခုမှာကြုံဘူးပါတယ်

    ကလေးငယ်ငယ်နှစ်နှစ်သားလောက်လေးကို ကော်ဖီတိုက်နေလို့ ကော်ဖီက

    ကလေးနဲ့မသင့်တော်ကြောင်း

    ကဖိန်းဓါတ်ပါလို့ ကလေးရဲ့ဉာဏ်ရည်ကိုထိခိုက်နိုင်ကြောင်း ကလေးရဲ့နှလုံးက နုနုလေးမို့ထိခိုက်

    နိုင်ကြောင်း

    ပြောတော့ ကလေးမိဘတွေက ဘာလာကြောင်ပြီးပြောနေတာလည်းဆိုတဲ့ အကြည့်နဲ့ တီဗီမှာတောင်က

    လေးတွေ သောက်သောက်ပြီးကြော်ငြာကြောင်း ကလေးသောက်လို့မရရင် သူတို့ဘာလို့သောက်သေး

    လဲ (တီဗီထဲက ကလေးတွေကိုဆိုလိုပြီးပြောတာပါ) လို့ပြန်ပြောတာကိုခံရဘူးပါတယ်။

  • the best

    July 26, 2012 at 12:28 am

    htoosan ရေ….
    “ကျွန်တော် အခုလို ဆက်တိုက်ကြီး ချရေးပစ်လိုက်လေသောအခါ
    တချို့က ကျွန်တော့်အပေါ် အမြင်တိမ်းစောင်းနိုင်ပါ သည်။
    သည်လူက သူတစ်ပါး စီးပွားရေး၊ သူတစ်ပါးလုပ်ငန်း၊ ပျက်စီးရာပျက်စီးကြောင်း
    လုပ်နေတာလား စသည် စသည်ဖြင့်။ မဟုတ်ရလေပါ။” လို ့တွေးပူမနေပါ။
    စေတနာနဲ ့တင်ပြတာဆိုတာ လူတိုင်းသိကြပါလိမ့်မယ်။

    ဒီထက်မကသိရင် ထပ်ရေးစေချင်တယ်။
    အန္တရယ်ဖြစ်စေတဲ့ ဆေးဝါး နဲ ့ အစားအသောက်တွေကိုဘယ်ကနေသိရသိရ
    တင်နိုင်သလောက်တင်ပြပြီး ဆွေးနွေးကြရင် တို ့တစ်ရွာလုံး ကုသိုလ်ရကြမှာပါ။

    အဲဒီ “သူတစ်ပါး”ဆိုတဲ့သူတွေဟာ ဒီအကြောင်းတွေမသိလို ့ဘဲထားပါတော့။
    အခုတော့ သိပြီလေ ဘာဆက်လုပ်သင့်သလဲပဲ ဆုံးဖြတ်ပါတော့။

    အမှန်တကယ် ဆိုးကျိုးပေးမပေးဆိုတာကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြည်သူတွေသိအောင်သတင်းထုတ်ပြန်သင့်ပါတယ်။

  • TTNU

    July 26, 2012 at 12:35 am

    ကိုထူးဆန်းရေ…
    တီချာလည်း ကော်ဖီသိပ်သောက်မိတယ်။
    Instant မဟုတ်တဲ့ နှပ်သောက်ရတဲ့ ကော်ဖီတွေကျတော့
    လုပ်ရတာကြာလို့၊ အလုပ်ရှုပ်လို့၊ စသဖြင့်လေ။

    ကော်ဖီမစ်တွေရဲ ့ ဆိုးကျိုးက်ိုသိရက်နဲ့ တီချာတို့တွေ
    သေကြောင်းကြံမိနေကြတာလေ။ အခု ဆောင်းပါးလေးကိုဖတ်လိုက်တော့မှ
    ှSiren သံကြားသလိုလို ဖြစ်လာပါတယ်။

    ကျေးဇူးတင်ပါတယ်။
    TTNU.

