“လမ်းပေါ်ကလူ”

…………………………………………………………………….

ကျွန်တော်စိတ်တွေဘာလို့အလိုမကျဖြစ်နေမှန်းမသိ ဘာအတွက်ကြောင့် ဖြစ်နေမှန်း လည်းမသိ၊ငွေမရှိလို့လား အထီးကျန်မှုလား၊ လူတွေရဲ့အရေးမစိုက်မှုလားမသိ၊ကိုယ့် ကိုကိုယ်အလိုမကျမှုတွေဖြစ်နေခဲ့သည်။

အိပ်ရာထပြီးမျက်နှာသစ်ကာအလိုလိုဒေါသတွေဝင်လာခဲ့မိပြီး ဘယ်သူ့ကိုဒေါသ ထွက်ရမှာလဲ၊ ဘာကိုအကြောင်းပြုရမှာလဲ ကျွန်တော်ကိုယ်ကျွန်တော် စိတ်ဝင်စားသွား  သည်။

ကျွန်တော်ထင်တယ် ဒါဟာအထီးကျန်မှုပဲဆိုတာ သူများတွေမှာ အဖော်တွေနဲ့ လေ ကျွန်တော်မှာဘယ်မှာလဲ ဘယ်သူ့ကို တိုင်တည်ရမှာလဲ ၊ဘယ်သူ့ကိုရင်ဖွင့်ရမှာ လဲ၊ ဘာအကြောင်းပြောရမှာလဲ ဘာတွေဖြစ်နေမှန်းမသိ တခါလည်းမဟုတ် ခဏခဏ ဖြစ်နေခဲ့သည်။ ဒီလိုဖြစ်တိုင်း စိတ်တွေဖြေဆည်ဖို့စာတွေရေးခဲ့သည်။ အချိန်တွေကုန် စေခဲ့သည်။ခုလည်းအချိ်န်တွေကုန်စေဖို့လ္ဘက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။ လ္ဘက်ရည် ဆိုင်က နီးလို့သာတော်ပေသည်။

