ရခိုင်အလှူနောက်ဆက်တွဲ မော်လူးအလှူ ငွေစာရင်းရှင်းတမ်း(ကိုထွန်းဝင်းလတ်)

ကိုထူးဆန်းရဲ့ရခိုင်အလှူနောက်ဆက်တွဲကတော့ ကိုထွန်းဝင်းလတ်မော်လူး က စာသင်ကျောင်းဆောင်လှူဒါန်းရေးဖြစ်သွားပါတယ်။

ဒုတိယအလှူအတွက်ပေးငွေ 1061800ကျပ်ကို ကမ္ဘောဇဘဏ်ကနေကျနော်ဆီလွဲပေးလိုက်ပါတယ်။

အလှူအတွက်လိုအပ်တဲ့စာရင်းလဲပါလာပါတယ်။

ကိုပေက သွတ်ပြားဈေးတွေစုံစမ်းပါတယ်။

နောက်တော့ကိုပေနဲ့ကျနော်နှစ်ယောက်သွားဝယ်ပြီးမော်လူးလှည်းခေါင်းဆီပို့ပေးလိုက်ပါတယ်။

(27-7-2012)နေ့မှာကိုထွန်းဝင်းလတ်ဆီရောက်သွားပါတယ်.။

ဒီနေ့ ထိုင်ခုံဆယ်လုံးဝယ်ပြီး မော်လူးလှည်းခေါင်ထံအပ်ပေးလိုက်ပါတယ်။

ပိုငွေအားလုံးကို ကိုထွန်းဝင်းလတ်ထံလွှဲလိုက်ပါတယ်။

စာရင်းအသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မော်လူး နောက်ဆက်တွဲအလှူငွေစာရင်းရှင်းတမ်း
ကျပ်
ကိုထူးဆန်းမှ ကမ္ဘောဇဘဏ်မှလွှဲငွေ       1,061,800
သွပ်ပြား+သွပ်မိူဝယ်       888,000
သွပ်ပြား တန်ဆာခ         85,000
ထိုင်ခုံဆယ်လုံး         42,000
တန်ဆာခ           6,000
စုစုပေါင်းကုန်ကျစားရိတ်       1,021,000
ကိုထွန်းဝင်းလတ်ထဲလွှဲပေးငွေ            40,800

 

7 comments

  • ကိုထွန်းဝင်းလတ် ငွေလွှဲပေးလိုက်ပါပြီ။
    နက်ဖြန်ဆိုထုတ်လို့ရပြီ ။
    ခင်ဗျားပြောတဲ့နေရာက လွှဲပေးလိုက်တာပါ။
    ထုတ်မရရင်ပြောပါနော်။

  • shwe kyi

    July 28, 2012 at 1:53 pm

    ဝမ်းသာပီတိဖြစ်ရပါတယ်

  • ကိုရင်မောင်

    July 28, 2012 at 4:36 pm

    အောင်မြင်သွားတဲ့နောက်ဆက်တွဲအလှူအတွက်ဝမ်းမြောက်ဝမ်းသာသာဓုခေါ်လိုက်ပါတယ်….
    အကူအညီးပေးကြတဲ့ ကိုပေါက် နဲ့ ကိုပေ တို့ကိုလဲကျေးဇူးတင်ပါတယ်ဗျာ……..

  • mayjuly

    July 28, 2012 at 4:41 pm

    ရခိုင်အလှူ နောက်ဆက်တွဲဆိုတော့ ….

    မန်းဂေဇက်ရဲ့ သုံးကြိမ်မြောက်အလှူပဲလား …ဒါမမဟုတ် လေးကြိမ်မြောက်ဖြစ်သွားပြီးလား လေးပေါက် …

    မှတ်တမ်းလေးအနေနဲ့ သိထားချင်လို့ပါ နော် …

    • htoosan

      July 29, 2012 at 9:55 am

      ကြွားလို့ကောင်းအောင် လေးကြီမ်လို့ သတ်မှတ်လို်က်ရအောင်လေ … :mrgreen:
      ဒါမှမဟုတ် မော်လမြိုင်ဘက်က စကားလို အလှုသားလေး လို့ ပြောကြရအောင် … 😀

  • TTNU

    July 28, 2012 at 9:43 pm

    ကိုပေါက်၊ မောင်ပေတို့ရေ…
    တာဝန်ကျေပါပေတယ်ကွယ်။
    သာဓုပါနော်။

  • မောင်ပေ

    July 29, 2012 at 9:40 am

    ကျွန်တော့်အတွက် ဘာမှ အပမ်းမကြီးခဲ့လို့ ကျေးဇူးစကားများ ကို အားနာမိပါတယ်
    တစ်ကယ်တမ်း မန်းတလေးမှာ ကိုပေါက် တော်တော်လေး ပင်ပန်းခံပြီး အလှူငွေ လိုက်စုပေးခဲ့တာပါ
    ထို့အတူ သွားရေးလာရေး ပိုခက်တဲ့ ရန်ကုန်က အစ်ကိုတွေ အဖွဲ့ ဆိုရင်လဲ တော်တော်ကြီး အချိန်ပေး လူပင်ပန်း ကားခကုန်ခံ ခဲ့ကြတာပါ
    ဘာပဲဖြစ်ဖြစ် အမြန်ဆုံး အကောင်ထည်ဖော်နိုင်လို့
    ဝမ်းသာကြည်နူးရပါတယ်

Leave a Reply