အိမ်ဝေးညများ(၃)

အမေ …

ကျွန်တော့ဘဝရဲ့တမ်းမှုတွေဆိုတာ

အမေကိုလွမ်းတဲ့စိတ်က

ဖြစ်တည်ခဲ့တာပါ အမေ … ။

ကြင်နာမှုဆိုတာကို

နာကြင်မှုနဲ့ရောထွေးယူငင်ခဲ့ရတဲ့

မေတ္တာငတ်သားတစ်ယောက်

လူ့ဘဝက မပျောက်သေးပါဘူး အမေ .. ။

ခံစားခဲ့ရသမျှ

ကြေကွဲမှုဆိုတာ

ခွဲခွါခြင်းတံခါးဝမှာ

အစပြုခဲ့တာပါ အမေ … ။

ကိုငှက်ကြီးသီချင်းထဲကလို

အိမ်ပြန်ချင်တယ်  ကြုံးကြုံးအော်ရင်း

အလင်းမဲ့နေ့တွေ

အမှောင်တွေကိုကြောက်လှပြီ အမေ .. ။     ။