ညနေခင်းရဲ့ဧရာ လွမ်းစရာ……………………..

1 ရေချိုးဆင်းမယ်……………………..

 

2ယာယီဆိပ်ကမ်း အရင်ကဒီနေရာလေးမှာ ရေမရှိဘူးလေ
3 ဒီနေရာနေ စစ်ကိုင်းတောင်ကို လှမ်းကြည့်ရင် လွမ်းစရာကြီးပါဗျာ

 

4 လက်ပန်တွေပွင့်တုန်းက ဒီအပင်ကြီကို ဆော်ခဲ့နှက်ခဲ့ဘူးတယ်

 

5 ရေရှောင်ကြသူများ………………………

 

6 မရိုးနိုင်သော ညနေခင်းနေခြည်နဲ့ရွေရည်လက်နေသောဧရာမြစ်ပြင်

 

7 စိတ်အေးငြိမ်းရာ………………စိတ်အယားဖြေရာ………………အပျော်တမ်းကိုတံငါ
8 အလှကလေးကို မြင်အောင်ကြည့်နော်

 

9 ယာယီရွာ……………………………………

 

10 နေအညိုရွှေအိုရောင် ထပ်
ပျော်တံငါ ငါးမျှားတံ ရေပြင်အပ်ပါလို့ သူစောင့်တဲ့အရပ်

 

11 ဧရာနဒီ ညနေခင်းလေးအလှ
12 ကျနော်အတွက်မရိုးနိုင်သော မြင်ကွင်းနဲ့ မကြာခဏရိုက်ဖြစ်သောမြင်ကွင်းများပါ
13 ရေပေါ်က ဖောင်ကလေး နဲ့တိမ်ပန်းချီ

 

 

25 comments

  • P chogyi

    August 2, 2012 at 10:45 am

    ကျေးဇူးပဲ ကိုပေါက်ရေ
    မန်းတလေး ဂေါဝိန်ဆိပ်ကမ်းကို
    မရောက်ဖြစ်တာ နှစ်ပေါင်း ၂ဝ နီးပါးရှိသွားပြီ
    အခု ဧရာကမ်းက ပုံလေးတွေကြည့်ရလို့ကျေးဇူးတင်ပါတယ်။

  • ပင်လယ် ပျော်

    August 2, 2012 at 11:00 am

    ှဦးပေါက်ရေ…ဂေါဝိန်ဆိပ်ကမ်းကိုကြည့်ပြီး မန္တလေးကို လွှမ်းလိုက်တာဗျာ….တစ်ခါပြန်လာချင်သေးတယ်ဗျာ…မန္တလေးသားတွေရဲ ့အပြုအစုကို လည်းသတိရတယ်ဗျာ…

  • YE YINT HLAING

    August 2, 2012 at 12:10 pm

    စိမ်းစိမ်းစိုစို နဲ့ ပုံ ( ၄ ) ကိုကြည့်ပီး လွမ်းမိသွားတယ်ဗျာ !

  • snow white

    August 2, 2012 at 2:29 pm

    ပုံလေးတွေကြည့်ပြီး စိတ်အမောပြေသလိုခံစားသွားပါတယ် ။။

  • ဒီပုံလေးတွေက မန္တလေးက ရွှေကြက်ယက်သွားတဲ့လမ်း ကန်ပါတ်လမ်းပါ။
    ဧရာဝတီ ယာယီခိုနားတဲ့နေရာလေးပေါ့ဗျာ

  • mocho

    August 2, 2012 at 3:19 pm

    လေးပေါက် ရေ
    အရင် တုန်း ကဆို ဓါတ် ပုံ ရိုက် ရင်လူ ပုံ မပါ ပဲ ရှု ခင်း တွေ ချည်း ပဲ ရိုက် ရ ကောင်း မှန်း မသိခဲ့ ဘူး။
    ဂေဇတ် ထဲ ရောက် မှ အထူး သဖြင့် လေး ပေါက် ရဲ့ ပုံ လေး တွေ ကို သဘော ကျ မိ ရာ မှ ရှု ခင်း အလှ တွေ ကို မှတ် တမ်းတင် ရ ကောင်း မှန်း သိလာတယ်။ ဒီ တခေါက် ခရီး ထွက် တော့ လေး ပေါက် ကို အား ကျလို့ ရှု ခင်း ပုံ တွေ တော် တော် များများ ရိုက် ဖြစ် ခဲ့ တယ်။