ဆိုင်ထဲကိုထိုင်လိုက်ပြီဆိုတာနဲ့ “အကိုဘာသောက်မလဲ” စားပွဲထိုးညီလေးရဲ့ နှုတ်ဆက်သံ ဒါသူလုပ်နေကျအလုပ်ပင်ဖြစ်လိမ့်မည်။ ပုံမှန်လား၊ချိုစိမ့်လား၊ဆိုင်မှာရ တာတွေအကုန်ရွတ်ပြသည်။ ကျွန်တော်သိလိုက်ပြီ အချိန်တွေကုစားဖို့ဆိုတာ ဒါနဲ့ ကျွန်တော်သောက်နေကျ ချိုဆိမ့်တစ်ခွက်မှာလိုက်တယ်။သိပ်မကြာလိုက်ပါဘူး စားပွဲ ထိုးညီလေးက ချိုဆိမ့်တစ်ခွက်လာချတယ်။ ကျွန်တော်ချိုဆိမ့်လ္ဘက်ရည်တစ်ကျိုက် သောက်သည်။ ကျွန်တော်သောက်လိုက်တဲ့ ချိုဆိမ့်လ္ဘက်ရည်ကြောင့်လား ရှေ့မှာပြနေတဲ့ ဇာတ်ကားကြောင့်လားမသိ၊ခေတ္တခဏမေ့မျှောမိခဲ့သည်။ ဇာတ်ကား ကလည်းရယ်စရာဇာတ်ကြမ်း၊ မင်းသားက ကျွန်တော်ကြိုတ်နှစ်သက်သော “ဂျက်ကီ ချမ်း” မင်းသားအချိန်တွေဘယ်လောက်မျှောသွားလည်းမသိလိုက် နေတောင်မြင့် တက်လာပြီး။ ဇာတ်ရှိန်ကြောင့်ဖြစ်မယ်ထင်တယ် ခုနကဖြစ်ပေါ်လာတဲ့ စိတ်တွေပျောက် သွားခဲ့ပြီးမေ့မျှောပါသွားခဲ့တာပေါ့။ ဝင်လာလိုက်ထွက်သွားလိုက်နဲ့ လ္ဘက်ရည်ဆိုင်ထဲမှာ လူစည်ကားနေခဲ့သည်။ တချို့က စကားပြောရင်း အမျိုးမျိုးအဖုံဖုံတွေ့နေတဲ့ သူတွေတွေ့မြင်ရတော့ ငုတ်လျှိုးနေတဲ့ အထီးကျန်မှုမသိစိတ်က ပြန်ပေါ်လာခဲ့သည်။ ရှေ့မှာပြနေတဲ့ ဇာတ်ကားထဲမှာလဲ စိတ်မဝင်စားတော့ ချိုဆိမ့်လ္ဘက်ရည်လည်း မကယ်နိုင် ကျွန်တော်ဘယ်လိုလုပ်ရမလဲမသိ၊အချိန်တွေဘယ်လိုကုစားရမလဲ ဘာလုပ် ရမလဲ အတွေးပေါင်းစုံနေတဲ့ ကျွန်တော်ဘဝဘယ်လိုဖော်ပြရမှာလဲ အတွေးပေါင်းစုံနေ တဲ့ကျွန်တော်ဘဝဘယ်လိုဖော်ပြရမှာလဲ ကြာရင်ရူးသွားလိမ့်မယ်။ ဘယ်လိုမှဖြေ ဖျောက်လို့မရ ခုနေချိန်မှာ ကျွန်တော်ဖြစ်နေတဲ့ အကြောင်းအရာတွေ ပြောပြရမယ်ဆို ရင်ကုန်သွားမည်မထင်၊ ခက်တာကဘယ်သူ့ကိုပြောပြရမှာလဲ ဆိုင်ထဲမှာ လူတွေများ ပေမယ့် သိတဲ့သူတစ်ယောက်မှ မရှိထိုင်နေတာတစ်ယောက်ထဲ ငိုချင်လာသလိုလို ရယ်ချင်လာသလိုလို ဖြစ်လာပြီ  ဘယ်လိုလုပ်ရမလဲ ဖြတ်ခနဲ့အတွေးတစ်ခုခေါင်းထဲ ပေါ်လာခဲ့သည်။ အင်တာနက်။ဟုတ်တယ်။ ငါအွန်လိုင်းသွားရမယ်။ အွန်လိုင်းမှာ ချက်တင်ထိုင်ရင်း အချိန်တွေကုစားရမယ်။ ဒါနဲ့ ကျွန်တော်အင်တာနက်ဆိုင်ကို ထွက်လာခဲ့သည်။ ရောက်ပါပြီတဲ့ အင်တာနက်ဆိုင်။ ကျွန်တော်ရဲ့ G-talk လည်းပွင့်လာပြီ ပေါများတဲ့ သူငယ်ချင်းတွေဝမ်းသာစရာပေါ့။ ဘယ်သူ့ကိုချက်ရမလဲ ….. ကဲတွေ့ပါပြီ။

ကောင်မလေးတစ်ယောက် ကျွန်တော်စပြီး နှုတ်ဆက်လိုက်သည်။ “ဟိုင်း —– နေကောင်းလား—-သူငယ်ချင်း—– ရောက်သွားပြီ ကျွန်တော်ရဲ့ စာသားတွေသူဘက် ကတော်တော်နဲ့ပေါ်မလာ။ မအားလို့လားမသိ။ ဟော— ပေါ်လာပြီ—-“ဟိုင်း—- သူငယ်ချင်း—-ကောင်းပါတယ်။ ယူရော—-တဲ့။ ကျွန်တော်လည်းပြန်ပြောလိုက်ပါ တယ်။