  • မောင်သုည

    July 26, 2012 at 12:43 am

    မြန်မာပြည်မှာ စားသောက်ကုန်ပစ္စည်းတွေကို ကျမ်းမားရေးဝန်ကြီးဌာနမှ ခွင့်ပြုလိုင်စင်တွေ၊ကျမ်းမာရေးအတွက် စစ်ဆေးမူတွေကိုပိုမိုလုပ်ဆောင်သင့်ပါတယ်။တရုတ်ပြည်မှာလို ကလေးတွေတပြုံကြီးသေပြီးတော့မှ စစ်ဆေးမိလို့ နို့မှုန့်အတုတဲ့…

  • kai

    July 26, 2012 at 12:51 am

    ကော်ဖီမှမဟုတ်.. ကလေးတွေက.. ကဖိန်းဓာတ်ပါတဲ့.. ဘာကိုမှ မသောက်တာအကောင်းဆုံးပါ.. ကိုကာကိုလာ အပါအဝင်ပေါ့..
    Effects of Caffeine on Children

    May 15, 2010 | By Julie Boehlke

    Caffeine is found in many foods and beverages such as coffee and soda. Many sodas and coffee drinks are marketed to younger consumers. Caffeine can also be found in milk chocolate and candy bars. Advertising attracts children by promoting the sweet flavor and intent to promote energy and increased physical performance. The effects on a child who consumes caffeine each day can have some serious side effects.
    Addiction

    One of the main effects of anyone who consumes caffeine regularly is addiction. The Johns Hopkins Bayview Medical Center estimates that between 80 and 90 percent of adults and children consume caffeine on a regular basis. Because of the troubling side effects that occur through withdrawal, it is difficult to stop. Caffeine is believed to be one of the most commonly used mind- and mood-altering drugs in the world, according to Johns Hopkins. If a child suddenly stops consuming caffeine, he may experience flu-like symptoms, fatigue, headache, difficulty concentrating and irritability.
    Is Childhood Anxiety Distorting your child’s world? Consider our research study http://www.distortedworlds.org
    Sponsored Links
    Central Nervous System Problems

    The central nervous system controls how a child’s body reacts to stimuli. Many caffeine drinkers consume one to two cups of coffee to feel alert and stimulated. The Mayo Clinic states that an 8-ounce generic brewed cup of coffee contains between 95 to 200mg of caffeine. For children who consume coffee drinks, they could begin to experience some unpleasant side effects from coffee intake. Some of the more common effects include headaches, nervousness, anxiety, restlessness, muscle tension inability to concentrate and sleep disturbances. Some kids may also begin to feel jittery and show signs of hyperactivity. An increase in heart rate and blood pressure can also occur. KidsHealth.org states that this can aggravate underlying health issues such as cardiovascular disease.
    Loss of Electrolytes

    Caffeine acts as a diuretic. Vanderbilt University explains that a diuretic increases blood flow to the kidneys and increases the absorption of sodium and excess water—therefore stimulating the bladder. The result is an increase in urine output. While caffeine can increase the urine output in kids, it can also cause them to lose vital nutrients and vitamins in the process. If a child who drinks caffeine does not replace the fluids she loses with water or other liquid nutrients, she could become dehydrated. Dehydration can also lead to loss of electrolytes. Electrolytes are salts in the body including sodium, potassium, calcium, chloride and magnesium that conduct electricity throughout the body. A loss of electrolytes through increased urine output can result in poor balance, decreased heart function, lack of muscle coordination and problems with nerve function.

    Read more: http://www.livestrong.com/article/124063-effects-caffeine-children/#ixzz21eyL0MXL

  • pazflor

    July 26, 2012 at 1:49 am

    မြန်မာပြည် ကိုကာကိုလာ ဝင်လာမှာ ကို ပျော်နေကြသေးနော် 😀

    • kai

      July 26, 2012 at 4:23 am

      ပျော်ပါစေကွယ်… လူကြီးတွေနဲ့..တည့်ပါတယ်..
      ကောင်းတဲ့အဖျော်ရည်တခုပါ..
      တကယ်တော့.. ကိုကာကိုလာက.. အဲဒီအမည်းရောင်အရည်တခုထဲထုတ်တာမဟုတ်..
      သဘာဝဖျော်ရည်တွေ.. လူနာပါသောက်လို့ရတာတွေ.. အမျိုး..ထောင်ချီထုတ်တဲ့ကုမ့ဏီပါ…

      ကမ္ဘာမှာ.. ကိုကာကိုလာ..ကိုယ်တိုင်မရှိတဲ့တိုင်းပြည်ဆိုလို့.. ၅နိုင်ငံပဲရှိတာ..


