မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်ခြင်း

pwint pwintJuly 27, 20121min1200147

မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ (မန်ဘာများ ကျေးဇူးပြုပြီး like မလုပ်ပဲ မှတ်ချက်ရေးပေးကြပါ)

147 comments

  • ဦးဦးပါလေရာ

    July 27, 2012 at 3:01 pm

    ကိုခိုင်ရေ
    မိတ်ဆွေတယောက်လို လက်ကိုဆုပ်ပြီးပြောပါရစေ
    အထူး ဝမ်းနည်းမိပါတယ်။

    မိခင်ကောင်းတဦးရဲ့ ပြုဖွယ်လုပ်ငန်းဆောင်တာတွေကိုရုပ်သိမ်းလို့
    အနားယူခဲ့ပြီ…

    ကျန်ရစ်တဲ့သားကောင်းတဦးအနေနဲ့ လောကတာဝန်တွေကို ဆက်ထမ်းဆောင်ရာမှာ
    ကိုခိုင့်ဘေးက မိတ်ဆွေတဦးအဖြစ် ရပ်တည်လျှက်ပါ…။

  • ဥဥ

    July 27, 2012 at 3:05 pm

    စိတ်မကောင်းခြင်းများစွာနဲ့ ………..
    မိသားစုနှင့်အတူ ထပ်တူမျှ ခံစားရပါတယ် …

  • memeseku

    July 27, 2012 at 3:18 pm

    မိသားစုနဲ့ ထပ်တူထပ်မျှဝမ်းနည်းပါတယ်….

  • htoosan

    July 27, 2012 at 3:24 pm

    သူကြီးရေ ..
    သူကြီးကိုလည်း မမြင်ဘူး ။ သူကြီး အမေကိုလည်း မမြင်ဘူးတော့ သာမာန် အနေနဲ့ဆို ဘယ်လိုမှ ခံစား စရာ မရှိဘူး ထင်ရပေမဲ့ ဂေဇက် သံယောဇဉ်ကြောင့်လို့ထင်ပါသည် ။ဟိုတစ်နေ့ က သူကြီး ရေးလိုက်ကထဲ က စိတ်မကောင်းဖြစ်မိပါတယ် ။ မိသားစု ဝင် တစ်ဦး ဆုံးရှုံး ရသလို ခံစားမိပါတယ် ။

  • MaMa

    July 27, 2012 at 3:28 pm

    ဒီဆိုဒ်မှာ စာရေးရင်း စာဖတ်ရင်း မြန်မာပြည်သားချင်းဆိုတဲ့စိတ်နဲ့ အားလုံးကို ဆွေမျိုးရင်းချာတွေလို ခင်မင်သွားမိပါတယ်။
    အထူးသဖြင့် ဆိုဒ်တည်ထောင်သူ ဦးခိုင်ကိုတော့ ကျေးဇူးလည်းတင် ခင်လည်း ခင်ပေ့ါ။

    ဦးခိုင်ဖခင်ရဲ့ ကဗျာလေးကိုဖတ်ပြီး အိမ်ထောင်ရှင်မ တာဝန်ကို ကျေပွန်ခဲ့တဲ့ မိခင်ကောင်း တစ်ယောက်ဆိုတာကို သိလိုက်ရပါတယ်။

    လူသားတိုင်း မလွန်ဆန်နိုင်တဲ့လမ်းကို သွားတာဖြစ်ပေမယ့် ကိုယ့်မိဘဆိုတာကတော့ ဘဝမှာ အတုမရှိ အတူမရှိတာကိုလည်း ကိုယ်ချင်းစာမိပါတယ်။

    မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။

    ကျမပြုခဲ့တဲ့ကောင်းမှုတွေကိုလည်း အမျှဝေပါတယ်။

    ဦးခိုင်မိခင်ကြီးနှင့် မိသားစုများ၏ ပြုပြုသမျှသော ကောင်းမှုတို့ကြောင့် ကောင်းရာသုဂတိ လားပါစေလို့ ။

