နာနတ်သီး ဝက်သား ချိုချဉ်ကြော်

နွယ်ပင်July 27, 20121min31223


ဒါကတော့ နာနတ်သီးနဲ အသီးအရွက်တွေ လှီးထားတာပါ …

ကြော်ပြီးသွားတဲ့ နာနတ်သီး ဝက်သား ချိုချဉ်ကြော်ပါ ….

တစ်နေ့နေ့ အိမ်ရှင်မတစ်ယောက် အနေနဲ့ ဘာဟင်းချက်ရမလဲ ဘယ်လိုဟင်းလေး ချက်ရင်ကောင်းမလဲဆိုုပြီး
စဉ်းစားရတာကလည်း အလုပ်တစ်ခုလိုပါပဲ … ဒါနဲ့ အခုတစ်လော နာနတ်သီးလေးတွေပေါလာတာနဲ့ လုပ်မစားဖြစ်တာကြာပြီဖြစ်တဲ့
နာနတ်သီး ဝက်သား ချိုချဉ်ကြော်လေး လုပ်စားဖို့ စဉ်းစားမိသွားတယ် . ဒီဟင်းလေးက လုပ်စားရတာလည်းလွယ်ကူပြီး
ထမင်းနဲ့ပဲစားစား ဒီအတိုင်းလေးပဲ စားစား စားလို့ကောင်းတဲ့အတွက် ရွာသူားတွေအတွက် တင်ပြပေးလိုက်ပါတယ် ။
ပထမဦးဆုံး ဝက်သားကို ဆား၊ ဆနွင်းနယ်တဲ့အထဲ သကြားလေးပါ အနည်းငယ်ထည့်ပြီး ပြုတ်ပေးပါ ။ ဝက်သားပြုတ်နေတုန်းမှာ
ပါဝင်တဲ့ အသီးအရွက်တွေကို လှီးချွတ်ထားပါတယ် ။ ဝက်သားပြုတ်အိုးက ရပြီဆိုရင်တော့ ဝက်သားကို အနေတော် အသုံးလေးတွေတုံးပြီး
ဂျင်းကို ခပ်ပါးပါးနဲ့ပြားပြားလေးလှီးထားတာကို ဆီပူပူမှာထည့်ပြီးဆီသတ်ပါတယ် ၊ ပြီးရင် ခုနက တုံးထားတဲ့ ဝက်သားလေးတွေတည့်ကြော်
ဝက်သားပြုတ်ရည်လေးပါ ထည့်ပေးပါ ၊ ခဏနေရင်တော့ လှီးချွတ်ထားတဲ့ အသီးအရွက်တွေထည့် အပေါ့အငန်အတွက် ကြက်သားမှုန့်လေးထည့်
ပြီးရင် ခရုဆီလေးထည့် နောက်ဆုံးမနေနဲ့ လှီးထားတဲ့ နာနတ်သီးစိတ်လေးတွေထည့် အိုးချခါနီးပြီဆိုရင်တော့ ကော်မှုန့်လေးကို
ခပ်ကျဲကျဲဖျော်ထားတာကို ထည့်လိုက်ရင်တော့ စားချင်စရာ ဟင်းတစ်ခွက်ဖြစ်တဲ့ နာနတ်သီး ဝက်သား ချိုချဉ်ကြော်လေးရပါပြီ ။

ကဲစားကြပါဦးနော် ….

23 comments

  • P chogyi

    July 27, 2012 at 1:07 pm

    ဗိုက်ဆာလာပြီ
    ထမင်းပြန်စားတော့မယ်

  • surmi

    July 27, 2012 at 1:12 pm

    ထမင်းစားပြီးချိန်မှတွေ ့တာဆိုတော ့
    ဒီအတိုင်းအလွတ်ပဲစားသွားတယ်
    ကိုအာဂအတွက်မကျန်မှာစိုးလို ့လျော ့စားသွားရတာ သိပ်မဝလိုက်ဘူး

  • snow white

    July 27, 2012 at 1:45 pm

    ဝက်သားမစားပေမယ့် စားချင်စရာလေး လုပ်ထားတာက ။။

  • မွန်မွန်

    July 27, 2012 at 1:50 pm

    အိမ်မှာ လုပ်စားဦးမယ် အစ်မ…ကျေးဇူးပဲနော်..
    တစ်နေ့တစ်နေ့ ဈေးကိုပတ်ရတာ အခေါက်တစ်ရာလောက်ရှိမယ်။ ဟင်းကလည်း ထပ်နေပြီ။ တစ်ယောက်တည်းဆိုပြီး အလွယ်စားရအောင်ကလည်း ကိုယ်က မစားတတ်နဲ့… ခုတော့ ဟင်းတစ်မျိုးရပြီ..ကျေးကျေး..