အင်း— ကောင်းပါတယ်။ ဒါနဲ့ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြတယ်။ သူ့နာမည်က … “ဆောင်း” တဲ့။ နေတာက ရန်ကုန်၊ အသက်(20)တဲ့။ ကျွန်တော်ထက်ငယ်တယ်လို့ ပြောလိုက်တယ်။ သူငယ်ချင်းလည်း ပြန်မိတ်ဆက်ပေးလေလို့ သူကပြောတယ်။ ဒါနဲ့ ကျွန်တော်လည်းနာမည်— “လွမ်း”….လို့ နာမည်တစ်လုံးထဲပြောပြလိုက်တယ်။ ဘာလို့လဲဆိုတော့ သူကလည်း တစ်လုံးထဲလေ နေတာကတော့ မန္တလေး၊ အသက်က(22)လို့ပြောပြလိုက်တယ်။ အဲဒီနေ့က ကျွန်တော်တို့နှစ်ယောက်စကားတွေ ပြေဖြစ်ကြပြီး အချိန်တွေကုန်စေ ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ပျော်ပါတယ်။ ကျွန်တော်ရဲ့ အထီးကျန်မှု စိတ်တွေကို ကုစားနိုင်ခဲ့တယ်လေ။ စိတ်ဆိုတာ အရမ်းဆန်းကြယ်တယ်လို့ ကျွန်တော်တို့ရဲ့ ကိုးကွယ်ရာ မြတ်ဗုဒ္ဓဟောကြားခဲ့တာကို ပြန်ပြီးသတိရမိတယ်။ အထီးကျန်မှု စိတ်ကလေး ပျောက်ကွယ်သွားပြီး မမြင်ရတဲ့ အမျှင်တန်းလေးက အစားထိုးဝင်လာခဲ့တယ်လေ။

အဲ့ဒါကို “သံယောဇဉ်” လို့ခေါ်ကြတယ်တဲ့။ ကျွန်တော်ကတော့ ပျော်ရွှင်မိတာလေးကို တွေးမိပြီး ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမယ့် ပျော်ရွှင်မှုနဲ့ ဒွန်တွဲပါလာခဲ့သောအရာ တစ်ခုကို ကျွန်တော်သတိမထားမိခဲ့ဘူး။ အဲ့ဒါက လွမ်းဆွေးခြင်းပဲလေ။ ဘယ်ချိန်က ဘယ်လိုု ဝင်လာခဲ့မှန်းမသိလိုက်။ ကျွန်တော်ထင်မိတာကတော့ ကျွန်တော်နှလုံးသားက “ဆောင်း”  ကို နှစ်သက်မိတဲ့အချိန်က တင်တာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် အင်တာနက်ဆိုင်ကို အမြဲလိုလိုသွားနေမိလို့ပါပဲ။ ကျွန်တော်တို့ နှစ်ယောက်အမြဲလိုလို ချိန်းပြီး အွန်လိုင်းတက်ခဲ့တာချည်းပါပဲ။

တနေ့တနေ့ကျွန်တော်ရဲ့စိတ်တွေက  အင်တာနက်ဆိုင်ဆီပဲ ရောက်နေမိပြီ။ စာကျက် ချင်စိတ်လည်းမရှိ၊ ဟိုဟိုဒီဒီလျှောက်သွားချင်စိတ်လည်းမရှိ အင်တာနက်ဆိုင်ချည်းပဲ ရောက်နေတက်သည်။ နေ့စဉ်နှင့်အမျှဆိုသလို ရောက်နေတော့ ကျွန်တော်ကိုတောင် အင်တာနက်ဆိုင်က အမတောင် မှတ်မိနေပြီ။ တခါကဆို ကျွန်တော်ဒုက္ခရောက်လိုက်ပုံ များ ကျွန်တော် အင်တာနက်ဆိုင်ရောက်သွားတော့ လိုင်းကမကောင်းဘူးလေ။ ကျွန်တော် တို့နှစ်ယောက်ချိန်းထားတဲ့အချိန်က ရောက်နေပြီ။ ကျွန်တော် ဒေါသဖြစ် လိုက်ပုံများ ပတ်ဝန်းကျင်ကိုတောင် သတိမထားမိဘူး။ စိတ်တွေလွတ်သွားလိုက်တာ ဘာတွေဖြစ်ကုန်တာလည်းမသိတော့။ ဆိုင်ကအမခေါ်လိုက်မှ သတိရမိတယ်။  “မောင်လေး…. ဘာတွေဖြစ်နေတာလဲ” တဲ့ အမ မေးနေတာကြာပြီလို့ပြောတယ်။

