ရွာသားအသစ်မိတ်ဆက်ခြင်း

မောင် ဓုဝJuly 26, 20121min24831

မန္တလေးဂေဇက်ဟုခေါ်တွင်သော ဤသတင်းလွှာကဏ္ဍကို စတင်သိခွင့်ရသည့်အချိန်မှ ဝင်ရောက်ဖတ်ရှု ရေးသားရင်း၊ မှတ်ချက်များပေးမည်ဟု စဉ်းစားမိပါသည်။ သို့ဖြစ်သည့်အတွက် ဝင်ရောက်ရေးသားခွင့်၊ မှတ်ချက်ပေးခွင့်များ ပေးခဲ့သည့် ဤသတင်းလွှာကိုဦးစီးလုပ်ကိုင်နေသည့် ပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဝင်ရောက်ရေးသားနေကြသော မိတ်ဆွေများကိုလည်း ထာဝရ ချစ်ခင်လေးစားလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

31 comments

  • mamanoyar

    July 26, 2012 at 10:17 am

    မင်္ဂလာပါ
    ကြိုဆိုပါတယ်
    ပျော်ရွှင်ပါစေရှင်

    • မောင် ဓုဝ

      July 26, 2012 at 2:17 pm

      ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ

  • shwe kyi

    July 26, 2012 at 10:58 am

    ကိုမောင်ဓုဝ မင်္ဂလာပါနော်။

  • Khaing Khaing

    July 26, 2012 at 11:04 am

    ရွာသား အသစ်သစ်စက်စက်ကလေးဖြစ်တော့ ကြိုဆိုနေပါတယ် ………

    • pan pan chit

      July 27, 2012 at 1:41 pm

      မခို်င်တို့က လုပ်ပြီ
      အဗာတာမှာ တွဲလောင်းပုံတင်ပြီးတော့ 😛

      ဒါနဲ့ ဓုဝဆိုတာဘာလဲဟင်
      ဓူဝဆိုရင်တော့ နစ္စဓူဝ 🙄

  • P chogyi

    July 26, 2012 at 11:10 am

    ကျွန်တော်ရွာထဲရောက်ပြီးမှ
    ရွာသားအသစ်မိတ်ဆက်တာ မောင်ဓုဝနဲ့ဆို ၃ ယောက်ရှိပြီ။
    မကျေနပ်ဘူးဗျာ ခင်ဗျားတို့က ရွာသားအသစ်မိတ်ဆက်တာတို့ ဝင်ခွင့်ပြုပါတို့ လုပ်နေကြတော့
    ကျွန်တော်ရွာထဲစဝင်တော့ မိတ်လည်းမဆက်မိဘူး၊ ခွင့်လည်းမတောင်းမိဘူးဗျ၊ စွတ်ရွတ်ပြီးပစ်ဝင်လိုက်တာ
    ကျွန်တော်က လူကြမ်း၊ လူရိုင်းဖြစ်သွားတာပေါ့
    ( ရွာထဲဝင်တုန်းက ခွင့်မတောင်းမိလို့၊ ရွာသူ/သား အပေါင်းကို တောင်းပန်ပါတယ်)
    ကြုံတုန်းရောကြိတ်လိုက်ရတာ။

    • kai

      July 26, 2012 at 2:08 pm

      ရွာထဲဝင်ရင်.. မိတ်ဆက်..ခွင့်တောင်း လုပ်ရမယ်လို့ သတ်မှတ်ချက်မရှိပါဘူးနော..
      စွတ်ရွတ်ဝင်လာလို့.. လူကြမ်း..လူရိုင်းကြီးပါရယ်လို့.. ဘယ်သူမှလည်း ထင်ကြမယ်မဟုတ်ပါဘူး..

      ဆိုတော့..
      ရွာအဝင်မှတ်ပုံတင်ပြီးတာနဲ့.. ရွာသူားတယောက်အလိုအလျှောက်ဖြစ်သွားပါကြောင်း..
      လွတ်လပ်စွာ..ဝင်နိုင်. .ရေးနိုင်. .ဆွေးနွေးနိုင်ပါကြောင်း..။

      မတူသောအတွေးနဲ့..ကိုယ်ပိုင်စာ.. ချရေးသူများကို.. လေးစားကြောင်း… 🙂

      • Khaing Khaing

        July 26, 2012 at 2:31 pm

        မတူသောအတွေးနဲ့..ကိုယ်ပိုင်စာ.. ချရေးသူများကို.. လေးစားကြောင်း… 🙂

        သကြီးသများကိုပြောတာထင်ပ ….. သများက ရင်တွင်းခံစားချက်တွေကို ပဲရေးတာ ပျော်ရင်လည်းရေးတယ် …… လွမ်းရင်လည်းရေးတယ် ….. ချစ်ရင်လည်းရေးတယ် ….. မုန်းရင်လည်းရေးတယ် …… အခုတော့ ရွာသားတစ်ယောက်နှစ်ယောက်ကို ချစ်နေသောကြောင့် သူတို့အကြောင်းကို စာဖွဲ့ရေးချင်နေမိပါကြောင်း ……

