ညနေ နေဝင်နေပြီမို့ သုံးယောက်သား ယာခင်းထဲမှ ပြန်ဖို့ သုံးယောက်သား ထရပ်လိုက်ကြသည်။  သုံးယောက်ဆိုလို့ အသက် 50 အရွယ် အဖေရယ်၊ အမေရယ်၊  သမီးတစ်ယောက်ရယ်။

အပြန်လမ်းက မိုးချုပ်နေပြီမို့ ခပ်သွက်သွက် လှမ်းသွားနေတဲ့ သားအမိနှစ်ယောက်နားကို ယောက်ကျာင်္းစီးဘီး အအိုလေးတစ်စီး ဖြေညှင်းစွာ ရပ်လိုက်သည်။ ထိုသူမှာ အဖေဆိုသူဖြစ်သည်။ သုံးယောက်မို့ အဖေတစ်ယောက်ထဲ စီးသွားရန် ပြောသော်လည်း အေးအတူ ပူူအမျှုဟုဆိုကာ စက်ဘီးကို မိမိတို့နှင့်အတူ သွင်းသွားခဲ့သည်။ လမ်းတစ်ဝက်အရောက်တွင်တော့ ရွာဘက်ပြန်သောလမ်းတစ်လျှောက် မှာ အဆင်းလမ်းဖြစ်သောကြောင့် စက်ဘီးစီးသွားရန် ဆုံးဖြတ်လိုက်သည်။ သမီးကို ရှေ့ဘားတန်းမှာ ထိုင်စေပြီး

အမေက နောက်ခုံမှာထိုင်လိုက်သည်။ အဖေက ဘီးကို နင်းပြီး သုံးယောက်သား စီးလာခဲ့ကြသည်။ ရွာအနီးရှိ အဆင်းရှည်ကြီးအရောက်တွင်တော့ စက်ဘီးစီးလာရင်း ဘရိတ်တုန်း ရုတ်တရက် ပြုတ်ကျသွားတော့သည်။ ဘရိတ်ပြုတ်ပြီဆိုတာသိလိုက်ချိန် အမေ့ကို ဆင်းနေခဲ့ရန် အဖေသတိပေးလိုက်ရာ အမေလဲ ရုတ်တရက် ဆင်းနေခဲ့သည်။ အဖေနှင့်သမီးမှာ ပြင်းစွာသော အဟုန်နှင့် လှိမ့်သွားသော ဘီးပေါ်တွင် စိုးရိမ်မှုများစွာနှင့် ပါသွားတော့သည်။ ထိုအချိန် အဖေဖြစ်သူ ဘီးကိုထိန်းနိုင်သမျှ ထိန်းကာ အရှိန်လျှော့စေမည့် အကွေ့လမ်းကို ချိုးကွေ့လိုက်သည် ထိုအခါ ဒုတ်ဆိုသောအသံနှင့်အတူ ကျောက်တုံးတစ်တုုံးကို ဝင်ဆောင့်မိတော့သည်။ ကြောက်အားလန့်အားနှင့် သေပြီကွဟု သမီးဖြစ်သူ ရင်ထဲထင်လိုက်မိစဉ် မိမိရရဆုပ်ကိုင်ထားသော အဖေ့လက်တစ်ဖက်နှင့်အတူ စက်ဘီး ကိုကိုင်ကာ ထောက်ထားသောကြောင့် စက်ဘီးလုံးဝလဲမကျ သွားပဲ မိမိလဲဘာမှမဖြစ် ပဲရှိနေသည်ကို အံအားသင့်မိသည်။ အဖေ့ခြေထောက်တွင်တော့ ဘေးမှဆူးချုံပုတ်ကို သတိမထားနိုင်ပဲ လဲကျမသွားစေရန် အရဲစွန့်ပြီး ထောက်လိုက်သည့် ခြေထောက်မှာ ဆူးခြစ်ရာများနှင့်အတူ သွေးအနည်းငယ်ယိုစီးခဲ့ရသည်။ ခါးလဲနာသွားမည်ထင်သည်။   ထိုအချိန် မိမိနာကျင်မှုကို ဂရုမစိုက်ဘဲ  သမီးငယ်ဘာဖြစ်သွားသေးလဲ ဟူသည့်  ဂရုဏသံနှင့် မေတ္တာတို့ရောစွက်ကာ မေးလာသည့်အသံပိုင်ရှင်ကို လှည့်ကြည့်မိလိုက်ချိန် ရင်ထဲအေးမျှစွာခံစားရသည့် မေတ္တာဓါတ်တို့နှင့်အတူ လေးစားခြင်း၊ချစ်ခင်ခြင်း၊တို့နဲ့အတူ ……….. စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ရှိခိုးဦးချမိပါတယ် ဖေဖေရယ်………..။

About mamanoyar

mama noyar has written 25 post in this Website..