“မောင်လေး ကြည့်ရတာတစ်ခုခုဖြစ်နေတာကြနေတာပဲ” တဲ့ ကျွန်တော်ဘာမှမဖြစ်ပါ ဘူး အမ လိုင်းကျနေလို့ ဒေါသဖြစ်နေတာလို့ ပြန်ပြောလိုက်ရတယ်။ဒါတင်မက သေးဘူး အဲ့ဒီဆိုင်က လိုင်းကျနေတော့ တခြားဆိုင်ဆီကိုပြေးသွားလိုက်တာ လမ်းမှာ ကားတွေ၊ဆိုင်ကယ်တွေမောင်းနေတာသိနေပါလျှက်နဲ့ ကူးမိတာ ကားပေါ်က ၊ဆိုင် ကယ်ပေါ်က မေတ္တာပို့သံတွေ ကြားလိုက်မှ သတိဝင်မိတာတွေဖြစ်နေပုံများ ကျွန်တော် ကိုယ်ကျွန်တော် ဘယ်လိုမှ မထင်ထားမိဘူလေ။ ဆိုင်ရောက်တော့မှ တော်ပါသေးရဲ့ ကျွန်တော်ဆိုင်ပြောင်းလိုက်တာမှန်သွားတယ်လေ။

လိုင်းကဖွင့်လျှင်ဖွင့်ခြင်း ပွင့်တယ်လေ။ ဒါပေမဲ့ ကျွန်တော် ညီမလေးကတော့ စိတ်ကောက် နေလေရဲ့။ ကျွန်တော်မလာဘူးထင်ပြီး ကျွန်တော်ဆီစာပို့ပြီးပြန်တော့ မလို့တဲ့။ ကျွန်တော် ဒုက္ခတွေ သူမသိဘူးလေ၊ကျွန်တော်ရဲ့ စိတ်တွေဘယ်လိုဖြစ်နေ တယ်ဆိုတာပြောပြလိုက်ချင်ပါရဲ့။

အဲ့ဒီနေ့က ကျွန်တော်ကံမကောင်းခဲ့ဘူးလေ ပြန်လာတဲ့အထိချော့လို့မရခဲ့။ ကျွန်တော်အဲ့အချိန်ကစပြီး သံယောဇဉ်ဆိုတဲ့ ကြိုးမျှင်လေးရဲ့  ဆွဲရာကိုကောက် ကောက်ပါအောင် လိုက်ခဲ့မိတာမသိခဲ့ပေ။ အထီးကျန်မှုဆိုတဲ့စိတ်ကလေးကို ကုစားဖို့ဆိုပြီး အွန်လိုင်းတက်ခဲ့တဲ့ ကျွန်တော်စိတ်ရဲ့ လှည့်စားမှုကိုယုံကြည်ပြီး သာယာခဲ့မိသည် ။ ပူလောင်မှုတွေကို အေးမြခြင်းပဲလို့ထင်မှတ်ပြီ မေ့မျှောမိခဲ့သည်။

ကိုယ့်ကိုဘယ်လိုအခြေအနေရောက်နေတယ်ဆိုတာ ကိုတောင်မသိရှိခဲ့တော့ပေ။အင် တာနက်ဆိုင်ကပြန်တိုင်း လွမ်းဆွေးမှုအထီးကျန်မှု ပျော်ရွှင်မှုစတာတွေ ခံစားနေရတာ ကို အရာသာတစ်ခုလို့မှတ်ထင်တဲ့အထိ ဖြစ်လာခဲ့ရသည်။ ကိုယ့်ကိုလမ်းပေါ်ရောက် နေတယ်ဆိုတာကိုတော့ သတိမထားမိခဲ့ပါဘူး။ ကျွန်တော်ရဲ့ အပေါင်းအဖော်တွေက “မင်း ….လမ်းပေါ်ကလူဖြစ်နေပြီ” လို့ပြောကြတယ်။

