လေးဖြူသီချင်းကောင်းလေး

SonnyJuly 26, 20122min23711

လေးဖြူဆိုထားတဲ့ Denis Martin ကြော်ငြာသီချင်းပါ။

(ကြောင်ငြာ ဘုတ်နဲ့ အဝတ်စားသီချင်းစာသားကြည့်ပြီး Denis Martin ကြော်

ငြာသီချင်းလို့ထင်တာနော်)

လူငယ်လူကြီး အားလုံးအတွက် နားထောင်ကြည့်ရင်

အချိန်တွေကို အကျိုးရှိရှိ အသုံးချအောင် သင်ကြား

သီဆိုထားတာတွေ့ရတယ်။ တေးရေးကိုတော့မသိပါခင်ဗျာ။

တေးရေးရော တေးဆိုရော ကိုဂုဏ်ပြုပါတယ်။ နားထောင်လိုက်ရေးပြီး

တင်ပြလို်က်ပါတယ်။ ဒါနားထောင်ရင်း လည်းကိုယ့်ကိုပြန်ဆုံးမနေရတယ်။

 

တန်ဖိုး ( ခေါင်းစဉ်တော့ မသေချာဘူးခင်ဗျ တောင်းပန်ပါတယ်နော်)

 

Verse 1:

အာရုံဦးနဲ့ ကြည်လင်လန်းဆန်း

လှပစိတ်ကြည်နူးစေမှာ

မြင်ခဲ့ရတဲ့..နောက်ဆုံးကမနက်ခင်း တောင်ငါ မမှတ်မိတော့ပါ

နေဝင်သွားပြန်ပြီ  ရောင်စုံအိ်ပ် တဲ့ ညများ အမြဲသန်းခေါင်ကျော်သွားခဲ့

တစ်ခုခုလုပ်ဖို့ကြတော့ နေ့ရွှေ့ညရွှေ့နဲ့..

အရာ ရာ ဟာ တစ်ပိုင်း တစ်စ

လွယ်လွယ်တွေး ပြီး ဖြစ်သလိုနေခဲ့တော့ နေသလိုသာဖြစ်ခဲ့ပြီ

အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့ကြားမှာ ငါဟာကျန်ရစ်ခဲ့ပြီ..

ဘဝနဲ့ရင်းကာ ငါသိလို်က်တာ

အခု အချိန်တိုင်းမှာ တန်ဘိုးရှိတယ် ယုံကြည်ပါ

အိပ်မက်တွေများစွာ အိုမင်းရှေ့မှာ

ပြန်မရနိုင်ဘူးကွာ

ကုန်လွန်သွားတဲ့မင်းရဲ့အချိန် ရွှေငွေများနဲ့မင်း ပြန်လဲလို့မယူနိုင်တာ..

 

 

 

Verse 2:

 

အာရုံဦးနဲ့ ကြည်လင်လန်းဆန်း

လှပစိတ်ကြည်နူးစေမှာ

မြင်ခဲ့ရတဲ့..နောက်ဆုံးကမနက်ခင်း တောင်ငါ မမှတ်မိတော့ပါ

လွယ်လွယ်တွေး ပြီး ဖြစ်သလိုနေခဲ့တော့ နေသလိုသာဖြစ်ခဲ့ပြီ

အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့ကြားမှာ ငါသာကျန်ရစ်ခဲ့ပြီ..

ဘဝနဲ့ရင်းကာ ငါသိလို်က်တာ

အခု အချိန်တိုင်းမှာ တန်ဘိုးကြီးတယ် ယုံကြည်ပါ

အိပ်မက်တွေများစွာ အိုမင်းရှေ့မှာ

ပြန်မရနိုင်ဘူးကွာ­­­­

ကုန်လွန်သွားတဲ့မင်းရဲ့အချိန် ရွှေငွေများနဲ့မင်း ပြန်လဲလို့မရနိုင်တာ..ဟိုး…

Solo;

လွယ်လွယ်တွေး ပြီး ဖြစ်သလိုနေခဲ့တော့ နေသလိုသာဖြစ်ခဲ့ပြီ

အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့နောက်မှာ ငါသာကျန်ရစ်ခဲ့ပြီ..