      • P chogyi

        July 26, 2012 at 3:27 pm

        ကျေးဇူးပါပဲ သဂျီးရယ်
        ကျွန်တော်မထင်မှတ်ဘဲ ဒီဆိုက်ကိုဝင်ဖတ်မိပြီး
        အရေးအသားနဲ့ ဆွေးနွေးတာတွေသဘောကြပြီး
        ဝင်လာမိတာ
        တစ်ခါတစ်လေပွင့်ပွင့်လင်းလင်းပြောတတ်လို့
        အမှားပါရင် ခွင့်လွှတ်ပေးပါလို့
        ရွာသူ/သားအားလုံးကို ကြိုပြီးတောင်းပန်ထားပါတယ်။

  • kaung kin pyar

    July 26, 2012 at 12:18 pm

    မင်္ဂလာပါရှင်…
    ကောင်းကင်ပြာပါ…။ ရွာထဲဝင်လိုက် ထွက်လိုက်ပါပဲ….။ အမြဲရွာကိုတော့ သတိရပါတယ်…။ ခုလို ရွာသားသစ်တစ်ယောက်ရောက်လာလို့ ကြိုဆိုပါတယ်…။

  • may flowers

    July 26, 2012 at 1:25 pm

    ကြိုဆိုပါတယ် မောင်ဓုဝရေ…မင်္ဂလာပါ။

    • မောင် ဓုဝ

      July 26, 2012 at 3:55 pm

      အခုလိုကြိုဆိုကြတာကို ကျေးဇူးပါပဲ။ ဆက်လက်ပြီး ဝေဖန်တော့မှာဖြစ်လို့ စိတ်မဆိုးကြပါနဲ့လို့
      ကြိုပြီးတောင်းပန်ထားပါတယ်။

  • မိုးချမ်းမြေ့

    July 26, 2012 at 1:54 pm

    ခုလိုအားရပါးရကြိုဆိုတာကို သိရတဲ့အတွက်
    အားလုံးသော မိတ်ဆွေအပေါင်းတို့
    ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးမှာ အနာတရကင်းစွာ လောကအား
    အလှဆင်လျှက် ဆက်လက်လျောက်လှမ်းနိုင်ပါစေလို့ နှုတ်ခွန်းဆက်မေတ္တာပို့သလိုက်ပါတယ်။

  • မောင် ဓုဝ

    July 26, 2012 at 2:15 pm

    အားပေးသူအားလုံးနဲ့
    ရွာထဲဝင်ရန်ကူညီပေးသူများကို
    ကျေးဇူးတင်ရှိပါသည်။

  • သူရဇော်

    July 26, 2012 at 2:26 pm

    ကိုယ်ပိုင်စာမရေးလို့ မလေးစားလဲ ဘာမှမဖြစ်ပါဘူး……. ဟိဟိ…..

  • သူရဇော်

    July 26, 2012 at 2:29 pm

    သူကြီးဖြစ်နိုင်ရင် မသေမချင်း သရေကွင်းနဲ့ပစ်ချင်တယ် ဒါဗြဲ

    • သူရဇော်

      July 27, 2012 at 10:46 am

      ဒီထဲမှာ သူကြီးပြောတာနဲ့ လာနီထားသူကလဲ ရှိသေးသကိုး…….. အင်းခက်တယ် ခက်တယ်….. သူကြီးကိုယ်တိုင်နဲ့ ဘယ်သူများဖြစ်မလဲ…….နီနီမနီနီကွာ………

  • ညလေး

    July 26, 2012 at 3:50 pm

    မန်းဂေဇက်ရွာမှ…နွေးထွေးစွာကြိုဆိုပါတယ်ခည……..

  • မောင် ဓုဝ

    July 26, 2012 at 4:32 pm

    ကျေးဇူးပဲ ညလေး မင်္ဂလာပါ။

  • ko win

    July 26, 2012 at 9:06 pm

    မင်္ဂလာပါခည။

  • thinn ko

    July 27, 2012 at 1:18 am

    ကျွန်တော်လည်း ရွာသားအသစ် စက်စက်လေးပါ
    အကိုတို့ရွာမှာ ဟိုဟာသည်ဟာ ဝင်ရေး ဝင်ပြောချင်စိတ်နဲ့
    စွတ်ဝင်လိုက်တာ မျက်စေ့လည်လမ်းမှားပြိးတော့
    သူများလို နာမည်လုလှလေး မပေးမိဘဲ တည့်တည့်ကြိးဖြစ်နေလို့
    ဘယ်လိုပြင်ရမှာလဲဟင် များကိုကူညိပါလားဟင်
    တစ်ဝိုင်းပေးပါ့မယ်……….နော်………နော်လို့

