ဟုတ်ကဲ ပေါတယ်ဗျ

Mg OggaJuly 3, 20101min681

ပေါတယ်ဆိုတဲ့ စကားလုံးဟာ ကောင်းတာလည်းယူလိုရသလို မကောင်းတာလည်းယူလို့ရပါတယ်။ ပေါများတယ် ပေါကြွယ်တယ် ဆိုပြီးကောင်းတာရှိသလို ပေါတောတောနဲ့ ငပေါ သောက်ပေါ ဆိုပြီး မကောင်းတဲ့ အသုံးနှုန်းလည်းရှိပါတယ်။ ပေါတယ်ဆိုတာဘာလဲဆိုတော့ မရှားတာပေါ့ လွယ်လွယ်ကူကူရတဲ့ အရာပေါ့ဗျာ။ လူတွေသိပ်တန်ဖိုးမထား မလေးစားကြဘူးပေါ့ဗျာ။ အဲဒီလိုပဲ လူတွေက တန်ဖိုးရှိအောင် အထာကိုင်ကြတယ် မိန်းကလေးတွေက မှုကြတယ် ဒီနေ့ရတဲ့ အရာကိုမနက်ဖြန်ပေးကြတယ်။ တန်ဖိုးထား တတ်အောင်လို့တဲ့ လွယ်လွယ်ကူကူ ရရင် တန်ဖိုးမထားတတ်ကြဘူးတဲ့ ဒါကြောင့် လွယ်နေတာကို မလွယ်အောင် ခက်အောင်တမင်ကို လုပ်ကြရပါသတဲ့ဗျာ။

ကျွန်တော်ကိုလည်း သူငယ်ချင်းတစ်ယောက်က ဟေ့ကောင်မင်းပေါတောတောမနေနဲ့ လူမလေးပဲနေလိမ့်မယ်တဲ့ သူပြောတာလည်း ဟုတ်တုတ်တုတ် ကျွန်တော်ကျောင်းမှာ ဆို ဂျူနီယာ ချာတိတ်တွေကို သူတို့ ကြိုက်မကြိုက်မသိ စာသင်ပေးတယ် သူတို့က အစတော့ စီနီယာဆိုပြီးနားထောင်သေးတယ် နောက်တော့ ကျွန်တော်တွေတာနဲ့ ပြေးတာပဲ။ နောက်သူငယ်ချင်းတွေ အကူအညီလာတောင်းရင် ငြင်းတာရှားတယ် ကူညီကောင်းကောင်း ပေးတယ်။ နောက်တော့ အရှေ့ကပြောသလိုပဲ ကျွန်တော်ကို မလေးစားချင်ကြတော့ဘူး မောင်ဥဂ္ဂါဆိုအလွယ်ရတယ်ပေါ့။ နောက်ကျွန်တော်အစားကြားထဲက မခံနိုင်တဲ့ သူငယ်ချင်းက ဟေ့ကောင် ငဥဂ္ဂါ တန်ဖိုး ကြီးတဲ့ အရာတွေ အားလုံးက ရှားပါးတယ် ဒါကြောင့် တန်ဖိုးကြီးတယ်သတဲ့ မင်းကဟိုဟာဆိုလဲလုပ်ပေးလိုက် ဒီဟာဆိုလည်း လုပ်ပေးလိုက်ဆိုတော့ ဈေးကျတာပေါ့။ ဒီကောင်တွေပြော လည်းပြောစရာ ကျွန်တော်ဆိုတဲ့ကောင်ကလည်း မကူညီရရင်မနေနိုင် အထာလည်းမကိုင်တတ် ဈေးလည်းမတင်တတ်တော ့ဒုက္ခပေါ့။

အင်း သူငယ်ချင်းတွေပြောသလို ရှားပါတဲ့ အရာတွေကမှတန်ဖိုးတယ်ဆိုတာ ဟုတ်ရဲ့လား ရှားပါးပြီး တန်ဖိုးကြီးတဲ့ စိန်တွေ ရွှေတွေ ကျောက်မျက်ရတနာတွေ မရှိပဲ ကျွန်တော်တို့ အသက်ရှင်ရပ်တည်နိုင်ပါတယ်။ ပေါများတဲ့ ရေတို့ လေတို့ မရှိရင်ကော ကျွန်တော်တို့ အသက်ရှင်နိုင်ပမလား…..

ကျွန်တော်ပျော်သွားတယ်ဗျ

နောက်သူငယ်ချင်းတစ်ယောက်က လာမေးတယ်

ဟေ့ကောင်ဥဂ္ဂါ မင်း ငပေါလား တဲ့

ကျွန်တော် ပျော်ပျော်ကြီး ပြန်ဖြေလိုက်တယ်

ဟုတ်ကဲ့ ပေါတယ်ဗျ!!!!!!!

One comment

  • kopauk mandalay

    July 3, 2010 at 2:43 pm

    ပေါတယ် ရှားတယ်ဆိုတာက
    လူတွေရဲ့တန်ဘိုးသတ်မှတ်ချက်ကလေးပါ။
    ပေါတိုင်းမကောင်းသလို ရှားတိုင်းလဲမကောင်းပါ။
    အသုံးချတန်ဘိုးက သာ အဓိကပါနော်။
    ကိုပေါက်
    http://www.kopaukmdy.myanmarsarpay.info

Leave a Reply