      Coca-Cola is NOT Marketed in These Countries

      Coca-Cola can be found almost anywhere. The soft drink is sold in over 200 hundred countries but the Coca-Cola Company does NOT market their products to North Korea, Cuba, Burma, Iran and Sudan.

      • Solid_Sn@ke

        July 26, 2012 at 10:15 am

        ဟင့်အင်း .. ရွာကအမျိုးတွေ ပျော်တယ်ဆိုတာထက်..
        ကိုကာကိုလာ က ပိုပျော်တာ …
        သန်း-၅ဝလောက်ရှိတဲ့ မားကတ်အသစ်ကြီး တခု ဘွားကနဲ
        လာတွေ့တာကိုး ….

        အမ်ဘရဲလား ဘရန်း အကြောင်း .. သုတ္တန်သစ်ကလေးဒွေ
        ကြားရတော့မယ်မှတ်တယ်…. ဆော့ဖ်ဒရင့် ဝါး တွေတော့
        ကြည့်ရဦးမှာ မြင်ယောင်သေးတော့တယ်….
        ဘာကြောင့်လည်းဆို .. ပပ္ပစီ နဲ့ ..ပိုကာ ကလည်းလက်ပိုက်ကြည့်နေမှာ
        မဟုတ်သလို အဆာဟိ ရှော်ကုဟင်း လည်း ဝင်ပြီ ဆိုတော့…
        😀

        • pan pan chit

          July 26, 2012 at 10:28 am

          အဲ့လာကြောင့် ကိုဂီက ခိုခုနိုင်း ဖြစ်လာတော့မယ့် ခိဂရော တွေကိုစိတ်ဝင်စားတာကိုးးး
          ပြန်လာချင်တာက အဲ့တခုတည်းကြောင့်မဟုတ်လောက်ဘူးနော် 😆

        • ဆူး

          July 26, 2012 at 2:02 pm

          ပက်စီ ဆိုပြီး ငယ်ငယ်တုန်းက အအေးတွေ သောက်ရတယ် နောက်တော့ ပျောက်သွားတယ်။
          တဦးတည်း မူပိုင်ခွင့် ယူထားသူကို ပြန်ထွက်သွားတဲ့ ဒေါ်လာ ၁ဝသန်း လျှော်သွားတယ်။
          အခု ပြန်ဝင်လာမယ် ဆိုတော့ ပြန်ဆက်သွယ်တယ်.. အသက်ကြီးပြီမို့ မလုပ်ချင်တော့ဘူး ဆိုတော့ ဒေါ်လာ ၂သန်း ထပ်လျှော်ပေးတယ်။

  • Foreign Resident

    July 26, 2012 at 1:56 am

    အမှန်တော့ ကော်ဖီမှ မဟုတ်ပါဘူး ။
    ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ ။
    အရက်ကို သင့်တင့်အောင်သောက်ရင် ကျန်းမာရေးအတွက် ကောင်းသလို ၊
    ရေကိုတောင် အလွန်အကျွံသောက်ရင် အသက်အန္တရာယ် ရှိပါတယ် ။
    ကိုယ့်ဖာသာကိုယ် ဆင်ခြင် တိုင်းထွာရမယ့် ကိစ္စပါ ။

  • အရီးခင်လတ်

    July 26, 2012 at 5:28 am

    ကလေးများ မဖြစ်သင့်သော အန္တရာယ်ဘေးအားလုံး မှ ကင်းဝေး စေရန် ဆုတောင်း လိုက်ပါတယ် ကထူးဆန်းရေ။

    ဒီမှာတော့ ကလေးတွေ ရဲ့ meal တွေမှာ ကိုကာကိုလာ၊ ပက်စီ မပေးပါဘူး။
    တစ်ခြား အသီးဖျော်ရည်ဗူး တွေ ပေးပါတယ်။
    ကျောင်းတွေမှာ ယူလာပြီး မသောက်ရ လို့ တောင် တားမြစ်ပါတယ်။
    မြန်မာပြည်မှာတော့ တစ်ချို့ ကလေးတွေ ပက်စီကိုလာ ကို ရေ အစား သောက်နေကြတယ်။
    အမှန်တော့ ပညာပေးမှု မရှိ တာ ကို စီးပွါးရေးသမားတွေ က အခွင့်ကောင်းယူပြီး ကြော်ငြာ နေတာပါ။
    မြန်မာလူမျိုး လောက် ခြောက်လိုက်ရင် ကြောက်တာ မရှိပါဘူး။
    အသေအချာ သိကို မသိကြလို့ပါ။