  • shwe pont

    July 27, 2012 at 3:35 pm

    သူကြီးရဲ ့မိခင်ကွယ်လွန်သွားကြောင်းသိရတဲ့အတွက် သူကြီးနဲ ့ထပ်တူ ဝမ်းနည်းကြောင်းပါ။
    သူကြီးရဲ ့မိခင်ကြီးကောင်းရာမွန်ရာ ဘုံဘဝကိုရောက်ဖို ့အတွက်လည်း ဆုတောင်းပေးလိုက်ပါတယ်။

  • ညလေး

    July 27, 2012 at 3:38 pm

    မိသားစုနဲ့ ထပ်တူထပ်မျှဝမ်းနည်းပါတယ်….
    အမေကြီးလည်း…ကောင်းရာသုဂတိ လားပါစေရှင်။

  • အရင့်ရောင်

    July 27, 2012 at 3:39 pm

    အားလုံးနှင့် ထပ်တူထပ်မျှ ခံစားရပါ၏ ။

  • ပန်းစံပါယ်

    July 27, 2012 at 3:52 pm

    စိတ်မကောင်းခြင်းများစွာနဲ့ ထပ်တူခံစားမိပါတယ်။

  • nozomi

    July 27, 2012 at 4:00 pm

    ကိုယ်ချင်းစာစိတ်နဲ့ စိတ်မကောင်းဖြစ်ရပါတယ်
    သူကြီးအနေနဲ့ မဆုံးခင် သားသမီး ဝတ္တရားကျေပွန်အောင်ပြုစုနိုင်ခဲ့မှာမို့ ဖြေသာမယ်ထင်ပါတယ်
    ပို့စ် တစ်ခု မှာ ပြောခဲ့တဲ့ အမေနဲ့ ပတ်သက်ပြီး လုပ်မယ်ဆိုတဲ့ ဆေးဝါး ဆိုင်ရာ research လေးလဲ လုပ်ဖြစ်ပါစေ အောင်မြင်ပါစေ

  • မှော်ဆရာ

    July 27, 2012 at 4:10 pm

    ဒီသတင်းကို ကြားရတဲ့အတွက် စိတ်မကောင်းပါ …
    မိသားစုနှင့်ထပ်တူ ဝမ်းနဲ ကြေကွဲရပါကြောင်း ပြောကြားပါရစေခင်ဗျာ …
    မှော်ဆရာ ..

  • ကိုရင်မောင်

    July 27, 2012 at 4:44 pm

    ။။။။။။ကိုခိုင်မိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရပါတယ်။။။။။။
    …..ကိုရင်မောင်…..

  • Swal Taw Ywet

    July 27, 2012 at 4:50 pm

    Dear ThaGyee,
    I really feel sorry for this info.
    မိသားစုနှင့်ထပ်တူ ဝမ်းနဲ ကြေကွဲရပါကြောင်း ပြောကြားပါရစေခင်ဗျာ … ( Credited to မှော်ဆရာ ).
    But I believed that you already done what you have to do for her, Right?
    Please share our loving kindness to you and your family.

    With respect,
    Swal Taw Ywet.