ဘဝနဲ့ရင်းကာ ငါသိလို်က်တာ

အခု အချိန်တိုင်းမှာ တန်ဘိုးကြီးတယ် ယုံကြည်ပါ

အိပ်မက်တွေများစွာ အိုမင်းရှေ့မှာ

ပြန်မရနိုင်ဘူးကွာ

ကုန်လွန်သွားတဲ့မင်းရဲ့အချိန် ရွှေငွေများနဲ့မင်း ပြန်လဲလို့မရပါ

ရင်းကာ ငါသိလို်က်တာ

ပြန်မရနိုင်ဘူးကွာ

ကုန်လွန်သွားတဲ့မင်းရဲ့အချိန် ရွှေငွေများနဲ့မင်း ပြန်လဲလို့မရနိုင်ပါ

Ending…  ဟာ….

 

 

 

 

အကြိုက်ဆုံးနေရာစာသားလေးများကတော့

 

“လွယ်လွယ်တွေး ပြီး ဖြစ်သလိုနေခဲ့တော့ နေသလိုသာဖြစ်ခဲ့..”

 “တစ်ခုခုလုပ်ဖို့ကြတော့ နေ့ရွှေ့ညရွှေ့နဲ့..

အရာ ရာ ဟာ တစ်ပိုင်း တစ်စ”

“ဘဝနဲ့ရင်းကာ ငါသိလို်က်တာ”

“အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့ကြားမှာ ငါဟာကျန်ရစ်ခဲ့ပြီ.”.

 

ငဆန်နီငယ်ငယ် က လွယ်လွယ်တွေးပြီး လွယ်လွယ်နေခဲ့လို့ ဆယ်တန်းနှစ်ခါပြန်

ဖြေရတယ်။ အောင်တော့လည်း စာမဖွဲ့လောက်နဲ့အမှတ်ကလေးရယ် ၃၁၀

လားပဲရတယ်။အဲဒါနေ့ရွှေ ့ညရွှေ့လုပ်တာလေ(အမေကစာကျက်ခိုင်းရင်)

ဒီနေ့ကျက်ရမယ့်စာ နောက်နေ့ရွှေ့ နောက်နေ့ရောက်တော့နောက်တစ်ရက်ထပ်ရွှေ့

နောက်တစ်ရက်ရောက်တော့

စာမေးပွဲဖြေမယ့်ညထိရွှေ့တော့တာပါပဲ။

Procrastination is the thief of time. လို့စကားပုံတွေကိုသိပေမဲ့မလိုက်နာခဲ့ပေါင်။

ငဆန်နီဘာလုပ်လုပ်တစ်ပို်င်းတစ်စပဲ

ငယ်ငယ်ကဂစ်တာတီးတယ် စင်ပေါ်ထိတက်တယ်  စင်အောင်ပြန်ဆင်းလာတာပဲ။ တစ်ပိုင်းတစ်စပဲ။

မန်းလေးက ပန်းချီဦးအောင်ခင်ဆီတက်တယ် အဖြစ်မရှိခဲ့။  တစ်ပိုင်းတစ်စပဲ။

ရည်းစားနှစ်ယောက်သုံးယောက်ထားတယ်။ တစ်ပိုင်းတစ်စပဲ။ဟဲ..ဟဲ…

အခုအသက်ရောက်မှ..piano တီးနေသေးတယ် သင်သေးတယ်။

သီချင်းလေး ငါးပုဒ်လောက်တီးတတ်ပြီ။ ဆက်မတီးတော့။ တစ်ပိုင်းတစ်စပဲ။

ကွန်ပျူတာဆရာအိမ်ခေါ်သင်သေးတယ်..အစကတော့ A+ လေးဘာလေး

သင်ပြီး ကွန်ပျူတာ ပြင်ကြည့်မယ်ပေါ့လေ..အခြေခံ ဝင်းဒိုးတင်ရုံလောက်လေး

လုပ်ပြီ…. တစ်ပိုင်းတစ်စပဲ။

စာအုပ်တွေဖတ်ဖို့ဆိုပြီး ဝယ်ထားတာအများကြီးပဲ..နေရာသာမရှိတော့တယ်

စာအုပ်တွေကဖတ်မပြီးသေးဘူး။ အမေကပြောတယ် ခြံမပိုင် ပဲဝက်မွေးတာတဲ့။

အင်း….. တစ်ပိုင်းတစ်စပဲ။

ဒါပေမဲ့..ဘုရင်တပါး၏ချစ်ခြင်းတရား ဘာသာပြန်တာလေးတောင်

တစ်ပိုင်းတစ်စ ကနေ အတော်ပြီးအောင်လုပ် လိုုက်ရတယ်။

ငယ်ငယ်ကတည်းက အင်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက တော့

စာစသင်ပါပြီ။။ဝင်ငွေတော့ရှိပါတယ်။ ဒါပေမဲ့ ဖြုန်းတာကများတယ်။

အခု ကျွန်တော် အရင်က ကျွေးမွေး ကူညီ ဖူးတဲ့ သူငယ်ချင်း ရွာကတက်လာတဲ့သူငယ်ချင်းတစ်ယောက်  ကျိကျိ်တက်ချမ်းသာသွားပြီ။

