အမေ

ကို သာJuly 26, 20121min14811

“သားငယ် အဆာပြေစားပြီးပြီလား”
“ပြီးပြီ အမေ အစ်ကိုကြီးထမင်းဘူးထည့်သွားတဲ့ဟင်းအိုးကိုလူးပြီးစားလိုက်တယ်၊အခုအိုးဆေးတော့မလို.”
“မဆေးနဲ.သားငယ်၊ကျောင်းသွားဖို.လုပ်တော့၊ အမေထပ်လူးစားပြီးမှဆေးလိုက်မယ်”

ဝန်ခံချက်။ ။ လွန်ခဲ့သောအနှစ်နှစ်ဆယ်ခန်.ကဖတ်ဖူးပြီးရင်ထဲမှာစို.နင့်စွာစွဲလမ်းမိသည်ကိုပြန်လည်တင်ပြခြင်းဖြစ်ပါသည်။မူရင်းစာရေးသူအားလည်းမမှတ်မိတော့ပါ။

11 comments

  • P chogyi

    July 26, 2012 at 11:56 am

    မိခင်မေတာနဲ့ပတ်သက်လို့ကတော့
    စာဖွဲ့လို့မကုန်နိုင်ပါဘူး။
    ကျွန်တော်လည်း မိခင်နဲ့ပဲကြီးပြင်းခဲ့ရတာ။
    (အဖေကငယ်ငယ်တည်းက ဆုံးသွားတာ)

  • ခပ်မိုက်မိုက် ကောင်မလေး

    July 26, 2012 at 12:02 pm

    မိဘမေတ္တာ ကြီးမားတယ်နော်…
    စိတ်ထဲတောင် မကောင်းဘူး…
    ဟုတ်ပါတယ် စာဖွဲ့လို့လဲ မကုန်…
    လွမ်းမိပါတယ် အမေ့အိမ်လေး…
    ဟိုအရင်အချိန်တွေ အတူရှိချင်မိတယ်…။

  • မဂွတ် ထော်

    July 26, 2012 at 12:20 pm

    အပိုတွေ မပြောတတ်ပါဘူးနော်
    မိဘကျေးဇူးကိုဆပ်နိုင်တဲ့
    သားသမီးတစ်ယောက် ဖြစ်ရပါလို၏။

  • မိုးချမ်းမြေ့

    July 26, 2012 at 1:31 pm

    အမေ…
    သွေးတော်၊ သားစပ် ခဲ့ရတဲ့ဘဝမှာ
    မြတ်နိုးခြင်း၊ ယုယခြင်း၊ တုန်ရင်လှိုက်မောခြင်း၊
    သနားခြင်း၊ ညှာတာခြင်း၊ ဂရုဏာထားခြင်း၊ တရှိုက်မက်မက်တွယ်တာခြင်း၊
    ဝမ်းနည်း၊ ဝမ်းသာ၊ ပူဆွေးသောက၊ ဗျာပါဒ……စတဲ့
    ခံစားမှုမျိုးစုံကို ရင်မှာပိုက်ပြီး…..
    သား…အစ
    သမီး…အဆုံး
    အကုန်လုံးကို သိမ်းကျုံးချစ်ခဲ့တဲ့….အမေ……ရေ
    နေကောင်းရဲ့လားတောင်…အမှတ်မရတဲ့…သားမိုက်
    ဘယ်လိုများလွမ်းလိုက်မလဲလို့တောင် တမ်းတဖော်မရတဲ့..သမီးဆိုး…တွေအပေါ်…
    အလွမ်းသင့်…သောက
    မောစရာ့….အပူ
    မယူချင်ပေမယ့်လည်း….အတူကပ်နေခဲ့တဲ့
    ကြောင့်ကြအာရုံတွေကြားမှာ…..
    ဗျာများနေပြီလား…..အမေတို့ရေ………။

  • မောင်ပေ

    July 26, 2012 at 1:40 pm

    ပါဝင်တဲ့စာသားက ၂ကြောင်းထဲ ဆိုပေမယ့်
    တစ်ကယ်ကို အနှစ်သာရ အပြည့်နဲ ့
    စာဖတ်သူရဲ ့ရင်ထဲကို တိုက်ရိုက်ခံစားစေရတဲ့
    စာတစ်ပုဒ်ဘဲဗျာ

  • mamanoyar

    July 26, 2012 at 1:47 pm

    စာကနည်းလို့တာပါလားနော်
    မျက်ရည်ကျလောက်အောင် ခံစားရပါတယ်

  • ko khin kha

    July 26, 2012 at 2:28 pm

    မေတ္တာသုတ်မှာတောင် မြတ်စွာဘုရားကဟောထားသေးတယ်၊
    တစ်ဦးတည်းသောသားရှိတဲ့ မိခင်စိတ်မျိုးထားရမယ်တဲ့။
    ဪ အမေ။

  • laypai

    July 26, 2012 at 2:52 pm

    အပျော် သဘော တွေး ပြီး ဥပမာ ပြောရ ရင်
    စိန်ဗိုက်ဗိုက် တို့ လို တပက်ထဲ သောက်ပြီး တပုလင်း စာ လောက် မူး တယ် ပေါ့။

    ရင်ထဲ ခံစားမှု အတိုင်းချပြ ရမယ် ဆိုရင်
    ခု အဖိုးတန် စာ လေး တစ်ကြောင်း က ဘဝ တွေ များ စွာ အတွက် ဂရုဏာ ဖြစ်မိ ရ တယ်။

  • TTNU

    July 26, 2012 at 10:26 pm

    “အမေတွေ ကြက်ရိုးပဲကြိုက်တယ်” ဆိုတဲ့စကားလေးလိုပေါ့နော်။

  • snow white

    July 27, 2012 at 1:24 pm

    စာလေးတစ်ကြောင်းနှစ်ကြောင်းကရင်ကိုခံစားရစေတယ် ဖတ်လို်က်တာနဲ့ငိုချင်စိတ်တောင်ပေါက်လာပြီ အမေအမေ အမေ သနားစရာ ဘဝလေးပါလားနော်။။

Leave a Reply