စဉ်းစားကြစေလိုပါတယ် ( ၃၅ ) ( ဆွေးနွေး မိတာလေးပါ )

Foreign ResidentJuly 27, 20122min35568

စဉ်းစားကြစေလိုပါတယ် ( ၃၅ )

( ဆွေးနွေး မိတာလေးပါ )

 

အဘ ဒီနေ့ ၊

သူငယ်ချင်း တစ်ယောက်နှင့်

ဆွေးနွေး မိတာလေးပါ ။

အဘ သဘောထားလို့လဲ ၊

ပြောရင်ရပါတယ် ။

 

” မြန်မာပြည်ထဲမှာ နေရင် ၊ မြန်မာပြည်ကို ချစ်ရင် ၊

မြန်မာပြည်ကို ကာကွယ် ရမယ်…

ဒါ ဒီမြေမှာမွေးတဲ့ လူတိုင်းတာဝန် ။

မဟုတ်ရင်တော့ ….လောက်ကောင်ဘဲ “

 

Sorry, သူငယ်ချင်း ၊ ငါကတော့ တရားမျှတမှုကိုပဲ ကိုးကွယ်တယ် ။

ငါ့ တိုင်းပြည် ( မြန်မာပြည် ) က တရားတယ်ထင်ရင် ၊

ငါ့ တိုင်းပြည် ( မြန်မာပြည် ) ကို ကာကွယ်လိုတဲ့ ဆန္ဒရှိပေမယ့် ၊

မတရားဘူးလို့ထင်ရင်တော့ ၊ ငါ့ တိုင်းပြည် ( မြန်မာပြည် ) ကိုလည်း ၊

ငါ ပြန်ချဖို့ နဲနဲမှ ဝန်လေးနေမှာမဟုတ်ဘူး ။

 

လောက်ကောင်တွေ ၊ သစ္စာဖေါက်တွေ ၊ ဒိဋ္ဌိတွေ

ဆိုတဲ့ စကားလုံးတွေကိုလည်း ၊

သိပ်လည်း စိတ် မ ဝင်စား ၊ ခံလည်း မခံစားပါဘူး ။

တခုတည်းပဲ စိတ်ဝင်စားတယ် ၊

” တရားမျှတမှု ” နှင့် ၊

ငါ့ရဲ့ စိတ် Moral Conscience Clear ဖြစ်ဖို့ပဲ ။

 

” အခု ရခိုင် – ဘင်ဂါလီ အရေးကို ဥပမာ ထားပြီးတော့ ၊

မင်းရဲ့ အထင်လေး မင်းသုံးသပ်ပြလေ ငါတို့လဲ သိရအောင် “

 

သူငယ်ချင်း အချင်းချင်းမို့ ပွင့်ပွင့်လင်းလင်း ပြောပြမယ် ။

အခု ရိုဟင်ဂျာ အရေးအခင်းနှင့် ပါတ်သက်လို့ ငါ့သဘောထားကို ၊

 

၁ ။ ထုံးစံအတိုင်းပေါ့ကွာ ၊

မြန်မာ ဗုဒ္ဓဘာသာ တစ်ယောက် အနေနှင့် ရခိုင်ဘက်ကနာတာပေါ့ကွာ ။

အထူးသဖြင့် မွတ်ဆလင်ဘာသာ ရဲ့ သာသနာပြုနေတဲ့ ပုံစံ နှင့်

လူ့အခွင့်အရေး မရှိပုံ တွေကို ၊

တော်တော်လေးကို မကြိုက်တဲ့ အထဲမှာ ငါလဲ ထိပ်ဆုံးက ပါတာပေါ့ ။

 

၂ ။ But, very very big BUT ။

မင်း ရခိုင်ကို ဘယ်နှစ်ခေါက် ရောက်ဖူးလည်း ။

ငါ အခေါက် နှစ်ဆယ်ကျော် ရောက်ဖူးတယ် ။

ရခိုင်တွေက အဲဒီ ဘင်္ဂါလီတွေကို ဆက်ဆံတဲ့ပုံစံ မင်းတွေ့ဖူးလား ။

ဘင်္ဂါလီတွေကို ခွေးလောက်တောင် တန်ဘိုးမထားပဲ ဆက်ဆံကြတာ ။

ငါ မျက်ဝါးထင်ထင် မရေမတွက်နိုင်အောင် အံဩ ထိတ်လန့်စွာ တွေ့ခဲ့ဘူးတယ် ။

လိုရင်းပဲပြောရရင် ၊ အဲဒီ ဘင်္ဂါလီတွေ ရခိုင်ကို ပြန်သတ်တာ / သတ်ချင်တာ ကို ၊

ငါ မ အံ့ဩပါဘူးလို့ပဲ ပြောပါရစေတော့ ။

 

