အပိုင်း(၆)

အရာဝတ္တုတစ်ခု ကို မိမိကစွဲလမ်းတပ်မက်နေသောအခါ ထိုအရာဝတ္တု၏တန်ဖိုးမှာ မူလရှိရင်းစွဲတန်းဖိုးထက် မြင့်တက်နေသယောင် အဖိုးမဖြတ်နိုင်သယောင် ထင်ရသည်။ စွဲလမ်းတပ်မက်မှုကိုဖယ်ရှားလိုက်သောအခါ ထိုအရာဝတ္တုသည် သာမန်မျှသာ ဖြစ်သွားတော့သည်။
ရင့်ကျက်လာတဲ့တစ်နေ့တော့ ဦးခိုင်တို့ ဂျီမတို့ နားလည်သဘောပေါက်ပြီး ခံစားချက် ကိုထိမ်းညှိနေထိုင်သွားတတ်ကြမှာပါ။ ဒါပေမဲ့ သိဖို့လွယ်ပြီး ရှိဖို့ခက်တဲ့ အမှန်တရား တွေကို ဘယ်တော့များမှ……

At Myanmar Embassy in USA

“မင်းတို့ကဘာကောင်တွေလဲကွ သမ္မတကြီးကိုယ်ကတိုင်က ပြန်လာပါဆိုလို့ ဒို့တွေက အနစ်နာခံ အခွင့်အရေးတွေစွန့်လွတ်ပြီး ပြန်ရမှာ… ”

“ခင်ဗျားတို့ပြန်မယ်ဆိုတို်င်း တန်းပြီး စီစဉ်ပေးရလောက်အောင်မလွယ်ဘူးဗျ။ ခင်ဗျား တို့က ဒီမှာဘာလုပ်ခဲ့တယ် ရာဇဝတ်မှုတွေ မကျူးလွန်ခဲ့ဘူးလို့ ဘယ်သူအာမခံနိုင်လဲ ပြီးတော့ အကြမ်းဖက် ဖောက်ခွဲဖို့ အကြံတွေမပါဘူးလို့ကော…”

“အဲဒါတွေပါမှတော့ ဒီလိုလမ်းနဲ့ကမ်းနဲ့မင်းတို့ဆီလာမလားကွ ဘယ်အပေါက်ကတိုး တိုး”

“တိုးချင်ရင်တိုးကြည့်ပေါ့ဗျာ ခင်ဗျားဘယ်လောက်ခံမလဲလို့ မိရင်မိ မမိရင် အပေါက် ကပဲပြန်တိုးထွက်ရမှာ”

“ဟေ့ အပိုတွေမပြောနဲ့ မင်းတာဝန်က ငါတို့ကိုကူညီဖို့ ဘယ်တော့ရမလဲသာပြော”

“နောက်တစ်ပတ်ပြန်လာ စာရွက်တွေစိစစ်ပြီးမှ ဘယ်နေ့ဆိုတာပြောလို့ရမှာ”

“ဒါဆိုရင်လဲပြီးရောကွာ”

တောက်တစ်ချက် ခတ်ပြီး ဘုန်းကျော်လှဲ့ထွက်လာသည်။

“ဒီအေဗေးကောင် ငါ့ကိုများ ဟိုနေရာဖျောက်ဖျောက် ဒီနေရာဖျောက်ဖျောက် ဗျောက်အိုးလေး သွားဖေါက်မဲ့ကောင်ထင်နေလား၊ မင်းတို့ အမေလင်က ဒီထက်ကြီးတဲ့ အကြံရှိတယ်ကွ”

မင်းဒီတစ်ချီ အကြီးကြီးလုပ်ရမယ်ဘုန်းကျော်၊ မင်းနဲ့မင်းမိသားစုကို ငါတို့စောင့် ရှောက်ထားတာကြာပြီ။ ဒီတော့ မင်းတစ်ခုခုလုပ်ပေးရမယ်။ မင်းအတွက်လဲ လုံးဝ အကျိုးအမြတ်မနဲစေရဘူး။ မင်းသိတဲ့အတိုင်း အခုလက်ရှိမြန်မာအခင်းအကျင်းအရ တို့အတွက်လုံးဝ ရေပိတ်ပြီ။ ဒီတော့… မင်းကို ငါအသေးစိတ်ပလန်ဆွဲပေးမယ်။ ငါတို့ မာစတာဘရိန်းဆွဲပေးတဲ့အတိုင်း မင်းလုပ်ရမယ်။ ဟား… ဟား… အခု ကမ္ဘာက ငါတို့ လက်ထဲမှာပါကွ။ ငါအကြံပေးတဲ့အတိုင်းသာမင်းလုပ် ငါတို့တွေ စစ်တပ်လိုမြန်မာ ပြည်ကိုကယ်တင်ခဲ့သည် လို့ပြောစရာမလိုဘူး။ အဲဒီအချိန်ကျ ငါတို့က ဘုရားပဲ။
ဒီတော့ မင်းပထမ မြန်မာပြည်ကိုပြန်….

