GTalk ဂျီတော ပြဿနာဖြစ်နေပါသဖြင့် ကမ္ဘာတစ်လွှား ဂျီတော online အဖြစ်မမြင်ရဘဲ အားလုံး off-line အနေဖြင့်သာ မြင်နေရကြောင်း အသိပေးပြောကြား။

chityimhtooJuly 26, 20121min1648

ကမ္ဘာနဲ့အဝှမ်း Gtalk သုုံးမရ ……

ဒီနေ့ မြန်မာစံတော်ချိန်ညနေ ၅ နာရီ ၁ဝ မိနစ်လောက်ကနေစပြီး Gtalk ကိုု သုုံးမရတော့တာပါ။ ကိုုယ့်ရဲ့ Gtalk account မှာတော့ online ရှိနေပြီး ကိုုယ့်ရဲ့ သူငယ်ချင်းတွေအားလုုံးကိုု offline အနေနဲ့ပဲ မြင်ရပါတော့တယ်။ Offline message လည်း ပိုု့လိုု့ မရတော့ပါဘူး။

ဒါ့အပြင် Gmail, Google + စတာတွေကနေ ဝင်လိုု့ရတဲ့ Chat function တွေအားလုုံးပါ ပြတ်နေတာ ဖြစ်ပါတယ်။

ဒီလိုုပြတ်တောက်မှုတွေဟာ အိန္ဒိယ၊ မြန်မာ၊ ထိုုင်း၊ UAE နဲ့ အင်္ဂလန်အပါအဝင် နိုုင်ငံတော်တော်များများမှာ ဖြစ်နေတာပါ။ တချို့နိုုင်ငံတွေမှာတော့ ဒီနေ့မနက်ခင်းကတည်းက Google က ပေးထားတဲ့ ဝန်ဆောင်မှုတွေ၊ အထူးသဖြင့် Gtalk နဲ့ GmailChat တွေဟာ အလုုပ်ကောင်းကောင်းမလုုပ်ဘူးလိုု့ ဆိုုကြပါတယ်။

Google ကတော့ သူ့ရဲ့ App Status စာမျက်နှာမှာ Gtalk ပြတ်ရတာကိုု သူတိုု့ သတိပြုမိကြောင်း၊ ပြဿနာအဖြေရှာပြီး အဆင်ပြေဖိုု့ ကြိုးစားနေကြောင်း၊ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုုလည်း ထုုတ်ပြန်သွားပေးမယ်လိုု့ ရေးသားထားပါတယ်။
From ~ IT,News,နည်းပညာ,သတင်း

8 comments

  • chityimhtoo

    July 26, 2012 at 9:39 pm

    အင်းဒီနေ့ဂျီတော့တွေလူမရှိတော့လို့လိုင်းကျတယ်ထင်ပြီး modem Router တွေကို restart ချနေတာ။
    ခုမှဘဲအဖြေပေါ်တယ်။

  • မောင်ပေ

    July 26, 2012 at 9:45 pm

    ဟုတ်ပဗျာ
    ဂျီမေးလ်ထဲကနေ ချက်ရင်တော့
    လိုင်းပေါ်ရောက်နေတဲ့လူ
    အားလုံးမြင်ရတယ်

    • Davit

      July 27, 2012 at 10:25 am

      တို့ကတော့….ကိုဇာဂနာပြောသလို “မီးဖို” မှာပဲချက်တော့မယ်….. 🙂

  • pan pan chit

    July 26, 2012 at 10:33 pm

    ရုံးမှာလည်း လိုင်းကျကျနေလို့ဒုက္ခရောက်နေတာ
    ဖုန်းထဲကနေဝင်အုံးမှဆိုပီး ဖုန်းကနေဖွင့်တော့လည်း ဘာမှမထူးဘူး
    လိုင်းကြောင်နေတယ်ပဲထင်တာ
    ဒီကကွန်နက်ရှင်နဲ့ဆိုတော့လေ
    အဲ့လာ ရီလုပ်ပဲခဏခဏပြန်လုပ်နေတာ
    ခုမှသိတော့တယ်
    ဒါ့ကြောင့်ကိုးးးးး 🙄

  • ကိုရင်မောင်

    July 27, 2012 at 12:49 am

    ဟုတ်ပ ကိုချစ်ရင်ထူးရေ ဒီမှာတော့ညနေ၆း၃ဝလောက်ကစပြီး…ဖောက်ပြန်နေတာ
    လိုင်းပေါ်တက်လိုက်ကျလိုက်ဖြစ်နေတာ တခါမှဒီလိုမဖြစ်ဖူးဘူး ….
    ထူးထူးခြားခြားကော်နက်ရှင်နှေးတာဘဲဆိုပြီးကွန်ပြူတာကိုပိတ်ထားလိုက်တယ်
    ဟေားတရေးနိုး၂းဝဝကျတော့ပြန်ကောင်းနေတာတွေ့ရတယ်….
    ကိုချစ်ယင်ထူးပြောမှသတိထားမိတယ်….
    ကျေးကျေးဘဲ…

  • etone

    July 27, 2012 at 9:34 am

    ကိုယ်တယောက်တည်းသုံးမရဘူးမှတ်လို့ အားလုံးဖြစ်နေတာ … အခုမှပဲ သိတော့တယ် …. ။

  • ကိုရင်မောင်

    July 27, 2012 at 10:33 am

    ခုမနက်11း00ပြန်ဖွင့်လို့မရပြန်ဘူး…..

Leave a Reply