1 စားလဲစား ကုန်လဲမကုန်ပေ့စေနဲ့နော်

2 မိခင်နို့ရည်သည်သာ အကောင်းဆုံးတဲ့

3 စားကျက်မှာလွှတ်ထားတဲ့နွားမိသားစု ဟိုဘက်ကရေပြင်က ဧရာဝတီ အဝေးကတောင်ကတော့ မင်းဝံ

4 ညနေခင်းနေခြည်အခ ရွှေရည်ဧရာပေါ်က နာဝါ

5 အဖော်မဲ့………………..လာသူမဲ့………………………..

6 ရေလယ်လှေငယ်

7 နာဝါလှေငယ် မြစ်ပြင်ကျယ်
တောင်စွယ်နေကွယ်
လွမ်းစဘွယ်

8 သားသားရေငုတ်မလို့

9 မိသားစုလိုက်ရေချိုးဆင်း

10 ရေချိုးအဝတ်လျှော်

11ဒီပုံလေးမြင်တော့ ပြည်လှဖေရဲ့ ရွှေတံငါသီချင်းကိုသတိရမိတယ်

12 ယာယီမြစ်ပြင်မှာလာနားခိုတဲ့ယာယီ ဖောင်လေးတွေ

13 မျှော်ငေးနေတဲ့ကောင်လေး

14 ဘယ်ကိုသွားမလဲ ကိုရွှေနွား

15 ကျနော်အကြိုက်ဆုံးပုံလေးဖြစ်ပါတယ်။

 

“ဧရာကမ်းနံဘေးက လွမ်းမောစရာလေးတွေ”

 

 

2010 ခုနှစ်ကစလို့ ကျနော်ဓါတ်ပုံတွေရိုက်ခဲ့ပါတယ်။

ဒါပေမယ့် 2012ရောက်တဲ့အထိ မရိုက်ဘူးတာတွေအများကြီးပါ။

ပိတောက်ပန်းမရိုက်ဖူးဘူး။

မန်းလေးတက္ကသို်လ်ကိုမရိုက်ဖူးဘူး။

သင်္ကြန်ရေပက်တာ မရိုက်ဖူး  ဘူး ဆိုသလို မရိုက်ဘူးတာတွေအများကြီးထဲမှာ

ဧရာဝတီမြစ်ရေတက်ချိန်လဲမရိုက်ဘူးသေးပါဘူး။

တစ်ရက်တော့ကိုစိန်သော့နဲ့ ဖုန်းပြောရင်း  ဧရာဝတီကို ဆော်ဘို့နှက်ဘို့ပြောဖြစ်ပါတယ်။

ကိုစိန်သော့နဲ့ကျနော် သုံးလေးကြိမ်တွဲရိုက်ဘူးပါတယ်။

ကိုသော့ ရွွှေမင်းသား လုလင်နဲ့ကျနော် တောင်သမန်ကိုတစ်ခါ

ကိုသော့လုလင် ကျနော် မင်းကွန်းတစ်ခါ

ကိုသော့ ဖရဲမ ကိုထွန်းဝင်းလတ်နဲ့ ကျနော် ဒီးဒုတ်ရေတံခွန်တစ်ခါ

သုံးခါ။

သူနဲ့ကျနော် စကားအင်း ကိုသွားရိုက်မယ်ဆိုပြီးမရိုက်ဖြစ်။

 

အာဇာနည်နေ့ညနေခင်းမှာတော့ သူလည်းအား ကျနော်လည်းအား။

ဒါနဲ့ဘဲ သူရယ်ကျနော်ရယ် သူ့မိတ်ဆွေတစ်ယောက်ရယ် တက်သိမ်းအင်းကိုဖြတ်။

ကန်ပါတ်လမ်းဘက်ချီတက်ခဲ့ပါတယ်။

ညနေ နေချိုချိန် ညနေငါးနာရီခွဲလောက်ရောက်အောင်မှန်းသွားခဲ့ကြပါတယ်။

ရှမ်းလေးကျွန်းရောက်တော့ ရေနည်းနည်းကျသွားပါပြီ။

ကန်ပါတ်လမ်းမှာတော့ ရေလွတ်ရာပြေးလာတဲ့ တဲအိ်မ်လေးတွေကအစီအရီ။

ရှမ်းလေးကျွန်းအလွန်မှာ ပထမဆုံးဆင်းရိုက်။

ကျနော်တို့ဓါတ်ပုံရိုက်တဲ့အခါ ကိုယ်နှစ်သက်သလိုကိုယ်ရိုက်ကြတာပါ။

ရိုက်ကွင်းရောက်တာနဲ့ တစ်ယောက်တစ်နေရာစီ။

ကိုယ်စိတ်ကူးနဲ့ကိုယ်။

အဲတော့ တူတာလဲရှိ မတူတာလဲရှိ။

လောကမှာလူတစ်ဦးနဲ့တစ်ဦးရေရှည်ဆက်ဆံဘို့ဆိုတာက ညှိနိုင်းခြင်းမဟုတ်ပါဘူး။

ကိုယ်နှစ်သက်ရာကိုယ်လုပ်ရင်း ကိုယ်မနှစ်သက်တာ လုပ်သူကို ဥပေက္ခပြုထားခြင်းပါဘဲ။

ကျနော်တို့က ညှိနိုင်းပြီးနေတာမဟုတ်။

ကိုယ်နှစ်သက်တာကိုယ်လုပ်ရင်းသူများလုပ်တာကို လည်း မကန့်ကွက် ဘဲနေကြတာပါ။

တစ်နေရာ ရိုက်လို့ဝရင် နောက်တစ်နေရာပြောင်းပေါ့။

အခုလိုရေတက်ချိန်မှာဧရာဝတီက ရေပြင်ကျယ်ကြီးဖြစ်သွားပါတယ်။

ခါတိုင်း လယ်စိုက်ကိုင်းစိုက်လုပ်နေတဲ့ ကမ်းနားလမ်းက ရေဝင်တဲ့ဧရိယာကြိးဖြစ်လို့ ဖောင်တွေ

လှေတွေ သင်္ဘောတွေ တောင်ရောက်နေပါတယ်။

ရီစရာပြောရရင် သွားလေရာ အိတ်တစ်လုံးလွယ်ထားတဲ့ကျနော်ဖောင်တွေလိုက်ဓါတ်ပုံရိုက်တော့

သစ်တောကလူမှတ်လို့ ခပ်စိမ်းစိမ်းအကြည့်တွေနဲ့ကြည့်ခံလိုက်ရတာကတော့အမှတ်တရ။

ရိုက်ရင်းရိုက်ရင်းနေအဝင်စောတော့ အလင်းရောင်စိတ်တိုင်းမကျတော့ပြန်ခဲ့ကြပါတယ်။

ပျော်စရာကောင်းပါ၏။

ကိုပေါက်လမ်းသလားနေသည်

5-8-2012

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။