“အမိန့် မလွန်ဆန်ဝင့်ဘူး အာဏာပြင်းလွန်းတဲ့အမိန့်”

ဘုန်းကျော် သီချင်းတညည်းညည်းနဲ့ ရေချိုးရင်း… မြန်မာပြည်ကို ပြန်ရမယ်ဆိုတော့ တာဝန်တွေအသာထား ဘာတွေလုပ်ချင်တာလဲ တွေးနေသည်။
တောက် ဒီဗမာတွေအသုံးမကျလိုက်ပုံများ စစ်တပ်တုံးကလဲ တပ်မို့လို့ ချီးချမ်းအောင် ကြောက်ပြီး ဘာမှမလုပ်ရဲ။ တောခိုတဲ့ကောင်တွေကောဘာထူးလဲ နဲနဲလေး သာတယ်ထင်တာနဲ့ အချင်းချင်း ဖြတ်ခုတ်ဖို့ဝန်မလေး သတ်ဖို့ဝန်မလေး ဘာဒီမိုက ရေစီလိုချင်တာလဲ ဘာနိုင်ငံရေးခံယူချက်မှမရှိပဲ ရပ်ကွက်လူကြီးသားက ကိုယ့်ရီးစား ဖြတ်ခုတ်တာနဲ့ ကြီးကြီးကျယ်ကျယ်နိုင်ငံရေးစကားပြောချင်တဲ့ ကောင်တွေ။

ဘုန်းကျော်အတွေးကတော့ရှင်းသည် ဘုန်းကျော်မှာ ဘာဘုရားမှမရှိ ငါတို့တွေ ကောင်းကောင်းနေစားနိုင်အောင်လုပ်ပေး ဒါဆို မင်းငါတို့ အထက်မှာနေလို့ရပြီ။ အခု အဖွားကြီးကောဘာထူးလဲ လူတွေက သူ့ကို ဘုရားလိုကိုးကွယ်တယ် သူက ဟုတ်တိ ပတ်တိ ဘာလုပ်ပြသေးလဲ။ သွားစမ်းပါ ကမ္ဘာပတ်ပြီး သက်ကြီးဖက်ရှင်ရှိူးပြနေတာ ကို ဟုတ်လှပြီထင်နေသူတွေကရှိသေးတယ်…

ငါလာပြီ မြန်မာပြည်… မင်းကောင်းစားဖို့အတွက်ပါ… ဒါပေမဲ့ ပထမတော့ အနာခံရပေမပေါ့ အနာခံမှအသာစံရမယ်။ အဲဒီ့အတွက် စတေးဖို့လူလိုတယ်…..

ဦးခိုင်နှင့် ဦးကြောင်ကြီး at USA

“မတွေ့တာတော်ကြာပြီနော် ကိုကြောင်ကြီး၊ အလုပ်တွေရှုပ်နေတာဗျာ အခု ဦးကြောင်က တကူးတက ချိန်းမှပဲ ရောက်ဖြစ်တော့တယ်”

“ဟုတ်တယ်ဗျ ဟိုတစ်လောက ကိုခိုင်ပြောတယ်မဟုတ်လား မြန်မာပြည်က ကိုခိုင့် သူငယ်ချင်း လွတ်တော်အမတ်မင်းက ဖုန်းဆက်ရင်း ပြန်လာဖို့ခေါ်တယ်ဆို”

“ဟုတ်တယ်ဗျ အဲဒါစဉ်းစားနေတာ မိန်းမနဲ့ကလေးတွေကတော့ အလယ်သဘောမျိုး သွားချင်တာပေါ့လေ၊ ကျနော်က စဉ်းစားနေတာ”

“ဟား.. ဟား.. ကျနော်ကြားပါတယ်နော် ဦးခိုင်ရဲ့ အသဲတစ်ခြမ်းမြန်မာမှာ ပဲ့ကျန်ခဲ့ တယ်ဆိုတာ၊ တွေ့ချင်တာလား မတွေ့ရဲသေးတာလား”

“ဟား … ဟား ကြာခဲ့ပါပြီဗျာ သမီးတောင် ၁၈ နှစ်ပြည့်ပြီးပြီ”

“ဆိုတော့ မေ့ခဲ့ပြီပေါ့…”

“ဒီလိုပေါ့ဗျာ အကြောင်းတိုက်ဆိုင်တော့လဲ…”

“နားလည်ပါတယ်ဗျာ ယောက်ကျားအခြင်းခြင်း ဒီခံစားချက်ကို မစားရတဲ့ အသီးက ပိုချိုမယ်ထင်ရတယ်ဗျ”

ဦးခိုင်ရှက်ပြုံးလေးပြုံးလိုက်သည်။

“ကျွန်တော်ကတော့ ခင်ဗျားကို မြန်မာပြည် ခဏပဲဖြစ်ဖြစ်ပြန်စေချင်တယ် ကိုခိုင်၊ ပြီးရင်ခင်ဗျားသူငယ်ချင်း လွတ်တော်အမတ်မင်းနဲ့တွေ့ဖြစ်အောင်တွေ့ပြီး ကျွန်တော့် ကိုနဲနဲ ကူညီစေချင်တယ်”