သေချာတာကတော့ ( ဘာသာရေးကို ဘေးဖယ်ထားလိုက် ပါ )

ငါသာ အဲဒီ ဘင်္ဂါလီတွေ နေရာမှာဆိုရင်လည်း ၊

အဲဒီ ဘင်္ဂါလီတွေ လုပ်သလိုပဲ ၊ လုပ်ချင်မိမှာ သေချာပါတယ် ။

 

၃ ။ နောက်တစ်ချက်က ၊

အဲဒီပြဿနာမှာ မြန်မာတွေဖက်က ဘင်္ဂါလီတွေကို ခိုးဝင်တယ်ဆိုပြီး စွတ်ဆွဲတယ် ။

ဘင်္ဂါလီတွေဖက်က နေလာတာ နှစ်ရာချီနေပြီဆိုပြီး တုန့်ပြန်တယ် ။

ငါ့ အမြင်ကို ပြောရရင် ၊ အခု မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ဘင်္ဂါလီ ၉ သိန်းဟာ ၊

ဆယ်စုနှစ် တစ်ခု နှစ်ခု လောက်အတွင်းမှာ ခိုးဝင်လာတာတော့

မဟုတ်တာ သေချာတယ် ။

 

( ခိုးမဝင်စေချင်ရင်လဲ ၊ ခိုးမဝင်ရအောင်တားလေ ၊ သေနတ်နှင့်ပဲ ပစ်ပစ်ပေါ့ )

( ခြံစည်းရိုး ကာရမယ့်သူတွေ ကိုယ်တိုင်က ၊ ကိုယ့် ခြံစည်းရိုး ကို ထင်းခွေနေတာကိုး )

 

အေး ၊ အဲလိုမှ မဟုတ်ပဲ ။ ဒီမြေမှာပဲ မွေးခဲ့တဲ့သူတွေ ဆိုရင်ပဲဖြစ်ဖြစ် ၊

နေလာတာ နှစ် ၄/၅ဝ ရှိနေပြီ ဆိုရင်ပဲဖြစ်ဖြစ် တိုင်းရင်းသား မဟုတ်ရင်တောင် ၊

နိုင်ငံသား ဒါမှမဟုတ် တရားဝင် နေထိုင်ခွင့် တခုခု ကိုတော့ ပေးရတော့မှာပဲ ။

 

လူလူချင်း အဆင့်အတန်းခွဲပြီး ၊ ဘင်္ဂါလီကိုမှ ခွဲခြား ဖိနှိပ်ထားလို့မှ မရတာ ။

ဒါဟာ နိုင်ငံတကာက ၊ လူ့အခွင့်အရေးကို လက်ခံတဲ့ နိုင်ငံတွေရဲ့ ထုံးစံပဲလေ ။

( စိတ်မကောင်းစရာက စင်္ကာပူ ၊ မလေးရှား ၊ ထိုင်း နိုင်ငံတွေဟာ

အဲဒီ အဆင့်မရှိသေးပါဘူး )

 

၄ ။ နောက်တစ်ခုထပ်ပြောပါရစေ ၊ မှန်တာ ဝန်ခံရရင် ၊

ငါဟာ ” မြန်မာ ” လူမျိုးဆိုတဲ့ အယူအဆ ကျန်နေသေးသော်လည်း ၊

ငါ တကယ် ဦးတည်နေတဲ့ အယူအဆကတော့ ၊

ငါဟာ ” လူ ” လူမျိုးဆိုတဲ့ အယူအဆ ပါပဲ ။

 

မင်းတို့ သတိထားပြီး ကြည့်ရင် တွေ့မိပါလိမ့်မယ် ၊

US, England, Australia အစရှိတဲ့ အနောက်နိုင်ငံတွေမှာ နေနေတဲ့ မြန်မာတွေ ဆီက ၊

ဒီ ရိုဟင်ဂျာတွေကို ဆဲဆို တိုက်ခိုက်တဲ့အသံ လုံးဝ မထွက်သလောက်ပဲဆိုတာ ။

 

မြန်မာပြည်ထဲက အမြင်မကျယ်တဲ့သူတွေကတော့ ၊

အဲဒီ အနောက်နိုင်ငံတွေမှာ နေနေတဲ့ မြန်မာတွေကို ၊

သူတို့အထင်နှင့် ၊ ဒေါ်လာပဲရလို့ ပဲ ပါးစပ်ပိတ်နေသလိုလို ၊

မျိုးချစ်စိတ်ပဲ မရှိတဲ့သူ လိုလို ၊ ပြောချင်ကြတယ် ။

 

မှန်တာပြောမယ် ၊ သူငယ်ချင်း ၊

အဲဒီ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ တရားမျှတမှု တကယ်ထွန်းကားတဲ့ နိုင်ငံတွေမှာ ၊

