ဆံပင် ကျွတ်ခြင်း ( 13.6.11 ) – မုန်တိုင်း သတင်း

Knowledge SeekerJuly 28, 20121min1357

ဆံပင်ကျွတ်တယ်ဆိုတာဟာ ပျိုမေတို့ အတွက် တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ ရမယ့် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဟော်မုန်း အပြောင်းအလဲ၊ စိတ်ဖိစီးမှု၊ မျိုးရိုးလိုက်မှု၊ ဓာတုဘေးထွက်ဆိုးကျိုး တို့ကြောင့် ဖြစ်ရတာမို့ ဆံပင်ကျွတ်တာပါ။ ဒီပြဿနာဟာ ရှောင်လွှဲလို့ရသလို တွန်းလှန် လို့လည်း ရပါတယ်။ ဘယ်လိုတွန်းလှန်ရမလဲ ဆိုတော့ . . .
ကာကွယ်ခြင်း
ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းမွန်တယ် ဆိုတဲ့အတိုင်း ဆံပင်မကျွတ်အောင် ပျိုမေအများစု ကာကွယ်သင့်ကြပါတယ်။ ကာကွယ်ရမယ့် နည်းလမ်းတွေထဲမှာ မိမိဆံပင်ကျွတ်ခြင်း အကြောင်းရင်းအပေါ် အခြေခံပြီး ကာကွယ် ရပါမယ်။ ဥပမာ – မိမိဆံပင်ဟာ မျိုးရိုးလိုက် ခြင်းကြောင့် အကျွတ်လွယ်တာဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသမှု ခံယူရပါမယ်။
စိတ်ဖိစီးမှု မဖြစ်အောင်လည်း နေထိုင် သင့်ပါတယ်။ စိတ်ဖိစီးမှုဟာ ယောက်ျားရော၊ မိန်းမရော ဆံပင်ကျွတ်စေတဲ့အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုအပြင်းအထန်ခံစားရတဲ့သူတစ်ယောက်ဟာ ဆံပင်ကျွတ်လာပါတယ်။ ဒါကြောင့် ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ တရားထိုင်ခြင်း၊ အချိန်စီမံခန့်ခွဲမှုရှိခြင်းတို့ဖြင့် စိတ်ဖိစီးမှုမှ ကင်းအောင် နေထိုင်သင့်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကိုပဲ စားသောက်နေထိုင်သင့်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္ထုဓာတ်တွေအားနည်းတာ၊ ချို့တဲ့တာမျိုး မဖြစ် စေရအောင် စားသောက်သင့်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာတွေကို မျှတအောင် စားသောက်သင့်ပါတယ်။ ဗီတာမင်အေ ဆံသားရင်းမြစ် သန်မာအောင် စွမ်းဆောင်ပေးပါတယ်။
ဗီတာမင်အေအားနည်းရင် ဆံနွယ်တွေဟာ ခြောက်သွေ့ကြမ်းရော်လာပါလိမ့်မယ်။ ဒက်ပေါက်ခြင်းတို့လည်း ဖြစ်လာတတ်ပါတယ်။ ဒီလိုကနေတဆင့် ဆံနွယ်တွေ ကျွတ်ကျလာတတ်ပါတယ်။ ဗီတာမင်အေကို မျှတအောင် စားသုံးတဲ့အခါမှာ ရှောင်ကြဉ်ရမယ့် အချက်တွေကိုလည်း သိထားရပါမယ်။
ဆေးလိပ်သောက်ခြင်း၊ အက်စပရင်နဲ့ တချို့ဆေးဝါးတွေဟာ ဗီတာမင်အေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းမရှိစေတဲ့အတွက် ရှောင်ကြဉ်ပေးရပါမယ်။ ဗီတာမင်အေကို လွန်ကဲစွာ စားသုံးခြင်းဟာလည်း တန်ဆေးလွန်ဘေးဖြစ်ပြီး ဆံနွယ်ကျွတ်စေတာကြောင့် သမမျှတမှု ရှိစေရပါမယ်။ နောက်ထပ်လိုအပ်တာကတော့ ဗီတာမင်ဘီပဲ ဖြစ်ပါတယ်။