တနေ့တနေ့ အင်တာနက်ဆိုင်ချည်းပဲသွားနေတာ စာလေးဘာလေးကျက်အုံးလို့ ပြောတာတောင် မင်းတို့ပိုက်ဆံနဲ့သုံးတာမှမဟုတ်တာ ဘာမှလာမပြောနဲ့ ပြောစရာ မလိုဘူးလို့ပြောခဲ့တယ်။ တကယ်တော့ကျွန်တော် အဲ့ဒီအချိန်ကသိသင့်တာလေ။   ကိုယ့်ကို လမ်းပေါ်ရောက်တယ်ဆိုတာ နားလည်သင့်တယ်။ ဒါပေမဲံ နားမဝင်ခဲံဘူးလေ။ ကျွန်တော်မှာ ဆွဲငင်ထားတဲ့ သံယောက်ဇဉ်အမျှင်တန်းလေးရှိနေသေးတာကိုး သံယော ဇဉ်အမျှင်အတန်းလေးနဲ့ အဆင်ပြေနေတာကို ဘယ်လိုလုပ်နားဝင်မှာလဲ “အရက်စွဲနေတဲ့သူကို သူရာမေရယသိက္ခာပုဒ် စောင့်ခိုင်းသလိုဖြစ်နေခဲ့တာကိုး” ဘယ်လိုလုပ်စောင့်နိုင်မှာတုန်း သူ့မှာရသတဏှာကိုစွဲမက်တဲ့ အရက်ရှိနေတယ်လေ။ ပြောသင့်တဲ့ စကားအတော်မှန်လိုက်လေ။ ဒီလိုနဲ့ မနက်ကထွက်နေ့လယ်မျပြန်လာ နေ့လည်ကထွက် ညမှပြန်လာတခါတလေနေ့လုံးလိုလိုဖြစ်နေခဲ့တယ်။ ထမင်းစား ရမည့်အချိန်၊ စာကျက်ရမည့်အချိန်အောက်ထစ်ဆုံး အပေ့ါအပါးသွားချင်တာတောင် ထမသွားပဲ အောင့်ထားမိတာတွေဖြစ်လာခဲ့တယ်။ အစားမမှန်၊ အအိပ်မမှန် ကျောင်းကခဏခဏလစ်၊ အချိန်ပြည့်အင်တာနက်ဆိုင် ညအချိန်မတော်မှ ပြန်လာ ကျွန်တော်ကိုကျွန်တော် “လမ်းပေါ်ကလူ” လုံးလုံးဖြစ်သွားခဲ့ပြီ။ အချိန်ကတရွေ့ရွေ့နှင့် ပြောင်းလဲလာသည်နှင့်အမျှ ကျွန်တော်တို့နှစ်ယောက်ရဲ့ သံယောဇဉ်အမျှင်အတန်လေး လည်းတစတစထိပါးလာခဲ့သည်။ တနေ့တနေ့ စကားတွေကထပ်နေသလိုပဲ ခံစားရ သည်။ တနေ့လာလည်းဒီစကား၊ သူ့အကြောင်းပြောလိုက် ကိုယ့်အကြောင်းပြောလိုက် သူ့ပြောရင်နားထောင်လိုက် ကို်ယ်ကပြောလိုက်နဲ့ ငြီးငွေ့သလိုခံစားမိလာသည်။ ဒါနဲ့ပဲ သံယောက်ဇဉ် အမျှင်အတန်းလေးထိပါးလာခဲ့တာက တစ်ကြောင်းအပေါင်းအဖော် တွေက ပြောလာခဲ့သည်ကတစ်ကြောင်း “ငါ သူတို့ပြောသလို လမ်းပေါ်ကလူဖြစ်နေပြီ လား “ ဆိုတဲ့အတွေးတွေ တွေးတက်လာခဲ့ပြီးပေါ့။

ကျွန်တော်ဘဝကိုနားလည်သင့်ပြီလို့ ထင်မိတဲ့အတွေးကို အကောင်အထည်ဖော်ဖို့ အကြောင်းဖန်လာခဲ့ပြီလေ။

