***တောက်***

maung khinminJuly 28, 20121min1177

***တောက်***

လောကဓံ အောက်က
“တောက် “ခတ်သံ …
ပို ့(စ် )မော်ဒန် … ဆန်နေသလား  …

မြင်းခွာတစ်ချက်ပေါက်ရင် …
မီးဟုန်းဟုန်း တောက်စေရမယ် တဲ ့
အဲဒီ ..” တောက် “ခတ်သံ ကစခဲ့တာလေ ..

“တောက် “ခတ်သံ တွေ …
အထွဋ် အထိပ် ရောက်ခဲ့လို ့
ရေနံမြေ သပိတ်ဆိုတာ ..ပေါ်ပေါက်ခဲ့ရ …

ကမ ္ဘာ ကို မြေလှန်ရှာ ကြည့် ….
မြန်မာလူမျိုး ရဲ့.. ” တောက် “ခတ်  သံ
ဒါ ..   လွတ်လပ်ကာရန် ပါဘဲ …

စနစ်ဆိုး ကို …..ရိုက်ချိုးခဲ့ ဘူးရဲ့ ..
ဖက်ဆစ် ကို … သတ်ပစ် ခဲ့ဘူးတယ်
မခံချင် စိတ်ရဲ့ ….  ဂီတသံ
ဒါ … မြန်မာ ့ ကိုယ်ပိုင်သံစဉ် ပေါ့ …

ရှစ်လေးလုံး ရဲ့ … ” တောက် “ခတ်သံ ဟာ
ဒီမိုး ကို ရေစီးစေခဲ့ ….
ဒီအမျိုး ကို ….
စုစည်းစေခဲ ့ ….
မြေကြီး လက်ခတ် မလွဲ မယ့်
မနက်ဖြန် ကို …
နှင်းဆီ ရောင်သန်းစေခဲ့ တယ်လေ …

ကမ္ဘ ာမှ …  မြန်မာတစ်မျိုးထဲ ..
“တောက် “ခတ် တတ်တယ် တဲ ့ …
ဒို ့ဂီတ …. ကို
ဘယ်သူမှ … ခိုးချလို ့မရဘူး …
ဘယ်သူမှ … ဘာသာပြန်လို ့မရ ဘူး…
ဒါကဗျာ .. တစ်ပုဒ် ရွတ်တာထက် .. ပိုလို ့ချိုတယ်

စိုးလွင်လွင် လည်း … တောက်ခတ်ရင်း ..
သီချင်းဆို ဘူးတယ် …
မင်းကိုနိုင် လည်း …. တောက်ခတ်ရင်း ..
ကဗျာ စပ်ဘူးတယ် …
ဒီ.. ဂီတ ဟာ ..
အမှန်တရား ဘက် ရပ်ခဲ့တဲ့ … ရာဇဝင်တွေကို
သံစဉ် ရှာပေးခဲ့တာ ပ….

ခင်ဗျားး ….  မြန်မာ မှန်ရင်
ဘာသာ ပြန်တတ်ပါလိမ့်မယ် ….
ဒါ … ပို ့(စ် ) မော်ဒန် ကဗျာတစ်လို
ဖင်ကုတ် ခေါင်းကုတ် ပြီး …
အဖြေထုတ်စရာ မလိုတဲ ့ …
အမျိုးသားရေး … တေးတစ်ပုဒ် ဖြစ်တယ်ဆိုတာ …။။။။။

7 comments

    • maung khinmin

      July 28, 2012 at 4:52 pm

      ကျေးဇူး ဆြာ ..ပေ

  • ဥဥ

    July 28, 2012 at 3:16 pm

    အားရပါးရ အားပေးပါတယ် ကိုခင်မင်
    ဘဲရီး ဘဲရီး ဂွတ်ထ်

  • R Ga

    July 28, 2012 at 5:02 pm

    တောက်……

    ညစ်ညစ်နှစ်နှစ် ခေတ်စနစ်တွေထဲမှာ
    ငါ့
    တို့
    ရဲ့
    “တောက်” ခေါက်သံတွေ
    ဘယ်လောက်များ
    အကြိမ်ကြိမ်
    နိုးထပြီး
    အကြိမ်ကြိမ်
    သေဆုံးခဲ့ပြီလဲ။
    သေချာတာက
    သွေးသံရဲရဲ ဘဝများထဲမှာတောင်
    ငါ့တို့ တောက် ခေါက်သံတွေက
    ကမ္ဘာတုန်အောင် ကျယ်လောင်နေရမယ်

  • R Ga

    July 28, 2012 at 5:03 pm

    တောက်……

    ညစ်ညစ်နှစ်နှစ် ခေတ်စနစ်တွေထဲမှာ
    ငါ့
    တို့
    ရဲ့
    “တောက်” ခေါက်သံတွေ
    ဘယ်လောက်များ
    အကြိမ်ကြိမ်
    နိုးထပြီး
    အကြိမ်ကြိမ်
    သေဆုံးခဲ့ပြီလဲ။
    သေချာတာက
    သွေးသံရဲရဲ ဘဝများထဲမှာတောင်
    ငါ့တို့ တောက် ခေါက်သံတွေက
    ကမ္ဘာတုန်အောင် ကျယ်လောင်နေရမယ်။

    အာဂ ထပ်ဆင့် ခံစားသည်။

  • သရဲ ပြေး ဘီလူး ငို

    July 28, 2012 at 6:58 pm

    ဂွတ်———-
    ဘဲထီးဂွတ်———-
    ဘဲမဂွတ်———–
    အို—
    ကြက်ထီး ကြက်မ အကုန်ဂွတ် —။

Leave a Reply