၂ နှစ် ၃ နှစ်လောက် သေချာ အခြေချ နေထိုင်ပြီးတဲ့သူတွေဟာ ၊

တရားမျှတမှု အစစ်အမှန်ကို သိသွားပြီဖြစ်တဲ့အတွက် ၊

သူတို့ဟာ ( မွတ်ဆလင် ဘာသာ ကိုမုန်းတဲ့စိတ် စိတ်ထဲမှာ ရှိရင်ရှိမယ် ) ၊

ရိုဟင်ဂျာတွေကိုတော့ လူသားချင်း စာနာစိတ်နှင့် ဆဲမှာ မဟုတ်တော့ဘူးကွ ။

အဲဒါဟာ ( ငါ့ အထင် ငါ့ အယူအဆ ပါ )

” မြန်မာ ” မျိုးချစ်စိတ်ထက် မြင့်တဲ့ ” လူ ” မျိုးချစ်စိတ် ပါပဲ ။

 

၅ ။ အရေးကြီးရင် သွေးနီးတယ် ဆိုတဲ့သဘောအရတော့ ၊

ငါလည်း ရခိုင် သဟာရ အသင်းကို ၊

ရခိုင် ပြန်လည်ထူထောင်ဖို့ ငါးသိန်း လှူထားပါတယ် ။

” ရခိုင် သွေးချင်းတွေ ဘဝ ကို ပြန်လည်ထူထောင်ဖို့ ” ပါ ။

ရိုဟင်ဂျာကို ချဖို့ လှူတာ မဟုတ်ပါဘူး ။

 

ဒါပေမယ့်လည်း ၊ နောက်ဆုံး All out War ဖြစ်လာရင်တော့လည်း ၊

နောက်ဆုံး မြန်မာ ရခိုင် ဗုဒ္ဓဘာသာဖက်က ဝင် ထောက်ခံပေးရတော့မှာပေါ့ ။

 

အဲဒီ မတိုင်ခင်မှာတော့ ၊ Sorry ပဲသူငယ်ချင်း ။

ရိုဟင်ဂျာကို ဆဲတဲ့အထဲ ငါ မပါနိုင်ဘူး ။

 

ငါဟာ ” လူ ” လူမျိုး ။

 

အင်း ၊ မြို့မေတ္တာတွေတော့ ခံရအုံးမယ် ထင်တယ် ။

 

တော်သေးပြီ ။

 

အဘ Foreign Resident ။

68 comments

  • Foreign Resident

    August 17, 2012 at 10:34 am

    ” အခုတော့ (ကျုပ်တယောက်ထဲအတွက်) ပြောနိုင်ပါပြီ..။
    ဒီသမ္မတဟာ တိုင်းပြည်အတွက်အလုပ်လုပ်တယ်… လို့ပေါ့ ”

    ဦးပါရေ ။ ဟုတ်တယ် ကျနော်လည်း သမ္မတကြီးကိုယုံတယ် ။

    လက်ရှိ နိုင်ငံ့ ခေါင်းဆောင်တွေထဲမှာ ၊
    အမေစု ပြီးရင် ၊ ဦးသိန်းစိန် ကို အလေးစားဆုံးပဲ ။

    ကျနော်သာ အမေစု နေရာမှာဆိုရင် ၊
    နောက်တစ်ခါ ရွေးကောက်ပွဲ ၂၀၁၅ ကျရင် ၊
    ဦးသိန်းစိန် ရွေးကောက်ခံမယ့် မဲဆန္ဒနယ်မှာ NLD ဝင်အရွေးမခံပဲ ၊
    Honour ဂုဏ်ပြုလေးစားတဲ့ အနေနှင့် ရှောင်ပေးလိုက်မယ် ။
    သမ္မတ တောင် နောက်တစ်ကြိမ် ပေးလုပ်လိုက်ဦးမယ် ။
    ( အာဏာ တာဝန်တွေကိုတော့ မျှယူကြပေါ့ )

    ဦးသိန်းစိန် လို စစ်တပ်ကလည်း လက်ခံ ၊
    ဒီမိုကရေစီ ဘက်သားတွေနှင့်လည်း ညှိနှိုင်း နိုင်တဲ့ ၊
    သဘောထား မှန်ကန် မျှတ တဲ့ ခေါင်းဆောင် မျိုး ၊
    မြန်မာပြည်မှာ ရှားမယ် ။

  • Foreign Resident

    August 17, 2012 at 10:47 am

    ” ကျုပ်ကတော့ ရခိုင်မြောက်ပိုင်းကဘင်္ဂါလီတွေရဲ့
    လူဦးရေအဆမတန်တိုးပွားမှု့နဲ့ ဘာသာရေး+ယဉ်ကျေးမှု့ သီးခြားဖြစ်တည်မှု့ကို
    စိတ်လဲပျက် ၊ ကြောက်လဲ ကြောက်နေတဲ့သူပါ..။
    ရာနှုံးပြည့်နီးပါး မလိုလားတဲ့သူပါ။

