ဒီရက်ပိုင်း စကားပြောဖြစ်သူများထံမှ ကြားသိရသမျှဖြစ်ပါသည်။ ကိုယ်တွေ့မဟုတ်လို့ အတိအကျ မှန်ရဲ့ လားလို့ မေးခွန်းထုတ်လိုသူတွေ ရှိနိုင်ပေမဲ့ အားလုံး စဉ်းစားဝေဖန်နိုင်ဖို့ မျှဝေလိုက်ပါတယ်။

တစ်ယောက်ကပြောတယ်။ သူ့တူလေးက မနလေးက နံမည်ကျော် ကျောင်းတစ်ခုမှာ တက်ပါတယ်တဲ့။ အဲဒါ အတန်းပိုင် ဆရာက (ဆရာလား၊ ဆရာမလား မမှတ်မိတော့ပါ။ သို့အတွက် ဆရာဟုသာ ဆက်လက်ရေးသားပါ မည်။) သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်လာရမယ်လို့ ဆိုပါသတဲ့။ နောက်တစ်ရက်မှာ အကြောင်း ကြောင်းကြောင့် ၀ယ်မသွားမိတဲ့ ကလေးကို စာမသင်ရဘူးဆိုပြီး အခန်းအပြင်မှာ နေခိုင်းတယ်လို့ ဆိုပါတယ်။ ကလေးဆီက ပြန်သိရလို့ ကျောင်းအုပ်ကြီးကို မိဘက သွားတိုင်တော့ အရေးယူပေးပါမယ်လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။

နောက်ဇတ်လမ်းတစ်ပုဒ်က ကျောင်းဖွင့်ဖွင့်ခြင်းမှာပဲ အတန်းပိုင်လုပ်သူက သူ့ကျူရှင်ဘယ်သူ တက်မှာလဲဆိုပြီး အတန်းထဲမှာ လက်ထောင်ခိုင်းပါသတဲ့။ ဒါဒီနှစ် ကျောင်းအဖွင့်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။ သက်ဆိုင်ရာ ၀န်ကြီးဌာနက အခကြေးငွေ မကောက်ခံရဆိုပြီး ပြောထားလို့ ကျောင်းအပ်ချိန်မှာ ပိုက်ဆံကောက်တာ အရင်ကလို မများပါဘူး။ ဒါပေမဲ့ အခုကျောင်းဖွင့်ထားတဲ့အခါ ကထိန်ကြေးဆိုပြီး နေ့စဉ် ၁၀၀ ကောက်ပါသတဲ့။ နောက်တစ်ခုက သန့်ရှင်းရေးကြေးဆိုပြီး ၁၀၀ ကောက်ပါသတဲ့။ သန့်ရှင်းရေးလုပ်ရတာကတော့ ကျောင်းသူ၊ ကျောင်းသားတွေ ကိုယ်တိုင်ပါပဲ။ ဘာအတွက် ၁၀၀ တောင်းသလဲ မသိတော့ပါဘူး။

နောက်တစ်မျိုးလဲ ကြားခဲ့ပါတယ်။ မန္တလေးမှာပါ။ ကျောင်းမှာ ဘုရားခန်းမှာ ကျောင်းသူ၊ ကျောင်းသားများက ဆွမ်းကပ်၊ မုန့်ကပ် လုပ်ရပါတယ်။ အတန်းလိုက် အလှည့်ကျ လုပ်ရာတယ်လို့ ယူဆပါတယ်။ ဒီမှာ အတန်းပိုင်များက မှာပါသတဲ့၊ မုန့်ဝယ်လာရင် Dumbo ကမုန့်မ၀ယ်နဲ့။ SP ကမုန့်ကို ၀ယ်ရမယ်လို့ ။

ဒီနှစ် ကျောင်းအပ်ချိန်မှာ ကျောင်းသုံစားအုပ်၊ ပြဌန်းစာအုပ်များကို ကျောင်းများက အခမဲ့ ပေးတယ် လို့ ကြားမိ ပါတယ်။ အခုမိဘတွေဆီက ကြားမိတာက အချိန်အကန့်အသတ်နဲ့ပဲ ပေးတာတဲ့။ နောက်ကျ အပ်တဲ့သူတွေ မရလိုက်ဘူးလို့ ဆိုပါတယ်။ လက်ခံမဲ့ ကျောင်းသားအရေအတွက်အတိုင်း ၀န်ကြီးဌာနက မပေးနိုင်ဘူးလား ဆိုတာကတော့ ပေးတဲ့သူတွေ ကိုယ်တိုင်မှ သိမှာပါပဲ။

ပညာရေးအဆင့်အတန်း မြင့်မားရေးကို ဆောင်ရွက်ဖို့ ပြောနေကြတာ ။ ဒီအဖြစ်အပျက်ကလေးတွေကိုလည်း ထည့်သွင်း စဉ်းစားစေခြင်ပါတယ်။ အခြားအခြားသော အကြောင်းအရာတွေ လည်း ရှိနိုင်မှာပါပဲ။ ကြားမိသမျှ ဝေမျှတာပါ။ မြန်မာပြည် ကြီးပွားတိုးတက်ဖို့၊ အနာဂတ်ခေါင်းဆောင်သစ်တွေ မွေးထုတ်ပေးရမဲ ကျောင်းတွေမှာ ဖြစ်ပျက်နေတာတွေက တိုင်းပြည်အနာဂတ်အတွက် ဘာပြောရမှန်းမသိတော့ပါဘူးခင်ဗျာ။

About mgwalone

has written 39 post in this Website..