ဧရာကမ်းရဲ့ညနေခင်းလေး………..တစ်

1မြစ်ဧရာမြစိမ်းစိမ်းလှေကလေးက ငြိမ်းငြိမ်း
1ခ ခေါ်လာသူကို မျှော်နေရှာတဲ့လှေငယ်လေး
2 ရေခပ်ဆင်းတဲ့ခေတ်သစ်လုံမေ(ရေအိုးတော့မပါဘူး ရေထမ်းပုံးနဲ့)
3ဧရာရေ မြမြ နေအခ လှပ
4 ငေးသူတစ် ရေရှာသူတစ် နားသူတစ်
 

5 နေညိုရီ
ရေပြင်ဆီအခ
ရွှေမူံတွေကြဲ့ပက်
လက်လက်ရယ်လှ.

6 စစ်ကိုိုင်းတောင်အဝေးမြင်ကွင်းလေးပါ
7 ဧရာကမ်းနံဘေး တွေးချင်ရာတွေး ငေးချင်ရာငေးနေတဲ့ ကလေးလေး
 

8 လွမ်းဘွယ့် စစ်ကိုင်းတောင် အရှေ့ဘက်ခြမ်း အလှ
9 လှေကလေးနဲ့ခရီးသယ် ဧရာဝတီမြစ်လက်တက်အတွင်းမယ်
 

10 အိမ်အပြန်……………………
11 ငေးသူနဲ့ချောင်းသူ
12ငေးသူနှင့်ချောင်းသူ 2
 

13 ကစားနေတဲ့ကလေးတွေ(ဘာလုပ်တန်းများကစားနေတယ်မသိ)
14 ညနေခင်းရဲ့ အလင်း နဲ့လွမ်းစရာ့ သဘာဝပန်းချီ

 

26 comments

  • မမ အညာသူ

    July 31, 2012 at 10:24 am

    ပုံလေးတွေကိုကြည့်ရှု.သွားပါတယ်
    ဓါတ်ပုံဆရာလေးဦးပေါက်ရဲ့ပုံတွေကိုနှစ်သက်တယ်
    ညာရဲ့မွေးနေ့ပွဲကျရင် လေးပေါက် ပုံလှလှလေးရိုက်ပေးနော်
    ဘယ်လိုလဲ ရိုက်ပေးမှာလားလို့………………..

    • မန်းလေးမှာလာပြီးမွေးနေ့ပွဲလုပ်မယ်ဆိုရင်ဖြစ်စေ
      အခြားနေရာမှာလုပ်လို့ ကျနော်အားတဲ့အချိန်နဲ့တိုက်ဆိုင်ရင်ဖြစ်စေရိုက်ပေးပါမယ်။
      ဒါပေမယ့် ကျနော်က လူပုံရိုက်တာ သိပ်မကျွမ်းဘူးရယ်၊
      ကျနော်ရိုက်လိုက်မှ လှတဲ့သူက မလှရင်တော့ အပြစ်မပြောကြေး။

  • ဦး ဂျစ်

    July 31, 2012 at 10:57 am

    လှေစီးနေတဲ့ ပုံလေးတွေ နဲနဲမှုန် နေတယ်နော် ကိုပေါက် …
    သီးခြား ကင်မရာ နဲ့ ရိုက်ထားလို့လားဗျ…

    • ကိုဂျစ်ရေ
      အချုို့ပုံတွေနည်းနည်းမှုံသွားတာကတော့ ဇွမ်းဆွဲရိုက်တဲ့အချိန်ကျနော့်လက်မငြိမ်လို့ဝါးသွားတာပါဗျို့။.

  • aye.kk

    July 31, 2012 at 11:11 am

    လှေငယ်လေးရယ်…
    မြစ်မင်းဧရာရယ်….
    ကိုပေါက်လက်ရာတွေက…
    မြူးမြူးကြွကြွနဲ ့….
    ထူးလှပါပေတယ်…။
    စိတ်ကူးထဲမှာ…
    ဧရာဝတီမြစ်ပြင်ကျယ်ထဲ…
    သင်ဖြူးခင်းပြီးသာ၊လှဲအိပ်လိုက်ချင်မိပါတော့တယ်။။။

    • ဧရာမြစ်မင်း
      ရေဇလာသင်ဖြူးခင်း
      အိပ်စက်အနားယူရင်း
      စိတ်ကူးရွှက်လွှင့်ခြင်း……………………………………………….