အဲ့ဒီနေ့ကတော့…. ကျွန်တော်တို့နှစ်ယောက်လမ်းခွဲလိုက်တဲ့နေ့ဖြစ်နေလို့ပါပဲ။ အကြောင်းအရာရယ်လို့ မည်မည်ရရမပြနိုင်ပေမဲ့ ဘာအကြောင်းအရာလည်းမသိ၊ သိတာကတော့ ကျွန်တော်တို့ရဲ့ ချိန်းချက်မှုဇာတ်လမ်းလေးအဆုံးသတ်သွားရတာပဲ။ ဒါပေမဲ့ ကျွန်တော်စိတ်ထဲမှာ အရင်ကလို မူးမူးရူးရူးမဖြစ်ခဲ့ပါ။ ဘာကြောင့်လဲလို့ တော့မသိဘူး။ ကျွန်တော်ထင်တယ် ကျွန်တော်မသိစိတ်က အရင်ကတည်းကဖြတ်ခဲ့ မိသွားပြီဆိုတာပါပဲ။

ဒါနဲ့ အသက်မပါတဲ့ခြေလှမ်းတွေနဲ့ အဆောင်ကိုပြန်ခဲ့တယ်။ အဆောင်ရောက်လျှင် ရောက်ခြင်းပဲ သူငယ်ချင်းက ကျွန်တော်အတွက် စာတစ်ဆောင်ရောက်နေတယ်လို့ ပြောပြီးစာအိပ်လေးကိုလာပေးတယ်။ ကျွန်တော်အတွက်ဆိုသော စာအိပ်လေးကိုဖွင့်မိ တဲ့ခဏချင်းမှာပဲ “ သားရေ…..အမေစာရေးလိုက်ပါတယ်”

သားလေးကျန်းမာရေးကောင်းရဲ့လား၊ ကျန်းမာရေးဂရုစိုက်ပါသားရယ်။ အမေလည်း ကျန်းမာရေးကောင်းပါတယ်ကွယ်။ စာတွေရောလိုက်နိုင်ရဲ့လား စားကြိုးစားပါသားရယ် အမေတို့ရဲ့ မျှော်လင့်ချက်က သားဆီမှာပဲနော်။ သားအမေတို့ရဲ့ ပန်းတိုင်၊အမေတို့ရဲ့ မျှော်လင့်ချက်ပဲ။ အမေတို့ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာမမောပါဘူး။ ဘာလို့လဲ ဆိုတော့ အမေ့သားလေးဘွဲ့ရပညာတက်ကြီး ဖြစ်တော့မှာဆိုတဲ့ ဝမ်းသာပီတိက ဖုံးလွမ်းနေလို့ပါပဲ။အမေမောခံသမျှတွေကို “အမေ့သားလေး ဘွဲ့ရပညတက် တစ် ယောက်ဖြစ်ပြီ” ဆိုတဲ့ ပီတိနဲ့ ချေဖျက်ခဲ့တယ်။သားရေ—– အပြင်ကိုသိပ်မသွားနဲ့ နော်။ အပြင်ထက်ပါများရင်”လမ်းပေါ်ကိုရောက်သွားလိမ့်မယ်” အမေ့သားလေး လမ်းဘေးရောက်သွားမှာ အမေစိုးရိမ်တယ်။ ပိုက်ဆံရော ရှိသေးလား လိုရင်လည်း ပြောနော်။ အမေပို့လိုက်ပါ့မယ်။ အမေ့သားလေးဘွဲ့ရပြီဆိုတဲ့ ဂုဏ်ပုဒ်ကို အမေကြား ချင်လှပါပြီ သားရယ်။ သားလေးစာကြိုးစားပါနော်။ အမေတို့အတွက် ဘာမှမပူပါနဲ့ ။ အားလုံးအဆင်ပြေပါတယ်။ သားလေးသာ ဘွဲ့ရပညာတက်ဖြစ်အောင် ကြိုးစားပါနော်။ အမေ့သားလေးပြန်လာတဲ့အခါ သားလေးကြိုတ်တက်တဲ့ ဟင်းကိုချက်ကျွေးမယ်နော်။ အော်… သားလေး ရည်းစားတွေ၊ချစ်သူတွေမထားနဲ့အုံးနော်။ စာကိုကြိုးစားနေချိန်မှာ အမေစိုးရိမ်မိလို့ပါ။စိတ်တွေလေနေရင် သားလေးရဲ့ ပညာရေးနှောင့်နှေးသွားမှာ သားလေး။ သားလေးဘွဲ့ရတဲ့အခါ မိဘတို့ဝတ္တရားအတိုင်း ဖြစ်စေရပါမယ့် သားလေး ရယ်။ စာတွေကလဲ များပြီ။ အမေမှာချင်တာကတော့ “ကျန်းမာရေးကို ဂရုစိုက်ပြီး  လမ်းပေါ်ကလူ မဖြစ်အောင်ကြိုးစားပါသားလေးရယ်” ဒါပဲနော် သားလေး အမေ့ သားလေးကျန်းမာပါစေ ၊ဘွဲ့ရပညာတက်ကြီးဖြစ်ပါစေ။

