မီဒီယာဆိုတာ

ကို သာJuly 26, 20121min1348

လူူလိမ္မာ

ငှက်ကလေးကိုစကားသင်
စကားတတ်ယင် ငှက်လိမ္မာပေါ့၊
ခွေးကလေးကို လက်ပေးသင်
လက်ပေး တတ်ယင် ခွေးလိမ္မာပေါ့၊
မျောက်ကလေးကို အကသင်
အကတတ်ယင် မျောက်လိမ္မာပေါ့၊
လူကလေးကို ခေါင်းညှိမ့်သင်
ခေါင်းညှိမ့်တတ်ယင် လူလိမ္မာပေါ့။ ။

လူူလိမ္မာ

ငှက်ကလေးကိုစကားသင်
စကားတတ်ယင် ငှက်လိမ္မာပေါ့၊
ခွေးကလေးကို လက်ပေးသင်
လက်ပေး တတ်ယင် ခွေးလိမ္မာပေါ့၊
မျောက်ကလေးကို အကသင်
အကတတ်ယင် မျောက်လိမ္မာပေါ့၊
လူကလေးကိုပညာသင်
ပညာတတ်ယင် လူလိမ္မာပေါ့။ ။

အထက်ပါကဗျာနှစ်ပုဒ်ကိုယှဉ်ဖတ်ကြည့်ပါ။အပေါ်ကဆရာအောင်ပြည့်ရဲ.မူရင်းဖြစ်ပြီး လေးနက်မှုတွေ.ရပါသည်။အောက်က အယ်ဒီတာမင်းများ၏ ပြင်ဆင်ပြီး ထွက်လာသော အကြောက်တရားပြည့်နေသော ကလေးကဗျာဖြစ်ပါသည်။
ဪ…..မီဒီယာဆိုတာ ဒါပါလား။

8 comments

  • ko khin kha

    July 26, 2012 at 3:11 pm

    လူပျိုကလေးကိုဘာကိုသင်၊
    ဘာတတ်ရင် ဘာဘုရင်၊
    အဲ ဟုတ်ပါဘူး ဘာတွေရေးမိပါလိမ့်။
    လူပျိုကလေး အပျိုမြင်၊
    ချစ်တတ်ခဲ့ရင် ဘာတွေသင်။

  • Khaing Khaing

    July 26, 2012 at 3:15 pm

    လူကလေးကို ပညာသင်
    ပညာတတ်ရင် လူလိမ္မာပေ့ါ …….

    ပညာမတတ်တဲ့လူတွေက လူလိမ္မာမဟုတ်ဘူးပေ့ါနော် …….

    ခရီးသွားရင်းနဲ့ တုတ်တုတ်ကားပေါ်မှာရေးထားတာလေးကို သတိရမိတယ် ……
    “ဘွဲ့ရဖို့မလို အလိုက်သိဖို့လိုပါသည်” တဲ့ …….

    • ဘဲဥ

      July 26, 2012 at 3:45 pm

      ကျန်သေးတယ် မမခိုင်ရေ့
      အဲ့လိုစာသားတွေက ဖတ်ပီးနားလည်လို့ရသေးတယ်ဗျ။
      ဟိုလိုရေးထားတာကျတော့ ဖတ်ရတဲ့သူတွေအောင့်သက်သက်နဲ့ဖြစ်ဖူးတယ်
      အဲ့ဒါက….
      “မိတ်ဆွေ လူလိုသိပါ” တဲ့ ဖတ်ရတဲ့သူ ထောင်းခနဲနေတာပဲ

    • P chogyi

      July 27, 2012 at 10:09 am

      ပညာတတ်ရင်ဆိုတာ ဘွဲရတာကိုပြောတာမဖြစ်နိုင်ဘူး
      ပညာရပ်ကိုကျွမ်းကျွမ်းကျင်ကျင်
      တတ်မြောက်တာကို ပြောတာဖြစ်မယ်။

  • mamanoyar

    July 26, 2012 at 3:18 pm

    ဘွဲ့ရဖို့မလို အလိုက်သိဖို့လိုပါသည်တဲ့ ဒါလဲမှန်တာပဲ
    ဘွဲ့လဲရ အလိုက်လဲသိမယ်ဆိုရင်တော့ ဘယ်လောက်ကောင်းလိုက်မလဲ

  • htet way

    July 26, 2012 at 9:02 pm

    အရင်ခေတ်က ထင်ပါတယ်ဆရာ
    အခု မီဒီယာတွေရေးနေကြပါပြီ
    နဂိုကတော့ သိတဲ့ အတိုင်းပဲလေ

  • မောင်ပေ

    July 26, 2012 at 9:58 pm

    ခေါင်းငြိမ့်တတ်ဖို ့ဆိုတာလဲ
    ပညာတတ်ဖို ့လိုတာပါဘဲဗျား
    ဘာမှမသိဘဲအရမ်းခေါင်းငြိမ့်နေရင်လဲ
    ဒုတ်ခ

Leave a Reply