ဗီတာမင်ဘီဟာ ဦးရေပြားထဲ သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်အောင် ၊ အောက်ဆီဂျင် တွေ စုပ်ယူနိုင်မှုကောင်းအောင် စွမ်းဆောင်ပေးတဲ့ ဗီတာမင်ဖြစ်ပါတယ်။ ဦးရေပြားအတွက် လိုအပ်တဲ့ ဗီတာမင်ကတော့ ဗီတာမင် B-6 နဲ့ ဖောလစ်အက်ဆစ်တို့ပဲ ဖြစ်ပါတယ်။ ဖောလစ် အက်ဆစ်ကို အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ သင်္ဘောသီးတို့မှာ ရရှိ နိုင်ပါတယ်။
ဗီတာမင် B-6 ကိုတော့ ငှက်ပျောသီး၊ ကြက်ရင်အုံသားနဲ့ ဝက်သားတို့မှာ ရရှိနိုင်ပါတယ်။ တတိယမြောက် လိုအပ်တဲ့ ဗီတာမင်ကတော့ ဗီတာမင် အီးပဲ ဖြစ်ပါတယ်။ ဗီတာမင်အီး ဟာလည်း ဆံသားသန်မာအောင် စွမ်းဆောင်တဲ့နေရာမှာ လိုအပ်တဲ့ ဗီတာမင်ပဲ ဖြစ်ပါ တယ်။ ဗီတာမင်အီးကို ဗာဒံစေ့နဲ့ နေကြာစေ့တို့မှာ ရရှိနိုင်ပါတယ်။
နောက်ဆုံးလိုအပ်တဲ့ ဗီတာမင်ကတော့ ဗီတာမင်စီပါ။ ဗီတာမင်စီကို ကီဝီသီး၊ မာလကာသီး တို့မှာ ရရှိနိုင်ပါတယ်။ လိမ္မော်သီးမှာလည်း အများအပြား ရရှိနိုင်ပါသေးတယ်။ ဓာတု ဆေးဝါး တွေကြောင့် ဦးရေပြား ထိခိုက်ပြီး ဆံပင်ကျွတ်နိုင်ပါသေးတယ်။ ဒါဟာလည်း အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဆံပင် ခဏခဏဆိုးတာတွေ ကောက်လိုက်၊ ဖြောင့်လိုက် လုပ်တာတွေဟာ ဦးရေပြားကို ထိခိုက်စေပြီး ဆံပင်ကျွတ်စေပါတယ်။
အမျိုးသမီးတွေ ဆံပင်ကျွတ်ရခြင်းရဲ့ နောက်ထပ် အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုဟာ ဟော်မုန်း မညီမျှမှုကြောင့်ပါ။ ဥပမာ ပေးရရင် ကိုယ်ဝန်ဆောင်ချိန် ကာလတွေမှာ ဖြစ်ပါ တယ်။ ဓမ္မတာလာစဉ်နဲ့ မလာခင်အချိန်တွေမှာ ဆံပင်ကျွတ်တတ်ပါတယ်။ ဒီလိုအချိန် တွေမှာ ကိုယ့်ဘက်က ကြိုပြီး ဟော်မုန်းကို ဂရုစိုက်ထိန်းညှိထားမယ်ဆိုရင် ဆံပင်ကျွတ် ခြင်းမှ ရှောင်ရှားနိုင်ပါလိမ့်မယ်။
ရှောင်ကြဉ်ရမည့် အကျင့်ဆိုးများ
ဆံသားသန်မာအောင် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ အများအပြားပါတဲ့ အစားအစာတွေကို စားပေးပြီး အာဟာရမဖြစ်တဲ့ အစားအစာတွေကို လျှော့စားပေးပါ။ အာဟာရချို့တဲ့လျှင် ခန္ဓာကိုယ်သာမက ဆံသားပါ ထိခိုက်စေတာမို့ အစားအသောက်စားသုံးတာကို သတိပြု ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ အချိုရည်အများအပြား သောက်တာကိုလည်း လျှော့ချပေးရမှာ ဖြစ်ပါတယ်။
အချိုရည်အများစုမှာ သကြားဓာတ်ပါဝင်ကြပါတယ်။ ဒိုက်ယက်လုပ်တဲ့ အချိုရည်မှာ အချိုပါဝင်တဲ့အတွက် လျှော့သောက်ပေးရမှာ ဖြစ်ပါတယ်။ အလားတူ အချိုစားသုံးခြင်း၊ သကြားစားသုံးခြင်းများကို လျှော့ပေးပါ။
အချိုကို လျှော့ရမှာ ဖြစ်သလို အငန်ကိုလည်း လျှော့ရပါမယ်။ အငန်ဟာလည်း ဆံပင် ကျွတ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ငါးခြောက်တွေ၊ ပင်လယ်ငါးတွေ စားသုံးတာ လျှော့ပေးပါ။ အာရှလူမျိုးများဟာ အနောက်တိုင်းလူမျိုး၊ အာဖရိကန် လူမျိုးများထက် ဆံပင်ကျွတ်ရာခိုင်နှုန်း နည်းပါးပါတယ်။
Ref : 8 Days
Labels: Beauty-IV