ချစ်လှစွာဖြင့်

ရွာကအမေ…။

ကျွန်တော်ဘယ်လိုပြောရမှာလဲ၊ ဘာလုပ်ရမှာလဲ အရာရာအားလုံးနောက်ကျခဲ့ပြီ၊ အသိနောက်ကျခဲ့ပြီလေ။

ဘယ်လိုမှ ဖြေဆည်လို့မရခဲ့ပေ၊လိမ့်တက်လာတဲ့ မျက်ရည်စတွေက ဖြူဖွေးတဲ့ စာရွက်ပေါ်လိမ့်ဆင်းသွားခဲ့ပြီလေ။ကျွန်တော်ငိုရုံမှလွဲပြီး ဘာတက်နိုင်အုံးမှာလဲ။ နောက် (၅)ရက်လောက်ဆို စာမေးပွဲဖြေရတော့မှာလေ။ ကျွန်တော်ဟာ “အမေတို့ရဲ့ပန်းတိုင် အမေတို့ရဲ့မျှော်လင့်ချက်” တဲ့ အမေပင်ပန်းခဲ့တာတွေ “ အမေသားလေး ဘွဲ့ရပညာ တက်တစ်ယောက်” ဆိုတဲ့စကားပီတိနဲ့ ချေဖျက်ပစ်လိုက်ပြီတဲ့ “ သားလေးအပြင်သိပ် မသွားနဲ့တဲ့” ကျွန်တော်ဘာပြန်ပြောရမှာလဲ၊ ဘယ်လိုပြောရမှာလဲ အမေ သားမှားမှန်း သိပါပြီ အမေ၊ သားမှားခဲ့ပြီအမေ။

သားကိုလာရိုက်လှည့်ပါအမေ။ သားဟာအမေတို့ရဲ့ပန်းတိုင်၊ အမေတို့ရဲ့မျှော်လင့် ချက်တွေ ဖျက်ဆီးခဲ့တဲ့ လူမိုက်ပါအမေ…..။ အမေ့သားလေး လမ်းပေါ်ကလူဖြစ်မှာ စိုးရိမ်လို့တဲ့ “ အမေ မစိုးရိမ်နဲ့လို့ ပြောလိုက်ရမှာလား။ အမေ့ရဲ့စာတွေက သားလေးရဲ့ လုပ်ရက်တွေကိုသိလို့တမင်တကာ ရေးလိုက်တာလားအမေ…။

အရာအားလုံးက အမေပြောသမျှနဲ့ ဗျောင်းပြန်ဖြစ်နေခဲ့ပြီ။ သား “နားလည်ပါပြီ” အမေ။ ဒါပေမယ့်…. အမေဖြစ်ချင်သလို ဒီနှစ်တော့မဖြစ်တော့တာ သားကိုခွင့်လွှတ်ပေးပါ။ ကျွန်တော်စိတ်တွေဆောက်တည်ရာမရ ဖြစ်နေခဲ့ပြီလေ။

