***”ငါ ” ကိုမှတ်ကျောက်တင်ကြည့်ခြင်း***

ငါ မရှိ ခဏ

ငါ ငြိမ်းမြ ၏

ငါ၏ ခန္ဓာ

ငါ့ ဟာမဟုတ်

ငါ့ ရုပ် ငါ့နာမ်

ငါ့ သဏ္ဍန် ၌

ငါ လိုက် ရှာကြည့်

ငါ မရှိ ပေ …..၊

ငါ မြင် ငါ ကြည့်

ငါသိ ငါစား

ငါသွား ငါရပ်

ငါမှတ် ငါသိ

ငါ့သတိ ၌

ငါ ၏အတ္တ

ငါခွာ ချစဉ်

ငါ ၊သူ ၊ ဖို ၊ မ

ငါ မှ ငါထင်

ငါ့အမြင် ကို

ငါ ထင် ဥာဏ်၌

ငါ ပင် ငါမဟုတ်

ငါလှုပ် ငါရှု

ငါ ခန္ဓာစု

ငါခု သိပြီ

ငါမရှိ ခိုက်

ငြိမ်းချမ်း လိုက်တာ …၊

ငါ မိုက် ငါမှား

ငါ တရား၌

ငါ့ အားလမ်းညွှန်

ငါ့ သွန်သင်လတ်

ငါ့  မြတ်ဆရာ

ငါ ကိုသတ်နည်း

ငါ မီးငြိမ်းအောင်

ငါ့ ဥသျှောင်ကို

ငါမွန် ရိုကျိုး

ငါ့ ဦးချိုးနှိမ်

ငါ ကြိမ်ကြိမ်သာ

ငါ ဦးချ၏

ငါ မရှိ ခဏ

ငါ ငြိမ်းလှ ၏

ငါ၏ ကိုယ်တွေ့ 

တရားတည်းး ။။။

About maung khinmin

maung khinmin has written 85 post in this Website..