အပြုံး၏နောက်ကွယ်

mamanoyarJuly 27, 20121min22917

လူအမျိုးမျိုး စိတ်အထွေထွေရှိကြသည်။ တစ်ချို့က ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင်နေသလို သူများကို လည်း ပျော်ရွှင်မှုတွေ ပေးနိုင်ကြသည်။ မိမိရော သူများအပေါ်မှာပါ စိတ်ချမ်းသာမှုပေးချင်တယ်ဆိုရင်ဖြင့် အကောင်းဆုံး နည်းလမ်းလေးကတော့ ပြုံးပြခြင်းလို့ထင်ပါမိပါသည်။  လူတစ်ယောက်ရဲ့အပြုံးက အများတကာကို စိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်သည်။ အပြုံးဆိုရာဝယ် ရိုးရှင်းသည့် စစ်မှန်သည့် အပြုံးတော့ ဖြစ်နေရပါမည်။ လူတစ်ယောက်အပေါ် နာကျည်းမှုနဲ့ ဥပမာ (မဲ့ပြုံး) မျိုးတော့ မဖြစ်သင့်ပါဘူး။

အပြုံးတစ်ချက်သည် မိမိရန်သူ၏ နာကျည်းမှုအချို့ကိုပင် ပြေပျောက်စေနိုင်သည်။ မိမိအပြုံးတစ်ချက်ကြောင့်  လူအချို့အား စိတ်ခွန်အား များရရှိစေနိုင်သည်။ အချို့သော ရန်စကားများကို အပြုံးဖြင့်ဖြေရှင်းနိုင်သည်။ ထိုသို့ ပြုံးနိုင်အောင်လဲ မိမိဘက်မှ သည်းခံခြင်း၊ မိမိကိုယ်ကိုယ်နှိမ်ချခြင်း၊ အများအပေါ် နားလည်မှုပေးနိုင်ခြင်း စသည့် စိတ်ဓါတ်အခံရှိနေသူများသာလျှင် စွမ်းဆောင်နိုင်ပေမည်။

ဆရာမဆိုသော အသိနှင့် ကြောက်ရွှံ့နေသော ကျောင်းသားငယ်တစ်ယောက်ကို ဆရာမ၏ အပြုံးဖြင့် အားအင်ဖြစ်စေနိုင်သည်။ မိမိအပြုံး၏ နောက်ကွယ်တွင် ကြည်နူးဖွယ် စိတ်ခံစားမှုများရှိနေကြသည်ကို မမေ့သင့်ပေ။ ထို့ကြောင့်  ဂေဇက်ရွာသူရွာသားများလဲ မိမိကိုယ်စီ၌ရှိသော လှပသောအပြုံးလေးများကို ကိုယ်စီဖော်ထုတ်နိုင်ကြပါလို့ တိုက်တွန်းရပါသည်။

မိမိ ၏ လှပသော အပြုံးလေးများဖြင့် လောကကြီးကို အလှဆင်နိုင်ကြပါစေရှင်။။။။။။။။

17 comments

  • surmi

    July 27, 2012 at 3:14 pm

    ဟုတ်ပြီ မှန်ကြည် ့ပြီးပြန်ကျင် ့လိုက်ဦးမယ်
    အချိန်နဲနေလို ့ နောက်မှထပ်မန် ့မယ်

  • mamanoyar

    July 27, 2012 at 3:44 pm

    ပထမဆုံး comment ချီးမြှင့်ပေးတဲ့ ကိုဆာမိ ကို
    ကျေးဇူးအများကြီးတင်ပါတယ်ရှင်

  • ညလေး

    July 27, 2012 at 3:57 pm

    မမနိုရာ……..ရယ်……..
    ညလေးတော့..အဲဗားဆမိုင်းအရုပ်လေးတွေလို……….
    အမြဲတမ်းပြုံးနေနိုင်အောင်ကြိုးစားတော့မယ်….
    ဆူပုပ်ပုပ်မနေတော့ဝူးနော်……း)း)း)
    တကယ်တော့`အပြုံး´ဟာလူတိုင်းပိုင်ဆိုင်ကြတဲ…..ငြိမ်းချမ်းရေးလက်နက်တစ်မျိုးပေါ့နော်….
    ဟုတ်လားမမနိုရာ…………….