    ဒါပေမယ့်လဲ ကိုယ်မကြိုက်လို့ ကန်ထုတ်ကြေးဆိုရင်
    ဘယ်လိုပြည်ထောင်စုနိုင်ငံလုပ်လို့ရပါ့မလဲ ”

    မှန်ပါတယ် ဦးပါရေ ။
    ကျနော်လည်း ဗုဒ္ဓဘာသာကို ယုံကြည်သလား မမေးနှင့် ၊
    ကိုယ်တိုင် ဦးဆောင်ပြီးတောင် ၊ တရားစခန်းတွေ ဖွင့်ခဲ့ဘူးတာပဲ ။
    ( မှတ်ချက် – တရားကိုတော့ ဆရာတော်များမှ ပြပါသည် )

    ကျနော်လည်း ဦးပါလိုပါပဲ ၊
    စိတ်လဲပျက် ၊ ကြောက်လဲ ကြောက် ၊ လိုလည်း မလိုလားတဲ့သူပါ။

    သို့ပေမယ့်လည်း ၊ မတရားတော့ မလုပ်သင့်ဘူးလေ ။
    ဘုရားရှင် ရှိနေရင်လည်း ၊ အဲလို မတရားလုပ်တာကို ခွင့်ပြုမယ် မထင်ဘူး ။

  • Foreign Resident

    August 24, 2012 at 4:06 am

    ” မဇ္ဈိမက လက်ခံရရှိထားသော မှတ်တမ်းမိတ္တူတွင် အသေအပျောက်ရှိခဲ့သော
    လူမှုအဖွဲ့ ပဋိပက္ခကြီးနှင့် ပတ်သက်၍ ရခိုင်နှင့် ဘင်္ဂါလီများအပေါ် သုံးသပ်ချက်များနှင့်
    အစ္စလာမ် အစွန်းရောက်ဝါဒကို တိုက်ဖျက်ပြီး
    လူသားဝါဒ ထွန်းကား စေလိုသော သမ္မတဦးသိန်းစိန်၏ ဆန္ဒကိုလည်း
    ရေရှည် အစီအမံများ အဖြစ် တွေ့ရသည်။ ”
    by Mizzima – News in Burmese on Friday, August 24, 2012 at 12:01am

    ” လူသားဝါဒ ထွန်းကား စေလိုသော သမ္မတဦးသိန်းစိန်၏ ဆန္ဒ ” ဆိုပါလား ။

    Humanism တဲ့ ။ ငါတို့ သမ္မတကြီးလည်း တယ်ခေတ်ရှေ့ပြေးပါလား ။
    တစ်ခါတည်း အမေရိကန် ဩဇီ အတွေးအခေါ်လောက် အထိကို လှမ်းလိုက်တာပဲ ။
    လက်ရှိ မြန်မာပြည်သား အများစုက အမှီ လိုက် နိုင်ပါ့မလား ။
    အောင်မြင် မလား ၊ မအောင်မြင် ဘူးလား တော့မသိဘူး ။
    အမှန်တရားကို ပြောရဲတဲ့ အတွက်တော့ ၊
    သမ္မတကြီးကို လေးစားမိပါတယ် ။

  • kai

    August 24, 2012 at 4:16 am

    “ကြွ”အောင်”ဆွ” ပေးလိုက်ဦးမယ်..
    အဲဒီလိုပြဿနာတွေ.. မြန်မာပြည်မရောက်လာစေချင်ကြောင်း… :mrgreen:
    =
    http://www.examiner.com/article/muslims-demand-breakaway-islamic-nation-norway-or-another-9-11-threatened
    Muslims demand breakaway Islamic nation in Norway or another 9/11 threatened
    ..
    ..
    As tanslated by Michael Laudahn,

    “If norwegian soldiers can take planes to Afghanistan, then Osama and Mohammed can also take planes to Norway, inshaAllah.

    Now, the government must wake up and assume responsibility, before this war spreads to Norway. Before the counterpart reacts. Before moslems take the step necessary.

    Do not confuse the moslems’ silence with weakness. Do not profit from the moslems’ patience. Do not force us to do something that can be avoided. This is not a threat, only the words of truth. The words of justice.

    A warning that the consequences can be fatal. A warning about a 9/11 on norwegian ground, or larger attacks than the one carried out on 22 july. This is for your own good and in your own best interest.’

    We do not want to be a part of norwegian society. And we do not consider it necessary either to move away from Norway, because we were born and grew up here. And Allah’s earth belongs to everybody.

    But let Grønland become ours. Bar this city quarter and let us control it the way we wish to do it. This is the best for both parts.

    We do not wish to live together with dirty beasts like you.

Leave a Reply