ကောင်းတော ့ကောင်းတယ်မျက်စိစပ်တယ်(၂) (သို ့) သတိ…ဆင်းရဲသားများဒဏ်ရိုက်မည်…

        နိုင်ငံတော်က စေတနာ ပရဗွနဲ ့လား စက်ဘီးစုတ် ဆိုင်ကယ်စုတ်စီး လူတန်းစားတွေကို မျက်စိနောက်လို ့လား တော ့ မသိ။၇၈လမ်း(ရန်ကုန်-မန္တလေးလမ်း)၊၆၂လမ်းတွေ မှာ စက်ဘီးဆိုင်ကယ်လမ်းဆိုပြီးသတ်သတ်လုပ်ပေးထားသဗျ။မြန်မာတွေစည်းကမ်းရှိအောင်

လားတော ့မသိ။အဲဒီလမ်းပေါ်က မသွားမိတဲ ့ စက်ဘီးဆိုင်ကယ်မှန်သမျှ(အဲ..အဲ တချို  ့ပုဂ္ဂိုလ်များ မပါပေါ့ဗျာ…)ဖမ်းဆီးအရေးယူနေတာ နေ ့တိုင်းပါပဲ။မနက်အလုပ်ကသုတ်ကယက်ပြေးကြတဲ့ ပန်ရံကလေးတွေလက်သမားလေးတွေလမ်းမပေါ်သွားတယ်ဆိုတဲ ့ ပြစ်မှုတွေနဲ ့မျက်ရည်သုတ် 

ခေါင်းငုံ ့အလုပ်ပျက်ကြရတာမျက်မြင်တွေပေါ့။ဒါပေမယ့်ယဉ်အန္တရာယ်ကင်းအောင် မြို ့ပြအင်္ဂါနဲ ့

ညီအောင် လိုအပ်တယ်ထင်လို ့ ရွှေရိုးတို ့ကကြိုဆိုခဲ ့ပါသဗျ။ဒါမှ ကားအကောင်းစားနဲ ့သူဌေးမင်းများ(အထူးသဖြင့် ကားစီးလူတန်းစား ပေါက်ဖော်ကြီးများ ဘာဘူကြီးများ)လည်း စိတ်အေးချမ်းသာစွာ သွားနိုင်ကြမှာပါခင်ဗျ။

       ဒါပေမယ့်ဗျာအဲဒီဆင်းရဲသားတွေရဲ  ့ဒဏ်ကြေးအလီလီ ပေးဆောင်သုံးစွဲနေရတဲ ့လမ်းတွေတောင်

ခေတ်သစ်ဘူဇွာ လူ ့မလိုင်တွေက လုယူကြသဗျ။စောစောကပြောတဲ ့၇၈လမ်း(ရန်ကုန်-မန္တလေးလမ်း)ဆိုရင် ပုဂ္ဂလိက ကျောင်းတွေကြောင့် သတ်မှတ်လမ်းတွေပိတ်ကုန်တာ ၆၂လမ်း ဆိုရင် အဲဒီနားက စားသောက်ဆိုင်တွေ KTVတွေက ကားပါကင်သဖွယ်သဘောထားသုံးနေကြတော ့ ဆင်းရဲသားတွေ အတွက်က အပေါ် အောက်အန္တရာယ်တောင်ပိုများလာပါတယ်။လမ်းပိတ်တော ့ လမ်းမပေါ်တက်သွားရပါတယ်။စောစောကပြောသလိုအန္တရာယ်တောင်ပိုများလာပါသေးတယ်၊                     ပြောချင်တာက စက်ဘီးစုတ်လေးတွေတောင် ကားပေါ်တင်ဖမ်း(ဒဏ်ငွေမဆောင်နိုင်ရင်)   နေကြတဲ ့ စည်ပင် မော်တော်ပီကယ်လူကြီးမင်းများ စက်ဘီးလမ်းပိတ်တဲ့ လူ ့မလိုင်များ ဘူဇွာ များကိုလည်းဘယ်လိုများအရေးယူစီရင်မလဲ သိချင်ပါရဲ  ့။

5 comments

  • myanmarcitizen

    July 27, 2012 at 3:56 pm

    စက်ဘီးလမ်း သီသန့်ထားပေးတော့ကောင်းတာပေါ့။ ကြိုဆိုပါတယ်။ စက်ဘီးသမားတွေကလဲ ပေးထားတဲ့လမ်းကပဲ စီနင်းသင့်ပါတယ်

  • ster

    July 28, 2012 at 12:11 pm

    ရန်ကုန်မှာလဲ စက်ဘီးစီးရမယ်. လမ်းတွေ လုပ်ပေးသင်.ပါတယ်၊
    ကားလမ်းပေါ် တက်စီးနေတာထက်စာရင် အန္တရာယ်လဲ ကင်းပါတယ်၊

  • မိုးမှောင်

    July 28, 2012 at 12:23 pm

    ရန်ကုန်မှာ စက်ဘီးစီးချင်ရင် တိုက်ခေါင်မိုးပေါ်မှာဘဲ လမ်းလုပ်လို့ရမယ်
    မြို့ထဲမှာ ဈေးသည်တွေများဗျာ လမ်းမပေါ် လမ်းတဝက်ယူပြီးဈေးရောင်းနေကြတယ်
    ဝမ်းရေးမို့ ပြောမပြချင်တာပါ ၊
    ကားသွားဖို့ မလွယ် လူသွားလမ်းကြောင်း ပျောက်
    နေရာတိုင်း အခက် အခဲတွေ အများကြီး နဲ့ ရင်ဆိုင်နေကြရတယ်

  • pazflor

    July 28, 2012 at 1:39 pm

    နိုင်ငံတော်အကြီးအကဲတွေနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေရဲ ့ အရည်အချင်းပြည့်ဝမှူ ့များနဲ့ မျှော်မြင်တွေးခေါ်နိုင်စွမ်းတွေ ကြောင့်ပေါ့ဗျာ 😀

Leave a Reply