CREDIT TO မုန်တိုင်း

http://www.monetine.net/2011/06/1535-13611.html

7 comments

  • mamanoyar

    July 28, 2012 at 9:31 am

    ကျေးဇူးတင်ပါတယ်ရှင်
    ဆံပင်မကျွတ်အောင် စိတ်ဖိစီးမှုမများအောင်နေမယ်
    အချို၊ အငန် လျှော့စားမယ်

  • Gipsy

    July 28, 2012 at 9:37 am

    မုန်တိုင်းသတင်းက သိရဖို့ နောက်ကားပြောင်းစီးရဦးမယ် ဟူးး….. 🙄

    • Knowledge Seeker

      July 28, 2012 at 1:33 pm

      ကို Gipsy ရေ မုန်တိုင်း သတင်း ဆို တာ မုန်တိုင်း website က သတင်း ဖြစ် တယ်လို.ပြောချင်တာပါ Copy Right ငြိ မှာ ကြောက်လို.ပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 28, 2012 at 9:52 am

    ဗိုက်မကြီးဆေး လက်ကုန်စားရင်လည်း ဂျဘင်ကျွတ်တယ်လို့တော့ပြောဂျဒါဘဲ
    ဟုတ်မဟုတ်တော့သိဘူး

  • lynn lynn

    July 28, 2012 at 9:57 am

    ဆံပင်တော့ မကျွတ်ချင်ဘူး။ ဆံပင်မကျွတ်အောင် တတ်နိုင်သလောက်တော့ ဆင်ခြင်သွားပါမယ်။ အခုလို ဗဟုသုတလေးဝေမျှတာ ကျေးဇူးတင်ပါတယ်။

  • မောင်ပေ

    July 28, 2012 at 11:53 am

    ကျုပ်ပုံကတော့ မြင်တဲ့အတိုင်းပဲ
    စိတ်မချမ်းမြေ ့စရာ
    အကြောင်းများကို ဖတ်ရ ကြားရတိုင်း
    ပြောင်ပြောင်လာတာ
    မှီပဦးပမလားရယ်လို ့

  • မိုးမှောင်

    July 28, 2012 at 12:12 pm

    ချံပင် ကျွတ်တာက တော်ဦးမယ်
    ဟိုဒင်း ဟိုအုပ်ချာ မကျွတ်ဖို့ အရေးကြီးရယ်

Leave a Reply