ကိုယ့်ဆိုတာ မိမိကို နာမ်စားအဖြစ်သုံးတာပါ ။ တာဆိုတာအပိုင်းအခြား တစ်ခုပါ စာနည်း ပြောရရင်မိမိနှင့်သူတစ်ပါးကြားက အတားအဆီးတစ်ခု (သို့မဟုတ်) စည်း တစ်ခုပါ – ဥပမာ ဆိုရရင် မြစ်ရေတွေကုန်းပေါ်လျှံတက်မလာအောင်ရေကာတာကြီးက စည်းခြားထားခြင်းပဲ ဖြစ်ပါတယ် ။ ဝန်ဆိုတာကတော့ အလေးအပင်တစ်ခု(သို့)အထုပ်အပိုးတစ်ခု(သို့) အားတစ်ခုခုနဲ့ မ ရမည့် ပစ္စည်း လို့ ဆိုချင်ပါတယ် ။

ဒီတော့ကာ ကိုယ့်တာဝန် ဆိုခြင်းဟာ သူများဘက်ကို မကျော်သွားပဲ ကိုယ့်ဘက်ကထမ်းဆောင်ရမယ့် အလုပ်လို့ဆိုလိုပါတယ် ။ ဒါဆို .. သူများကကိုယ့်ဘက်ကျော်ဝင်လာရင်ကော ……..

.. ပုံပြင်လေးတစ်ခုပါ ..
တစ်ခါတုန်းက ရွာတစ်ရွာမှာ လယ်သမားကြီး တစ်ယောက်ရှိလေရဲ့ .. သူ့မှာ တုတ်ပေါ ဆိုတဲ့ခွေးဆိုးကြီး တစ်ကောင်ရယ် ဂျက်ကီ ဆိုတဲ့ မြင်းသိုးကြီး တစ်ကောင်ရယ် လည်းရှိကြတယ် ။

ခွေးဆိုးကြီး တုတ်ပေါ ကသခင့်ခြံကို လူဆိုးသူခိုးမဝင်နိုင်အောင် ကာကွယ်ပေးလို့ လယ်သမားကြီးခမျာ သူပိုင်တဲ့ ပစ္စည်းဥစ္စာများကိုသူခိုးရန်အတွက် စိုးရိမ်ကြောင့်ကြစရာ မလိုသလို .. မြင်းသိုးကြီး ဂျက်ကီ ကလည်းသခင့်အလိုကြ သွားလိုရာပို့ဆောင်ပေးဖို့ တာဝန်ကျေ ပါတယ်။

အဲ.. တစ်နေ့မှာတော့ အိပ်ပျက်များတဲ့ တုတ်ပေါ ဟာအိပ်မောကျ နေပါလေရော.. ဒီအဖြစ်ကိုကြည့်ပြီးတော့ ဂျက်ကီ စိတ်မကောင်းဘူး .. တုတ်ပေါ တော့ တာဝန်ပျက်ကွက်နေပြီ ငါကူပြီး သတိနဲ့နေမှတော်ရော့မယ် –

သူခိုးဆိုတဲ့သူမျိုးကအလစ်ချောင်းနေတာကိုး သတိတစ်ချက်လွတ်တာနဲ့ အခွင့်အလမ်းကို အသုံးချပြီးသား ..
လယ်သမားကြီးအိမ်ကို သူခိုး ကပ်ပါလေရော.. တုတ်ပေါ ခင်မျာ ဘာမှ မသိရှာ ဂျက်ကီ ကတော့သူခိုးဝင်တာ သခင်သိအောင်အကြံဥာဏ်ထုတ်နေလေရဲ့ သူသာဒီ အဖြစ်အပျက်ကို ဖော်ထုတ်နိုင်ရင် မိမိတာဝန်သာမက သူတစ်ပါးတာဝန်ကိုပါ ကျေပွန်သူအဖြစ်သခင့်ဆုလာဘ်ကို ရလိမ့်ရဲ့ဆိုပြီး ..

ဒါနဲ့ မဆိုးမတွ ခွါခုတ်သံ ပေးလိုက်တော့ သူခိုးက အသာလေးငြိမ်နေတုန်း လယ်သမားကြီး ဆင်းလာတော့တာပေါ့ ဂျက်ကီ တော့ညကြီးမင်းကြီး ဗိုက်ဆာပြီ အထင်နဲ့ အစာခွက်ထဲ အစာထည့်ကာ ပြန်အိပ်တော့တယ် ..
လယ်သမားကြီး အိပ်တော့ သူခိုးပြန်ကပ်တာပေါ့ ဒါနဲ့ ဒုတိယ အကြိမ် ဂျက်ကီ ရဲ့ ခွါခုတ်သံကြောင့် လယ်သမားကြီး နိုးလာပြန်ပါတယ် ၊ အစာခွက်ထဲမှာ အစာက အပြည့် ။ ရေများဆာ လို့လား အထင်နဲ့ ရေဖြည့်ကာ ပြန်အိပ်ပြန်တယ် ..
သူခိုးက လှုပ်ရှားပြန်တယ် .. တတိယ အကြိမ် ဂျက်ကီ ရဲ့ ခွါခုတ်သံမှာ လယ်သမားကြီး နိုးလာပြန်တယ်.. မြင်းဇောင်းထဲမှာ အစာကအပြည့် ရေအပြည့်ရှိပါလျှက်နဲ့ခွါခုတ် နေတဲ့ ဂျက်ကီ ကိုစိတ်မထိန်းနိုင်ပဲ အနားရှိတဲ့ ဝါးရင်းတုတ် နဲ့ကျောပေါ်သုံး၊လေး ၊ ချက်လောက် ဆုလာဘ် တွေပေးတော့တာပေါ့ ..

ပုံပြင်လေး ကတော့ဒါပါပဲ ကိုယ့်အလုပ်မဟုတ်ဘဲ သူများအလုပ်ကိုဝင်လုပ်ရင် ဝါးရင်းတုတ်နဲ့ အရိုက်ခံရတတ်တယ် ဆိုတာပါပဲ …

ကျေးဇူးတင်ပါတယ်..
ယောဆရာကြီး

About ယောဆရာကြီး

has written 6 post in this Website..