  • we R one

    July 27, 2012 at 5:00 pm

    မိသားစုနဲ ထပ်တူဝမ်းနည်းကြေကွဲ ရပါတယ်..။

  • laypai

    July 27, 2012 at 5:03 pm

    ဦးခိုင် ခင်ဗျာ၊
    မိသားထပ်တူ ဝမ်းနည်း ရ ပါ သည်။

  • tt lay

    July 27, 2012 at 5:07 pm

    မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။

  • ဘရားသား

    July 27, 2012 at 5:27 pm

    ဝမ်းနည်းရပါသည်
    ကောင်းရာသုဂတိလားပါစေ

  • မောင်ပေ

    July 27, 2012 at 5:32 pm

    ဦးခိုင်ခင်ဗျ
    ကိုထူးဆန်းပြောခဲ့သလိုပါပဲ
    လူချင်း အပြင်မှာ တစ်ခါမှမတွေ့ဖူးပေမယ့်
    ဦးခိုင်ရဲ့ဝက်ဆိုက်ကြောင့်မို့
    စာကောင်းတွေဖတ်ရ
    မသိခဲ့သေးတာတွေသိရ
    အကြားအမြင်ဗဟုသုတ ပညာတွေအများကြီးရ
    မိတ်ဆွေအသစ်တွေလဲတွေ့ရနဲ့
    ဦးခိုင် ကျေးဇူးတွေပါ
    ဦးခိုင်တို့ မိသားစုအားလုံးနဲ့ ထပ်တူထပ်မျှ
    ဝမ်းနည်းမိပါတယ်
    ဦးခိုင်ရဲ့ အမေ ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်း မေတ္တာပို့ပါတယ် ခင်ဗျ

  • သန်းထွဋ်ဦး

    July 27, 2012 at 5:43 pm

    ကျနော် တို ့အားလုံးထပ်တူထပ်မျှ ဝမ်းနည်း ပက်လက်ဖြစ်ရပါတယ်ဗျာ
    ကိုခိုင်၏ အစားထိုးမရသော ဆုံးရှုံးမှုအတွက်ပါ။

  • ဝင့်ပြုံးမြင့်

    July 27, 2012 at 5:50 pm

    Please, accept my deepest sympathy, ThaGyee.

  • San Hla Gyi

    July 27, 2012 at 6:04 pm

    ကိုခိုင်ရေ
    အများကြီးလည်း ဘာမှ မပြောတတ်တော့တာရယ် စိတ်မကောင်းတာကြောင့် ဝမ်းနည်းကြောင်း ပြောပါရစေ။ တကယ့်ကိုပဲ ဝမ်းနည်းမိပါတယ်။ ကျန်ရစ်သူတွေရဲ့ အပူကိုလည်း ခံစားမိပါတယ်။

  • အရီးခင်လတ်

    July 27, 2012 at 6:14 pm

    Dear Thagyi,

    I’m so sorry to hear about your loss.
    I know that you are feeling so sad that it hurts to not have her with you anymore.
    But she doesn’t have to suffer anymore.

    No matter how far she goes …
    She always remain close to your heart,
    because she leaves behind her beautiful memories for you and family to cherish.

    May the memories keep you going.
    May you be comforted by those memories.
    and know that you and your family are always in our thoughts.

    My sincere sympathy is always with you & your family.

    With Heartfelt Sympathy
    Khin Latt

  • padonmar

    July 27, 2012 at 6:20 pm

    ကိုခိုင်
    ဒီလိုခံစားချက်မျိုးခံစားခဲ့ရဖူးတာဖြစ်လို့ ကိုယ်ချင်းစာပါတယ်လို့ပြောပါရစေ။
    ရင့်ကျက်တဲ့အရွယ်ရောက်လို့ ရွှေမြင့်မိုရ်ပြိုသလောက် မထိခိုက်တော့ပေမယ့် အစားပြန်မရနိုင်တော့တာတွေးမိလေတိုင်း ဝမ်းနည်းနေရပါတယ်။

    ကိုခိုင့်လိုသားမျိုးမွေးထားမိတဲ့အတွက် အမေရဲ့ နောက်ဆုံးအချိန်တွေမှာ ဘဝကို ဂုဏ်ယူစွာဖြတ်သန်းသွားခဲ့မယ်လို့ ယုံကြည်ပါတယ်။
    အထီးကျန်ခံစားနေရမယ့် အဖေပေါ်မှာ ပိုလို့ ဂရုစိုက်ပေးလိုက်ပါနော်။

  • Knowledge Seeker

    July 27, 2012 at 6:56 pm

    Dear U Kai,

    Kindly accept my sincerest condolence for the loss of your beloved mother. I have already lost my father 7 years before and hence I fully understand how you would feel for loosing your mother. But this is the way we all have to go one day or another. However please take care of your father who left lonely and who need more care.