“ဘာလဲ ကိုကြောင်ကြီးက ပြန်ပြီးကန်ပနီထောင်မလို့လား ဒါမှမဟုတ် မြစ်ဆုံကို တရုတ်မရောင်းဘဲ ကိုကြောင်ကြီး ဝယ်မလို့လား”

“ဟားဟား ကျွန်တော်အဲလောက် မချမ်းသာပါဘူး ကိုခိုင်ရာ”

ဦးကြောင်ကြီး တစ်ယောက်လေးနက်သောမျက်နှာထားပြောင်းသွားပြီး ဦးခိုင်ဘက် သို့ကိုယ်ကိုယို့လိုက်သည်။

ဦးခိုင်နိုင်ငံခြားရောက်စမှစပြီး အစစအရာရာ အကြံပေးလမ်းညွှန်တတ်သော မသိမရှိ ဆိုရလောက်သည့် ဦးကြောင်ကြီး၏ထူးဆန်းသော မျက်နှာထားကြောင့် ဦးခိုင် ရုတ်တရက်အံ့အားသင့်သွားသည်။

“ကိုခိုင်သိတဲ့အတိုင်း ကျွန်တော်တို့တွေ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ခဏ ခဏ ဆွေးနွေးဘူးကြတယ်မဟုတ်လား”

“ဟုတ်တယ်လေ ကိုကြောင်ကြီးရဲ့ ဒေါ်စုနဲ့ဦးသိန်းစိန်ပေါင်းပြီး NLD ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်တော့မယ် စသည်ဖြင့် ကိုကြောင့် ခန့်မှန်းချက်တွေ အတော်များများ မှန်တာပဲဟာ၊ ကိုကြောင်ကတော့ တကယ့် မာစတာဘရိန်းပဲဗျာ ကျွန်တော့်စီးပွားရေးကိစ္စတွေ ခန့်မှန်းလိုက်ရင်လဲ ကွက်တိ”

“ဟဲ…ဟဲ…ဟဲ ဒီလောက်လဲ မဟုတ်သေးပါဘူးဗျာ.. ဒါပေမဲ့ အခုမြန်မာပြည်သား တစ်ယောက်အနေနဲ့ အရေးကြုံလာပြီထင်တယ်ကိုခိုင်”

“ဘာကိုလဲဗျ”

“ကိုခိုင် ဘုန်းကျော်တို့အုပ်စုကိုသိတယ်မဟုတ်လား”

“သိတယ်လေ အခုပြည်တော်ပြန်ခွင့်ရသွားပြီမဟုတ်လား ကောင်းပါတယ်ဗျာ တိုင်းပြည်ထူထောင်ရေးမှာ တစ်တပ်တစ်အားပါဝင်ကြပေါ့”

“အခြေအနေက အဲဒီလောက်မရိုးစင်းဘူးကိုခိုင် ဒီကောင့်နောက်မှာ ဘယ်အဖွဲ့အစည်း ရှိလဲ ကျွန်တော်သိတယ် သူတို့တစ်ခုခုကြံနေပြီ၊ အခု အစိုးရနဲ့ အတိုက်အခံတွေ ပြေလည်မှုလမ်းကြောင်းမှာလျှောက်နေကြတော့ ဒီကောင်တွေ ဒုက္ခသည် ဆက်အမည်ခံဖို့ခက်ခဲလာပြီ။ ဒီတော့ ဆင်ကြံကြံနေကြပြီ”

“ကျွန်တော်တို့ကဘာတတ်နိုင်မှာမို့လဲ ကိုကြောင်ကြီးရယ်”

ဦးကြောင်ကြီး စိတ်အားထက်သန်စွာ ဦးခိုင်လက်မောင်းကို တင်းတင်းညစ် လိုက်သည်။

“မြန်မာပြည်သားတစ်ယောက်အနေနဲ့မြန်မာပြည်ကို ကယ်တင်ခွင့်ကြုံမယ်ဆိုရင် ခင်ဗျား လုပ်ချင်လားကိုခိုင်”

“ကျွန်တော်မြန်မာပါ ကိုကြောင်ရ ဒါပေမဲ့ကျွန်တော်ကဘယ်လို”

“ကိုခိုင် ကျွန်တော့်ကိုယုံလား”

“မယုံဘယ်ရှိပါ့မလဲ ကိုကြောင်ကြီးရယ် ကျွန်တော်တို့မိသားစုအစစ အဆင်ပြေနေ တာ ကိုကြောင်ကြီးအကြံဉာဏ်တွေကြောင့်လေ…”

ဦးကြောင်ကြီးလေးနက်စွာပြုံးလိုက်သည်..

“ကဲ ဒါဆို ကိုခိုင် ပြန်ဖို့ပြင်တော့ မိသားစုမပါဘဲ တစ်ယောက်ထဲသွား၊ အသေးစိတ် ကျွန်တော်ပြီးရင် ဆက်ပြောမယ်”

ဒီလိုနဲ့…….

ကဲမြန်မာပြည် မင်းကိုပဲငါကယ်တင်နိုင်မလား မင်းကပဲငါ့ကို ဒဏ်ရာတွေ ထပ်ပေးလိုက်မလား…….

About Wow

has written 62 post in this Website..