  • surmi

    July 31, 2012 at 11:54 am

    ပုံတွေကြည် ့ပြီး တခါကဧရာဝတီမြစ်ထဲမှာလှေတစ်စီးနဲ ့သွားခဲ ့ဘူးတာသတိယမိတယ်အစ်ကိုရေ
    ဘာကိုလွမ်းလို ့လွမ်းမှန်းမသိ
    တကယ်ကိုထိတယ်ဗျို ့
    ပန်းချီဘဲဆွဲချင်သလိုလို စာဘဲရေးချင်သလိုလိုတောင်ဖြစ်သွားတယ်

  • shwe kyi

    July 31, 2012 at 12:18 pm

    အိမ်အပြန်ဆိုတဲ့ပုံလေးကိုအရမ်းသဘောကျတယ်လေးလေးရေ။ နံပါတ် ၄ ပုံကိုလည်းကြိုက်တယ်။
    ရွှေကြည်တို့ကဧရာဝတီမြစ်ဘေးမှာနေတာဆိုတော့ ပုံလေးတွေကြည့်ရင်းအိမ်ကိုအရမ်းပြန်ချင်သွားပြီ။

  • Shwe Ei

    July 31, 2012 at 2:18 pm

    လွမ်းတယ်ဗျာ (အိမ်ကို)။ မြစ်ထဲမှာ သောင်ထွန်းချိန်အမှီ အိမ်ပြန်ပီး ဓါတ်ပုံရိုက်အုံးမယ်။ လေးပေါက်ကို အားကျလို့။

  • မောင်ပေ

    July 31, 2012 at 2:27 pm

    ခလေးတွေ ဒိုးဇက် ဆက်နေအိ
    လှေကလေးကိုလှော်မြီ
    မမေးမြန်းပဲ သေးပန်းတော့သည်
    ဖရဲဟာ ဂေါ်လီ
    ဆော်ကျီဖို့ အတော်ပလီတော့သည်
    ဟီဟိ

  • snow white

    July 31, 2012 at 2:39 pm

    ပုံတွေ တော်တော် များများတင်တဲ့လေးလေးပေါက်သက်ရှည်ကျန်းမာစွာ ပုံများများရိုက်တင်နိုင်ပါစေ လေးလေးပေါက်တင်တဲ့ပုံလေးတွေကတစ်ခါမှမမြင်ဖူးတဲ့ပုံမျိုးလေးတွေ တွေ့ရလို့ တကယ်ကိုနှစ်သက်မိပါတယ်။။

  • ဆယ်စုနှစ်တစ်ခုလောက် ဆိုင်တွင်းပုန်းနေရတဲ့ဘဝလွတ်မြောက်ချိန်
    ကင်မရာလေးတစ်လုံးကို စုပြီးဝယ်နိုင်ချိန် ငယ်အိမ်မက်တွေကို အကောင်အထည်ဖော်ခဲ့မိပါတယ်။
    ကျနော့်ပုံလေးတွေကို ကြည့်မိတဲ့မိတ်ဆွေတွေက နှစ်သက်တယ် ကြည်နူးတယ်ဆိုတဲ့
    ကော်မင်းလေးတွေရတော့ ကျနော်က ပိုစိတ်ကြည်နူးရပါတယ်။
    အခုလိုပုံလေးတွေတင်ခွင့် နှစ်ပေါင်းများစွာရချင်ပါသေးတယ်။
    စိတ်ချမ်းသာလွန်းလို့ပါ။

  • Ma Ei

    July 31, 2012 at 3:39 pm

    ဧရာကမ်းရဲ့ ညနေခင်းလေးကိုကြည့်ပြီး
    ….လှေကလေးကိုလှော်မည်…
    ဘေးမသန်းဘဲ.. အေးချမ်းတော့သည်…
    မြစ်ကမ်းခြေ.. ရေနဒီ…
    စိမ်းလဲ့လဲ့ကြည်…
    သီချင်းလေးညည်းမိပါတယ်…
    အခုလိုပုံလေးတွေကြည့်ရတာတစ်ကယ်ကို
    စိတ်ချမ်းသာရပါတယ်…

  • ko khin kha

    July 31, 2012 at 4:26 pm

    ကျွန်တော်ငယ်ငယ်က ကျောင်းအပ်ဖို့ဓာတ်ပုံသွားရိုက်တော့ ဆိုင်ကဓာတ်ပုံရိုက်တဲ့ ဆရာကြီးကိုမေးမိတယ် “ ဦးကြီးကသားကို ဓာတ်ပုံရိုက်ရင် သားပုံကလှလှလေးထွက်မှာလား´´လို့။ ဓာတ်ပုံရိုက်တဲ့ဆရာကြီးက “သားက ဓာတ်ပုံရိုက်တဲ့ ဦးကချောလား´´မေးတယ်၊ ကျွန်တော်က ကိုယ်ပုံမကောင်းမှာဆိုးလို့ “ဦးကြီးကချောတယ်´´ လို့ဖြေတာပေါ့၊ အဲဒီတော့ ဓာတ်ပုံရိုက်ဆရာကြီးက “ဒါဆို သားဓာတ်ပုံ လှလှလေး ထွက်မှာပေါ့။ ´´ အဲဒီတော့“ ဘာဆိုင်လို့လဲ ဦးကြီးရ´´ မေးလိုက်တယ်၊ အဲဒီမှာသူဖြေတာက “ဓာတ်ပုံရိုက်တဲ့သူက ရုပ်ချောရင်၊ သူရိုက်တဲ့ပုံလေးတွေလည်း လှလှလေးတွေထွက်တယ်တဲ့´´ကလေး ဆိုတော့အဟုတ်မှတ်လို့မှတ်ထားတာပေါ့၊ နောက်ဓာတ်ပုံရိုက်စရာကြုံလို့ ဓာတ်ပုံရိုက်မယ်ဆို ဓာတ်ပုံဆရာ ရုပ်ဆိုးရင် ဓာတ်ပုံအရိုက်မခံဘဲ ပြေးရောဗျာ။ကိုယ်ပုံတွေ မလှမှာစိုးလို့လေ၊ ကလေးဘဝကအတွေးပါ။
    အခုကိုပေါက် ပုံလေးတွေလှတယ်လို့ မန့်ကြတော့ နောက်များဆုံတွေ့ရင် ကျွန်တော်ကိုဓာတ်ပုံ တစ်ပုံလောက် တော့ရိုက်ပေးပါလား ကိုပေါက်ရေ။ ပုံတွေကလှတယ်ဆိုတော့ ဓာတ်ပုံဆရာတော့ ချောမှာသေချာတယ်ဗျာ။( ကလေးဘဝလေးကို သတိရသွားလို့ပါ)။