  • မိုချိုရေ
    ကျနော်လူပုံရိုက်ရင် ခြေမပါလက်မပါ ခေါင်းပြတ်ဖြစ်တော့ အဆူခံရတယ်လေ။
    အဲတော့ ပြန်မပြောတဲ့ ရူ့ခင်းပုံဘဲရိုက်တော့တယ်။

  • ရဲစည်

    August 2, 2012 at 4:01 pm

    မျှဝေခံစားသွားပါကြောင်း
    တလက်စတည်း ဓာတ်ပုံအက်ဆေးလေးဖြစ်ဖြစ်
    ဝတ္ထုတိုလေးဖြစ်ဖြစ် အားပေးချင်နေကြောင်း
    လက်တို့သွားပါ၏

  • aye.kk

    August 2, 2012 at 4:41 pm

    နေညိုရည်၊နဒီခင်းက…
    စာဖွဲ ့အောင်လွမ်းရသည်။
    မြစ်ပြင်မှာ၊ရွှေရည်လက်….
    ရိုက်ချက်ရယ်က၊စွမ်းလှသည်။

  • ဦးဦးပါလေရာ

    August 2, 2012 at 5:39 pm

    ပုံ(၁)က ကလေးတွေရယ်
    ပုံ(၃)က စစ်ကိုင်းတောင်ရိုးရယ်
    ပုံ(၁၂၊၁၃)က တိမ်ပန်းချီတွေရယ်
    သိပ်သဘောကျတာပဲကိုပေါက်ရေ-

    ဧရာဝတီက ရေတက်နေပြီထင်ပါ့…….
    (တခြားမြို့တချို့တော့ရေမြုပ်နေပြီ)

  • ko khin kha

    August 2, 2012 at 8:34 pm

    ဟုတ်ပ ဦးဦးပါလေရာ ရေ။ အခုတော့ ရေဖွေးလို့ပြည့်နေကြောင်းပါ။
    ဒါတောင်မန်းက မိုကောင်းကောင်းမရွာသေးဘူး ရွာလို့ကတော့လျှံမလားဘဲဗျာ။

  • မဟာရာဇာ အံစာတုံး

    August 2, 2012 at 9:03 pm

    နံပါတ် ၆ နဲ့
    ၁၂ ပုံလေးတွေကို ကြိုက်တယ် အမရေ ..
    အဲ .. ဟုတ်ပါဘူး .. ဖေဂျီးရေ … 😀
    ကြည့်ရှု အားပေးသွားပါတယ်ဂျာ ..

  • မောင်ပေ

    August 2, 2012 at 9:08 pm

    အဲဒီညနေချိန်ခါ
    ဧရာဝတီမြစ်ကမ်းဘေးမှာ
    မဒေပမ် နဲ ့အတူ
    လမ်းလျှောက်ချင်မိတာ
    တစ်ကယ်ပါ
    တစ်ကယ်ပါ

  • ဇွဲမာန်(အင်းဝ)