  • MaMa

    July 26, 2012 at 6:29 am

    ဒီခေတ်ကြီးထဲမှာ ကော်ဖီကြိုက်တာ ခေတ်တခေတ် ဖြစ်နေပါရဲ့။
    ကော်ဖီမကြိုက်ဘူးဆိုတော့ တောသားတဲ့ ရှေးဟောင်းပြတိုက်ပို့ရမယ်တဲ့လေ။

    ကော်ဖီကို ခါးရင်လည်း မကြိုက်တဲ့အပြင် ချိုရင်လည်း ကျန်းမာရေးအတွက် မကောင်းမှာစိုးလို့ အကျင့်ဖြစ်အောင် မသောက်ပဲနေလိုက်တယ်။

    တခါက ကော်ဖီမစ်အထုပ်ကလေးကို ဖောက်လက်စမို့ ဖျော်သောက်လိုက်တာ…..
    (သောက်နေကျမဟုတ်လို့လည်း ပိုသိသာတာ ဖြစ်ပါလိမ့်မယ်)
    တနေကုန် ရင်တုန်နေပါလေရော။

  • ကိုရင်မောင်

    July 26, 2012 at 8:27 am

    ကိုထူးဆန်းရေ ဒီဆောင်းပါးလေးကိုပြည်သူတွေများများသိအောင်
    ဖြန်ဝေပေးဘို့သင့်ပါတယ်…..
    မြန်မာနိုင်ငံမှာသာ ကော်ဖီမစ်တွေ တံဆိပ်မျိုးစုံကို စီးပွားရေးသမာတွေက
    လူစိတ်ဝင်စားအောင် ကြောငြာမျိုးနဲ့ဖြန့်နေကြတာပါ…
    တရုတ်ပြည်မှာတော့ nestle ကထုတ်တဲ့ nescafe နဲ့တရုတ်ထုတ်နှစ်မျိုးလောက်ဘဲ
    တွေ့ရပါတယ် …
    မြန်မာတွေနဲ့တရုတ်ကားသမားတွေသာဝယ်သောက်တာတွေ့ရပေမဲ့..
    နယ်ခံတရုတ်တွေကဝယ်သောက်လေ့မရှိကြပါဘူး…
    တရုတ်တွေအများအားဖြင့်သောက်ကြတာကတော့ လ္ဘက်ခြောက်ခတ်ထားတဲ့လ္ဘက်ရည်ကိုအအေးခံသောက်ကြပါတယ်…
    လ္ဘက်ခြောက်အရသာနဲ့ပေါင်းစပ်ထားတဲ့အချိုရည်တွေကိုသာသောက်သုံကြပါတယ်..
    တကယ်တော့မြန်မာတွေလဲကော်ဖီမစ်အစားလ္ဘက်ခြောက်ခတ်ထားတဲ့
    လ္ဘက်ရည်ကိုသောက်သုံးသင့်ပါတယ်……..

  • ဆူး

    July 26, 2012 at 8:35 am

    ဒီပိုစ်လေးက ကျေးဇူးများပါတယ်။
    ပိုစ်လေး ရေးတဲ့ သူကို ကျေးဇူးတင်ပါတယ်။

    • Solid_Sn@ke

      July 26, 2012 at 8:43 am

      ပိုစ့်ပိုင်ရှင်ရေ …သများလည်း
      တူကျောတဲ့အတိုင်းပါချင့်
      😀

  • kyeemite

    July 26, 2012 at 9:47 am

    ကိုထူးဆန်းရဲ့ ပြန်ရှယ်ပေးတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါ..
    ကျွန်တော်ကူးပီး သားနဲ့သမီးကိုဖတ်ခိုင်းရမယ်…
    သူတို့နှစ်ယောက်ကတော့ ကော်ဖီမစ်မကြီုက်ကြပါဘူး
    ဒါပေမဲ့ အင်စတန့်နူဒယ် ခေါ်တဲ့ ခေါက်ဆွဲပြုတ်တော်တော်ကြိုက်ကြတယ်..
    သားတော်မောင်ဆို မပြုတ်ပဲ ဒီတိုင်း အချောက်တိုက်ဝါးစားနေတတ်တာ..
    တစ်ခါက တစ်ယောက်ရေးဖူးသေးတာမှတ်မိတယ်..
    ရယ်ဒီမိတ်ခေါက်ဆွဲထုတ် အစားများတဲ့အန္တရာယ်အကြောင်း…
    အော်..တန်ဆေး လွန်ဘေး ဆိုတာအမှန်ပါ…