မုဒိတာပွားပါတယ်။ သူ အချိန်နဲ့ အခွင့် အရေးကို တန်ဖိုးရှိရှိ အသုံးချနိုင်ခဲ့လို့ပေါ့။ လေးဖြူဆိုသလို

“အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့ကြားမှာ ငါငဆန်နီီ ဟာကျန်ရစ်ခဲ့ပြီ.”.

“အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့ကြားမှာ ငါငဆန်နီဟာကျန်ရစ်ခဲ့ပြီ.”.

 

ငါ့ညီငယ်ညီမငယ်များ

နောက်ကျ  မကျန် ကြစေနဲ့။

ငါ့ညီငယ်ညီမငယ်များ

အချိန်တွေမဖြုန်းနဲ့။

ငါ့ညီငယ်ညီမငယ်များ

အိမ်မက်တွေရှင်သန်စေ။

ငါ့ညီငယ်ညီမငယ်များ

တစ်ပိုင်းတစ်စဘာမလုပ်နဲ့။

ချစ်ခြင်းးအားဖြင့်..ကိုဆန်နီ

 

 

 

 

 

နောက်ဆက်တွဲအနေနဲ့

လေးဖြူနဲ့သူ့တေးရေးကိုဂုဏ်ပြုတဲ့အနေနဲ့ရော

သူ့သီချင်းစာသားအချို့ကိုဘာသာပြန်လိုစိတ်ပေါ်လာတာနဲ့

လက်တည့်စမ်းလိုက်တယ်နော်….

 

“Value”

အာရုံဦးနဲ့ ကြည်လင်လန်းဆန်း

လှပစိတ်ကြည်နူးစေမှာ

မြင်ခဲ့ရတဲ့..နောက်ဆုံးကမနက်ခင်း တောင်ငါ မမှတ်မိတော့ပါ

My spirit made high and pleasant by early dawn

Though no ability to picture my last scene of morn

နေဝင်သွားပြန်ပြီ  ရောင်စုံအိ်ပ် တဲ့ ညများ အမြဲသန်းခေါင်ကျော်သွားခဲ့

The Sun sets again

My sleeps set past midnights

Through colourful nights

တစ်ခုခုလုပ်ဖို့ကြတော့ နေ့ရွှေ့ညရွှေ့နဲ့..

အရာ ရာ ဟာ တစ်ပိုင်း တစ်စ

Nothing accomplished

Leaving it behind

Procrastinate “TIME”

လွယ်လွယ်တွေး ပြီး ဖြစ်သလိုနေခဲ့တော့ နေသလိုသာဖြစ်ခဲ့ပြီ

အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့ကြားမှာ ငါဟာကျန်ရစ်ခဲ့ပြီ..

My fruitless living shapes my fruitless existence

Hereby am I left behind by all in the pacing momentum

ဘဝနဲ့ရင်းကာ ငါသိလို်က်တာ

အခု အချိန်တိုင်းမှာ တန်ဘိုးရှိတယ် ယုံကြည်ပါ

အိပ်မက်တွေများစွာ အိုမင်းရှေ့မှာ

ပြန်မရနိုင်ဘူးကွာ

ကုန်လွန်သွားတဲ့မင်းရဲ့အချိန် ရွှေငွေများနဲ့မင်း ပြန်လဲလို့မယူနိုင်တာ..

Realized only after putting my life on stake

By now believe it “Time is a value”

Dreams lost can never be regained

Time cannot be traded for either money or gold.