    August 2, 2012 at 11:45 pm

    လက်ရာကတော့မပြောချင်တော့ဘူး၊ ဘယ်လိုပါရမီရှင်လည်းမသိ၊ ဘယ်လိုရိုက်ရိုက်….ငို်တာချည်းပဲ..အဲဟုတ်ပေါင်..ဘယ်လိုရိုက်ရိုက်အလှတရားတွေကပေါ်လွင်တာချည်းပါပဲလားအကိုပေါက်ရယ်…သဘာဝတရားကြီးကိုအမြင်တွေနဲ့တစ်ကွက်ချင်းပြသပုံတွေကကောင်းလှပါဘိ၊
    အမြင်နဲ့အတွေးလေးတွေရောနှောပြီးအလှတရားတွေကိုဖော်ထုတ်ပေးနေတာတကယ့်ကိုလေးစားစရာပါအကိုပေါက်ရေ………နောက်နှောင်လည်းဒီထက်မကပြသနိုင်ပါစေ….တစ်ခုတောင်ဆိုချင်တယ်..
    ခေါင်းစဉ်ကလေးရောပေးခဲ့မယ်နော်…လူထဲကလူ…ဆိုပြီးလူတွေရဲ့သဘာဝတရားတွေကိုပြသပေးပါအုံးနော်… အကိုပေါက်ကိုအစဉ်လေးစားလျှက်ပါ………..

  • marblecommet

    August 3, 2012 at 1:55 am

    ငါးမျှားနေတဲ့ပုံကို အကြိုက်ဆုံး
    ငါးမျှားတံတစ်ခုကို ချထားပြီး ငါးရရ မရရ
    စိတ်ကိုတစ်ဆုံးထိ မျှားချင်လိုက်တာ
    အစ်ကိုပေါက်ရာ..

  • ကြောင်ကြီး

    August 3, 2012 at 10:21 am

    အလှတရား
    ညများ
    ဘဝတပါး
    ကြွသွား
    ခဏငှား
    သထား
    နှမနွား
    ငါ့အား..။

  • နှမနွား ငါ့အားခဏငှားပါ။
    ညများမှာ ဘဝတပါးကြွသွားရင်
    အလှတရားတွေ ချန်ထားခဲ့ချင်လို့ပါ.

  • Ma Ei

    August 3, 2012 at 11:52 am

    ဒီတစ်ခါ post ကတော့
    ပုံကလေးတွေ နဲ့ ရေးချယ်မှုန်းထားတာပါလား
    ကိုပေါက်ရေ…
    6..ဧရာမြစ်ပြင် ကို အကြိုက်ဆုံးပါ…
    လှတယ်နော်…

  • ဟုတ်ပါ့ မအိရေ။
    နောက်ဆုံးပိုစ်မှာ ဒီပုံလေးတွေဘယ်လိုရလာတယ်ဆိုတာရေးပြထားပါတယ်။

  • mamanoyar

    August 3, 2012 at 12:11 pm

    အောက်ဆုံးပုံကဖောင်လေးစီးချင်တယ်

  • မွန်မွန်

    August 3, 2012 at 12:24 pm

    (၁) နဲ့ (၈) ကို ကြိုက်တယ် လေးပေါက်… မမြင်ရတာကြာတဲ့ မြင်ကွင်းတွေ ဖြစ်နေလို့ပါ….
    အဲဒါ ဂေါဝန်ဆိပ်လားဟင်.. ပေါ်တော်မူတဲ့ နေရာပေါ့နော်…

  • ဒီနေရာက ဧရာဝတီမြစ်အရှေ့ဘက် အမရပူရမြို့နယ်ထဲမှာပါတဲ့ ကန်ပါတ်လမ်းပါ။
    ဂေါဝိန်က ဒီနေရာရဲ့ မြောက်ဘက်စူးစူးမှာရှိပါတယ်။
    နောက်ရက် အားရင် ဂေါဝိန်ပုံတင်ပေးပါမယ်.

  • နှင်းဆီ ငုံ

    August 3, 2012 at 2:39 pm

    လေးပေါက်ရေ (၁)(၅)(၉) ကိုကြိုက်တယ် ချစ်စဖွယ်လေးတွေ
    သူတို့ဘဝတွေက ကြမ်းတမ်းနေမှာပေမယ့် ပုံရိပ်လေးတွေက ချစ်ဖို့ကောင်းတယ်

    • မွန်မွန်

      August 3, 2012 at 10:41 pm

      ကျေးဇူးပါ လေးပေါက်ရေ… ဧရာဝတီအမည်ခံဒေသမှာ နေပေမယ့် ဧရာဝတီမြစ်ဆိုတာက အဝေးကြီးမှာပါ… 🙂

Leave a Reply