  • မွန်မွန်

    July 26, 2012 at 9:49 am

    ဟင့်.. ချစ်သူနဲ့ ကော်ဖီဆိုရင် ကော်ဖီကိုပဲ ရွေးမယ်လို့ ကြွေးကြော်ခဲ့တာ အခုတော့.. ဟင့်..ဟင့်… 😛
    pure ဆိုရင်ရော သောက်လို့ရလားဟင်… 😀

    ကထူးဆန်းရှင့်..အိမ်က မောင်လေးတွေအတွက် မှတ်သွားပါတယ်ရှင့်…

  • တေလေ

    July 26, 2012 at 10:12 am

    အော် .. ကော်ဖီကြိုက်သူလေး အရွေးမှားမယ် နော့
    ရိုးရိုး ကော်ဖီမှုန့် ကို ရေနွေးဆူဆူလေးနဲ့ သကြား အနည်းငယ်လေးနဲ့
    နို့လေး နဲနဲထည့် မဆိုးပါဘူး
    လယ်ဒီမိတ် ကော်ဖီမစ် ကိုတော့ လျှော့ချပစ် မှ ဖြစ်ချေတော့မယ် ။

  • ကြည်ဆောင်း

    July 26, 2012 at 10:17 am

    ကြည်ဆောင်းလဲ ကော်ဖီအရမ်းသောက်တာ ..Coffee mix ထက်စာရင် Pure ကော်ဖီမှုန့်ကိုCreamer နဲ့ဖျော်သောက်တာ …ဒါလဲမသုံးသင့်ဘူးဆိုတော့ Creamer အစားဘာနဲ့သောက်ရပါ့…
    Black ဘဲသောက်ရတော့မယ်ထင်ပါရဲ့…:roll:
    ကလေးတွေဖြစ်တဲ့ရောဂါကတော့ ဂရုစိုက်ရမယ် …တူတွေ တူမတွေရှိတယ်လေ…
    မဖတ်ရသေးတဲ့ သတင်းလေးများအတွက် ကျေးဇူးတင်လျှက်…

  • pan pan chit

    July 26, 2012 at 10:36 am

    အနော်ကတော့ ကော်ဖီမစ်သိပ်မသောက်ဖြစ်ပါဘူး
    အရင်ကတော့ ကော်ဖီအမှုန့်(ပျူးဝါး)ဝယ်ပြီးဖျော်သောက်တယ်
    ခုတော့ ကော်ဖီကြမ်းနဲ့ပဲ ၂ပါးသွားနေရတယ်
    အဲ့ကော်ဖီကြမ်းလည်း ဓာတုဆေးပါမလားမသိ 🙄
    လွယ်ကူစွာပျော်ဝင်နိုင်တယ်ဆိုတော့လေ
    ဘာပဲဖြစ်ဖြစ် လွန်ရင်တော့ ကောင်းမယ်မထင်ပါဘူး
    ကော်ဖီမစ်ကတော့ လူကြီးတောင်မကောင်းတာ ကလေးဆိုတော့ ပိုဆိုးပြီပေ့ါ

  • Ma Ei

    July 26, 2012 at 11:20 am

    ကိုထူးဆန်းရေ…
    အိမ်ကသမီးကတော့ ကော်ဖီမသောက်ပေမဲ့
    အချိုရည် အအေး ကြိုက်တတ်လို ပြောနေရတယ်…
    ကော်ဖီ မပြတ်တမ်းသောက်နေတာက အမေရယ်…
    ခဏနေ ကော်ဖီ ကော်ဖီ ဖြစ်နေတာ..
    သောက်ပြီးပါပြီပြောရင် မတိုက်ချင်လို့ဖြစ်ရော…
    ကိုယ်တိုင်လဲ အလွယ်တကူကော်ဖီမစ်ဘဲသောက်ဖြစ်တာ…
    ရောဂါတွေ ဝယ်သောက်နေသလိုဖြစ်နေပြီ…
    ပြောင်းမှဖြစ်ပါတော့မယ်…