    • mamanoyar

      July 27, 2012 at 4:19 pm

      မှန်တာပေါ့ ညလေးရဲ့
      ညလေးတစ်ယောက် အပြုံးတွေကို ပိုင်ဆိုင်နိုင်ပြီး
      သူတစ်ပါးကိုလဲ ပြုံးပြနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်

  • မမ အညာသူ

    July 27, 2012 at 4:00 pm

    ပြုံးသွားပါတယ်ရှင်
    အားလုံဟန်ဆောင်မှု.ကင်းစွာပြုံးရယ်နိုင်ကျပါစေ…………

  • pan pan chit

    July 27, 2012 at 4:37 pm

    တစ်ယောက်တည်းပြုံးလိုက်တဲ့အပြုံးကတော့ ကြောက်စရာကောင်းတယ်ဆိုလား…. 🙄

  • mamanoyar

    July 27, 2012 at 4:52 pm

    အင် ပန်ပန်ချစ်ကလဲ တစ်ယောက်ထဲတော့မပြုံးနဲ့ပေါ့လို့
    ဟီးးးးးးးးးးး

  • etone

    July 27, 2012 at 4:53 pm

    မမနိုရာရေ ….
    ကျွန်မတို့ရဲ့စက်ရုံခွဲ ၃မှာ ရေးထားတဲ့ စာလေးဖတ်ပြီး ပြုံးမိတယ် ။
    အင်္ဂလိပ်လိုရေးထားတာပါ …. အတွင်းသို့မဝင်ခင် ပြုံးပါတဲ့ ..စမိုင်းပုံလေးနဲ့ .. လိုဂိုလေးတောင်ပြထားသေးတယ် .. စာလေး ဖတ်ပြီးတော ပြုံးမိသွားတယ် … ။

    ဟန်ဆောင်မှုကင်းတဲ့ အပြုံးက ရန်သူကိုတောင် ရင်းနှီးမှုဖြစ်စေပါတယ် ။ အပြုံးထဲမှာ ပွင့်လင်းမှုနဲ့ ဟန်ဆောင်မှုတွေကင်းဖို့တော့ လိုတာပေါ့နော် … အပြုံးများစွာထဲမှာမှ …….. အဓိပ္ပါယ်များစွာ သက်ရောက်တဲ့ အပြုံး အမျိုးမျိုး ရှိခဲ့ကြလို့ပါပဲ ……။

    • mamanoyar

      July 28, 2012 at 8:58 am

      ဟန်ဆောင်မှုကင်းတဲ့ အပြုံးက ရန်သူကိုတောင် ရင်းနှီးမှုဖြစ်စေပါတယ်။
      မှန်ပါတယ် မအိတုန်ရေ အခုလိုလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
      ကိုသန်းထဋ်ဦးကိုလဲ ကျေးဇူးတင်ပါတယ်ရှင်

  • လတ်လတ်

    July 28, 2012 at 9:34 am

    အပြုံးအိနောက်ကွယ်မှာ ဘော်လီချိတ်ပြုတ်နေပါတယ်ကွယ်…..သွပ်သွပ်သွပ်(နီစေသတီး)

  • Gipsy

    July 28, 2012 at 9:59 am

    mamanoyar တယောက် ရွာသူူားတွေရဲ့ ကွန်မန့်တွေကို ဖတ်ရင်း ပြုံးနေတဲ့
    အပြုံးလေးက ပကတိဖြူစင်ရိုးသားတဲ့ အပြုံးလေးပဲ မဟုတ်လား …. ။

    • mamanoyar

      July 28, 2012 at 11:10 am

      သိပ်မှန်တာပေါ့ ကိုဂျစ်ပစီရယ်
      အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်

  • မောင်ပေ

    July 28, 2012 at 2:32 pm

    မြင်ဆရာ ဆြာကြောင် ကို ဂုဏ်ပြုသောအားဖြင့်…
    အပြုံးရဲ ့နောက်ကွယ်
    မမုန်းနဲ ့ကြောက်တယ်
    အရှုံးမဲ့ ငါးခြောက်ဝယ်
    ပုန်းတဲ့ မျေက်သူငယ်
    ဗုံးနဲ ့ပေါက်မယ် ။

  • ko khin kha

    July 28, 2012 at 4:36 pm

    If you smile first, you will get happy.

  • manawphyulay

    July 28, 2012 at 7:18 pm

    ဟုတ်ကဲ့… မီးမီးလည်း ပြုံးကြည့်မယ်နော်.. မမနိုရာ

    မီးမီးရဲ့အပြုံးက မေတ္တာ၊ ဂရုဏာ ကြင်နာတဲ့အကြည့်နဲ့ပဲ ပြုံးပြမယ်နော် ရလား မမ ပြုံးပြီနော်…

    ဟင့် မမနိုရာ ကောင်းဘူး။ မီးကို ပြန်လည် ပြုံးပြဘူး…

  • အလင်းဆက်

    July 28, 2012 at 7:40 pm

    တားတားက မပြုံးတတ်ဘူးဂျ ။ ပြုံး နည်း..သင်ရဦးမယ် ။

    ဒါ..မမနိုရာ..ပေးတဲ ့..တားတားအတွက်..တင်ခန်းစာ..ပါဂျ ။

    ကျေးကျေးပါ ။

Leave a Reply