    Take care,

    Knowledge Seeker

  • မိုးတိမ်

    July 27, 2012 at 7:11 pm

    ဒီလောက်တော်တဲ့ သူကြီးကိုမွေးထားတဲ့ မိခင်ဟာ သာမာန်အမျိုးသမီးတော့ မဟုတ်နှိုင်ပါ။
    အစွမ်းအစရှိသော လူတစ်ဦးကမ္ဘာကြီးမှ ပျောက်ကွယ်သွားသဖြင့် ထပ်တူထပ်မျှဝမ်းနည်းမိပါတယ်။
    ကောင်းရာသုဂတိရောက်ပါစေ……..

  • kyawtheinmyint

    July 27, 2012 at 7:23 pm

    မိခင်ကြီး ကွယ်လွန်သွားတဲ့ အတွက် ဦးခိုင်နဲ့ ထပ်တူ ဝမ်းနည်းမိပါတယ်၊ ပြီးတော့ မိခင်ကြီး မကွယ်လွန်ခင်မှာလည်း သားသမီးကောင်း ပီသစွာနဲ့ တာဝန်ကျေပွန်ခဲ့တာတွေအတွက်လည်း ဦးခိုင်နဲ့ ထပ်တူ ဝမ်းသာ ဂုဏ်ယူမိပါတယ်။

  • ရွာစားကျော်

    July 27, 2012 at 7:39 pm

    ကျနော်တို့ မြန်မာလူမျိုးတွေ ပြောလေ့ရှိတဲ့ ရွှေတောင်ကြီးပြိုတယ်ဆိုသလို သူကြီးဦးခိုင်ရဲ့ မိခင်ကြီး ကို ဆုံးရှုံးရမှုကို ကိုယ်ချင်းစာစိတ်နဲ့တတ်နိုင်သလောက် ဖြေသိမ့်စကားလေးပဲ ပြောပါရစေ..
    သူကြီးရဲ့ မိခင်ကြီး ကောင်းရာသုဂတိရောက်ဖို့ ဆုတောင်း မေတ္တာပို့ပါတယ်ခင်ဗျာ..

  • ငပွကြီး

    July 27, 2012 at 8:55 pm

    ကိုခိုင်ရဲ့ မိခင်ကြီးကွယ်လွန်ခြင်းအတွက် ကိုခိုင့်မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းမိပါတယ်..
    ကိုခိုင်ရဲ့ မိခင်ကြီး ကောင်းရာသုဂတိလားပါစေ….

  • aye.kk

    July 27, 2012 at 9:02 pm

    ထပ်တူထပ်မျှဝမ်းနည်းကြေကွဲမိပါသည်။။

  • ဇောက် ထိုး

    July 27, 2012 at 9:02 pm

    မန်းဂေဇက်ဆိုတဲ့ လိုတရ ပညာရွှေအိုးကြီးတစ်လုံးကို ဖန်တီးပေးတဲ့ … ဖန်တီးပေးနိုင်တဲ့..ဦးခိုင်ဆိုတဲ့ သားတစ်ဦးကိုမွေးဖွားပေးခဲ့တဲ့… အမေ…

    အိုးတစ်လုံးဟာ …သဘာဝအတိုင်း ကွဲချိန်ကျရင် ကွဲမှာပါပဲ.. ဒါပေမယ့် မကွဲခင် လူတွေကို ဘယ်လောက်ရေထည့်တိုက်ပြီး ကျေးဇူးပြုသွားသလဲ… အဲဒါ အိုးရဲ့တန်ဖိုးဆိုရင်…

    အမေ… လောကလူသားတွေကို အမေကိုယ်တိုင်လဲ ရေတွေတိုက်သွားတယ်။ အမေမရှိတဲ့နောက်လဲ.. လူသားတွေကို ရေတွေတိုက်နိုင်အောင် ဦးခိုင်ဆိုတဲ့ မျိုးဆက်ပေးနိုင်ခဲ့တဲ့အမေ….

    ကောင်းရာသုဂတိ လားပါစေလို့ ကျွန်တော်ဆုမတောင်းပေးပါဘူး… အမေကို မယုံရာကျမှာစိုးပါတယ်။
    ကျွန်တော်…. အပြည့်အဝယုံကြည်ထားပါတယ်…အမေ….