 

with love

Ko Sonny

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

11 comments

  • Sonny

    July 26, 2012 at 12:30 pm

    ချစ်မိတ်ဆွေများ
    ကိုလေးဖြူ ကိုရော တေးရေး ကို ရော လေးစားပါတယ်
    သူ့သီချင်း “တန်ဖိုး” ဆိုတဲ့ခေါင်းစဉ် ဟုတ်မှဟုတ်ပါ့မလားလို့လည်းတွေဝေမိပါတယ်
    မဟုတ်ခဲ့ ရင် လည်း ကိုလေး ရော တေးရေး ရော တောင်းပန်ပါတယ်
    အသိတစ်ယောက်က ဒေါင်းလုပ် လုပ်ပေးတာပါ
    ဒါ ပေမဲ့ သီချင်း ရဲ့ရည်ရွယ်ချက် က အလွန်ကောင်း လို့တင်ပေးလိုက်တာပါ။
    ချစ်ခြင်းအားဖြင့်…
    ကိုဆန်နီ

    • စိန်ဗိုက်ဗိုက်

      July 26, 2012 at 12:36 pm

      ♪……………………ဘဝနဲ ့ ရင်း…ဟင်း..ကာ……….♫…
      ဘီအီးသောက်တာ…….♫…..
      ခုချိန်တိုင်း..ဟိုင်း.ဟိုင်း..မှာ…♪….
      ငါအရမ်းမူးတာ…ယုံကြည်ပါ……..♪…………………..♫…

      ဟဲဟဲ..
      အဲဒါလေး ခိုက်ဒယ်..
      သီချင်းလေးပါ တင်ပေးဘာဦး..
      အနော့်ဆီမှာ စိတာ မှားပီး ဖျက်ထလိုက်လို ့ စိတော့ဘူး..

  • Khaing Khaing

    July 26, 2012 at 12:39 pm

    ကောင်းလိုက်တာ စာသားလေးတွေ ကြော်ငြာကြည့်ဖူးပေမယ့် စာသားတွေကိုမခံစားမိဘူး ……. အခိုင် ၁ဝ တန်းတုန်းကအမေက သိပ်ပြီးတော်စေထိပ်ဆုံးရောက်စေချင်ခဲ့တာ စိတ်ပါလိုက်မပါလိုက်နဲ့ အချိန်တွေကုန် ခဲ့တယ် ……. အခုအရွယ်မှာတော့ ပညာရှာဖွေဖို့ထက် မသေခင်တရားနှလုံးသွင်းဖို့ဆိုတဲ့အသိလေးကို စိတ်ထဲကျန်နေမိတယ် ……

  • Gipsy

    July 26, 2012 at 12:52 pm

    ဒါကြောင့်…ဒါကြောင့်ပေါ့လေ…
    သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
    သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
    ဘဝဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။

    သင်ရဲ့ အတွေး ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို
    ဖယ်ရှားလိုက်ပါ။
    ကျုပ်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့
    ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။

    သင့်ဘဝကို ပျော်ရွင်စေမယ့်၊ ဘဝအမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။

  • mamanoyar

    July 26, 2012 at 1:13 pm

    လေးဖြူဆိုတဲ့သီချင်းတော်တော်များများ ကြိုက်တယ်

  • မောင်ပေ

    July 26, 2012 at 1:33 pm

    ကိုလေးဖြူ ရဲ ့သီချင်းကိုလဲ ကြိုက်တယ်
    ကိုဆန်နီ ့ရဲ ့စေတနာကိုလဲ လေးစားပါတယ်

  • TTNU

    July 26, 2012 at 8:15 pm

    ဆရာကိုဆန်နီရေ..
    တစ်ပိုင်းတစ်စ တွေနဲ့ ပျော်မွေ့တတ်တဲ့ ဘဝကို
    တရားသဘောနဲ့ ကြည့်လိုက်ပါ။
    ဘာမှ မမြဲဘူးဆိုတာသိလို့ အဆုံးအထိအောင်မြင်အောင်မလုပ်မိတာလား။
    ဖြစ်ပြီးပျက်မှာပဲမို့ ဖြစ်အောင်ကိုမလုပ်တော့တာလား။
    စဉ်းစားပါ။ စဉ်းစားတာကို တော့ တစ်ပိုင်းတစ်စနဲ့ ရပ်မပြစ်လိုက်နဲ့နော်။ 🙄

  • pooch

    July 26, 2012 at 10:33 pm

    မှန်တာပြောရရင် ကိုယ်တိုင်လည်း တပိုင်းတစတွေ အများကြီးနဲ့ နေခဲ့ဖူးတယ်။ နေလည်း နေနေဆဲ။
    ဘယ်တော့များမှ ပြီးအောင် အဆုံးသတ်နိုင်မလဲ တွေးရင်းငေးရင်းနဲ့ပဲ အသက်တွေ ကြီးလာခဲ့တာ……..။

  • သန်းထွဋ်ဦး

    July 26, 2012 at 10:37 pm

    “လွယ်လွယ်တွေး ပြီး ဖြစ်သလိုနေခဲ့တော့ နေသလိုသာဖြစ်ခဲ့..”
     “တစ်ခုခုလုပ်ဖို့ကြတော့ နေ့ရွှေ့ညရွှေ့နဲ့..
    အရာ ရာ ဟာ တစ်ပိုင်း တစ်စ”
    “ဘဝနဲ့ရင်းကာ ငါသိလို်က်တာ”
    “အရှိန်အဟုန်နဲ့ လူတွေ အပြေးအလွှားနဲ့ကြားမှာ ငါဟာကျန်ရစ်ခဲ့ပြီ.”.

