” အမေ ” ” သား ” ” တန်ဘိုး “

YE YINT HLAINGJuly 27, 20121min1377

” အမေ ”
အမေ
သားအတွက်ဆို
ချွေးစက်စက်ယို
ဒီလိုနဲ့
အိုခဲ့ပေါ့အမေ ။ ။

” သား ”
အမေကို မငဲ့ကွက်
ပျော်ရက်တဲ့သား
အပျော်မက်တဲ့သား
အမှားမသိ
တရားမရှိ
ခါးချည့်အောင်သာ
ခံပေတော့နွား ။ ။

” တန်ဘိုး ”

ဟေ့ကောင် !
ဘာလဲမမေးနဲ့
ဆန် ပေးမှ ဆေးရ
တန် ကြေးသိကွ
လူ့ဘဝ
ခုရ အခုသုံး
အဲဒါ
ဖြုန်းခြင်း တမျိုး ။ ။
(၁၉၉၈ ခုနှစ် က စာသင်ခန်းထဲမှာ ကျွန်တော် ရေးခဲ့တဲ့ ကဗျာ တိုလေး သုံးပုဒ်ပါ ။ ကျွန်တော့ ကဗျာ ကို ဖတ်ပီး ခုချိန်ထိ အလွတ်ရ နေတဲ့ သူငယ်ချင်း ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရေးတင်လိုက်တာပါ ။လွန်ခဲ့တဲ့ ဆယ့်လေး နှစ် လောက် က ရေးခဲ့ တာမို့ ကလေးဆန်တဲ့ ကဗျာလေးမို့ စာဖတ်သူ ကို အားနာမိပါတယ်။)

ဖတ်ရှုအားပေးသူများ ကို ကျေးဇူးတင်ပါတယ်ခင်ဗျ !
ရဲရင့်လှိုင်

7 comments

  • mamanoyar

    July 27, 2012 at 9:18 am

    ဆန်ပေးမှ ဆေးရ
    တန်ကြေးသိကွ
    အားပေးသွားပါတယ်ရှင်

  • Khaing Khaing

    July 27, 2012 at 10:14 am

    ကလေးဆန်ပေမယ့်
    အတွေးမှန်ရန် လမ်းကြောင်းပြ
    အဆင်သဏ္ဍာန်မလှပေမယ့်
    အတွင်းကအမှန်တွေကို ထုတ်လှစ်ပြတဲ့ ကဗျာလေးကို အားပေးသွားပါတယ် ………..

  • မမ အညာသူ

    July 27, 2012 at 10:23 am

    ကလေးဆန်တဲ့ကဗျာလေးဆိုပေမဲ့
    ဆိုလိုရင်းကိုရောက်ပါတယ်
    ကျေးဇူးတင်ပါတယ်ရှင်

  • maung khinmin

    July 27, 2012 at 11:20 am

    အသိတစ်ခု ဆီရောက်အောင်ဆွဲဆောင်နိုင်တဲ့….ကဗျာကောင်းလေးတစ်ပုဒ်ပါ

    နှစ်သက်ခံစားမိပါ၏

  • စိန်ဗိုက်ဗိုက်

    July 27, 2012 at 1:12 pm

    * ဘီအီးဘိုး *
    နင်းနိုင်မှ ငွေရ
    အခေါက်ရေများမှ တွက်ချေလှ
    ဆိုက်ကားသမားဘဝ
    ဘီအီးတော့ အကြွေးတော့မရ
    အုံနာခကျေရင် ဘီအီးဘိုးရ
    ဂလုဂလုနဲ ့ သောက်သမျှ
    ဖြုန်းခြင်း တစ်မျိုးပဲဟ။

    ကျေဇူးတင်ပါတယ် ခင်ဗျာ။

Leave a Reply