အပေါင်းအဖော်အားလုံးက ကျွန်တော်ရဲ့အဖြစ်တွေအားလုံး မသိပေမဲ့ ထိုက်သင့်သ လောက်သိတော့ နားလည်ပေးခဲ့ပါတယ်။ “နောက်မဖြစ်အောင် ကြိုးစားပေါ့ကွာ၊ မင်း ကိုအရင်က ငါတို့ပြောခဲ့တာ နားမှမထောင်ဘဲကိုး “ ဖြစ်ပြီးတာပြီးပါစေတော့ကွာ။ နောက်(၅)ရက် ကျန်ပါသေးတယ်။ အဲ့ဒီ(၅)ရက်ကြိုးစားပေါ့။ “ငါတို့လဲကူညီပါ့မယ်။” အားပေးမှုတွေအတိုင်းသားကြားနေရပေမဲ့ ကျွန်တော်ဘယ်လိုလုပ် ကျက်နိုင်မှာလဲ ဒဏ်ရာဒဏ်ချက်တွေက အများသားနဲ့ ကျွန်တော်ရဲ့ ခေါင်းထဲကနေ အမေရဲ့ စကားတွေက နေရာယူနေခဲ့တာလေ။ ဒီလိုနဲ့ ကျွန်တော်ဟာ အတွေးပေါင်းများစွာနဲ့ အိပ်စက်ခဲ့ရတယ်။ နောက်ရက်တွေမှာတော့ ခေါင်းတွေကိုက်ပြီး စိ်တ်မအီမသာဖြစ်နေ ခဲ့သည်။အရင်ရက်လောက်ကလောက်တော့ မဆိုးတော့ပေ။ အချိန်ကကုစားသွားခဲ့တာ လို့ပြောရမှာပဲ။ ကျွန်တော်တို့ စာမေးပွဲဖြေတဲ့နေ့ရောက်ခဲ့ပြီလေ မေးထားတဲ့ မေးခွန်း တွေက သိသလိုမသိသလိုနဲ့ ဘာကိုမှ တိတိကျကျမရခဲ့။ ဒီလိုနဲ့ပဲတစ်နှစ်ကုန်ဆုံးခဲ့ သည်။ တစ်နှစ်တာရဲ့ ရလာဒ်တစ်ခုကနောက်ဆုံးမှာတော့ ကျွန်တော်အမေစိုးရိမ်တဲ့ “ လမ်းပေါ်ကလူ” ဖြစ်ခဲ့တာကလွဲပြီး ဘာမှမရလိုက်ပေ။ ရည်မှန်းချက်ပန်းတိုင်နှင့်လွဲကာ နောက်တစ်နှစ်ဆိုတဲ့ အချိန်တစ်ခုကို စောင့်ခဲ့ရတာပေါ့။ စာမေးပွဲပြီးဆုံးလို့ကျောင်း လည်းပိတ်ပြီ ကိုယ်စီကိုယ်စီကိုယ့်ရပ်ကိုယ့်ဌာနီဆီသို့ ပြန်ဖို့လုပ်နေကြတာ ရွာက မိဘရဲ့ပုံရိပ်လေးတွေခံစားရင်း ပျော်ရွှင်ကြသည်။ ကျွန်တော်ကတော့ ရွာမှာကျန်ခဲ့တဲ့ အမေရဲ့ပုံရိပ်ကိုမြင်ယောင်ပြီး ရင်ထဲမှာဆို့တက်လာတဲ့ခံစားမှုကို မခံစားနိုင်ပဲ  လိမ့်တက်လာတဲ့ မျက်ရည်စတွေကို သုတ်ကာသုတ်ကာနဲ့ အသက်မပါတဲ့ ခြေလှမ်း တွေနဲ့လျှောက်လှမ်းရင်း

မေတ္တာမွနြ်ဖင့်

ဇွဲမာန်(အင်းဝ)

About ဇွဲမာန်(အင်းဝ)

ဇွဲမာန် (အင်းဝ) has written 49 post in this Website..