    • အရီးခင်လတ်

      July 27, 2012 at 4:31 am

      ညာဘက်ထောင့် အပေါ်မှာ Howdy thinn Ko ကို ကလစ် လုပ်ရင် အဲဒီမှာ Edit My Profile ဆိုတာ တွေ့မယ်။
      အဲဒီမှာ ကလစ် လုပ် အဲဒီ Page အောက်ဆုံးနား avator မှာ ကိုယ့်ကြိုက်တဲ့ ပုံ ပြင်လို့ ရတယ်။
      အပေါ်မှာ Name ဆိုတာ တွေ့မယ်။
      အဲဒီမှာ Nickname ဆိုတာ ရှိတယ်။ ကြိုက်တာ ရိုက်ထည့်။
      ပြီး ရင် သူ့အောက် က Display Name publicly as မှာ ကိုယ်ပေါ်စေချင်တဲ့ အမည်ကို ရွေး လိုက်ပါ။
      အချိန်မရွေး ဝင်ပြောင်းလို့ ရပါတယ်။
      ပြီး ရင် အောက်ဆုံးမှာ Update Profile လုပ်ရုံပါဘဲ။ 🙂

      မောင် ဓုဝ ကိုလဲ ကြိုဆိုပါတယ်။ 😀

  • thinn ko

    July 27, 2012 at 2:18 am

    အကယ်၍များ သဂျိးက ကူညိနိုင်တယ် ဆိုရင်
    ကျွန်တော် အမည်နေရာမှာ thinn Ko အစား
    “ကိုသင်း” ဒါမှ မဟုတ်” Ko Thinn” လို့ပြင်ပေး
    ပါနော် အားကိုးပါရဲ့ သဂျိးရယ်……..နော်

  • htoosan

    July 27, 2012 at 5:50 am

    ကိုသင်းရေ ..Nick name ပြောင်းပြီးပေမဲ့ log in ဝင်တဲ့ အခါကျရင် အခုဝင်တဲ့ အတိုင်းဘဲ ဝင်ရတယ်နော် …
    ကြိုဆိုပါတယ် မောင်ဓုဝ နဲ့ ကိုသင်းရေ..

  • ကိုသင်း

    July 27, 2012 at 9:44 am

    သန်းခေါင်စာရင်းအမည်ဖေါက်ပေးတဲ့ အရိးခင်လတ် ကိုလည်းကျေးဇူးပါ၊ရွာဝင် ရွာထွက် လမ်းပြပေးတဲ့
    ကိုထူးဆန်းကိုလည်း ကျေးဇူးပါ၊နောင် မသိတာရှိရင် သွန်သင်ပြသပေးပါလို့ အထူးတလည် တောင်းဆို
    ပါတယ် ခင်ဗျ၊ ရွာသားအားလုံးကို ကျေးဇူးတင်ပါတယ်။

  • မမ အညာသူ

    July 27, 2012 at 10:19 am

    ရွာသားအသစ်လေးမောင်ဓုဝကိုလှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ရှင်
    ရွာထဲမှာပျော်ရွှင်စွာလှည့်လည်နိုင်ပါတယ်

  • အလင်းဆက်

    July 27, 2012 at 12:07 pm

    ရွာတား..အတစ်..ဆိုတော့

    တားတား ကို..ဂျယ်လီ..ဝယ်ကျွေး..ရမယ် ။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 27, 2012 at 1:27 pm

    မင်္ဂလာပါ အသစ်ကလေး….
    မောင်ဓူဝံရေ..အဲလေ မောင်ဓူဝနော်….
    ဟီးးးးးးးးးပြောချင်ဇောကြီးသွားလို့…
    မန်းဂေဇက်မှ ……..
    မိုင်လေး….မှားပြန်ပြီ… (မိုက်လေး လို့ပြောတာ):P
    မိုက်လေး ကလည်း ကြိုဆိုပါတယ်ဗျာ…
    လမ်းမသိရင် ပြောနော် ကိုအလင်းဆက်က လမ်းညွှန်လိမ့်မယ်….
    လိုအပ်တာ ရှိရင်တော့ သူကြီးဆီတောင်းပါ….
    မုန့်ကျွေးစရာရှိရင် မိုက်လေးးးးးးးးကိုကျွေးးးးးးးးဟဲ
    တရားပါတယ်နော်…….
    ကဲ ရွာထဲလျှောက်လည်လိုက်ဦးမယ်ဗျို့…..
    ပျော်ရွှင်ပါစေဗျာ………….။။။။။။။။။။။။။။။။။

    • ဘုဂလန့်

      July 27, 2012 at 3:24 pm

      စောက်ခွက်ပြောင်မနေနဲ့ မျက်စိနောက်တယ်

Leave a Reply