  • ပင်လယ် ပျော်

    July 27, 2012 at 9:12 pm

    ဦးခိုင်မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း

  • kuroko

    July 27, 2012 at 9:25 pm

    ဘယ်တော့မှ အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးနဲ့ ကြုံတွေ့နေရတဲ့သူကြီးဦးခိုင်မိသားစုနဲ့ ထပ်တူထပ်မျှဝမ်းနည်းရပါတယ်…ဦးခိုင်…

  • Oo Oo

    July 27, 2012 at 9:25 pm

    လူရယ်လို့ဖြစ်လာရင် သေခြင်းတရားကို ရှောင်လွဲလို့မရမှန်းသိထားပေမယ့်
    မိသားစုထဲမှာ တကယ်ကြုံတွေ့လာရတဲ့အခါ တော်တော်ခံစားရတတ်ပါတယ်..
    ကျနော်ကိုယ်တိုင် မကြာသေးခင်လအနည်းငယ်လောက်က မွေးသဖခင်ရဲ့ နောက်ဆုံးခရီးကိုပို့ဆောင်ခဲ့ဖူးလို့။

    သူကြီးဦးခိုင်တသားစုကိုလည်း ရင်ထဲကလှိုက်လှိုက်လဲလဲ ကိုယ်ချင်းစာမိပါ၏။
    ကွယ်လွန်သွားသူ သူကြီးဦးခိုင်ရဲ့ မွေးသမိခင်ကြီး ကောင်းရာဘုံဋ္ဌါန သုဂတိ မှာတည်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

  • သစ် တည်

    July 27, 2012 at 9:34 pm

    ဦးခိုင် ထပ်တူထပ်မျှဝမ်းနည်းရပါတယ်
    ကျွန်တော်လဲ ဒါမျိုးမကြုံချင်ပါဘူးဗျာ…….

  • jacky tun

    July 27, 2012 at 9:44 pm

    အစားထိုးမရတဲ့မာတာမိခင်ကို ဆုံးရှုံးသွားရတဲ့အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ် ကောင်းရာဘုံဘဝရောက်ပါစေလို့ စိတ်စေတနာအမှန်နဲ့ဆုတောင်းပေးနေပါတယ်

  • myatminaung

    July 27, 2012 at 10:01 pm

    ကောင်းကင် တခြမ်း ပြိုကျသလိုပါပဲ
    ကိုခိုင်နဲ့ထပ်တူဝမ်းနည်းမိပါတယ်

  • the best

    July 27, 2012 at 10:04 pm

    သူကြီးရေ—
    ကျွန်တော့် အမေကဆုံးသွားတာကြာပါပြီ။
    ဒါကြောင့် အခုအချိန်မှာ သူကြီးတစ်ယောက် ဘယ်လိုခံစားနေရတယ်ဆိုတာ
    ကိုယ်ချင်းစာမိပါတယ်။

    သူကြီးရဲ့ ကျေးဇူးရှင် မွေးမိခင် ကောင်းရာသုဂတိ လားပါစေ။

  • ကိုခိုင်
    ကိုခိုင့်အတွက်အစားထုးိမရသော သူတစ်ယောက်
    လောကဓမ္မတာအရ ပျောက်ဆုံး။
    ရင့်ကျက်တည်ငြိမ်တဲ့အရွယ်ကိုရောက်ကြပြီဆိုပေမယ့်
    ရင်တွင်းမှခံစားမူ့များကိုနားလည်ပါ၏။
    ဒီလိုခံစားမူ့မျုးိ ကျနော်လွန်ခဲ့သောသုံးနှစ်က ခံစားခဲ့ရပြီးပြီဆိုတော့ ကိုယ်ချင်းစာနာပါ၏။

  • ဇွဲမာန်(အင်းဝ)

    July 27, 2012 at 10:11 pm

    မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

    ခုလိုကြားရတော့ဝမ်းနည်းမိပါတယ်၊ မိခင်ကြီးကောင်းရာသုဂတိရောက်ပါစေ……..

  • bigchef

    July 27, 2012 at 10:11 pm

    သူကြီးမိသားစု နှင့်
    အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်.

Leave a Reply