ရဟန်းငယ်တစ်ပါး ပြောခဲ့သော ကမ္မဝါစာအကြောင်း

uzinJuly 27, 20121min2429

“ဆရာတော်နဲ့ မြို့ထဲ ဘာသွားလုပ်တာလဲ”

“ကားအန္တရာယ်ကင်း ကမ္မဝါစာဖတ် လုပ်တာ”

“ကားကို ဘယ်လို အန္တရာယ်ရှိလို့လဲ”      “လူသေတင်ခဲ့ရလို့တဲ့”

“မင်္ဂလာပြန်ယူတဲ့ သဘောလား”           “ဟုတ်တယ်”

“ကားကို ဘေးမှာထား လုပ်တာလား”      “မဟုတ်ဘူး၊ ခုံတွေဖြုတ်ပြီး ကားပေါ်မှာရွတ်တာ”

“အဲဒါကြ ဘာကမ္မဝါဖတ်လဲ”      “ဥပသမ္ပဒ ကမ္မဝါပေါ့”

“ဟင်- စာတတ်ပေတတ် ဆရာတော်တွေလဲ ဒါပဲဖတ်တာလား” “သည်လို ဘာကြောင့် ပြောတာလဲ”

“သည်လိုပြောတာ အကြောင်းရှိတယ်”    “လုပ်စမ်းပါဦး”

“ငါ ရွာရောက်တုန်းက အိမ်သစ်တက် ကမ္မဝါစာဖတ်ဖို့ ငါ့ဘုန်းကြီးက ငါ့ကိုထည့်လိုက်တယ်”

“ဒါတွေက ရွာတွေရဲ့ ဓလေ့ပဲကွာ”

“သီလပေး၊ ရေစက်ချပြီး ကမ္မဝါစာ ဖတ်ကြတော့ ငါ့ခေါင်းထဲမှာ အတွေးတွေ အစီအရီ ဖြစ်လာတယ်”  “ဘာတွေလဲ ပြောပါဦး”

“ပထမဆုံး ငါ-ဘာလုပ်နေတာလဲ လို့ပဲ”    “သည်ကိစ္စနဲ့ ကမ္မဝါစာ ဘာမှမဆိုင်ဘူးဆိုတာ တွေးမိတယ်”          “သည်ကိစ္စက အန္တရာယ်ကင်းဖို့၊ ကမ္မဝါစာက ရဟန်းအဖြစ်ပေးဖို့ မပေးဖို့ ပြောတာတွေ ဖြစ်နေတယ်”

“အေး – ဟုတ်တယ်ဟ”

“ပြီးတော့လည်း အများကြီးရှိသေးတယ်”

“သည်ပွဲမျိုးမှာ ကမ္မဝါစာ မှန်ဦးတောင်မှ၊ ဖတ်လို့မရဘူးဆိုတာလည်း ပါတယ်”

“ဘာဖြစ်လို့လဲ”

“အခု ကမ္မဝါစာဖတ်ကြမှာက ရွာကျောင်းသုံးကျောင်းထဲက ဘုန်းကြီးသုံးပါးပဲ”           “အင်း”

“သုံးပါးက သံဃာမဖြစ်ဘူး မဟုတ်လား”  “အေး-မဖြစ်ဘူး”

“သုံးပါးထက်ပိုလည်း သည်ပွဲမှာ သံဃာမဖြစ်နိုင်ဘူး”

“လေးပါး၊ လေးပါးနဲ့အထက်ဟာ သံဃာဖြစ်ပြီ မဟုတ်လား”

“သိမ်ထဲလည်းမဟုတ်၊ နယ်သံဃာလည်း မသိမ်းတော့ ဘုန်းကြီးတွေများလည်း ဝဂ်ဖြစ်မှာ၊ သံဃာမဖြစ်ဘူးပေါ့”          “အေး-ဟုတ်သား”

“ပြီးတော့ ဥပဇ္ဈာယ်လည်း မရှိဘူး၊ ရဟန်းလောင်းလည်း မရှိဘူး။ သည် ကမ္မဝါစာဖတ်ဖို့ ချို့ယွင်းတဲ့ အချက်တွေက ကြည့်ပါဦး”      “အေးပေါ့”

“ငါလည်း ကျောင်းပြန်ရောက်တော့၊ ဥပဇ္ဈာယ်ဘုန်းကြီးကို ဘယ်လိုလဲဘုရားလို့ လျှောက်တော့၊ ဒါကို သူကလည်း သူတို့ ဆရာဘုန်းကြီးကို မေးဖူးတယ်လို့ ပြောတယ်”