    • ကိုခ ရိုက်စေချင်ရင် ရိုက်ပေးမှာပေါ့။
      တော်တော်များများက ကိုပေါက်ကိုကြောက်ကြတယ်နော်။
      ဓါတ်ပုံရိုက်ပြီး အင်တာနက်တင်မှာစိုးလို့တဲ့။

  • မွန်မွန်

    July 31, 2012 at 5:42 pm

    လေးပေါက်ရေ..ဧရာကမ်းက ညနေခင်းလေးကို ခံစားသွားပါတယ်နော်…
    မွန်မွန်တို့လို အလုပ်စားပွဲမှာထိုင်ပြီး နေဝင်ချိန်ကို ဖြတ်သန်းနေရသူတွေအတွက်တော့ လေးပေါက်ရဲ့ ပုံလေးတွေနဲ့ပဲ သဘာဝနေဝင်ချိန်အလှကို မြင်ရတာပါ…

    နံပါတ် (၅) ပုံလေးကို အကြိုက်ဆုံးပါပဲ…

  • MaMa

    July 31, 2012 at 6:37 pm

    ဓာတ်ပုံလေးလးတွေကိုကြည့်ပြီး ငယ်ငယ်က တောဘက်ကို သွားလည်ရတဲ့ ခံစားမှုမျိုးမို့ စိတ်တမျိုး ကြည်နူးရတယ်။
    ဒါ့ထက် ချောင်းနေသူကို ပြန်ချောင်းခဲ့သေးတယ်ပေ့ါ။ [:*]

  • အဲဒီပုံလေးမတိုင်ခင်သူက ကျနော်ကို အရင်ချောင်းသွားတာ မမရဲ့။
    မွန်မွန်ရေ ကျနော်ကိုယ်တိုင်လဲ လွန်ခဲ့တဲ့ဆယ်နှစ်က ညနေခင်းဆိုတာ ဘာမှန်းမသိတဲ့ထပ်ခိုးကျဉ်းကျဉ်းလေးမှာ နေဝင်ချိန်တောင် မသိတော့တဲ့
    လူတစ်ယောက်အဖြစ်နေခဲ့ရပါ၏

    • မွန်မွန်

      August 1, 2012 at 9:57 am

      လေးပေါက်ရေ…တစ်ချိန်ချိန်မှာတော့ လေးပေါက်တို့လို ခရီးတွေထွက်၊ သဘာဝအလှအပတွေကို ခံစားနိုင်တဲ့အခွင့်အရေး ရလာမယ်လို့ မျှော်လင့်မိပါတယ်…

  • သန်းထွဋ်ဦး

    July 31, 2012 at 10:03 pm

    အင် တကယ်ကိုနေခဲ့ရတာလား ကိုပေါက်ရေ။ခုမှ သိရလို ့ပါဗျာ။

    • အတွေးချော်မသွားနဲ့ အလုပ်လုပ်တဲ့အခန်းက ထပ်ခိုးလေးမှာ စာရင်းတွေလုပ်ရတာကိုပြောတာနော်

  • marblecommet

    August 1, 2012 at 3:32 am

    ကဗျာကို
    ကင်မလာနဲ့
    ရေးတဲ့ လူကြီး…
    ပေါ့ဗျာ….

  • YE YINT HLAING

    August 1, 2012 at 9:52 am

    ဦးပေါက်ဒါတ်ပုံ တွေကိုစုပြီး ” ကိုပေါက် ခရီး သွားနေသည် ” ဆိုတဲ့ နာမည်နဲ့ ပြပွဲလုပ်လို့ရပြီနော် ! တနိုင်ငံလုံး အနှံ့ ရိုက်ထားတာလေ ။

  • ကိုရဲရင့်ရေ
    မွန်ပြည်နယ်
    ချင်းပြည်နယ်
    ကချင်ပြည်နယ်
    ရခိုင်ပြည်နယ် ကျန်ပါသေး၏။
    ရောက်ဘူးသေးဘူးရယ်

Leave a Reply