  • mamanoyar

    July 27, 2012 at 1:51 pm

    ဒီနေ့ ဟင်းမကြိုက်လို့ထမင်းမစားပါဘူးဆိုမှ
    မမနွယ်ပင်ရယ် ရက်စက်လိုက်တာ
    ဟီးးးးးးးးးးးးးးးးးး ဟင့်….

  • etone

    July 27, 2012 at 2:01 pm

    နာနတ်သီး ၊ ခရုဆီလေးနဲ့ ကော်ရေးလေးလည်းပါတော့ ချိုချဉ်လေးနေမှာပဲနော်…
    ကျေးဇူးပါ အစ်မရေ .. အတော်ပဲ ဒီတပတ် ပိတ်ရက်မှာ ချက်စားမယ် … ဟီးဟီး 😛

  • may flowers

    July 27, 2012 at 2:13 pm

    ချက်စရာ နည်းသစ်တစ်ခုတော့ တိုးလာပြီပေါ့..ကိုယ်တိုင်လုပ်မစားဖူးဘူး..ဆိုင်မှာစားရတာတော့ ကြိုက်တယ်

    ကျေးဇူးပဲ နွယ်ပင်ရေ………နောက်နေ့ကြော်စားကြည့်လိုက်မယ်။

  • နွယ်ပင်

    July 27, 2012 at 2:21 pm

    P chogyi ရေ … နွယ်ပင့်ဟင်းကို မြင်လို့ ဗိုက်ဆာသွားတာလားဟင် …

    ကို surmi ရေ… ထမင်းစားပြီးလည်း ဒီအတိုင်းလေး စားသွားလို့ ကျေးဇူးတင်ပါတယ်နော် ..
    ဂ အတွက်က အိုးထဲမှာ သက်သက်ချန်ထားလို့ အားမနာပါနဲ့ အဝသာစားသွားပါ … 😛

    snow ရေ … ဝက်သားမစားလည်း ကြက်သားနဲ့ ကြော်စားလည်း စားကောင်းပါတယ် ….

    မွန်မွန်ရေ … လုပ်စားကြည့်ပါဦး တစ်ခါတစ်လေ အပြောင်းအလဲလေးဖြစ်တာပေါ့ …

    mamanoyar ရေ … ဟင်းမကောင်းရင် နွယ်ပင့်ဟင်းနဲ့ စားသွားလေ အားမနဲ့နော် … 😀

    etone ရေ … နွယ်ပင်ကတော့ တစ်ကယ့်ကို ကြိုက်တဲ့ ဟင်းလေးပါ လုပ်စားကြည့်ပါဦး
    ဒါနဲ့ ဒီတပတ် ပိတ်ရက်ရော လုပ်စားဖြစ်ပါ့မလားဟင် … ဟိဟိ 🙂

    may flowers ရေ … ကြော်စားကြည့်ပါဦး အိမ်မှာကိုယ်တိုင်ကြော်စားတော့ ဆိုင်မှာစားရတာထက်
    ပိုပြီးများများစားရတဲ့အပြင် သန့်ရှင်းလတ်ဆက်မူလည်း ပိုရှိပါတယ် …

  • marblecommet

    July 27, 2012 at 2:23 pm

    အဲဒီအသီးအရွက်တွေက
    နွယ်ပင်ဝက်သားပြုတ်နေတုန်း
    ဂဂ လှီးထားပေးတာဖြစ်ရမယ်….
    ရှားလော့ကမ်း……

    • နွယ်ပင်

      July 27, 2012 at 2:26 pm

      ဒီတစ်ခါ ရှားလော့ကမ်းကြီး မှားသွားပါပြီ ..
      သူတို့ဂကဖြင့် အဲ့ချိန်အိပ်နေတုန်း … ဟွန့် ..

      • marblecommet

        July 27, 2012 at 3:53 pm

        ဟင် ဟုတ်လား …
        တောက်စ်…..ဂဂတို့များ
        သာတယ်ကွာ……သာတယ်…….
        …….
        ရှားလေားကမ်း ကိုယ့်ဘာကိုယ်
        စိတ်ထိခယက်သွားပြီ…အာဟင့်…

  • pan pan chit

    July 27, 2012 at 2:38 pm

    စားတော့စားချင်သား…..
    ယောက်ျားယူတော့မှပဲ ယောက်ျားကိုချက်ခို်င်းတော့မယ် 😛

    အင်း….အဲ့ချိန်ကျရင်တော့…..
    တစ်နေ့နေ့ အိမ်ရှင်မတစ်ယောက် အနေနဲ့ ယောက်ျားကို ဘာဟင်းချက်ခိုင်းရမလဲ ဘယ်လိုဟင်းလေး ချက်ခိုင်းရင်ကောင်းမလဲဆိုုပြီး စဉ်းစားရတာကလည်း အလုပ်တစ်ခုလိုပါပဲ…..စသည် 😆