“သူ့ဆရာက ဘယ်လိုဖြေသတဲ့လဲ”         “ဒါအစဉ်အဆက် ဖတ်လာတာလို့” ဖြေတယ် ပြောတယ်    “ဟင်”

“ငါလည်း သည်လိုဖြေတာအတွက် ငါ့ဆရာဘုန်းကြီးကို တောက စာမတတ်တဲ့ ဘုန်းကြီးမို့လို့ပဲ သည်လို လုပ်တာလို့ ငါထင်လိုက်တယ်။”

အခုတော့        “စာတတ်ဆရာတော်တွေလည်း သည်လိုပဲတွေ့ရတာ အံ့ဩရတာပေါ့”

 

 

 

9 comments

  • me dain

    July 27, 2012 at 8:59 am

    Uzin

    မြန်မာပြည်မှာက..အစဉ်အလာကို ထိန်းသိမ်းတာကောင်းပါတယ်…သို့သော် ဘာဘဲဘဲ လုပ်လုပ်သိပြီး၊နား လည်ပြီးမှ လုပ်တာကောင်းတယ်… မသိနားမလည်ဘဲ လုပ်နေကြတော့ ပင်ပန်းတယ်..အကျိုးလည်းမများ
    ဘူး…လို့မြင်ပါတယ်..

  • ကိုရင်မောင်

    July 27, 2012 at 9:51 am

    ဒီကိစ္စတွေက သံဃာကိစ္စဖြစ်လို့ကိုယ်တွေနားမလည်တဲ့အတွက်
    ဝင်ရောက်မဆွေးနွေးတော့ပါဘူး…
    ဗဟုသုတအဖြစ်ဖတ်ရှု့သွားပါတယ်…..

  • မမ အညာသူ

    July 27, 2012 at 10:16 am

    ဘာမှမမန့်တက်လို့ ဖတ်ရှု့ဝင်ရောက်လှည့်ပြန်သွားပါဂျောင်း

  • surmi

    July 27, 2012 at 1:44 pm

    ဦးဇင်းဘုရား
    ကမ္မဝါကတစ်မျိုးထဲဘဲရှိသလားဘုရား
    သိမ်နှုတ် သိမ်သမုတ်ကိုလဲ ကမ္မဝါဖတ်တာတွေ ့ဘူးပါတယ်
    သေချာအောင်ပြန်လည်ရှင်းပြပေးပါဘုရား
    ဘာကြောင် ့မဖတ်သင် ့ဖတ်သင် ့ကို ထင်ရှားစွာမပြလျှင် အကျိုးမများပါဘုရား
    ဒီအတိုင်းဖတ်လျှင် ဖွ သလိုဖြစ်တဲ ့ပို ့စ်ဖြစ်နေပါသဖြင် ့ ပိုပြီးမြင်သာအောင်
    ရှင်းပြပေးပါဟုရိုသေစွာလျောက်ထားအပ်ပါသည်ဘုရား
    ပြန်လည်ဖြေရှင်းသည်ကိုစောင် ့မျှော်နေပါ ့မယ် ဘုရား

  • မွန်မွန်

    July 27, 2012 at 2:07 pm

    အိမ်တက်တို့ အိမ်ပန္နက်ရိုက်တဲ့နေရာတွေမှာလည်း ကမ္မဝါဖတ်တာ မြင်ဖူးပါတယ်။ ကမ္မဝါထဲက အကြောင်းအရာတွေကို သေချာရှင်းပြပေးစေလိုပါတယ်။

    နောက် ကမ္မဝါကို ဆောင့်ကြောင့်ထိုင်မဖတ်ဘဲ ထိုင်လျက်သားပဲ ဖတ်လို့ ဘုန်းကြီးကို စိတ်ဆိုးတာလည်း တွေ့ဖူးပါတယ်။ ဝိနည်းတွေကိုပါ ပြောပြပေးဖို့ တောင်းဆိုပါတယ်။

  • သားငယ်

    July 27, 2012 at 3:12 pm

    ဗဟုသုတ အနေနဲ ့တစိတ် တပိုင်း သိရလို ့..ကျေးဇူးတင်ပါတယ် ..အပြည့်အစုံ ရှင်းပြထားတာလေး ရှိရင် လည်း ဖတ်ချင်ပါတယ်ဗျာ ..