  • marblecommet

    July 27, 2012 at 2:09 am

    အဲဒီသီချင်းက
    အမ်တီဗွီရိုက်ချက်လည်း
    အရမ်းကောင်းတာဗျ
    စလုံးမှာရိုက်ထားတာ
    အနော့်ဆီမှာ ရှိလယ်….

  • blackchaw

    July 27, 2012 at 9:29 am

    ကိုဆန်နီရေ…။
    ကျွန်တော်တို့ မတွေ့တာတော်တော် ကြာသွားပြီနော်..
    သတိရနေပါတယ် ခင်ဗျာ..။
    ကိုဆန်နီ ညွှန်းလို့ လေးဖြူရဲ့ တန်ဘိုးကို
    အင်တာနက်ထဲမှာ အလွယ်တကူရှာတွေ့ ပါတယ်..။
    ဒေါင်းပြီး နားထောင်ကြည့်တော့လည်း
    တော်တော် ကြိုက်ပါတယ်ခင်ဗျာ..။
    သီချင်းကောင်းလေးပါ..။
    တိုက်တိုက်ဆိုင်ဆိုင်ဗျာ…
    ဒီရက်ပိုင်း ကျွန်တော် ကိုဆန်နီကို သတိရနေတာဗျ..။
    ပြီးခဲ့တဲ့ အပတ်က ပြီးသွားခဲ့တဲ့
    ချယ်နယ် ဆဲဗင်းရဲ့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ
    ဆိုသွားတဲ့ ပြိုင်ပွဲဝင်တစ်ယောက် ဆိုသွားတဲ့ သီချင်းကို
    ကျွန်တော် တော်တော်ကြီး ကြိုက်မိတယ်ပေါ့ဗျာ..။
    ဆိုသွားတဲ့ ချာတိတ်ကလည်း ဆိုတတ်လိုက်တာဗျာ..။
    ပါဖေါမန့်စ် လည်းတော်တော် ကောင်းပါတယ်…။
    ဒါပေမယ့် အဲဒီကလေး က ဒုတိယပဲ ရတယ်ခင်ဗျ..။
    ချာတိတ် နာမည်က အာကာအောင်ခင်ဝင်းတဲ့။
    ကြည့်မိတဲ့လူတွေလည်း တော်တော် ကြိုက်ကြမှာပါ..။
    ဆိုသွားတဲ့ သီချင်းနာမည်က ရေပေါ်ဆီ တဲ့..။
    လင်းလင်း ဆိုထားတဲ့ သီချင်းဖြစ်နေတယ်ဗျာ။
    တစ်ခါတုန်းက http://myanmargazette.net/127515/entertainment/music-business-music-education-music-genres-trends-scenes-music-production-engineering-music-reviews-musical-instruments-musicians-bands ပို့စ်မှာ ကိုဆန်နီနဲ့ လင်းလင်း တွဲရိုက်ထားတဲ့
    ဓါတ်ပုံ တင်ခဲ့ဘူးတယ်လေ..။
    အခု အာကာအောင်ခင်ဝင်း ဆိုပြတာကို ကြိုက်ပြီး လင်းလင်းရဲ့ ရေပေါ်ဆီကို
    ရှာနားထောင်ဖြစ်ပါတယ်..။
    အရမ်းကြိုက်နေလို့ လောလောဆယ် အဲဒီသီချင်းတစ်ပုဒ်တည်းကိုပဲ
    ဆက်တိုက်နားထောင်ဖြစ်နေတဲ့အထိ ပါပဲ..။
    ကိုဆန်နီကတော့ နားထောင်ဘူးမှာပါ..။
    ကျွန်တော် အဲဒါပြောချင်လို့ဗျ..။
    နည်းနည်းရှည်သွားရင် ခွင့်လွှတ်ပါဗျာ..။

Leave a Reply