  • Khaing Khaing

    July 26, 2012 at 11:51 am

    ကော်ဖီမစ်ဆိုးကျိုးကောင်းကျိုးမသိသေးခင်ကတည်းက ကော်ဖီကိုမကြိုက်မသောက်တတ်တော့ မသောက်ဖြစ်ဘူး ကော်ဖီသောက်ရင် ရင်တုန်တယ် ……. ကျွန်မကိုယ်တိုင်မသောက်သလို သူများတွေသောက်တာကိုလည်းအားမပေးဘူး ….. ကိုထူးဆန်းရဲ့ဇာတ်လမ်းလေးက ကလေးငယ်အကြောင်းပါတော့ မိခင်ဖြစ်တဲ့ ကျွန်မရင်ထဲမှာ မဆန့်အောင်နာကျင်ရပါတယ် …. မိခင်ဘဝ စဖြစ်ကတည်းက ကလေးငယ်လေးတွေနဲ့ပတ်သက်ရင် တစ်ခုခုထိခိုက်တာ ရောဂါဖြစ်တာ သေဆုံးတာတွေ ကြားရရင် စိတ်ထဲမကောင်းဖြစ်မိတယ် …… ဒီပို့စ်လေးကိုဖတ်ပြီး တစ်ခြားနိုင်ငံမှာ ရောဂါပိုးတွေဖြစ်နေတာ သိတော့ မိမိသားသမီးအတွက် အလွန်စိုးရိမ်မိခဲ့တယ် …….. ဒီပို့စ်လေးအတွက် ကိုထူးဆန်းကို ကျေးဇူးပါ …

  • Gipsy

    July 26, 2012 at 11:51 am

    အင်း .. ကျုပ်လဲ ကောဖီမှုန့်လေးနဲ့သောက်တဲ့စနစ် ပြောင်းရတော့မယ်ထင်ပါတယ်…
    ရယ်ဒီမိတ်တွေကိုလဲ ခပ်လန့်လန့် နဲ့ သောက်သာသောက်နေရတာ ..
    ကိုထူးဆန်းရဲ့ ပို့စ်လေးက ကျုပ်တို့ကို သတိပေးလိုက်သလိုမို့ ကျေးဇူးပါ …
    ကလေးငယ်တွေ အတွက်လဲ ရင်လေးစရာပဲဗျာ..
    EV-71 ဗိုင်းရပ်စ် တဲ့လား .. အနိစ္စ ။

  • မောင်ပေ

    July 26, 2012 at 1:29 pm

    ကိုထူးဆန်းရေ
    ဘရာဗိုပါခင်ဗျား
    အခု ကိုထူးဆန်းပို ့စ်ကို ဖတ်ပြီး
    ကျုပ်မှာ နီးစပ်ရာ မသိသေးတဲ့သူတွေကို
    ပြန်လိုက်ပြောဖို ့၊ သတိပေးဖို ့
    စကားတွေ အများကြီး ရသွားပါပြီ
    ကျေးကျေးဘာဗျို ့

  • TheWinner

    July 26, 2012 at 1:53 pm

    ဦးထူးဆန်းရေ၊ Topics နှစ်ခုလုံးက အရမ်းကောင်းပါတယ်။

  • etone

    July 26, 2012 at 1:54 pm

    ကိုထူးဆန်းရေ .. ကလေးတွေအတွက်တော့ စိတ်မကောင်းစရာသတင်းပဲ … ။ သူများနိုင်ငံတွေမှာက အဝင်ထွက်ဂိတ်ကို သေချာ စစ်ဆေးပေမယ့် …. ဒီဘက်ပိုင်းမှာ တာဝန်ပေါ့လျော့ပြီး မစစ်ဆေးတာမျိုး ၊ စစ်ဆေးမှု အားနည်းတာမျိုးဖြစ်ခဲ့လျှင် … မြန်မာနိုင်ငံထဲကို ရောက်လာလေမလားလို့ စိုးရိမ်မိပါတယ် ။ ဂျာနယ်တွေကတောင် ရေးပြ ချပြသေးတာပဲ … ပြည်တွင်းရုပ်သံတွေက ဘာလို့များ ဟိုက်လိုက်လုပ်ပြီး ဆွေးနွေးခန်းတွေဘာတွေမထည့်သလဲနော် … ။
    ဆန်းဒေးတော့တို့ … ပန်နိုရားမား အစီစဉ်လိုမျိုးတွေမှာ … ဆွေးနွေးခန်းလုပ်ပြီး ပြည်သူတွေကို အသိပေးသင့်တယ် …. ။