  • ဇောက် ထိုး

    July 27, 2012 at 3:36 pm

    ကမ္မဝါစာ… ကမ္မ..ဆိုတာ အလုပ်လို့ အဓိပါယ်ရတယ်။ ဝါစာ …ဆိုတာ ပြောတဲ့ စကားပဲ…
    ကမ္မဝါစာ… အလုပ်လုပ်တဲ့နေရာမှာ ပြောတဲ့စကားပဲ။

    သိသလောက်လေး ပြောရရင်…. သုဏာတု မေ..ဘန္တေ.. သံဃော…ဆိုတာ …ကိုယ်တော်တို့ တပည့်တော် ပြောတာ နားထောင်လို့ အဓိပါယ်ရတယ်။
    အဲဒီမှာ သံဃော..ဆိုတာ သံဃာလို့ဆိုတယ်။ သံဃာဆိုတာ ၄=ပါးနဲ့ ၄=ပါးအထက်ကျော်မှ သံဃာလို့လဲ ခေါ်တယ်။ ရဟန်း တစ်ပါးထဲဆိုရင်… ပုဂ္ဂိုလ်။ နှစ်ပါး သုံးပါးဆိုရင်… ဂိုဏ်း… လေးပါးနဲ့ လေးပါး အထက်မှာ သံဃာလို့ဆိုတယ်။

    ကမ္မဝါစာ ကတော့ အမျိုးမျိုးပဲ။။ ဒါပေမယ့် ဘုရားဟောတွေချည်းလို့တော့ မထင်ဘူး။ ဆရာတော်တွေ စီမံ ရေးခဲ့တယ်ထင်တယ်။

    ဥပမာ.. ကထိန်ခင်းတဲ့အခါမှာ ရွတ်တဲ့ ကမ္မဝါစာဆိုရင်လဲ.. ဒီကျောင်းမှာ ကထိန်သင်္ကန်းရောက်လာတယ်။ ဘယ်ရဟန်းကိုပေးမလို့.. ကျန်တဲ့သံဃာတွေ သဘောတူလား… သုံးခါမေးတာ ဘာမှပြန်မပြောလို့ သဘောတူတယ်လို့မှတ်လိုက်တယ်။ အဲဒီလိုပဲ အကြမ်းဖျင်း အဓိပါယ်ရတယ်။
    ရဟန်းခံတဲ့အခါ ရွတ်တဲ့ ကမ္မဝါစာလဲ ဒီအတိုင်းပါပဲ…. သူ့ကိုရဟန်းဖြစ်ခွင့်ပေးမလို့… ဆရာက ဘယ်သူပေါ့ ဒီလိုပါပဲ..
    ကျွန်တော်လဲ ကမ္မဝါစာ သမိုင်းကို ရှာနေတာ သိချင်နေလို့… သေချာတာကတော့ အန္တရာယ်ကင်းတို့ စတဲ့ ကမ္မဝါစာတွေဟာ ဘုရားပြောခဲ့တာ မဟုတ်ပဲ ဆရာတော်တွေစီမံရေးခဲ့တယ်လို့ယူဆလို့ပါ။
    ကမ္မဝါစာ သမိုင်းတွေကို သိသူရှိရင် သိလိုလှပါတယ်ခင်ဗျာ…..

  • ဇောက် ထိုး

    July 27, 2012 at 3:38 pm

    အော် ကျွန်တော် ဦးဇင်းကိုပြောဖို့မေ့နေလို့…
    ဖြစ်နိုင်ရင် သည်စာစုလေးတွေကို ခုလိုတင်ပြပေးတာ အရမ်းကောင်းပါတယ်…
    ကြိုးစားပေးပါလို့လဲ တောင်းဆိုပါတယ်ခင်ဗျာ..

  • ဦးဦးပါလေရာ

    July 27, 2012 at 4:01 pm

    ဒီပိုစ့်လေးကိုဖတ်ကြည့်ပြီး
    အော်…
    ကမ္မဝါဆိုတာ ကိုးမျိုးရှိကြောင်း…
    ဘယ်ကိစ္စမှာ ဘယ်လိုသုံးရကြောင်း…
    ကမ္မဝါဖတ်ရာမှာ ရှိရမယ့် ဆောင်ရန်ရှောင်ရန်တွေနဲ့ အဲဒါတွေ ဘာကြောင့် ရှိရကြောင်း…
    စသည်.. စသည်.. ဖြင့်
    ဘုန်းကြီးတပါးပါးကများ ဝင်ရှင်းပြမလားလို့ တပြည့်တော်စောင့်နေပါကြောင်း…။

    တခြားဘာမှ မရှင်းပြရင်လဲနေတော့ (စိတ်လျှော့တယ်… 🙁 ) …
    ဘုန်းကြီးပင့်ပြီး ကန်တော့ပွဲလှူနေကျကိစ္စလေးတွေကိုတော့
    အကျိုးသင့်အကြောင်းသင့် ရှင်းပြသင့်ပါကြောင်း….။

Leave a Reply