      • pan pan chit

        July 27, 2012 at 2:59 pm

        ဟမ်မလေးတော့!!!! 😳
        @#!%RI$!_!_$!$_# 👿

      • marblecommet

        July 27, 2012 at 3:55 pm

        ဂီတို့မြား
        စိတ်ထိခယက်နေပါတယ်ဆို
        အိုက်ဒီပုံဂျီးနဲ့
        မဟာဖေ့စဘွတ်မှာလည်း
        သများကို လာကျွိုင်ပြီးပြီ….
        ကိုယ့်ဘာကိုယ်ချက်စားရတဲ့ဘွ
        တယ်အားငယ်စရာ ကောင်းသဂိုး…
        အာဟင့်….

  • laypai

    July 27, 2012 at 2:51 pm

    2080 ခု စက်တင်ဘာ ၉ ရက် အတွက် အကြို ဟင်းလျာ ကို ခု ထဲ က စားရလို့ ကျေးဇူးတင်ပါတယ် ခင်ဗျ။

    • နွယ်ပင်

      July 27, 2012 at 2:58 pm

      ဟုတ်ကဲ့ရှင့် နွယ်ပင်တို့က ဆင်းရဲပါတယ်ရှင့် သူများတွေလို အိမ်မှာ ကင်မရာကလည်းမရှိဆိုတော့
      ရှိတဲ့ JXD လေးနဲ့ရိုက်တင်ရတယ်ဆိုတော့ အဲလိုဖြစ်သွားပါတယ် နောက် ကိုယ်တွေကလည်း အဲလိုပစ္စည်းတွေဆို ကိုင်ယုံပဲ ကိုင်တက်တာ ဘာမှလည်းမလုပ်တက်တော့ ရှေ့နောက် မစဉ်းစားပဲ ရွာသူားတွေကို ပြချင်ဇောနဲ့ တင်လိုက်မိပါတယ် ဘာပဲဖြစ်ဖြစ် အခုလို ဝင်ရောက်စားသောက် သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

  • Moe Z

    July 27, 2012 at 3:15 pm

    အူးလေးဂဂတို့များ အိမ်ရှင်မကောင်းရထားတော့
    တစ်မျိုးပြီးတစ်မျိုးမရိုးအောင်စားရတယ်ပေါ့ ..
    ရွာသားတွေကို မစားရ သွားရည်ကျအောင်လုပ်တာတော့ တင်းတယ် :mrgreen:

  • သားငယ်

    July 27, 2012 at 3:20 pm

    ဟုတ်ပါ့ဗျာ စားချင်သား အဲ့လို အရသာမျိုးလေး ..ဒီနေ ့ချက်တဲ့ဟင်းက ဝက်သားအာလူး နဲ ့ငပိကြော် ဟင့်..
    အင်း ရှိတာလေး ဘဲစားရဦးမှာ ပေါ့..

  • ညလေး

    July 27, 2012 at 3:43 pm

    မမနွယ်ပင်ရယ်…မနက်စာကတော့ဖြစ်သလိုနဲ…..တွယ်ပြီးပြီ….
    ညနေစာတော့မရတော့ဝူး………မမနွယ်ရဲ့ဟင်းလေးပါဆယ်ဆွဲသွားပြီနော်…

  • Shwe Ei

    July 27, 2012 at 5:57 pm

    အတော်ဘဲ၊ ကူးယူသွားတယ် ။ ဒီတပတ်ပိတ်ရက် ဟင်းချက်စားမယ်။ မနွယ်ပင် ကျေးဇူးနဲ့ ဘာဝယ်ရမလဲ ဘာချက်ရမလဲ တွေးစရာမလိုတော့။ ကောင်းမှကောင်း 🙂

  • ပင်လယ် ပျော်

    July 27, 2012 at 9:19 pm

    မမနွယ်လိုမျိုး ဟင်းချက်ကောင်းတဲ့ သူမျိုးကိုရတဲ့ယောက်ျားကတော့ကံကောင်းမှာပဲနော် အနော်ကတော့ ဒီဘဝတော့ ဟင်းကောင်းကောင်းမစားရတော့ဘူးဟီးဟီး ဟီး

  • ကြောင်ကြီး

    July 28, 2012 at 9:24 am

    ဝက်သားနဲ့
    နာနတ်
    ကြာဖက်လို့
    နှာနှပ်
    လျှာမြက်ဖို့
    ဆာချက်
    နွှာသရက်တို့
    အာကပ်
    ဝါကပ်သမို့
    မညာတတ်။

Leave a Reply