    ကော်ဖီမစ်ကတော့ …. ဈေးကွက်ထဲမှာ ဖြန့်နေတဲ့ တံဆိပ်အမျိုးစား အများကြီးကို သောက်ခဲ့ဖူးပါတယ် ။ တချို့ကော်ဖီက ရင်တုန်တယ် .. တစ်ချို့က မတုန်ပေမယ့် … အနယ်ကျန်ခဲ့တဲ့အခါ … အစိုင်ခဲတွေကြုံရတယ် .. စသဖြင့်ပေါ့ သတိထားမိပါတယ် .. ။ အဲ့ဒါတွေက လွဲလို့ ကျန်တဲ့ဟာတွေတော့ သောက်ဖြစ်တယ် … ။
    ကော်ဖီမစ်ကို ခရေဇီပါ … ။ တနေ့ခြောက်ခွက်လောက်သောက်ဖြစ်တယ် …. ။ တစ်ခါတစ်လေ တရေးနိုးလို့ ..ကော်ဖီသောက်ချင်လျှင် ထသောက်မိတာပါပဲ … အခုလို သတင်းကြားရတော့ … ဆွေးပြီပေ့ါ …. ။
    ကော်ဖီစက်နဲ့ အမှုန့်ဖျော်တဲ့ဟာကလည်း …. သိပ်အရသာမတွေ့လှဘူး ……… ။ 🙁 🙁

    အသိပညာရော ဗဟုသုတပါ တိုးစေလို့ မူးရင်းေ ရးသူကိုရော ပြန်တင်ပေးတဲ့ ကိုထူးဆန်းကိုရော ကျေးဇူးတင်ပါတယ် … ။ 😛

    • shwe kyi

      July 27, 2012 at 11:37 am

      မအိတုံတော့ အသဲကွဲပြီတော့ [:)]
      ရွှေကြည်လဲကော်ဖီကြိုက်တယ် အိပ်ရေးပျက်ပြီးခေါင်းကိုက်နေပြီဆို ပလိန်းလေးတခွက်သောက်လိုက်မှနေသာသလိုပဲ..။
      အင်းအခုတော့ဆင်ခြင်ရတော့မှာပေါ့..။[:(]
      ကျေးဇူးပါကိုထူးဆန်းရေမျှဝေပေးလို့။

      _________________________
      I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • Shwe Ei

    July 26, 2012 at 2:49 pm

    အခုလို လူတွေသတိမထားမိတဲ့ အကြောင်းအရာကို ပို့စ်တခုနဲ့ ဟိုက်လိုက်လုပ်ပြတာကောင်းပါတယ်။ လူကြီးတွေအနေနဲ့ ကို့ကလေး ကော်ဖီမစ်မသောက်တတ်အောင်အပြင် ဆိုးဆေးပါတဲ့ မုန့်တွေဝယ်မစားဖြစ်အောင်လဲ ဂရုစိုက်သင့်ပါတယ်။ ကျောင်းတွေမှာ ဆရာမကိုယ်တိုင်ရောင်းတဲ့ မုန့်ဆို ဆရာမသဘောကျအောင် ဝယ်စားကြရတဲ့ကလေးတွေအတွက် ဒီလို အသိပညာမျိုး ဖြန့်ဝေပေးခွင့်ရချင်ပါတယ်။ တကိုယ်ရေသန့်ရှင်းမှုမရှိလို့ ကျန်းမာရေးထိခိုက်နိုင်ကြောင်း လူတော်တော်များများသိကြပေမဲ့ ဓါတုပစ္စည်းပါဝင်တဲ့ အစားအသောက်တွေနဲ့ ပတ်သတ်လို့ အလှမ်းဝေးလွန်းနေသေးတာကြောင့် ဒီလိုပို့စ်တွေများများ တင်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်

    ခင်တဲ့
    မရွှေအိ

  • သန်းထွဋ်ဦး

    July 26, 2012 at 6:18 pm

    ဆရာမောင်သာချို၏ ဆောင်းပါးလေး အာပေးသွားပါတယ် ကိုထူးဆန်းရေ။

Leave a Reply