ကမ္ဘာနဲ့အဝှမ်း Gtalk သုုံးမရ ……

ဒီနေ့ မြန်မာစံတော်ချိန်ညနေ ၅ နာရီ ၁ဝ မိနစ်လောက်ကနေစပြီး Gtalk ကိုု သုုံးမရတော့တာပါ။ ကိုုယ့်ရဲ့ Gtalk account မှာတော့ online ရှိနေပြီး ကိုုယ့်ရဲ့ သူငယ်ချင်းတွေအားလုုံးကိုု offline အနေနဲ့ပဲ မြင်ရပါတော့တယ်။ Offline message လည်း ပိုု့လိုု့ မရတော့ပါဘူး။

ဒါ့အပြင် Gmail, Google + စတာတွေကနေ ဝင်လိုု့ရတဲ့ Chat function တွေအားလုုံးပါ ပြတ်နေတာ ဖြစ်ပါတယ်။

ဒီလိုုပြတ်တောက်မှုတွေဟာ အိန္ဒိယ၊ မြန်မာ၊ ထိုုင်း၊ UAE နဲ့ အင်္ဂလန်အပါအဝင် နိုုင်ငံတော်တော်များများမှာ ဖြစ်နေတာပါ။ တချို့နိုုင်ငံတွေမှာတော့ ဒီနေ့မနက်ခင်းကတည်းက Google က ပေးထားတဲ့ ဝန်ဆောင်မှုတွေ၊ အထူးသဖြင့် Gtalk နဲ့ GmailChat တွေဟာ အလုုပ်ကောင်းကောင်းမလုုပ်ဘူးလိုု့ ဆိုုကြပါတယ်။

Google ကတော့ သူ့ရဲ့ App Status စာမျက်နှာမှာ Gtalk ပြတ်ရတာကိုု သူတိုု့ သတိပြုမိကြောင်း၊ ပြဿနာအဖြေရှာပြီး အဆင်ပြေဖိုု့ ကြိုးစားနေကြောင်း၊ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုုလည်း ထုုတ်ပြန်သွားပေးမယ်လိုု့ ရေးသားထားပါတယ်။
From ~ IT,News,နည်းပညာ,သတင်း

About chityimhtoo

has written 77 post in this Website..